
အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အတိုက်အခံများနှင့် အလုပ်လုပ်ရန် စစ်အုပ်စုက ခန့်အပ်ထားခဲ့သည့် ဆက်သွယ်ရေး အရာရှိဟု ယုံကြည်ရသော ထိပ်တန်းအရာရှိတဦးနှင့် တွေ့ဆုံရန် ကြာသပတေးနေ့တွင် နေအိမ်မှ ထွက်ခွာသွားကြောင်း အရာရှိတဦးက ပြောကြားသည်။
“နေ့ခင်း ၂နာရီလောက်မှာ နေအိမ်ကနေ သူမ ထွက်ခွာသွားပါတယ်။ အစိုးရ ဧည့်ဂေဟာမှာ အလုပ်သမားဝန်းကြီးနဲ့ တွေ့ဖို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်”ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်နှင့် ဆက်သွယ်ဆောင်ရွက်ရန် ခန့်အပ်ထားခဲ့သည့် ဦးအောင်ကြည်ကို ရည်ညွှန်းပြီး အဆိုပါ အရာရှိက ပြောကြားသည်။
လွန်ခဲ့သည့် ၁၈နှစ်အတွင်း အကျယ်ချုပ်နှင့် ၁၂နှစ်ကျော်ကြာ အထိန်းသိမ်းခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂ရက်နေ့တွင် ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ အီဘရာဟင် ဂမ်ဘာရီနှင့် တပ်မတော် ဧည့်ဂေဟာ၌ တွေ့ဆုံရန် အင်းလျားကန်ဘေးရှိ နေအိမ်မှ နောက်ဆုံးထွက်ခွာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်အတွက် စစ်အုပ်စုက အဆိုပြုသည့် အရာရှိတဦးကို မစ္စတာ ဂမ်ဘာရီက ထောက်ခံကြိုဆိုပြီးနောက် သူမနှင့် ဆက်သွယ်ရန် ဦးအောင်ကြည်ကို ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။ ကြာသပတေးနေ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦး အောင်ကြည်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးသည့်နေ့ ဖြစ်လိမ့်မည်။
ဒေါက်တာလွဏ်းဆွေဘလောဂ်မှကူးယူဖေါ်ပြသည်။
No comments:
Post a Comment