Exile မာတလိ
အ.. လဲ့…လဲ့.. တော်..တော်..လယ်တဲ့ကျော်တင့်ဆွေ။ ကုလသမဂ္ဂကစင်မြင့်ပေါ်ကို
တက်သွားပြီးတော့၊ ဘာတွေများပြောမလဲလို့ ”အိတ်စိုင်းလ်မာတလိ” က၊ ကိုယ်ထင်မ
ပြပဲ၊ အခြေအနေကို အကဲခတ်ကြည့်နေတာ။
ကိုယ်တော်က၊ သူ့လိုတကမ္ဘာလုံးက၊ ကုလသမဂ္ဂဆိုင်ရာသံတမန်တွေအရှေ့မှာမျက်
ရည်ခံထိုးပြီးတော့။ “ကျွန်တော်တို့ နအဖက ကျွန်ပြုထားတဲ့၊ မြန်မာနိုင်ငံကို၊ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက၊ အရေးယူတာတွေ မလုပ်ပါနဲ့ အုံးဗျာ။ ကျွန်တော်တို့ အမျိုးသာပြန်
လည်သင့်မြတ်ရေလုပ်ဖို့လေသံပစ်ထား .. အဲ..အဲ..ကြေညာထားပြီးပါပြီ။” လို့စပြီး
တော့၊ ရွှီးတာနဲ့  .. အိတ်စိုင်းလ်မာတလိတောင်..စိတ်ထိန်းမရပဲ၊သွားပြီးနားရင်းအုပ်မိ
တော့မလို့။
ဒီလူလိမ်တွေ၊ လိမ်လာတာ၊ ဘိုးတော်ဘုရားလက်ထက်..အဲလေ..ဟိုး..န၀တ လက်ထက်
ကထဲကပါပဲ။ အခုမုန့်ဆီကြော်လုပ်လိုက်၊ တော်တော်ကြာ စာကလေးကြော်လို့ပြောလိုက်
နဲ့ အိတ်စိုင်းမာတလိတို့တောင်၊ ခေါင်းဖြူသွားပြီပဲ။ အားလုံက ဒါတွေကို သိနေကြ တယ်လေ။
အခု စက်တင်ဘာလအတွင်း မှာဖြစ်သွားတာတွေကို ကြည့်လိုက်ပေါ့၊ ပထမသံဃာတွေပဲ ထွက်တာ။ နောက်ပိုင်းကြတော့၊ လူထုတွေလည်း ထွက်လာကြတာပဲ။
ပြည်သူလူထုတွေ အားလုံးခံနေရတယ်။ ဒါတွေကို ဆွမ်းခံကြွတဲ့ သံဃာတွေလည်း သိတယ်။
မသိပဲနေပါ့မလား။ အရင်တုံးက ကောင်းပေ့ဆိုတဲ့ ဆွမ်းဟင်းတွေကို လှူနေကြတကာတွေ၊ တ
ကာမတွေ၊ ရေကျဲကျဲဟင်းချိုကိုပဲ လောင်းလှူလာတာ ဆယ်နှစ်ကျော်သွားပါပြီ။
စစ်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံဟာ၊ ဖွတ်ကျောပြာစု၊ မွဲတေလာခဲ့ရတာ၊ ဘယ်လောက်
ရင်နာစရာ ကောင်းသလဲဆိုရင်၊ အိတ်စိုင်းမာတလိတို့ ခတ်ငယ်ငယ်တုံးက ဆိုရင်၊ မလေးရှား
နိုင်ငံက သင်္ဘောတွေလာပြီးတော့၊ အိတ်စိုင်းလ်မာတလိတို့ နိုင်ငံက ဆန်တွေ၊ ကျွန်းသစ်တွေ
လာဝယ်ကြတယ်။
ယိုးဒယားနိုင်ငံက လူတွေ၊ အိတ်စိုင်းလ်မာတလိတို့ နိုင်ငံဖက်ကိုလာပြီးတော့၊ ဆန်စက်တွေ၊
သစ်စက်တွေနဲ့ ရေခဲစက်တွေမှာ အလုပ်လုပ်ကြတယ်။ အိန္ဒိယက လူတွေ၊ မီးရထားမောင်း ကြတယ်။ မီးရထားလမ်းဖေါက်ကြတယ်။ နောက်ဆုံး အိတ်စိုင်းလ်မာတလိတို့ယိုတဲ့ အီးအီး တွေကိုလည်း သိမ်းပေးကြတယ်။ နေ၀င်းနဲ့ အောင်ကြီးတို့က အကြံပက်စက်ကြတာကိုး၊ အီ အီးကြုံးတဲ့သူတို့ကို အိန္ဒယကို ပြန်မောင်းထုတ်လိုက်ပြီးတော့၊ ဗမာတွေနဲ့ အစားထိုးလိုက် တယ်လေ။
ဒီလိုနဲ့ နေ၀င်း လက်ထက်ကနေ.. ဖက်စစ်၊ စစ်အုပ်စုဟာ၊ မြန်မာနိုင်ငံကို စိတ်တိုင်းကြဖျက် ဆီးလာလိုက်ကြတာ။ အခုခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ။ အိတ်စိုင်းလ်မာတလိတို့ မြန်မာနိုင်ငံ သားတွေ၊ မလေးရှားမှာ၊ ယိုးဒယားမှာ၊ အိန္ဒိယမှာ၊ ဘင်္ဂလာဒေရှ့်မှာ၊ တရုတ်ပြည်မှာ ကျွန်သွားလုပ်နေရတယ်။
အဲဟ၀ါတို့ အဲစစ်အုပ်စုရဲ့ လက်နက်ကိုင်တွေကတော့၊ မြန်မာနိုင်ငံအတွင်းမှာ သေနတ်ပြ
ချိန်းခြောက်ပြီးတော့၊ ပြည်သူလူထုရဲ့ ချွေးနည်းစာတွေကို လုယက်စားသောက်နေကြတယ်။
စစ်အုပ်စုရဲ့ နိုင်ငံတော်အဆင့်ကနေ၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ ဒရ၀မ်အထိ အားလုံးလာဘ်စား
ကြတယ်။
ဘယ်လောက်စားကြသလဲဆိုရင်၊ စစ်အုပ်စုရဲ့ခေါင်းဆောင်ဓါးပြမှူးကြီးရဲ့ သမီးမင်္ဂလာဆောင်တုံးက၊ သူတို့ခိုးဆိုး၊ တိုက်ခိုက်ထားတာတွေကို ထုတ်ကြွားခဲ့ကြသေးတယ်လေ။
ဟိုသံလျင်ဖန်ချက်စက်ရုံကစာရွက်ဖိဖို့ထုတ်တဲ့ ဖန်လုံးတွေလောက်ကြီးတဲ့ စိန်တုံးတွေကို ဓါးပြမှူးကြီးရဲ့ သမီးရွက်ထား၊ ထမ်းထားတာတွေ့ရတော့၊ အိတ်စိုင်းလ်မာတလိတယောက်
အတော်လေး သံဝေဂ ရမိသွားတယ်။
သူတို့တွေ မြန်မာတနိုင်ငံလုံးက လူတွေကို ပေါ်တာဆွဲပြီးတော့၊ အတင်းအဓမ္မထမ်းခိုင်းခဲ့တာ
ဓါးပြမှူးကြီးသမီး မင်္ဂလာဆောင်တုံးက၊ ၀ဌ်လည်ပြီးတော့၊ ဘယ်သူမှမခိုင်းပဲ၊ သူတို့ဖါသာသူ
တို့ပိဿာနှစ်လောက် အလေးချိန်ရှိတာတွေကို တနေ့လုံးထမ်းပြနေခဲ့တယ်လေ။
အေးဒီဘ၀မှာတော့၊ စိန်တုံးတွေကို ထမ်းခဲ့ကြပေမဲ့၊ နောင်လာလတံ့သော ဘ၀တွေမှာ ဓါးပြ
မှူးကြီးရဲ့ သားစဉ်မြေးဆက်တွေကော၊ စစ်အုပ်စုဝင်တွေရဲ့ သားစဉ်မြေးဆက်တွေပါ၊ အိတ်စိုင်း
လ်မာတလိတို့ရဲ့ မြန်မာနိုင်င်ငံ၊ အီးအီးတွေက ထမ်းပေးရအုံးမှာ မလွဲပါဘူး။
စစ်အုပ်စုဝင်တို့ရေ မင်းတို့က လမ်းပြမြေပုံနဲ့ပဲ လိမ်လိမ်၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးနဲ့ပဲညာညာ၊ ဘုရားတည်၊ကျောင်းဆောက်ပြီးတော့၊ ဘယ်လိုပဲ သူတော်ကောင်းယောင်
ဆောင်ဆောင်၊ အခုတော့၊ ဗူးပေါ်သလိုပေါ်ပြီ၊ သံဃာတွေကို လူပုံအလည်မှာ ရက်ရက်စက်စက် သတ်ပြလိုက်ပြီ။
တလျှောက်လုံးခေါင်းမာခဲ့တဲ့၊ စစ်အုပ်စုဟာအခုတော့၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံကို တိုးတိုးတိတ်တိတ်နဲ့ ခိုးတွေ့နေရပြီ။ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဘယ်လို အကန့်အသတ်တွေ ရှိရမယ်လို့ ပြောပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါရစေ၊ ဆိုတဲ့စကားကိုတော့၊ ပြောလာရပြီ။
ဒါဟာ… စစ်အုပ်စု ကျဆုံးနိဂုံချုပ်ဖို့အတွက်၊ နိဒါဏ်းဖြစ်တယ်လို့ အိတ်စိုင်းလ်မာတလိပြော လိုက်ချင်ပါတယ်။
Saturday, October 6, 2007
စစ်အုပ်စုကျဆုံးနိဂုံချုပ်ဖို့ အတွက်၊ နိဒါဏ်း
Posted by
Andaman Hero
at
6:24 PM
0
comments
Labels: အန်ဒမန်ဟီးရိုး
Tuesday, September 25, 2007
နအဖ သာသနာရေးဝန်ကြီး က သံဃာတော်များဦးဆောင် ဆန္ဒပြမှုကိုခြိမ်းခြောက်
စက်တင်ဘာ ၂၅ ၊ ၂၀၀၇
နအဖ သာသနာရေးဝန်ကြီး က လက်ရှိမြန်မာနိုင်ငံတွင် သံဃာတော်များဦးဆောင် ဆန္ဒပြ နေသည့် ဖြစ် ရပ်မှန်ကို နိုင်ငံတော်သံဃာ့မဟာနာယက ဆရာတော်များအား လျှောက်ထား လေဟန်နှင့် သံဃာ့လှု ပ်ရှားမှုကို ဆရာတော်များက ဓမ္မစက်နှင့် မထိန်းနိုင်လျှင် အာဏာ စက်နှင့်နှိမ်နင်းမည်ဟု ခြိမ်းခြောက်လိုက်သည်။
နအဖ သာသနာရေးဝန်ကြီး သူရ မြင့်မောင် က ဆရာတော် ၁၀ ပါးခန့် အားလျှောက်တင် ရာတွင် ထိုသို့ ပြောကြားခဲ့သည် ဟု ယမန်နေ့ ညကမြန်မာ့ရုပ်မြင်သံကြားမှထုတ်လွှင့်သွားသည်။
နအဖ သာသနာရေးဝန်ကြီး သူရ မြင့်မောင်သည် သူတို့ ကျူးလွန်ခဲ့သည့် ပြစ်မှုနှင့် ပတ် သက်ြ ပီးတော့ ဆရာတော်များကိုတောင်းပန်ရမည့်အစားထိုသို့  ပြောဆိုသည် ကိုမြန်မာ နိုင်ငံတ၀ှမ်းမှပြည်သူလူထုကပိုပြီးမကြေမနပ်ဖြစ်ဒေါသထွက်နေကြသည်။
“ရုပ်မြင်သံကြားကနေ ဆရာတော်တွေကိုလျှောက်ထားမယ်ဆိုလို့ ထိုင်ပြီးရုပ်မြင်သံကြားကိုကြည့်နေတာ ၊ အောင်မာ ပခုက္ကူမှာ သူတို့ မွေးထားတဲ့ လူဆိုး ၊ လူမိုက်တွေကသံဃာတွေကို ကြိုး ကွင်းနဲ့ ပစ်ဖမ်း ၊ ဓါတ်တိုင်မှာ ကြိုးနဲ့ ချည်ပြီးတော့ ၊ လူမြင်ကွင်းမှာကန်ကျောက်၊ ရိုက်နှက်ခဲ့တာတွေကို လုံးဝဘာမှမဖြစ်တဲ့ပုံစံမျိုးနဲ့ ပြောတာ ၊ အနားမှာဆိုရင်တော့ ဒီဝန်
ကြီးအထိုးခံရမှာ။” မြန်မာ့ရုပ်မြင်သံကြားကိုကြည့်ခဲ့တဲ့ရန်ကုန်မြို့ ခံတဦးပြောသွားြ ခင်းဖြစ်သည်။
နအဖသည် သူတို့ ၏အစဉ်အလာအတိုင်း အကြမ်းဖက်လိုသော်လည်း လက်ရှိ အာစီယံအ ပါအ၀င် နိုင် ငံတ ကာမှာ နအဖအပေါ်ထားသည့် သဘောထားသည် နအဖ ကသူတို့ လုပ် ချင်တိုင်း လုပ်လို့ မရသည်ကိုလည်း သိ နေသည်။
ဤလှုပ်ရှားမှုကို အကြမ်းဖက်နှိမ်နင်းလိုက်လျှင် အာဏာရှင်တို့ ဖြစ်လေ့ ၊ဖြစ်ထရှိသကဲ့သို့ 
နအဖ နှင့်သူတို့ ၏နောက်လိုက်များသည် မြန်မာနိုင်ငံမှ ခွေးပြေး ၊ ၀က်ပြေး ၊ ပြေးရမည်ကို
လည်းသူတို့ သိရှိထားသင့်သည်ဟုမြန်မာ့အရေးစောင့်ကြည့်နေသူတွေကပြောသည်။
အခုအချိန်တွင် နအဖ၏ အကောင်းဆုံး ထွက်ပေါက်သည်ကား ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင်သည့် အတိုက်အခံများနှင့်ဆွေးနွေးညှိုနှိုင်းပြီး ၊ မြန်မာနိုင်ငံတွင် ၊ နိုင်ငံရေးအရ ၊ အပြောင်းအလည်းလုပ်ရန်သာဖြစ်သည်ဟု မြန်မာ့ရေးရားကျွမ်းကျင်သူများကသုံးသပ်သည်။
Posted by
Andaman Hero
at
9:45 AM
0
comments
Labels: အန်ဒမန်ဟီးရိုး
Monday, September 24, 2007
မွန်ပြည်နယ် ၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့ တွင် သံဃာတော်များ ၊ သပိတ်ကံဆောင်ကြပြီ
စက်တင်ဘာလ ၂၄ ၊ ၂၀၀၇
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ တွင် ယနေ့ မွန်းလွဲပိုင်းက သံဃာတော်တွေ ထောင်နှင့်ချီပြီး ၊ မြို့ ပတ်လမ်းလျှောက် မေတ္တာပို့ ခဲ့ကြသည်။
“ သံဃာတွေကမောင်ငံဖက်ကနေကြွလာကြတယ်။ ရာဂဏာန်းလောက်ရှိမယ်။ရုံးကြီးဘေး ကနေတောင်ပေါ်တက်သွားတယ်။ဟိုမှာကဘုန်းကြီးကျောင်းတွေအများကြီးပဲလေ။ကျိုက်သန်လန်ဖက်ကပြန်ဆင်းတော့နှစ်ထောင်လောက်ဖြစ်သွားပြီ။”
သံဃာတော်တွေဟာဈေးကြီး ၊ အောက်လမ်းမကြီးကနေ ၊ မောင်ငံဖက်ကိုပြန်ကြွသွားကြ ပြီး ၊ ဈေးကြိုလမ်းဆုံတွင်လူစုခွဲသွားကြသည်။
ဤကဲ့သို့ မြို့ တပတ်လှည့်လည်၊ မေတ္တာပို့ ခဲ့ကြသော ၊ သံဃာတော်များကို ၊ အာဏာပိုင် များကဖမ်းဆီးနှောင့်ယှက်ခြင်းမရှိပေမဲ့၊ အနောက်ကတကောက်ကောက်လိုက်တာတော့  ရှိသည်ဟုမြို့ ခံများမှပြောသည်။
ကရင်ပြည်နယ် ၊ ကျုံဒိုးတွင်လည်း ၊ နံနက်နှင့်ညနေပိုင်းများတွင် ၊ ရဟန်ုးသံဃာနှင့်လူထု
သုံးရာကျော်ခန့် မေတ္တာသုတ်များကိုရွတ်ဆိုခဲ့ကြသည်။
အခန်းအနားတွင်ပါဝင်ခဲ့သူတဦးဖြစ်သည့်စောခေါအိုင်ခလိန်း က “ကျွန်တော်တို့ နှစ်နေရာ
မှာမနက်နဲ့ ညနေ နှစ်ချိန်လုပ်ခဲ့တယ်။ ညပိုင်းမှာလည်းအိမ်တိုင်းမှာပရိတ်ရွတ်ကြဖို့ လည်း
နှိုးဆော်ထားတယ်၊”
စောခေါအိုင်ခလိန်းမှသူတို့ သုံးရက်ဆက်တိုက်လုပ်မှာဖြစ်ကြောင်းပြောပေမဲ့၊နအဖအစိုးရ နှင့်ငြိမ်းချမ်းရေးရယူထားသောတိုးတက်သောကရင်ဗုဒ္ခဘာသာအဖွဲ့ (ဒီကေဘီအေ)ရဟန်း များကတော့ ၊ နအဖအလိုကျနေထိုင်ရသည်ဟုကရင်ပြည်နယ်ဒေသခံများမှပြောသည်။
တနင်္သာရီတိုင်း ၊ ကော့သောင်မြို့ တွင် ၊ သံဃာတော် ၃၅ ပါးသည် ၊ မွန်းလွဲ ၁ နာရီအချိန်
တွင် ၊ ပြည်တော်အေးစေတီမှစတင်ပြီး ၊ မြို့ တပတ် မေတ္တာသုတ်ရွတ်ဆိုခဲ့သည်။
မနက်ဖြန်တွင်လည်း ၊ ကော့သောင်မြို့ တွင် ပိုမိုများပြားသော ၊ သံဃာတော်များ ၊ ကဆက်
လက်ပြီး ၊ လှည့်လည်မေတ္တာပို့ အုံးမည်ဟုရဟန်းတပါးကမိန့် တော်မူသည်။
Posted by
Andaman Hero
at
11:34 PM
0
comments
Labels: အန်ဒမန်ဟီးရိုး