ရွက်ဟောင်းကြွေဂိန်မာန်
ရွက်သစ်ဝေ၊၀ဿန်
ဆောင်းလေပြေအကြိမ်ကြိမ်ဆော်သွေး
မလွတ်သေးတဲ့၊၀ဌ်ကြွေး
ဘယ်ဘ၀ကတင်ခဲ့မှန်းမသိပါ။
ငါ့ဦးနှောက်တွေလေ
ငါ့အသွေး၊အသားတွေကြေပျက်
ငါ့ဘ၀ဦးတည်ရာမဲ့
ကြေကွဲစရာအချိန်ဆို
ရှိမှရှိပါလေစ။
အနာဂါတ်မဲ့ဘဝ
သေခါမှသော်ကောင်းပါ့
သံကွန်ချာလောင်းရိတ်က
ရုန်းထွက်ဖို့ ရည်သန်
တွေးရကြိမ်ဖန်။
နင်၊ငါရန်မပွား
အဟောသိကံ၊ခန္တီနဲ့ 
ရောက်လေရာဘ၀တိုင်းမှာ
ငြိမ်းချမ်းတဲ့ဘ၀ဖြစ်ရပါစေသောဝ်။
အန်ဒါမန်ဟီးရိုး
မွန်းလွဲ ၂ နာရီ
၂၈၊၄၊၀၉
Tuesday, April 28, 2009
ဘ၀မုန်တိုင်း
Posted by
Andaman Hero
at
1:53 PM
0
comments
Labels: ရသစာပေ
Friday, April 10, 2009
ပိတောက်အိမ်မက်
ညကမိုးတပြိုက်နှစ်ပြိုက်ရွာလိုက်တယ်
သင်္ကြန်မိုးပဲဖြစ်မှာပါ
ဒီမနက်တော့၊မဲဆောက်ဈေးထဲမှာ
ပိတောက်ပန်းတွေကိုယ်စီနဲ့ 
အော်..ဒို့များရဲ့သင်္ကြန်ကျရောက်တော့မှာပါလား။
ဟိုးအနှစ်၊နှစ်ဆယ်ကျော်က
ဒီလိုသင်္ကြန်မိုးရွာလိုက်ရင်
မနက်မိုးလင်း
အိမ်နောက်ဖက်က
ပင်ပိတောက်အမွှာ
မွေးဖွားပေးလိုက်တဲ့ပိတောက်ပန်းတွေက
ပင်လုံးညွှတ်မတတ်ပါပဲ။
ဟဲ့…သားမိုးစိုထားတဲ့ပင်စည်ကချွဲနေတယ်
သတိထားတက်နော်..အမေကမှာတာပါ
အပင်အောက်မှာတော့၊ပိုးအိတို့ ၊မိစန်းတို့ ကအငမ်းမရ
လက်ကမ်းလို့ …ပျော်လိုက်တဲ့တို့ဘ၀။
ထိုင်းမလေးတွေက၊ပိတောက်ကိုမမက်မောဘူး
စုမ်ကရမ်ဆိုတဲ့သင်္ကြန်မှာ
ဘောင်းဘီတိုပြတ်
ဆိုင်ဒယိုးတပ်နဲ့ 
သူတို့မျက်နှာကိုပေါင်ဒါမှုန့်သုတ်လိမ်းပေးလိုက်ရပေမဲ့
ပိတောက်ပန်းခေါင်းအလျှံပန်ထားတဲ့
ပိုးအိတို့ မိစန်းတို့ကိုရေလောင်းရသလောက်တော့
စိတ်မလှုပ်ရှားမိပါဘူး။
ခုတော့၊ငါ့ခေါင်းလည်းဖြူမဲကြားလို့
ပိုးအိတို့မိစန်းတို့လည်း
ယောဂီရောင်တဘက်နဲ့ 
ဆွမ်းချိုင့်ကိုဆွဲ
ဘုန်းကြီးကျောင်းထဲဝင်သွားနေတာ
ငါမြင်ယောင်မိတယ်။
နှစ်ပေါင်းများစွားကြာပြီးနောက်
ပိတောက်ပွင့်ချိန်
တို့များပြန်ဆုံခဲ့ကြရင်
ဇရာအချိန်မို့ 
ငါလည်းပိတောက်ပင်မတက်နိုင်တော့ဘူး
ငယ်ဘ၀ကအကြောင်းတွေလောက်ကိုပဲ
တို့များပြောပြီး
ပြုံးရုံသာပြုံးနိုင်ကြတော့မှာပါ
ငယ်သူငယ်ချင်းတို့ရေ။
(ဆိုင်ဒယိုးတပ်အင်္ကျီ =အခုခေတ်ဆယ်ကျော်သက်များဝတ်သည့်ကြိုးသေးတချောင်းတပ်ချက်ပေါ်အင်္ကျီ)
အန်ဒါမန်ဟီးရိုး ဧပြီလ ၁၀ ၊ ၂၀၀၉
Posted by
Andaman Hero
at
12:41 PM
0
comments
Labels: ရသစာပေ
Tuesday, October 23, 2007
ကျီးနှင့် ခင်ပုပ် - မောင်သာရ

ချုပ်နေ့ကျူးက
ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟု
ကျီးကဲ့သို့လျှင် မတွေးချင်။
ခင်ပုပ်လည်း ငှက်
ညဥ့်လည်း နက်
ထွက်၍ တိုက်ခိုက်သည်တကား။ ။
(‘ကျဉ်တုတ်ခံဝံ့ မခံဝံ့’ ၀တ္တုမှ …)
ဒေါက်တာလွဏ်းဆွေဘလောဂ်မှကူးယူဖေါ်ပြသည်။
Posted by
Andaman Hero
at
12:23 PM
0
comments
Labels: ရသစာပေ