Tuesday, September 30, 2008

အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့် ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်

ဖြိုးကြီး။ စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ အများဆုံးပါဝင်သည်ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀) လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊ ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။

အမှတ် (၁) ထောက်လှမ်းရေးမှ ဗိုလ်မှူး သောင်းကျော်ရှင်း၊ အမှတ် (၇) ထောက်လှမ်းရေးမှ ဗိုလ်ကြီးသိန်းဝင်း၊ အမှတ် (၁၄) မှ ဗိုလ်ကြီး သန်းနိုင်နှင့် အရာခံဗိုလ် သက်ဇော်မှူးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့တွေက နှစ်ကြီးသမားတွေလေ၊ အနှစ် (၃၀) နဲ့ (၄၀) ကြားမှ ကျနေတဲ့သူတွေပဲ၊ အဲဒီ ထဲက အဖွဲ့တွေတော်တော်များများ ပါလာတယ်၊ အကောက်ခွန်အဖွဲ့တွေလဲ ပါတယ်”ဟု ပြောသည်။

အကောက်ခွန်ဝန်ထမ်းများကို ပြန်လွှတ်ပေးရာတွင် မူဆယ် (၁၀၅) မိုင်ဂိတ်မှ ဝန်ထမ်းများလည်း ပါဝင်ပြီး အချို့ကို ပြန်လည်စီစစ်မှုများပြုလုပ်နေသည့်ဟု အကောက်ခွန်စီမံရေးရာ တာဝန်ရှိသူ တဦးက ပြောသည်။

“မူဆယ်မှာ ဘယ်သူတွေ လွှတ်တယ်ဆိုတာတော့ မသိသေးဘူး၊ မူဆယ်က အကုန်လွှတ်ပေး တာတော့မဟုတ်ဘူး၊ အမှုဖိုင်ထဲမှာ ပြန်စီစစ်ရင်းနဲ့ အမှုနဲ့သိပ်မပက်သက်တဲ့ သူတွေကတော့ လွတ်တယ်”ဟု ပြောသည်။

စစ်အစိုးရက အကျဉ်းသား (၉၀၀၀) ကျော် ပြန်လွှတ်လိုက်သည်ဟုဆိုသော်လည်း စစ်ထောက် လှမ်းရေးအဖွဲ့များ၊ အကောက်ခွန်ဝန်ထမ်းများနှင့် အခြားရာဇဝတ်ပြစ်မှုဆိုင်ရာ အကျဉ်းသားများ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား (၈) ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က အတည်ပြုပြော ဆိုသည်။


အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

ရန်ကုန် မြို့တော်ခန်းမအား လုံခြုံရေးတင်းကျပ်

NEJ/၂၉ စက်တင်ဘာ ၂၀၀၈။ ။

စီမံချက်တရပ်အနေဖြင့် ယနေ့မှစ၍ မြို့တော်ခန်းမအတွင်းသို့ မည်သည့်လက်ကိုင်အိတ်မျိုးမှ ယူဆောင်ခွင့်မပြုတော့ကြောင်း ခန်းမဧည့်အ၀င်ပေါက် တာဝန်ကျ စည်ပင်ရဲများက ပြောသည်။

“ဒီ စီမံချက်ကို စတင်တာ မြို့တော်ခန်းမ လုံခြုံရေးအတွက်ပါ၊ မကြာမကြာ ဗုံးတွေ ပေါက်နေတဲ့အတွက် ခန်းမလုံခြုံရေးကို အကာအကွယ်ယူတဲ့ သဘောပါ” ဟု တာဝန်ကျ စည်ပင်ရဲတဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက် နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်တွင် မြို့တော်ခန်းမ မျက်နှာစာတည့်တည့်ရှိ မဟာဗန္ဓုလပန်းခြံအနီး ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မြို့တော်ခန်းမတွင်းသို့ မည်သည့် လက်ကိုင်အိတ်ကိုမျှ ယူဆောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု သိရသည်။

တောင်ဒဂုံမှ မြို့တော်ခန်းမသို့ အလုပ်ကိစ္စဖြင့်လာသူ အမျိုးသမီးတဦးက “ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေး ဘာလေး ထည့်လာတော့ ပိုက်ဆံအိတ်ကတော့ ပါတာပေါ့ရှင်၊ အခုဟာက ပိုက်ဆံအိတ်ကိုတောင် မယူရဘူးဆိုတော့ လွန်အားကြီးပါတယ်။ အခု လာတာက လေလံပေးမယ့် ကိစ္စရပ်တွေအတွက် သိချင်တာတွေကို စီမံဌာနမှာ စုံစမ်းနိုင်တယ်ဆိုလို့ လာတာပါ၊ ဒီနေ့တော့ ပိုက်ဆံအိတ်ပါလာတော့ ၀င်လို့ မရဘူးလေ။ မနက်ဖြန်မှပဲ လာပေါ့တဲ့” ဟုပြောသည်။

(၂၅) ရက်ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစတင်ကာ မြို့ တော်ခန်းမ ဘေးပတ်လည်ရှိ ပလက်ဖေါင်းများကို ပြန်လည် ပြင်ဆင်နေကြောင်း၊ မြို့ တော် ခန်းမတွင် CCTV လုံခြုံရေး ကင်မရာ (၉) လုံးတပ်ဆင်ထားပြီး စည်ပင်ရဲများအား ခန်းမဘေး ပတ်လည်တွင် ချထားကြောင်း မျက်မြင်များက ပြောသည်။

အနက်ရောင်ဝမ်းဆက်ဝတ်ထားသည့် မျက်နှာဖုံးမှန်ကာ ဦးထုပ်များနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထူးရဲကွန်မင်ဒိုများ၊ အပြာဝမ်းဆက် လည်ပတ်အနီများနှင့် လုံထိန်းများ၊ အပေါ်မီးခိုး အောက်အပြာဝတ်ထားသည့် ပုံမှန်ရဲများကိုလည်း ရန်ကုန်မြို့ နေရာအနှံ့တွင် လုံခြုံရေးချထားကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

By NEJ

URL: http://www.khitpyaing.org/archives/4064

အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ် အရေးပေါ် ဆေးရုံတင်ရ

NEJ/ ၂၉ စက်တင်ဘာ ၂၀၀၈။ ။

အသက် ၉၂ နှစ်ရှိပြီဖြစ်သည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ်သည့်အတွက် အာရှတော်ဝင်ဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။

သခင်သိန်းဖေသည် မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် ဝေဖန်အကြံပြုခဲ့သူတဦးလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေနေအိမ်တွင် ကျန်းမာစွာနေထိုင်လျက်ရှိပါလျက်နှင့် သူကွယ်လွန်ကြောင်းရေးသားထားသည့် နာရေးဖိတ်စာများကို အမည်မသိလူတစုက ရန်ကုန်မြို့၌ လိုက်လံဖြန့်ဝေခဲ့သည်။

By NEJ

URL: http://www.khitpyaing.org/archives/4070


အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

NLD elected MP Dr. Myo Win Passed away

BURMA DEMOCRACY & DEVELOPMENT: NLD elected MP Dr. Myo Win Passed away#links#links


ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

Monday, September 29, 2008

ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ

အေးချမ်းမြေ့ | စက်တင်ဘာ ၂၆၊ ၂၀၀၈

“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။

နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။

“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။

ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။

“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။

“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများ နှင့် လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူ လူထုကို အသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုး စီးပွား တခုခုရရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့ အတွက် မလွယ်လှ။

“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။

ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများ နည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများ နှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူက အပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။

အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့ သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာများနှင့် လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည် ဟု သူ့အိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်လျှက် နှင့် လက်နက်မဲ့ သံဃာများကို ရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။

ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကျွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့် လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။

ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီး တကောင်က ခုန်အုပ်ကာ ကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။

အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကိုမခေါ်ကြပါနဲ့ … မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားကြရတော့၏။

ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။ တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲ ဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ် လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာ လည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏ အိမ်နီးချင်း တဦးကပြောပြသည်။

ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။ ။

မှတ်ချက်။ ။ နော်မန်ရော်ဘတ်စ်ပီးယား၏ The Lonely Death Of Cycle Maung Maung ကို ကိုးကားရေးသားပါသည်


from Irrawaddy web page

အပြည့်အစုံသို့...

Sunday, September 28, 2008

God's Army: The reason for the Burmese Embassy siege


TIRED OF THE FIGHT: By the time they reached the age of 13, the Karen twins who led their people against the Burmese junta only wanted a more normal life. Johnny Htoo, second left, and Luther with their parents and three-year-old sister at a refugee camp near the Thai-Burmese border.


God’s Army twins Johnny, left, and Luther Htoo at a Border Patrol Police base in Ratchaburi in 2001.


ABOVE: A warrior’s reunion at a God’s Army hideout somewhere inside Burma. From left to right, an unidentified warrior, Johnny, Min Lwin and Pida.



Armed dissident smiles as he releases a woman hostage from embassy compound.



Police usher hostages to safety after they were released from the Burmese Embassy.





Released hostages walk out of the Burmese Embassy.


The siege of the Burmese Embassy in Bangkok on October 1, 1999, was the beginning of the end for the offshoot of the Karen National Union known as God's Army, its reputation built around twin brothers said to have supernatural powers

MAXMILIAN WECHSLER


God's Army was formed by a Karen pastor, Thape, on March 7, 1997, inside Burma, after about 200 deeply religious and superstitious Karen Christian families decided to abandon the villages they had lived in for centuries in the Tavoy area of Burma and flee to Thailand in February, 1997.


''They fled because they were persecuted by Burma's ruling State Peace and Development Council


[SPDC],'' said 55-year-old Padu Kwe Htoo Win, who has been a leading member of the anti-government Karen National Union (KNU) and chairman of its Mergui-Tavoy district since 1991.


''During the journey to the Thai border, eight-year-old twins Johnny and Luther Htoo both claimed to have had a vision of God commanding them to lead their young compatriots to fight the SPDC,'' Kwe Htoo recalled.


''They asked my permission to fight the SPDC. I thought it was a joke and told them that anyone can fight the SPDC.''


According to Kwe Htoo, the full name of the group was Kaserdoh God's Army. Some of its members also called themselves ''Jesus Warriors'' or ''Jesus Commandos''. Johnny and Luther were merely the spiritual leaders of God's Army and had little say in the group's planning and operations. These were under Shwe Bya, God's Army's military commander, who also manipulated the twins.


Between 1997 and 2000, God's Army had about 200 young soldiers. Some remarkable battlefield victories against the SPDC were attributed to the twins' alleged powers. God's Army reportedly inflicted heavy casualties and rarely suffered a death or injury.


This led the Karen people to believe that the twins had supernatural powers. However, the early successes more likely were the result of the determination, bravery and knowledge of terrain displayed by its young soldiers.


God's Army's bravado caught the attention of various foreign organisations, which donated money and materials to them. Among the biggest donors was a South Korean religious group that financed the construction of a church at Takolang, a small village near Suan Phung district in the Thai province of Ratchaburi, bordering Burma. Many God's Army members and their families, including the family of Johnny and Luther, lived there. They frequently crossed the border to their headquarters in Burma.


At the height of God's Army's successes in early 1999, opportunists within God's Army and the Karen Solidarity Organisation (KSO) tried to gain control of the group. The fortunes of God's Army started to decline. Internal squabbles weakened combat readiness and efficiency. These squabbles were mainly about money and other benefits derived from foreign donors.


Several young South Koreans who said they were ''missionaries'' frequently visited Suan Phung, where they were looked after by a Karen pastor. This pastor also tried to control God's Army, but failed because the twins didn't like him.


I met these missionaries in September, 1999, and some said they previously worked for the South Korean government's security service.


Earlier, in June 1999, a KSO leader with connections to a foreign intelligence agency brought 12 members of a radical group called the Vigorous Burmese Student Warriors (VBSW) to Takolang. He introduced them to Saw Toe Toe, a founding member and secretary-general of God's Army, who led the VBSW members to God's Army's camp inside Burma in early September, 1999.


''Taking advantage of God's Army's innocence, they convinced the group that they would be better off joining in future VBSW military operations,'' explained Kwe Htoo. ''They bribed the God's Army fighters with goodies, including cigarettes. The twins were chain smokers at that time.''


TARGETS IN THAILAND


The 25-hour siege of the Burmese Embassy in Bangkok, almost exactly nine years ago today, was organised and carried out by the VBSW, whose members obtained hand grenades and rifles from the God's Army base. They took 89 people hostage, including embassy staff, foreigners and Thais.


After negotiations with Thai officials, the VBSW members and some of their hostages were flown from Bangkok to the God's Army headquarters inside Burma, where they were welcomed by a waiting group of God's Army soldiers led by Shwe Bya.


According to Kwe Htoo, God's Army had cleared the forest to make a helicopter landing pad, located about 300-400 metres from the Thai border, before the embassy siege began.


Earlier in June, 1999, Kwe Htoo received a letter from VBSW commander Ye Thi Ha asking his permission to travel inside Burma to jlconduct some activities.


''I didn't reply because I didn't know him. I heard later that the VBSW people arrived at Takolang and then moved to the God's Army headquarters,'' said Kwe Htoo. ''I thought they wanted to do something inside Burma. I never suspected that they would conduct an operation in Thailand.''


The embassy siege was followed by another daring incident on January 24, 2000, when three VBSW members, accompanied this time by seven God's Army rebels, hijacked a bus near the Thai border and forced the driver to take them to Ratchaburi, where they then took over the provincial hospital. Several hundred people, including patients and hospital staff, were held captive for about 22 hours. The rebels made several demands, one being that the Thai doctors and nurses would be sent to treat their sick and wounded. The group claimed it had been under sustained attacks by Burmese troops for a week at their mountain base near the Thai border. They also wanted Thai authorities to open the border and allow about 200 God's Army soldiers to seek refugee in Thailand. After an aborted negotiation to determine terms for surrender, Thai commandos stormed the hospital and killed all 10 hostage-takers.


Kwe Htoo said the attacks on the Burmese Embassy and Ratchaburi Hospital had catastrophic consequences for both God's Army and the VBSW. Thailand was now their ''second enemy'' _ after the SPDC.


''After the hospital assault, God's Army's fate was sealed as all sponsors abandoned them,'' said Kwe Htoo.


''Before and after the embassy siege, the KNU tried desperately and unsuccessfully to convince God's Army leaders and the twins that they had chosen the wrong path by joining with the VBSW in their struggle to free their homeland. We urged them not to believe their promises, and instead to listen to their Karen brothers in the KNU.


''God's Army was exploited and tricked by the VBSW, who promised them new uniforms, food, medicine, weapons and ammunition in return for their support. None of their promises materialised.''


THE UNRAVELLING


The attack on the Burmese Embassy was led by Kyaw Ni, or Big Johnny, of the VBSW. After the Ratchaburi incident, God's Army soldiers became disillusioned with Kyaw Ni. The twins finally withdrew their support for the VBSW. Even Johnny, who was always accompanied by Kyaw Ni, turned against him.


God's Army started listening to the KNU, but it was too late. The damage had already been done. The twins gave several headline-making interviews which didn't help their cause either.


''They were presented to the public as a fanatical religious group,'' said Kwe Htoo.


Finally, in January, 2001, after almost four years of armed resistance against the SPDC and being pursued most of that time by Thai authorities as well, about 20 hungry, exhausted and desperate God's Army remnants, including Johnny and Luther, surrendered to Thai authorities. Then Thai Prime Minister Chuan Leekpai met the twins at Suan Phung and talked with them briefly through an interpreter.


When I met the twins at Ton Yang refugee camp in Kanchanaburi on June 12, 2003, both said they would never take up arms again. ''We want to go back home to see our friends,'' said Luther at that time.


Other participants in the God's Army saga went different ways. Former secretary-general Saw Toe Toe and some others were promptly granted refugee status in the US. But most of their Karen countrymen weren't so lucky.


About 418 God's Army rebels and relatives who had crossed to Thailand between February 2 and 3 in 2000, after the SPDC mounted an offensive against them, ended up at refugee camps in Thailand.


Thai authorities also retaliated against God's Army by evicting some of their relatives from Takolang and sending them to refugee camps as well.


VBSW commander Ye Thi Ha was luckier. When a Thai police unit waited outside his Bangkok apartment ready to arrest him, a phone call came with an order to abort the operation, lending credence to the suggestion that Ye Thi Ha worked for a foreign intelligence agency.


Shwe Bya surrendered to the SPDC in August, 2003, after being offered a logging concession in Burma. He later contacted the twins through an associate and promised all kinds of privileges if they surrendered to the SPDC. Johnny finally accepted the deal and surrendered together with his father and some other members of the group in July 2006.


The Burmese government newspaper, The New Light of Myanmar, published on July 26, 2006 a report accompanied by a photo showing 10 grim-faced men wearing military uniforms. In the photo Johnny Htoo is standing behind a row of rifles and ammunition. The report said that ''a nine-member armed group of GA with its base in another country, led by Johnny Htoo, (had) returned to the legal fold.''


After Johnny's ''surrender'', Luther contacted Kwe Htoo trying to find out what was going on with his brother. He said he had tried to contact Johnny many times, but to no avail.


Recently, Luther received a message from his brother, saying, ''If someone comes and tries to persuade you to surrender (to the SPDC), kill him. Don't ever surrender.''


According to reliable sources, Johnny is living with his new wife in Myitta town, east of Tavoy.


TREACHERY BEHIND THE SCENES?


The people who manipulated and exploited Johnny and Luther Htoo caused a great disservice to the Thai people. The most striking example of the exploitation of the twins occurred on November 4, 1999. On that rainy evening, a team of Thai Army and police officers dispatched to persuade Kyaw Ni and Pida to surrender were confronted by dozens of armed GA rebels in the jungle on the Thai-Burmese border. The officers promised them fair treatment. Several VBSW members who arrived from Maneeloy refugee camp also pleaded with Kyaw Ni and Pida to give up. Both refused. An erratic Kyaw Ni pointed his AK-47 assault rifle at the officers.


Finally, Kyaw Ni asked the twins to decide his and Pida's fate. Shwe Bya, who greatly admired Kyaw Ni, knew exactly what to do.


When a Karen interpreter asked the twins: ''Do you want Big Johnny and Pida to leave us (the GA) and go with the Thai officers?'', both said: ''Yes, we want them to go.''


But the interpreter, acting on the order of Shwe Bya, said exactly the opposite. This fact came out during this writer's recent interview with Luther. It was confirmed by another person who was there as well.


Had the interpreter not twisted the twins' words, the Ratchaburi Hospital tragedy would have never occurred.


The Thai officers' trip to persuade Kyaw Ni and Pida to surrender followed a letter the two sent to Prime Minister Chuan. In the letter, dated October 12, 1999, VBSW leaders apologised for their action and explained the motives behind the Burmese Embassy takeover.


In another expression of reconciliation with the Thai government, the VBSW returned a pistol seized from a Thai Special Branch policeman who had been guarding the embassy on the day of the takeover. Shwe Bya handed the pistol over to Thai officers in Takolang on Oct 22, 1999.


A Thai security officer recently remarked that it is perplexing that, after these overtures by the VBSW, Kyaw Ni and Pida didn't surrender.


A VBSW member disclosed that Kyaw Ni and Pida did intend to surrender in the jungle to the Thais on November 4, 1999, but a certain third party, after learning about their intentions, warned them that if they did so they would be jailed for many years in Thailand or transferred to the SPDC, who would execute them.


''Obviously, someone was afraid that they might reveal secrets to the Thai investigators or the media that could incriminate certain people,'' said the VBSW source.


Pida was killed in the Ratchaburi Hospital siege and Kyaw Ni was killed several years ago under mysterious circumstances, shortly after several exiles met him in the jungle on the Thai-Burmese border to discuss his future.


From its formation in March 1997 until its curtain call in January 2001, the GA was a costly failure.


It didn't bring any benefits to the Karen people or to the pro-democracy movement. The only ones who gained were a few exiled opportunists, their radical organisations, some foreign intelligence services and the SPDC.


The vast majority of the Burmese dissident leaders agreed that the embassy and the hospital sieges, ostensibly done to attract attention to the pro-democracy movement, were actually major setbacks, as they caused the sentiment of the Thai government and the Thai people to turn against them.


However, according to security sources, one foreign mission in Bangkok benefited from the Burmese Embassy siege considerably. The sources say that one of three vans that left the Burmese Embassy on Sathorn Road shortly after the siege began entered another nearby embassy compound, loaded with a huge volume of documents packed in rubbish bags.


According to the sources, the VBSW somehow managed to remove a number of secret documents, including identities of drug informers, from a vault inside the Burmese ambassador's office.


On Oct 2 the documents were sorted through according to importance by a leading Burmese exile who was called in to help. The man wasn't allowed to go home for some days.


The prominent exile died about two months later, on Dec 1, 1999, allegedly from heart failure.


At the end of November _ after he reportedly met with some foreign intelligence officers _ he appeared nervous and said emotionally that he was ''not going to do that'', without elaborating.


A few days later, he was ordered to move his office to a ''more secure'' location. He was reluctant to do so. During the move, he suddenly collapsed while carrying a desktop computer.


Among the many wreaths at his funeral in Bangkok, one was delivered by a man on a motorcycle who quickly disappeared. The acronym VBSW on the wreath was clearly visible to the crowd of mourners, who numbered in the hundreds and included a smattering of intelligence agents who were busy taking photographs of the mourners.

http://www.bangkokpost.com//280908_Spectrum/28Sep2008_spec001.php

အပြည့်အစုံသို့...

INTERVIEW WITH LUTHER HTOO


A QUIETER LIFE: Luther Htoo with his wife Naw Paw Eh Hsoe and their two sons.
Q: Tell us about yourself and your family?

A: I arrived at Ton Yang camp with my brother Johnny in 2002. I am now married to Naw Paw Eh Hsoe. We have two sons, aged one and five. My mother, Naw Khay Htaw, stays with us. We have enough food and clothes here, but we cannot work.

Q: Where is Johnny now?

A: My brother is in Myitta town in Burma, but I am not exactly sure what he is doing. We have not seen each other since he left the camp in July, 2006. I have received only one message from him through a third party. He said he was not happy there. The Burmese woman who brought him to Myitta is not so good with him and other former God's Army members who surrendered. Our father stays with him and he also is not happy there.

Q: Do you miss your brother?

A: Yes, I miss him and my father, Poo Gaw, very much. I sincerely hope that they will come back here and we will stay together like before.

Q: Do you regret having been associated with God's Army?

A: That is the past and I don't want to talk about it.


Q: What did you learn during your stay with God's Army?

A: I learned that the State Peace and Development Council (SPDC) is two-faced. They are the ones who create troubles for the Karen people. I could see clearly their culture, their activity and the way their troops operate.


Q: What is your opinion of the Karen National Union (KNU)?

A: It is a good organisation. If we didn't have the KNU the Karen people would have faced even more hardship and we wouldn't have had any leaders. We would be even more desperate and lost. The KNU is our mother organisation. It is leading the Karen people.


Q: Give us your opinion about the Vigorous Burmese Student Warriors (VBSW).

A: It was not my choice that they came to us. I didn't accept them. It was other people who brought them to us and it was Shwe Bya who allowed them to stay with us.


After the Burmese Embassy siege, when the Thai authorities came to us and asked my brother and myself to hand over the VBSW members, we agreed and would have been happy if they left us, but Shwe Bya was against it. We didn't want them to stay with us right from the beginning.


Q: Tell us your plans for the future.

A: We have all applied for resettlement in Sweden because my mother-in-law lives there. However, I am afraid that it won't be easy to go there because I was a member of an armed group and many countries won't accept a person like that.


Q: What would you like to do now?

A: I would like to learn how to use the computer and to get a job as a computer programmer, provided I am accepted by a third country. I would also like to study the Bible and to become a missionary.

Q: Would you like to go back home, to stay in Thailand, or to live abroad?

A: At this moment I can't go back to my village because the SPDC is there. I want to go with my family to a third country. I would like to remain in Thailand if we were able to move around freely, but that is not possible now. We are presently confined to the camp.

Q: What do you do with your free time?

A: I like to play the guitar. I also smoke cigarettes, but not as many as before.


Q: Tell us your biggest wish?

A: I would like to have my own computer and learn how to use it. However, at this moment, I don't have permission to learn because only those who passed Grade Six are permitted to do so.


Q: What were the happiest and most disappointing events in your life?

A: I am happy that the Karen people are able to exist as a nation and that God has allowed us to stay safely in Ton Yang refugee camp. We are also thankful to the Thai government for treating us and other Karen people humanely, although we caused them a lot of problems in the past. I am disappointed with the SPDC for its treatment of the Karen people.


By Maxmilian Wechsler

http://www.bangkokpost.com/280908_Spectrum/28Sep2008_spec29.php

အပြည့်အစုံသို့...

Thursday, September 25, 2008

a bomb explosion at Maha Bandula Park



picture Irrawaddy web page

အပြည့်အစုံသို့...

a bomb exploded in Rangoon's Maha Bandula Park

အပြည့်အစုံသို့...

Wednesday, September 24, 2008

အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …

ဒေါက်တာလွဏ်းဆွေ (၂၄-၉-၀၈)။ ။

လာလတ္တံ့သော မြန်မာ့နိုင်ငံရေး အခင်းအကျင်းအကြောင်း ဟိုတွေးဒီတွေး တွေးတောရင်း ကဗျာစာသားလေးတကြောင်း သွားအမှတ်ရတယ်။ စာသားလေးက “ ဒီမြေပုံအတိုင်းဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်” တဲ့။ ဖတ်ရတာ ကြာပါပြီ (စကားလုံး အတိအကျ မဟုတ်ရင် ခွင့်လွှတ်ပါ)။ ကဗျာဆရာက ဘာအဓိပ္ပာယ်နဲ့ ရေးလဲတော့ မသိပါဘူး။ ဖတ်တဲ့ ကျနော်က နအဖရဲ့ လမ်းပြမြေပုံ (၇) ဆင့်ကို မြင်ယောင်ပြီး ခံစားလိုက်တော့ ကဗျာစာသားလေးက တော်တော်ကြွပြီး ဖတ်ရတာ အရသာပိုရှိသွားတယ်။

အဟုတ်ပဲလေ။ နအဖ လမ်းပြမြေပုံအတိုင်းသွားရင် ကျနော်တို့ ပြည်သူတွေအားလုံး စစ်ကျွန်သက် အတိုင်းမသိ ရှည်ကုန် မယ်။ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ဘ၀တွေ ရောက်သထက်ရောက်ပြီး တိရိစ္ဆာန်သာသာ အဆင့်နဲ့ပဲ လူ့အဖြစ်တွေကို နိဂုံးကမ္မတ် အဆုံးသတ်ရဖို့ ရှိတယ်မဟုတ်လား (မယုံတဲ့သူများ နအဖရဲ့ အခြေခံဥပဒေကို ဖတ်ကြည့်ကြပါလေ)။ လူချင်း အတူတူ တန်းတူရည်တူ မနေရမယ့်ဘ၀ဟာ ရှင်လျက်နဲ့ သေရတဲ့ဘ၀ပဲ မဟုတ်ပါလား။ လူသားမာန ထားရှိတဲ့သူတိုင်း၊ လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးကို လေးစားတန်ဖိုးထားသူတိုင်း ဒီလိုပဲ ခံယူကြမှာပဲလေ။ အဲဒါကြောင့်မို့ အကုန်သေကုန်လိမ့် မယ်ဆိုတဲ့ ကဗျာစာသားအပေါ် ကျနော် ဟတ်ထိသွားတာနေမှာ။ ရှင်လျက်နဲ့ သေကြရမယ့်အဖြစ်ကို ပြောတာပါ။

အဲ … စစ်ကျွန်ပြုမှုအောက်မှာ အရိုးအရင်း ကိုက်ရဖို့အရေး စစ်ဗိုလ်တွေရှေ့ အမြီးပဲ နှန့်ပြရ နှန့်ပြရ၊ စစ်ဗိုလ်တွေကို လျှာနဲ့ပဲ လျက်ရ လျက်ရ၊ ခြေဆုပ်လက်နယ်ပဲ ပြုစုရ ပြုစုရ၊ ဖိနပ်ပဲ စီးပေးရ စီးပေးရ၊ ခေါင်းပေါ်ပဲ တင်ရွက်ရ တင်ရွက် ရဆိုတဲ့ တဘို့တည်းကြည့်တဲ့ အချောင်သမား ကျောရိုးမဲ့သတ္တ၀ါတွေကတော့ လမ်းပြမြေပုံကို ကြိုဆိုကောင်း ကြိုဆို ကြမှာပေါ့လေ။ တိုင်းသူပြည်သားတွေ မျက်ဖြူဆိုက်လေ အီဖေကိုတို့ ကြိုက်လေပဲဆိုတဲ့ လူစားတွေကိုး။

ပြည်သူတွေသာ မှန်ကန်တဲ့ စနစ်တခု၊ အုပ်ချုပ်မှုတခုအောက်မှာ အသက်ရှင် နေထိုင်ခွင့်ရရင် အဲဒီအချောင်သမားတွေ လူတောတိုး နေရာရနိုင်မှာမှ မဟုတ်တာ။ အဲဒီတော့ အဲလိုလူမျိုးတွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတာ မဆန်းဘူးပေါ့လေ။ နအဖရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေဖြစ်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ၊ မီးသတ်၊ ကြက်ခြေနီ၊ တန်ပြန်မီဒီယာဆိုတဲ့ အဖွဲ့တွေမှာ ပါဝင်တဲ့သူတွေဟာ အဲသလို လူစိတ်၊ လူ့မာနမရှိတဲ့ အချောင်သမား တွေပေါ့။



အဲဒီတော့ မြင်တတ်ရင် နအဖရဲ့ လမ်းပြမြေပုံဆိုတာ စည်းစိမ်အာဏာကို မစွန့်ချင်ဘဲ ဆက်ပြီး လက်ဝါးကြီးအုပ်လိုတဲ့ လက်တဆုပ်စာ ထိပ်ပိုင်းစစ်ဗိုလ် လူလည်တစုနဲ့ မြှောက်ထိုးပင့်ကော် ကပ်ဖားရပ်ဖား အချောင်သမားတွေပေါင်းပြီး တိုင်းပြည်ကို အစွမ်းကုန် ဖျက်ဆီးကြတော့မယ့် ရေရှည်စစ်ကျွန်ပြုရေး စီမံကိန်းကြီးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။

အဲဒါကြောင့် စစ်အာဏာရူးတွေနဲ့ အချောင်သမား ကပ်ဖားရပ်ဖားတွေ စိတ်ကူးယဉ်နေတဲ့ လမ်းပြမြေပုံကို အဆုံးအထိ မရောက်အောင် တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီလိုလားသူတွေအားလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်းတိုက်ဖျက်ဖို့ အပြင်း အထန် ကြိုးစားရပါမယ်။ မကြိုးစားလို့ကတော့ ကဗျာဆရာပြောသလို အကုန်သေကုန်လိမ့်မယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ တိုးရမှာ သေချာပေါက်ပါပဲ။

လူ့ဂုဏ်သိက္ခာ၊ လူ့မာန၊ လူ့တန်ဖိုးဆိုတာတွေကို အလေးထားတဲ့ သူတွေကတော့ ရှင်လျက်နဲ့ သေကြရမယ့် ဘ၀မျိုးကို မလိုလားတတ်ကြပါဘူး။ အဲဒီတော့ ရှင်လျက်နဲ့ မသေချင်ကြသူမှန်သမျှ၊ လူ့အဖြစ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်ဖြတ်သန်း သွားလိုသူမှန်သမျှ နအဖစိတ်ကြိုက် ရေးဆွဲပြီး လိမ်လည်အတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပ မယ့် ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အစွမ်းကုန် တိုက်ဖျက်ဟန့်တားဖို့ လိုပါမယ်။ တတိုင်းပြည်လုံး တခဲနက် မဲပေးအတည်ပြုထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွဲကိုင်ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ လိုပါမယ်။

ဒါပမယ့် ကျနော့်တို့ဘက်ကရော လက်ရှိခေါင်းဆောင်မှု အနေအထားနဲ့ တိုက်ပွဲဝင်လို့ အောင်ပွဲရနိုင်ပါ့မလားဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါမယ်။ တော်ကြာ “ဒီခေါင်းဆောင်မှုနဲ့ဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်”ဆိုပြီး ကဗျာထပ်ထွက်လာ မှာဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒီခေါင်းဆောင်မှု ဆိုတာကိုတော့ ရှင်းရပါမယ်။ ခေါင်းဆောင်အားလုံးကို သိမ်းကျုံး ရှုမြင်သွားမှာ စိုးလို့ပါ။ ကျနော်ဆိုလိုတာ လက်ရှိအပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မှုပေးနေတဲ့ မျိုးချစ် ရဲဘော်ဟောင်းကြီးတွေ ဦးစီးတဲ့ ဗဟိုကော်မတီရဲ့ ခေါင်းဆောင်မှုကို ဆိုလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် (၂၀၀၈ ခု စက်တင်ဘာ ၂၃ မှ ပြန်လွတ်) ဦးတင်ဦးတို့ကို မဆိုလိုပါဘူး။ သူတို့သုံးဦးက အထိန်းသိမ်းခံ အနေအထားနဲ့ ဆိုတော့ ထိရောက်တဲ့ ခေါင်းဆောင်မှုလည်း မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ဦးဆောင်နိုင်စွမ်းရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလို တိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တချို့ကလည်း ထောင်ထဲမှာပဲ ရှိနေပါတယ်။

အဲဒါကြောင့်မို့ အပြင်မှာရှိတဲ့ ခေါင်းဆောင်မှု အင်အားကိုပဲ တွက်ချက်ကြည့်တာပါ။ ဘာဖြစ်လို့ မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ ဦးဆောင်မှုကို အဓိကထား တွက်ချက်ရသလဲဆိုတော့ …

(၁) အန်အယ်လ်ဒီပါတီဆိုတာ မြေပေါ်မှာ တရားဝင်ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းကြီးဖြစ်တယ်။
(၂) မြန်မာပြည်သူလူထုကြီးရဲ့ မန်းဒိတ်အရှိဆုံး ပါတီကြီးလည်းဖြစ်တယ်။
(၃) ပြည်သူလူထုက အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အဖွဲ့ကြီးလည်း ဖြစ်တယ်။

အဲဒါကြောင့်မို့ အဲဒါပါတီကြီးကို လက်ရှိဦးဆောင်နေတဲ့ ဗဟိုကော်မတီရဲ့ ဦးဆောင်မှုအနေအထားကို အဓိကထား စဉ်းစား တာ မလွန်ဘူးထင်ပါတယ်။ တခြားအဖွဲ့အစည်းတွေဆိုတာ ဘယ်လောက်ပဲ လုပ်နိုင်လုပ်နိုင်၊ ဘယ်လိုပဲ အကွက်မြင်မြင်၊ ဘယ်လောက်ပဲ တိုက်ရဲတိုက်ရဲ အန်အယ်လ်ဒီရထားတဲ့ ပါဝါမျိုး၊ လူထုထောက်ခံမှုမျိုး သူတို့တွေမှာ မရှိကြပါဘူး။ အဲဒါ ကြောင့်မို့ ကျန်တဲ့အဖွဲ့အစည်းတွေက အန်အယ်လ်ဒီကိုကျော်ပြီး ဦးဆောင်မှုပေးဖို့ဆိုတာ မလွယ်ပါဘူး။ ၀န်းရံတာ လောက် ပဲလုပ်လို့ရပါမယ်။ အန်အယ်လ်ဒီဦးဆောင်မှုကို လမ်းကြောင်းမှန်အောင် ၀ိုင်းဝန်းတည့်မတ်ပေးကြဖို့ပဲ တတ်နိုင်ပါမယ်။ အဓိက ဦးဆောင်တိုက်ပွဲဝင်ရမှာကတော့ အန်အယ်လ်ဒီ ဗဟိုကော်မတီပါပဲ။



လက်ရှိအနေအထားမှာလည်း ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းကြီးတွေကပဲ အုပ်စီးထားလေတော့ သူတို့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ ဦးဆောင်မှု၊ တိကျပြတ်သားတဲ့ တိုက်ပွဲလမ်းကြောင်း ချမပေးနိုင်တာနဲ့အမျှ ဒီမိုကရေ စီအင်အားစုတွေအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အနှစ်နှစ်ဆယ်အတွင်း အပြင်မှာ တလျှောက်လုံးနီးပါး ဦးဆောင်ခွင့်ရခဲ့တုန်းကလည်း မျိုးချစ်ရဲဘော်ဟောင်းကြီးတွေအနေနဲ့ ဘာမှလောက်လောက်လား လား ဦးဆောင်မှုမပေးနိုင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။

သေချာတာကတော့ မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မတီကြီးတွေရဲ့ အနေအထားက ကြာလေလေ ပိုရှင်းရှင်းလေလေ ဆိုသလိုပါပဲ။ ဘာတွေဘယ်လို ပိုရှင်းလာသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကစပြီး နအဖနဲ့ NLD - CEC မျိုးချစ်ရဲဘော်ဟောင်းကြီး (ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်) တွေကြား လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတာကို ပြောတာပါ။ ဟုတ်ပါ့မလားလို့ အံ့အားတသင့် မေးခွန်းထုတ်သူတွေ ထုတ်ချင်ကြလိမ့်မယ်။ အစောပိုင်းကာလတွေတုန်းကတော့ ညီညွတ်ရေး ပြိုကွဲမယ်ဆိုတဲ့စိတ်နဲ့ တော်တော်အောင့်အည်း မြိုသိပ်ခဲ့ရတယ်။ ဟုတ်နိုးဟုတ်နိုးဆိုတဲ့ စိတ်လည်းပါတာပေါ့။

အခုအခါမှာတော့ မေလဆန္ဒခံယူပွဲလိုပဲ နအဖ ဇာတ်ကြမ်းတိုက်တော့မယ့် ၂၀၁၀ ရွေးကောက်ပွဲက ဖင်လှည့်ခေါင်းလှည့်နဲ့ ရောက်လာတော့မှာမို့ မပြောမဖြစ်တဲ့ အခြေအနေကို ဆိုက်လာပါပြီ။ တချို့ဆို မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို ဖွတ် ထွက်မှ တောင်ပို့မှန်း သိရပါပြီလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါပြီ။ မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို အားမရ လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံခေါ်ဖို့ မိတ္ထီလာမြို့နယ်အဖွဲ့ချုပ်က တောင်းဆိုသလို ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ ဗဟိုကော်မတီတချို့ရဲ့ ဦးဆောင်မှု၊ အာဏာရှင်ဆန်ဆန် ချုပ်ကိုင်စုဖွဲ့လာမှုကို ကျေနပ်မှုမရှိလို့ မြို့နယ် (၁၁) မြို့နယ်က အန်အယ်လ်ဒီလူငယ်တွေ နုတ်ထွက်ကြတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရပါပြီ။ အဲဒီတော့ မျိုးချစ်ကြီးတွေ ဆက်လက်ဦးဆောင်မှုပေးနိုင် မပေးနိုင်ဆိုတဲ့ အနေအထားကို ခွဲခြမ်းစိတ်ဖြာဖို့ လိုတာကတော့ အမှန်ပါပဲ။ ခွဲခြမ်း စိတ်ဖြာပြီးလို့ ရှင်းသွားလင်းသွားမှပဲ ဘယ်လိုဦးဆောင်မှုတွေနဲ့ တိုက်ပွဲဆက်ဖော်မလဲဆိုတာ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေ ဖြစ်ခဲ့ကြတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေဟာ အန်အယ်လ်ဒီကို စတင် ဖွဲ့စည်းစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နံဘေးမှာ တွယ်ကပ်ပြီး ပါခဲ့တာပါ။ စစ်အုပ်စုက သူတို့အတွက် အန္တရာယ် ရှိတယ်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ (လက်ဝဲယိမ်းတယ်လို့ စစ်အုပ်စုက ယူဆတဲ့) တတ်သိပညာရှင် အစုအဖွဲ့ဝင်တွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း ရှင်းလင်းလိုက်စဉ်မှာ အပြင်မှာ အဓိက ကျန်ခဲ့သူတွေက မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ သူတို့ချည်းနီးပါး ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ဟာ အန်အယ်လ်ဒီပါတီ ရပ်တည်ရှင်သန်ခွင့်ရေးဆိုတာလေးကိုပဲ ဗန်းပြပြီး နအဖပြုသမျှ နုရတဲ့ လုပ်ရပ်တွေကိုသာ လုပ် ဆောင်ခဲ့တာကို တွေ့ရပါတယ်။

၁၉၈၉ အာဇာနည်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အခြေအတင်ဖြစ်ခဲ့ကြတဲ့ တိပ်ခွေကို နားထောင်ကြည့်ရင် အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နအဖ ထိန်းသိမ်းလိုက်တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့ လား၊ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေများ နအဖကို မျက်စပစ်လိုက်လို့လားလို့ ယူဆနိုင်တဲ့ အနေအထားပါ။ ၉၀ ရွေး ကောက်ပွဲအပြီး ဂန္ဓီခန်းမမှာရတဲ့ ပွဲပြီးနိုင်တဲ့ အခွင့်အရေးကြီးကို ရေစုန်မျောသွားအောင် လုပ်ပစ်တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုပါပဲ။ ၂၆-၃-၉၁ မှာ နအဖရဲ့ ဖိအားပေး အကျပ်ကိုင်မှုကို ကြောက်ရွံ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်၊ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးတယ်လို့ အကြောင်းပြပြီး ပါတီကထုတ်ပစ်ကာ ဗဟိုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်း ၁၉၉၃ ဇန်န၀ါရီမှာ ဦးအောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် (၈၆) ဦး နအဖလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို သွားတက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေ စနက်ပါပဲ။ နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ် ပြန်လက်မခံတော့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ တုပ်တုပ်မျှမလှုပ်ဘဲ နအဖအလိုကျ အသံတိတ် နှုတ်ဆိတ်နေခဲ့တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေပါပဲ။ ၂၀၀၈ နအဖ ဆန္ဒခံယူပွဲနဲ့ နာဂစ်အရေးမှာ တိကျပြတ်သားတဲ့ ဦးဆောင်မှုမပေးနိုင်ခဲ့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

အဲဒီတော့ ပြန်ကြည့်ရင် အနှစ်နှစ်ဆယ်အတွင်းမှာ အပြင်မှာတလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်း တွေဟာ တိကျပြတ်သားတဲ့ ဦးဆောင်မှု ဘာတခုမှ မပေးနိုင်ဘဲ နအဖအလိုကျ အလိုက်သင့် ကခုန်နေခဲ့ကြတာကိုပဲ တွေ့ရပါတယ်။ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ကြေညာချက်တွေပဲ ထုတ်လာလိုက်တာ အခုဆိုရင် အထူးကြေညာချက်အဆင့်ကို ရောက်နေပါပြီ။ ၂၀၁၀ ရောက်တဲ့အထိလည်း မြန်မာပြည်က လက်ဖက်ရည်တွေလို ရှယ်၊ ထူးရှယ်၊ ရှယ်တကာ့ရှယ်ဆိုတဲ့ ကြေညာချက်တွေပဲ ထုတ်ရင်း ငုတ်တုတ်ထိုင်နေတော့မယ် ထင်ပါရဲ့။

တဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း နအဖအနေနဲ့ မျိုးချစ်ကြီးတွေကို အနှစ်နှစ်ဆယ်လုံးလုံး မဖမ်းမဆီးဘဲ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားတာဟာ သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ တသီကြီးရနေလို့ဆိုတာ ရှင်းပါတယ်။ အစွမ်းအစမရှိတဲ့ မျိုးချစ်ကြီးတွေ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားခြင်းအားဖြင့် စစ်အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို ဖျက်သိမ်းစရာမလိုတော့ဘဲ ကမ္ဘာကိုလည်း မျက်နှာပြရတာ ကောင်းသွားတယ်။ မြန်မာပြည်မှာ အတိုက်အခံအဖွဲ့အစည်း တရားဝင် ရပ်တည်ခွင့်ပေးထားပါတယ် ဆိုရုံလေးပေါ့။ နောက်ပြီး နအဖဟာ သူတို့စကားကို နားလည်းထောင်၊ ကြောက်လည်းကြောက်တဲ့ မျိုးချစ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မလှုပ်သာမရှားသာအောင် အတိုင်အဖောက်ညီညီ လူညှပ်ကစားရတာကို တော်တော်လည်း ခြေတွေ့ပုံပေါ်တယ်။ မျိုးချစ်ကြီးတွေနဲ့ အနှစ် နှစ်ဆယ်လုံးလုံး အပေးအယူမျှခဲ့မှတော့ ခြေတွေ့တာ မဆန်းဘူးပေါ့လေ။

အဲဒီတော့ ပြန်ချုပ်ရရင် အနှစ်နှစ်ဆယ်အကြာမှာ အဖြေက ရှင်းသလောက် ဖြစ်နေပါပြီ။

ဘယ်လိုရှင်းတာလဲဆိုတာ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အုပ်စီးထားတဲ့ အန်အယ်လ်ဒီဗဟိုကော်မတီရဲ့ ဦးဆောင်မှုဟာ မျှော်လင့်စရာ အနေအထား လုံးဝ… လုံးဝကို မရှိဘူးဆိုတာပါပဲ။ မျိုးချစ်တွေရဲ့ ဦးဆောင်မှုနဲ့သာ ဆက်သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်လမ်းမမြင်၊ လူထုတိုက်ပွဲ ထပ်ဖြစ်လာရင်လည်း ထပ်မံရှုံးနိမ့်ရဦးမယ့် အခြေအနေနဲ့ပဲ တိုးရလိမ့်ဦးမယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ရာဇ၀င်ထဲမှာ မျိုးချစ်ရဲဘော်ဟောင်း ကြီးတွေကို ထားခဲ့တော့မလား၊ သူတို့ရဲ့ ဦးဆောင်မှုနေရာကို ၀င်ယူနိုင်အောင် ကြိုးစားပြီး တိုက်ပွဲလမ်းကြောင်း တည့်မတ်နိုင်အောင် ကြိုးစားမလား သို့တည်းမဟုတ် တခြားစုစည်းညီညွတ်တဲ့ တပ်ပေါင်းစုဖွဲ့ပြီး ပြတ်သားတဲ့ တိုက်ပွဲဝင်မှုအတွက် ပြင်ဆင်ကြမလားဆိုတာ အလျင်အမြန် ဆုံးဖြတ်လုပ်ဆောင်ကြရမယ့် အခြေအနေကို ဆိုက်ရောက်နေပါပြီ။ နို့မဟုတ်လို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပြီးရင် လူငယ်ဟစ်ပ်ဟော့ပ် ဂီတသမားလေးတွေ ပါးစပ်ဖျားက သီချင်းစာသားတချို့ ပွင့်အန်ထွက်ကျလာမှာကို စိုးထိတ်နေမိပါတယ်။

အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … … …

(အထက်ပါ ဆောင်းပါးတွင် ပါဝင်သည့် အယူအဆများမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ အဆိုပါဆောင်းပါးနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ မျိုးချစ်ရဲဘော်ဟောင်းများ ခေါင်းဆောင်မှု ရှုထောင့်မှ ပြန်လည်ချေပသည့် ဆောင်းပါးများ ရေးသားလိုပါက ခေတ်ပြိုင်သို့ (khitpyaing.news@gmail.com) ဖြင့် ပေးပို့နိုင်ပါသည် - အယ်ဒီတာ )

By NEJ

URL: http://www.khitpyaing.org/archives/3998

အပြည့်အစုံသို့...

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ထောင်မှလွတ်







NEJ/ ၂၃ စက်တင်ဘာ ၂၀၀၈။ ။

ဦးဝင်းတင်နှင့်အတူ ယနေ့ပြန်လွတ်လာသည့် အခြားနိုင်ငံရေးအကျဉ်းသားများအနက် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေ၀င်းမြင့်၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်း၊ စမ်းချောင်း မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ဆွေနှင့် တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်တို့လည်း ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက ပြောကြားသည်။

ဦးခင်မောင်ဆွေသည် ၁၉၉၄ ခုတွင် မြင်းခြံထောင်တွင် ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး၂၀၀၁ ခု အောက်တို ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။ ဒေါက်တာမေ၀င်းမြင့်သည် ၁၉၉၇ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး ၂၀၀၄ ခု ဒီဇင်ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။

ဒေါက်တာသန်းငြိမ်းသည် အကျယ်ချုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ယောက်ဖတော်သူဖြစ်သည်။ ၁၉၉၇ ခုတွင် အဖမ်းခံရပြီး အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရသည်။ ဆက်တိုးသည့် ပြစ်ဒဏ်များအရ ၂၀၁၄ ခုတွင်မှ လွတ်ရမည့်သူဖြစ်သည်။

ဦးအောင်စိုးမြင့်မှာ တောင်ငူ မဲဆန္ဒနယ်အမှတ် (၁) မှဖြစ်ပြီး ၂၀၀၃ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ် ခံရသည်။၂၀၁၀ ပြည့်နှစ်တွင်မှ ပြန်လွတ်ရမည့်သူ ဖြစ်သည်။


from khitpyaing web page

အပြည့်အစုံသို့...

မီးစင်ကြည့်က နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေဟု ပြည်ထဲရေးဝန်ကြီးပြောဆို

အေးချမ်းမြေ့| စက်တင်ဘာ ၂၃၊ ၂၀၀၈

မြန်မာနိုင်ငံတော်အစိုးရ၏ လက်ရှိနိုင်ငံခြားရေး မူဝါဒမှာ မီးစင်ကြည့် က ဆိုသည့် ရည်မှန်းချက်အတိုင်း သွားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြည်ထဲရေးဝန်ကြီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၆/ ၂၀၀၈ စည်းဝေးတွင် ပြောကြားသွားသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ အကြပ်အတည်းက ရှိနေတယ်။ ဒီနေ့လုပ်နေတဲ့ မူဝါဒက မီးစင် ကြည့်ကရမှာပဲ။ ဒါပေမယ့် မူကိုတော့မပြောင်းနိုင်ဘူး” ဟု ၎င်းက ဇူလိုင် ၆ ရက်နေ့တွင် ကျင်းပသော အစည်းအဝေး၌ ပြောကြားသွားခြင်းဖြစ်သည်။

သူက မြန်မာနိုင်ငံအနေနှင့် တရုတ်ကို ပူးပေါင်းရသည့်အနေအထားနှင့် ပတ်သက်၍ လည်း ရှင်းပြသည်။

“တရုတ်ကိုကပ်ရတဲ့အကြောင်းရင်းက လက်ရှိအစိုးရအနေနဲ့ တရုတ်ကမျက်နှာသာ ပေးနေလို့၊ တရုတ်နဲ့ ပေါင်းစည်းနေလို့၊ တရုတ်ကို အမှီပြုချင်လို့ ဝန်ကြီးကပြောတယ် ဆိုပြီး ခင်ဗျားတို့က ထင်ကြဦးမယ်” ဟု သူကဆိုသည်။

အမှန်မှာ ထိုကဲ့သို့မဟုတ်ဘဲ ယနေ့ မြန်မာနိုင်ငံအနေနှင့် တနိုင်ငံတည်း နေ၍ မရတော့ သဖြင့် ချမှတ်ထားသည့်မူအရ ပတ်ဝန်းကျင်နိုင်ငံများအားလုံးနှင့် ဆက်ဆံပြီး အာဆီယံအဖွဲ့အစည်းနှင့်လည်း သင့်မြတ်အောင်နေရခြင်းဖြစ်သည်ဟု ပြောသည်။

ယခုလက်ရှိအနေအထားအရ အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အသုံးချ၍ မြန်မာနိုင်ငံကို ကျဉ်းထဲကျပ်ထဲရောက်အောင် ဝိုင်းဝန်း လုပ်ဆောင်လျှက် ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လုံခြုံရေးကောင်စီ ဥက္ကဌက ထုတ်ပြန်ကြေညာချက် ၂ ခါလုပ်ပြီးပြီ။ ၃ ကြိမ်လုပ်ပြီးရင် ဆုံးဖြတ်ချက်ချပြီး Must do လုပ်ကိုလုပ်ရမယ်ဆို ကျန်တဲ့ ၁၉၂ နိုင်ငံက မလုပ်လို့ကို မရတော့ဘူး” ဟု သူက ဆိုသည်။

ထိုကဲ့သို့ ချမှတ်မည့် ဆုံးဖြတ်ချက်ထဲတွင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ရန်၊ လက်နက် ခဲယမ်း ရောင်းချခြင်းများ ပိတ်ဆို့ရန် စသည်တို့ လုပ်ဆောင်ကြမည်ဖြစ်ရာ မပြင်းထန်သော်လည်း နောင်တွင် မြန်မာနိုင်ငံကို သိုးမည်း တကောင်ကဲ့သို့ ဖြစ်ရန် အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံများက ကုလသမဂ္ဂ အားကိုးဖြင့် လုပ်တော့မည်ဟု ၎င်းကပြောကြား သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသည် စီးပွားရေးအရ စစ်ရေး အင်အားကြီးလာသည့် နိုင်ငံဖြစ်သောကြောင့် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ သီးခြားစီမယှဉ်နိုင်သော နိုင်ငံ တနိုင်ငံဖြစ်နေရာ ထိုသုံးနိုင်ငံပေါင်းပြီး အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်ယှဉ်နိုင်ရန် လုပ်ရမည့် ကာလ ဖြစ်သည် ဟု ဗိုလ်ချုပ်မောင်ဦးက သုံးသပ်သည်။

အမေရိကန်က ချမှတ်သော အမိန့်များကို တခြားနိုင်ငံများက မလိုက်နာလျင် ဖြစ်နိုင် သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုမူ တခြားသော အဖွဲ့ဝင် ၁၉၂ နိုင်ငံက လိုက်နာလုပ်ဆောင် ရလိမ့်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနှင့် အကြပ်အတည်း ရှိနိုင်သည်ဟုလည်း သူက ရှင်းပြသည်။

စက်တင်ဘာ ကာလက ဖြစ်ပေါ်လာသည့် လူထုလှုပ်ရှားမှု အားလုံးကို စစ်တပ်ဖြင့် နှိမ်နင်းသည့်အပေါ် နောက်ပိုင်း၌ နိုင်ငံတကာ အသိုင်းအဝန်းက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားမဝင်ဟု ထောက်ပြခဲ့ကြသည်ဟု သူကဆိုသည်။ အမှန်မှာ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ရသည့် ပြည်ထဲရေးဌာနအနေနှင့် လူမုန်းခံပြီး လုပ်ရသည့် ဌာနဖြစ်နေသည်ဟု ဆက်ပြောသည်။

“အရပ်သားနဲ့ ပတ်သက်တာကို တပ်မတော်ကဝင်မရှင်းတော့ဘဲ ရဲနဲ့ပဲရှင်းရတော့မယ် ဆိုတာတွေ့လာတယ်။ နိုင်ငံတကာကလည်း အုပ်ချုပ်ရေးအရ အားနည်းချက်ကို အမြဲ ထောက်နေတာ။ နိုင်ငံတော်ကလည်း ဒီဌာနကို လုပ်ပိုင်ခွင့်၊ အာဏာ ပေးထားတယ် ဆိုပေမယ့် တကယ်က လူမုန်းခံပြီး လုပ်ရမယ့်ကိစ္စအားလုံး ဒီဌာနက လုပ်နေရတယ်” ဟု ဗိုလ်ချုပ်မောင်ဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက အမေရိကန်၊ အိုင်အန်ဂျီအို နှင့် ယူအန် အဖွဲ့အစည်းများ အနေနှင့် မြန်မာနိုင်ငံကို အမျိုးမျိုးခေါင်းစဉ်တပ်ကာ အကြောင်းရှာ အမြတ်ထုတ်နေသည်ဟု စွပ်စွဲသည်။

“နာဂစ် ဆိုင်ကလုန်းအတွက် အမေရိကန်က အကူအညီပေးတယ်ဆိုတာ စတိပဲ။ သောက်ရေသန့်ရယ်၊ ကြာရှည်ခံအစားအစာရယ်၊ ဆေးဝါးရယ် ဒါပဲ။ သောက်ရေသန့် တဘူးကို ဘယ်လောက် စာရင်းတင်မလဲ တောင် မသိနိုင်ဘူး” ဟု သူက ပြောသည်။

အဓိက ပြဿနာမှာ အမေရိကန်က ပေးပို့သည့် ကယ်ဆယ်ရေးလုပ်သားများ သည် အစိုးရကို ဆန့်ကျင်သည့် ကျောင်းသားအဖွဲ့၊ အန်အယ်လ်ဒီအဖွဲ့၊ နိုင်ငံရေးသမားဟောင်း များ အဖွဲ့၊ စီးပွားရေးအရ မကျေနပ်သူများ တို့ကို သုံးကာ မြစ်ဝကျွန်းပေါ်ဒေသ၌ စုစည်း အုံကြွရန် ကြံစည်ကြခြင်းသာ ဖြစ်သည်ဟု ၎င်းက စွပ်စွဲ လိုက်သည်။

နိုင်ငံတော်အနေနှင့် တနေ့လျင် လူဦးရေ ၆ သောင်းကျော်ကို ထမင်းကျွေးနေသော်လည်း မည်သူမှ ထိုကိစ္စကိုအသိအမှတ်မပြုဟု ဆိုသည်။ ယူအန်အဖွဲ့အစည်းက ကူညီသည်၊ နိုင်ငံတကာက ငွေထည့်သည် ဆိုသော်လည်း အစိုးရဆီကို မဝင်ကြောင်းနှင့် အားလုံး ၎င်းအန်ဂျီအိုများက သူတို့ဘာသာ သုံးပြီး စာရင်းပြသွားခြင်းသာဖြစ်ကြောင်း ထို အစည်းအဝေး တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်။

“ကြာရှည်ခံအစားအစာတွေ၊ ဘီစကွတ်တွေ၊ ရေတွေ တော်ပါပြီ ရပ်ပါတော့လို့ပြောတော့ မရဘူး။ တကယ့်တကယ် အိမ်ဆောက်ပစ္စည်းလိုတယ်ဆိုတော့ ဘယ်သူမှပေါ်မလာဘူး။ တာပေါ်လင်စတွေပဲ ပေးတယ်” ဟု သူကပြောသည်။


from Irrawaddy web page

အပြည့်အစုံသို့...

သတင်းစာ ဆရာကြီး ဦးဝင်းတင် ထောင်ကလွတ်ပြီ



ကိုစိုး | စက်တင်ဘာ ၂၃ ၊ ၂၀၀၈

စစ်အစိုးရက ယနေ့ အကျဉ်းသား ၉၀၀၀ ကျော်ကို လွှတ်ပေးရာတွင် ထောင်ဒဏ်နှစ်ရှည်ချခံထားရသော အသက် ၇၉ နှစ်ရှိ သတင်းစာ ဆရာကြီး ဦးဝင်းတင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ပြန်လည်လွှတ်ပေး လိုက်ကြောင်း သိရသည်။


သတင်းစာ ဆရာကြီး ဦးဝင်းတင် (ဓာတ်ပုံ - Reuters)
သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ယနေ့ ညနေပိုင်းတွင် စစ်အစိုးရက အင်းစိန် အကျဉ်းထောင်မှ ပြန်လည် လွှတ်ပေးလိုက် သည်ဟု
ဦးဝင်းတင်၏ မိတ်ဆွေ ဦးမောင်မောင်ခင်က ပြောသည်။

“အခုပဲ ဦးဝင်းတင်ကို အိမ်ကို လာပို့ပါတယ်၊ အခုလို လွှတ်တာတော့ ကောင်းပါတယ်၊ ဒါပေမယ့် သူက လက်မှတ် ထိုး ထွက်လာတာ မဟုတ်ပါဘူး၊ သူ့ရပ်တည်ချက်ကို သူပြောတယ်၊ သူ့ရပ်တည်ချက်ကို လက်ခံလို့ လွှတ်လိုက် တာပါ”ဟု ဦးမောင်မောင်ခင်က ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင်၏ ကျန်းမာရေး အခြေအနေ ကောင်းမွန်သည်ကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောပြသည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်မှာ ထောင်တွင်း၌ နှလုံး ၊ သွေးတိုး ၊ ဆီးချိုနှင့် ကျောရိုးအဆစ် ကျည်းပေါင်း တက်သည့် ရောဂါများကိုလည်း ခံစားနေရသူဖြစ်သည်။

အဆိုပါ ဦးဝင်းတင်သည် မြန်မာနိုင်ငံ စာရေးဆရာများသမဂ္ဂ ဒု ဥက္ကဌ နှင့် ဟံသာဝတီ သတင်းစာ အယ်ဒီတာ ဟောင်း တဦးလည်း ဖြစ်သည်။

ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရ က အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတို့ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ် ကျော်နေခဲ့ ရသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့ သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ် ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများကို ချီးမြှင့်ခဲ့သည်။

ယခုအကျဉ်းသားများ လွှတ်ပေးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) လွှတ်တော် အမတ် များဖြစ်သည့် ဒေါက်တာ သန်းငြိမ်း၊ ဒေါက်တာ ဒေါ်မေ၀င်းမြင့်နှင့် ဦးအောင်စိုးမြင့်တို့လည်း ပြန်လည် လွတ် မြောက်လာသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ဒေါက်တာ ၀င်းနိုင် ကပြောသည်။

“ကျနော်တို့ အတိအကျ ပြောနိုင်တာကတော့ ဒေါက်တာ သန်းငြိမ်းက ပြည်ထောင်ကလွတ်တာ၊ ဦးအောင်စိုးမြင့် က သရက်ထောင်၊ ဒေါ်မေ၀င်းမြင့်က အင်းစိန် ထောင်က လွတ်တာ”ဟု ဒေါက်တာ ၀င်းနိုင်က ဧရာဝတီ သို့ ပြောသည်။

သရက်ထောင်မှ လွှတ်သည့် အကျဉ်းသား ၄၀ တွင် ဦးအောင်စိုးမြင့် တဦးသာလျှင် နိုင်ငံရေးအကျဉ်းသား ပါဝင် ကြောင်း သိရသည်။

အန်အယ်လ်ဒီ လွှတ်တော်အမတ် တဦးဖြစ်သူ ဦးခင်မောင်ဆွေ ကို လားရှိုးထောင်မှ ပြန်လည် လွှတ်ပေးလိုက် ကြောင်း၊ တတ်သိပညာရှင်များအဖွဲ့မှ ဦးဝင်းထိန်ကို ကသာထောင်မှလွှတ်ကြောင်း၊ သပိတ်ကျင်း အန်အယ်လ်ဒီ ဦးအေးသိန်း ကို ကလေးထောင်မှ ပြန်လွှတ်လိုက်ကြောင်းနှင့် မန္တလေး အန်အယ်လ်ဒီ ဦးသိန်းတန်ကို မန္တလေး ထောင်မှ ပြန်လွှတ်လိုက်ကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။

စစ်အစိုးရက ယခုကဲ့သို့ အကျဉ်းသားများအားပြန်လွှတ်ပေးခြင်းသည် နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အကျိုးပြုစေမည့် နိုင်ငံသားများဖြစ်စေရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် နိုင်ငံတ၀န်း အကျဉ်းစခန်းများမှ အကျဉ်သား ၉၀၀၂ ဦးကို ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း(AAPP)အတွင်းရေးမှူး ဦးတိတ်နိုင်ကမူ စစ်အစိုးရအနေနှင့် နိုင်ငံရေးအရ အကြပ်အတည်းကြောင့်သော်လည်းကောင်း၊ ပြည်တွင်းပြည်ပ ဖိအားကြီးမား သည့် အခြေအနေမျိုး၌သော်လည်းကောင်း ယခုကဲ့သို့ အကျဉ်းသားများလွှတ်ပေးခြင်းဖြစ်နိုင်ကြောင်း ပြောသည်။

“သူတို့ သတင်းစာမှာ ပါတာကတော့ ၂၀၁၀ ရွေးကောက်ပွဲကို ရည်ရွယ်တယ်လို့တော့ ပါတာပေါ့၊ ဒါပေမယ့် အခုလိုမျိုး လွှတ်ပေးနေတယ်ဆိုတာတွေက အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်၊ နိုင်ငံရေးအရ အကြပ်အတည်း သိပ်ကြီးလာတဲ့ အခြေအနေမျိုးတွေမှာ၊ နောက်တခုက ပြည်တွင်းပြည်ပ ဖိအားတွေ သိပ်ကြီးနေတဲ့ အခြေအနေ မျိုးတွေမှာ အခုလိုမျိုးလွှတ်ပေးလေ့ရှိပါတယ်၊ အဲဒီလိုလွှတ်ပေးတဲ့ အခါမှာလည်း နိုင်ငံရေး အကျဉ်းသားပါဝင်မှုက အင်မတန် နည်းပါတယ်၊ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမှာဖြစ်ပါတယ်”ဟု ဦးတိတ်နိုင်က ပြောဆိုသည်။

ယင်းသို့ နိုင်ငံအတွက်အရေးပါသည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူထုခေါင်းဆောင် အပါအ၀င် နိုင်ငံရေး အကျဉ်းသား များကို ဖမ်းဆီးထားပြီး ဒီမိုကရေစီရေး နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုများ ရှိနေသည်ဟူသော စစ်အစိုးရ၏ ပြောဆိုချက် များသည် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်းလည်း ၎င်း ကပြောသည်။

ဒေါက်တာ ၀င်းနိုင်ကလည်း ယခုကဲ့သို့ စစ်အစိုးရက အကျဉ်းသားများ လွှတ်ပေးခြင်းသည် နိုင်ငံတကာနှင့် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များအပေါ်တွင် ချိန်ညှိ၍ ပြုလုပ်လေ့ရှိသော လုပ်ဆောင်ချက်မျိုးဖြစ်သည်ဟု ပြောဆိုသည်။

“နှစ်ရှည်လများ အခုလို မတရားဖမ်းဆီး ထိန်းသိမ်းထောင်ချထားတာ၊ လူမှုရေးအရပဲကြည့်ကြည့် မိသားစုတွေ အကုန် ဒုက္ခရောက်နေတာ ၊ ထောင်ထဲရောက်နေတဲ့သူတွေကလည်း နိစ္စဓူဝ ငရဲ ကျနေတာနဲ့ အတူတူပဲ၊ ဒါ ကျနော်တို့က
ဝမ်းသာတာပေါ့၊ ကြိုဆိုတာပေါ့၊ ဖြစ်နိုင်ရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်း သားတွေ အားလုံး လွှတ်ပေးရင် ပိုကောင်းတာပေါ့”ဟုလည်း ဒေါက်တာ ၀င်းနိုင်က ပြောသည်။

စစ်အစိုးရ အကျဉ်းထောင်များအတွင်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသား ပေါင်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်အထိ ၂၁၃၀ ရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။

from Irrawaddy web page

အပြည့်အစုံသို့...




from Dr.Lun Swe blog

အပြည့်အစုံသို့...




အပြည့်အစုံသို့...

Thursday, September 18, 2008

ကော့သောင်းစက်လှေ မီး လူတဦးသေ၊ ကျပ်သိန်း ၆ ထောင်ကျော် ဆုံးရှုံး

ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၈ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ည ဓာတ်ဆီ တင်ဆောင်သည့် ကုန်သည် စက်လှေကြီးတစီး မီးလောင်ပေါက်ကွဲသဖြင့် စက်လှေသမား တဦးသေဆုံးခဲ့ပြီး ကျပ်သိန်း (၆)ထောင်ခန့် ဆုံးရှုံး ခဲ့သည်ဟု ကော့သောင်းမြို့ခံများက ပြောသည်။

ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက် မန်းမြန်မာ တံတားအနီးတွင် ယမန်နေ့ည ၈ နာရီ ခန့်က စက်ဆရာက ရေစုပ်စက်နိုးနေစဉ် မီးထလောင်ခြင်းဖြစ်ကာ ယင်းသည် ယခုလအတွင်း ဒုတိယအကြိမ် စက်လှေမီးလောင်ခြင်း ဖြစ်သည်။

မီးလောင်ကျွမ်းမှုအခြေအနေကို ကော့သောင်းမှ စက်လှေသမားတဦးက ယခုလို ပြောသည်။

"ကုန်ပစ္စည်းတင်တဲ့လှေ ထွက်ခါနီးနေပြီကိုး လှေက၊ ဆီပေပါတွေ ပါတယ်လေ၊ ပါတော့ မနည်းကြီး ဆုံးရှုံးတယ်။ မနည်းဘူး လှေတင် သိန်းတစ်ထောင်ကျော်ကျော်လောက် ရှိမယ်။ ပစ္စည်းတန်ဖိုးလည်း မနည်းဘူး။ အခုထက်ထိ မငြိမ်းသေးဘူး မီးက။ အခုထက်ထိ မီးက လောင်လို့ ကောင်းတုန်းပဲ။ အထဲ ကပစ္စည်းက များတဲ့အခါကျတော့ လောင်လို့ မပြီးနိုင်ဘူး။ စက်ဆရာတယောက်တော့ သေသွားတယ် ပြောတယ်။ စက်ဆရာကတော့ ၀င်ပြီးမှ လုပ်နေရင်း သေသွားတယ်လို့ပြောတယ်။ "

ယင်းသည် မြိတ်မြို့မှ ဦးစိုးစိုး ပိုင်ဆိုင်သော စက်လှေဖြစ်ပြီး စက်လှေ၊ ဓာတ်ဆီနှင့် အခြားကုန်ပစ္စည်းများ အပါ အ၀င် ကျပ်သိန်း ခြောက်ထောင်ဖိုးခန့် ဆုံးရှုံးမည်ဟု ကော့သောင်းမြို့ခံများက ခန့်မှန်းကြသည်။

"ကိုယ်တိုင်သွားကြည့်တယ်။ လှေကတော့ တော်တော့်ကို လှေကြီး။ အဲဒီမှာ ဆီပေပါက၊ ဓာတ်ဆီက အလုံး ၁၅၀ တဲ့။ နောက်တခါ စက်လှေမှာ သုံးတဲ့ စက်ဆီ အဲဒီဆီက အလုံး ပေါင်း ၅၀၀ အဲဒါတွေကို လောင်တာဗျာ။ အခုထိကို လောင်တုန်း။ တန်ဖိုးကတော့ မနည်းဘူး။ ဟိုတခါတုန်းကထက်များတယ်။ ဟိုတခါတုန်းက ကုန်သည်အငယ်ပေါ့။ ဒါက ကုန်သည် အကြီးစား။ တော်တော်ဆုံးရှုံးမယ်။ ပိုင်ရှင် ကတော့ ဘိတ်ကတဲ့။ လှေကလည်း လှေမကြာ သေးဘူး။ စက်အသစ်။" ဟု အခြား မြို့ခံ တဦးက ပြော သည်။

မီးလောင်မှုကြောင့် သေဆုံးသွားသူ စက်ဆရာမှာ အမည်စုံစမ်းဆဲဖြစ်ပြီး၊ စက်လှေပိုင်ရှင် နှင့် လှေသားများမှာ ထိုင်းဘက်ကမ်းဖြစ်သည့် ရနောင်းသို့ ထွက်ပြေးသွားသည်ဟု ကော့သောင်း ရဲစခန်းမှ တာဝန်ရှိသူ တဦးပြော သည်။

ယခုလ ၉ ရက်နေ့တွင်လည်း ငါးဖမ်းစက်လှေတစ်စီး ဆီဖြည့်နေစဉ် ဆေးလိပ်မီးမှတဆင့် မီးလောင်ပေါက်ကွဲပြီး စက်လှေနှင့်အတူ ကုန်ပစ္စည်းများ မီးလောင်ပျက်စီးမှု ကျပ်သိန်း တထောင်ကျော် ဆုံးရှုံးခဲ့သည်။

အပြည့်အစုံသို့...

Tuesday, September 16, 2008

တောင်ဒဂုံ မင်းရဲကျော်စွာလမ်း အမှတ် 70 တွင် နေထိုင်သော ဒေါ်ပြုံးနှင့် သူဧ။်သူငယ်ချင်း များ ဖြစ်ကြသောဒေါ်အုန်းအုန်းသန်း၊ မနွေးနွေး တိုဟာရန်ကုန်မှာရှိတဲ့ ဆယ်ကျော်သက်မိန်း ခလေး တွေကိုဖျားယောင်းပြီးထိုင်းမှာစက်ချူပ်ရမယ်ဆိုပြီးလူကုန်ကူးရောင်းစားနေပါတယ် ကော့သောင်း မှတဆင့် ရနောင်း ထဲရှိ မသီတာ ဆီကို မိန်းခလေးများစွာကိုပို့နေပါတယ် နီးစပ်ရရှိ ရင်အကြောင်း ကြားပြီ:အသိပေးကြပါ..
LIBERTY HAS GIVEN THIS INFORMATION VIA CBOX

အပြည့်အစုံသို့...

ရှမ်းတောင်တန်းပေါ်က ခရေပွင့်

ဆောင်းပါးရှင် - ပြည်တွင်းမှ တပ်မတော်အရာရှိတစ်ဦး

ကျွန်တော် ဗိုလ်လောင်းကျောင်းဆင်းပြီးတော့ ခြေမြန်တပ်ရင်း တခုမှာ တာဝန်ထမ်းဆောင်ဖို့ အမိန့်ရလို့ သွားရောက်သတင်းပို့ခဲ့ပါတယ်။ တပ်ခွဲမှူးက ကျွန်တော့်ကို တပ်ခွဲရုံးမှာ တွဲဘက်ထားပေးပြီး စစ်ပညာကို သင်ပေးအုံးမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ တပ်စစ်ကြောင်းဟာ ရှေ့ တန်းထွက်ရပြီး ကျွန်တော့် တပ်ခွဲဟာ ရှမ်းပြည်နယ် မိုင်းကိုင်မြို့ ဆင်တောင် ဧရိယာမှာ စစ်ဆင်ရေး လှုပ်ရှားရပါတယ်။ ကျွန်တော့် တပ်ခွဲမှူးဟာ စီနီယာဖြစ်ပြီး တပ်ခွဲ (၅) ကို ကိုင်ရပါတယ်။ သူဟာ အရက်ကို ရေသောက်သလို ရေဗူးမှာ ရေမထည့်ဘဲ အရက်ကို ထည့်ကာ သောက်သုံးနေပြီး စကားပြောဆိုရာမှာလည်း ကြမ်းတမ်းလှ ပါတယ်။

စစ်ကြောင်းဟာ မိုင်းကိုင်မြို့ က ရွာတစ်ရွာကို ညနေပိုင်းလောက်မှာ ၀င်ရောက်ရှင်းလင်းပြီး တပ်ခွဲမှူးက ဒီရွာမှာ အခြေပြုမယ်လို့ ပြောကာ တပ်တွေကို နေရာချထားလိုက်ပါတယ်။ အဲဒီနောက် ရွာလူကြီးကို ခေါ်ပြီး ရန်သူ သတင်း မေးရာမှာ မနေ့ကနေ့လည်ပိုင်း အချိန် ရွာအစွန်ကို SSA တပ်ဖွဲ့ရောက်ရှိလာပြီး ဆင်တောင်ဘက် ပြန်ထွက်သွားကြောင်း သတင်းပို့ခဲ့ပါတယ်။ တပ်ခွဲမှူးက "ကျွန်တော်တို့ အခုတလောတောင်တက်တာ များလို့ ခြေသလုံး ကြွက်တက်ပြီး ကိုက်ခဲနေတယ်။ နင်းနှိပ်ခိုင်းချင်တယ်။ ဒီအိမ်က ကလေးမဘယ်သွားလဲ သူကြီးလို့" မေးလိုက်ပါတယ်။ ရွာလူကြီးက "ဗိုလ်လုံ၊ မနက်က ဒီကလေးမနဲ့ သူ့အဒေါ်မြို့ ကို ဈေးဝယ်သွားတယ်၊ ညမိုးချုပ်ရင် ပြန်ရောက်မယ်။ ဟိုတခေါက် ဗိုလ်လုံလာတုန်းက မိတ်ဆက်ပေးထားတဲ့ ကလေးမကို ပြောတာ မဟုတ်လား" လို့ မျက်နှာ မကောင်းစွာနဲ့ ပြောပါတယ်။ တပ်ခွဲမှူးကလည်း "ဟုတ်တယ်။ အဲဒီတုန်းက တပ်ရင်းမှူး အရေးပေါ်ဆွဲခေါ်တာနဲ့ ဒီရွာက ချက်ချင်း ပြန်ထွက်သွားရတယ်။ ကိစ္စမရှိပါဘူး။ သူတို့ ပြန်လာရင် နှိပ်ခိုင်းလိုက်မယ်" လို့ ပြောပါတယ်။

ရွာလူကြီး ပြန်ထွက်သွားတဲ့အခါ SSA ၀င်သွားတဲ့ သတင်းရထားလို့ စစ်သည်တွေ အိမ်ပေါ်မှာ မအိပ်ဘဲ လုံခြုံရေးအရ အိမ်အောက်မှာ အကုန်ဆင်းအိပ်ကြရလို့ ကျွန်တော်နဲ့ တပ်ခွဲမှူးနှစ်ဦးဘဲ အိမ်ပေါ်မှာ အိပ်ကြပါတယ်။ ကျွန်တော်ဟာ တပ်ခွဲမှူး ထမင်းစားတဲ့အထိ စောင့်နေပေမဲ့ သူက အရက်သမား "ဇိုးကြီး" လုံးလုံးလျားလျား ဖြစ်နေလို့ တော်တော်နဲ့ ထမင်းမစားဘဲ အရက်ကိုသာ လိမ့်ပြီး သောက်နေတာကြောင့် ကျွန်တော်လည်း ဆာဆာနဲ့ အမြည်းကိုသာ စားနေရပါတယ်။ တပ်ခွဲမှူးဟာ အရက်ရေချိန်ကိုက်လာပြီး ခဏလှဲရင်း အိပ်ပျော်သွားစဉ်မှာ တံခါးခေါက်သံ ကြားလို့ ကျွန်တော်လည်း "ထ" ပြီး ဖွင့်ကြည့်လိုက်ပါတယ်။ အိမ်ရှင် ဖြစ်ဟန်တူပြီး မြို့ တက်ဈေးဝယ်သွားရာက ပြန်လာတာ ဖြစ်နိုင်ပါတယ်။ အသက် (၆၀) ခန့် အမျိုးသမီးကြီး တစ်ဦးနဲ့ အသက် (၁၅) နှစ်သာသာ အမျိုးသမီးငယ်လေး ကို တွေ့လိုက်ရ ပါတယ်။ သူတို့ နှစ်ဦးဟာ ဈေးဝယ်ရာကပါလာတဲ့ ပစ္စည်းတွေကို နေရာချလိုက်စဉ် အသံဗလံ ကြားလိုက်ရလို့ တပ်ခွဲမှူး နှိုးလာပြီး သူတို့နဲ့ ရှမ်းလို ပြောနေကြပါတယ်။ အဲဒီနောက် အသက်ကြီးကြီး ရှမ်းမကြီးက အတွင်းအိပ်ခန်းကို ခပ်ရို့ ရို့  ၀င်သွားပြီး ရှမ်းကလေးမလေးဟာ ခြေထောက်ရေဆေးကာ ကိုယ်လက်သန့်စင်နေချိန်မှာ တပ်ခွဲမှူးက နှိပ်ခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အဲဒီနောက် တပ်ခွဲမှူးက သူ့ရဲ့ ခြေထောက်၊ ပေါင်တွေကို နင်းခိုင်းရာ ရှမ်းကလေးမလေးဟာ စိတ်မပါတပါ၊ ကြောက်ကြောက် ရွံ့ ရွံ့ နဲ့ နှင်းနှိပ်ပေးနေပါတယ်။

အဲဒီအချိန်မှာဘဲ “မိုး” သဲကြီးမဲကြီး ရွာပြီးတပ်ခွဲမှူး တို့ စကားပြောသံနဲ့ လှုပ်ရှားသံတွေ မသဲမကွဲ ဖြစ်နေရာ “၀ုန်း” ကနဲ ပြုတ်ကျသံကို ကြားလိုက်ရ ပြန်တာကြောင့် ကျွန်တော် “ထ” ကြည့်မိလိုက်ပါတယ်။ ဖယောင်းတိုင်မီး၊ မီးဇာကုန်ပြီး ငြိမ်းသွားတဲ့ အပြင် အနည်းငယ် ဝေးနေလို့ မြင်ကွင်း မသဲမကွဲဖြစ်နေပါတယ်။ တပ်ခွဲမှူးနဲ့ နင်းနေတဲ့ ရှမ်းမလေးလုံးထွေးရစ်ပတ်နေတဲ့ အသံဗလံ ကြားရလို့ ကျွန်တော်လည်း ပစ္စတို သေနတ်ဆွဲပြီး ချီတုံချတုံ ဖြစ်နေချိန်မှာ အသံများ တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။ ကျွန်တော်ဟာ ကျောင်းတုန်းက သင်ခန်းစာတွေ သင်ချိန်ကို အတွေးနဲ့ ပြန်ရောက်သွားပါတယ်။ စစ်မြေပြင် အတွေ့အကြုံ တွေကို နည်းပြဆရာတွေက ရှင်းလင်းရာမှာ ရွာထဲက တချို့ မိန်းကလေးတွေဟာ ရန်သူအမာခံဖြစ်နေတတ်ပြီး မိန်းမဆိုတဲ့ အားနွဲ့မှုကို အကာအကွယ်ယူပြီးတော့ ရန်သူဖြစ်နေတတ်တာကို ပြောဆိုခဲ့တာ ပြန်လည်ကြားယောင်မိပါတယ်။ ဒါကြောင့် တပ်ခွဲမှူးကို စိတ်ပူပြီး သူ့ထံကို သွားဖို့ အိပ်ယာမှ ထလိုက်ပါတယ်။ ဒါပေမဲ့ ရှမ်းမလေးဟာ ခြေဆောင့်ပြီးတော့ တပ်ခွဲမှူး အိပ်ယာက “ထ” သွားကြောင်း အသံကြားလိုက်ရလို့ စိတ်အေးသွားပြန်ပါတယ်။

နောက်နေ့ နံနက်စာ စားချိန်မှာ ကျွန်တော်က တပ်ခွဲမှူး ရဲ့  မျက်နှာကို မသိမသာ အကဲခတ်ရင်း ညက ဖြစ်စဉ်ကို မေးဖို့သင့်၊ မသင့် ချိန်ဆနေပါတယ်။ ထိုစဉ် တပ်ခွဲမှူး လည်ပင်းမှာ ကုတ်ခြစ်ရာ “အစင်း” တခုကို တွေ့လိုက်ရပြီး အံ့သြမိသွားပါတယ်။ တပ်ခွဲမှူးက မလုံမလဲ မျက်နှာနဲ့ “ငါ ညက နင်းခိုင်းတဲ့ ရှမ်းမလေး ဖယောင်းတိုင်မီး၊ ရုတ်တရက် ငြိမ်းသွားလို့ လန့်ပြီး င့ါ အပေါ် ပြုတ်ကျလာတယ်။ ပြီးတော့ ကောင်မလေးလက်က ငါ့ရဲ့  အင်္ကျီအိတ်ကပ်ထဲက စစ်တပ်လျှို့ ဝှက် ဆက်သွယ်ရေး သင်္ကေတ စာအုပ်ကလေးကို သိလို့ နှိုက်တာလား၊ မသိလို့ နှိုက်တာလား၊ ငါလဲ ဇဝေဇ၀ါ ဖြစ်နေတုန်း ကမန်းကတန်း ပိုက်ဆံ ထိုးထည့်ပေးကြည့်တော့ သူ ကျေနပ်သွားလို့ တော်သေးတယ်။ ဒါတောင် ပိုက်ဆံက အရွက်ကြီး ဖြစ်နေလို့ အရွက်သေးနဲ့ မနည်းပြန်လဲ နေရသေးတယ်” လို့ စီကာပတ်ကုံး၊ မြိန်ရေရှက်ရေ ရှင်းပြနေပါတယ်။ ကျွန်တော့် စိတ်ထဲမှာတော့ ဒီတပ်ခွဲမှူးတော့ လုပ်ချလိုက်ပြန်ပြီ၊ သူနင်းနှိပ်လိုက်တာလား၊ နင်းနှိပ်ခံတာလား.. .သူတို့ နှစ်ဦးဘဲ အသိဆုံးဖြစ်မှာဘဲလို့ တွေးလိုက်မိပါတယ်။

ကျွန်တော်ဟာ တပ်ခွဲမှူးရဲ့  တိုင်းရင်းသူတွေ အရိုးခံဖေါ်ရွေမှု၊ ပွင့်လင်းမှု အပေါ် အခွင့်အရေးယူပြီး လက်နက်ကိုင် ဗိုလ်ကျ အနိုင်ကျင့်တာကို မုန်းတီးနေမိပါတယ်။ ကြောက်ရွံ့ ပြီး နင်းနှိပ်ပေးရတဲ့အတွက် “ပန်းကောင်း အညွှန့် ကျိုး” ရတဲ့ ငယ်ရွယ်လွန်းသူ တိုင်းရင်းသူလေးကိုလည်း ဂရုဏာ သနားခဲ့ရပါတယ်။ ပိုဆိုးတာက ပိုက်ဆံပေးရင်တောင်မှ များသွားမှာ စိုးလို့ အနည်းဆုံး အရွက်ကို ရွေးပြီး ပြန်လဲပေးခဲ့တဲ့ တပ်ခွဲမှူးရဲ့  စိတ်ဓာတ်ကိုလည်း ရွံ့ရှာ မိပါတယ်။ ဒီလို စပယ်ဖြူကလေးတွေ ဘယ်လောက်တောင်များ စစ်အာဏာရှင် စနစ်ဆိုးအောက်မှာ နစ်မွန်းခဲ့ပြီလဲလို့ တွေးရင်း သက်ပြင်း အခါခါ ချခဲ့မိပါတယ်ခင်ဗျား။

အပြည့်အစုံ သို့ .....

ပြန်ခေါက်ထားခဲ့ဦး.....

Posted by ဖိုးတရုတ် at 12:48 AM 1 ယောက်က ဒီလို ထင်တယ်။

အပြည့်အစုံသို့...

ရှစ်လေးလုံးနဲ့ စက်တင်ဘာ အာဏာသိမ်း လူသတ်ပွဲ အတွေ့အကြုံများ

ဆောင်းပါးရှင် - ဆရာကံ (တပ်မ ၂၂)

၁၉၈၈ ခုနှစ် သြဂုတ်လက ဘားအံမြို့မှာ လူထုတွေဆန္ဒပြနေပြီး နာရီစင်အနီး ဘုရားကြီးဝင်းထဲမှာ သပိတ်စခန်းဖွင့်ထားပါတယ်။ အဲဒီသပိတ်စခန်းကို (၂)ရက်အကြာနံနက် ၀၃း၀၀ နာရီအချိန်မှာ ကျနော်တို့ တပ်ရင်းက တပ်ခွဲ (၂)ခွဲနဲ့ သွားဝိုင်းရပါတယ်။ ဘုရားကြီးဝင်းအတွင်းက ထောင်နဲ့ချီတဲ့လူထုကို အပြီးအပိုင် မောင်းထုတ်ခိုင်းပြီး၊ မထွက်ပါက ပစ်ခတ်ရန်အတွက် အဲဒီအချိန်က အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်တင်လှက အမိန့် ပေးခဲ့ပါတယ်။ ဘုရားကြီးဝင်းအတွင်းက လူထုအားလုံး ကြောက်လန့်ပြီး အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြပါတယ်။ ဒီအချိန်မှာ ဘုရားကြီးဝင်းအတွင်းကျန်ခဲ့တဲ့ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်များအားလုံးကို တပ်မမှူးမှ သိမ်းဆည်းခိုင်းပါတယ်။ ဒါတွေကို (တပ်မ) ပိုင်ပစ္စည်းလို့ သတ်မှတ်ပါတယ်။ အဲဒီအချိန်ပိုင်းမှာဘဲ တပ်မ(၂၂)ကို တပ်ရင်း (၅)ရင်းနဲ့ ထုတ်နှုတ်ပြီး ရန်ကုန်ကို ရှေ့တန်းထွက်ရမယ်လို့ အမိန့်ရတဲ့အတွက် တပ်ရင်း(၅)ရင်း ရန်ကုန်မြို့ကိုသွားရပါတယ်။ အဲဒီအချိန်မှာ ကျနော်ဟာ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတစ်ရင်းမှာ စစ်သက် ၁ နှစ်ခွဲရှိတဲ့ လူသစ်ဘဝသာ ရှိပါသေးတယ်။

ရန်ကုန်မြို့ကို ပါသွားတဲ့တပ်ရင်းတွေကတော့ ခမရ (၂၀၄) မြိုင်ကလေး၊ ခမရ (၂၀၅) မြိုင်ကလေး၊ ခမရ (၂၀၇) သိမ်ဇရပ်အနီး၊ ခမရ(၂၀၈)၊ ခမရ(၂၁၀)တို့ ဖြစ်ပြီး တပ်ရင်း(၅)ရင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ရောက်တဲ့အခါ တပ်ရင်းအလိုက် နေရာချထားပေးပါတယ်။

(၁) မြို့တော်ခန်းမ ဆူးလေ ပတ်ဝန်းကျင်မှာ တပ်ရင်းတစ်ရင်း
(၂) အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာ တပ်ရင်းတစ်ရင်း
(၃) အသံလွှင့်ရုံ၊ ၈မိုင်လမ်းဆုံမှာ တပ်ရင်းတစ်ရင်း
(၄) တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ တပ်ရင်းတစ်ရင်း
(၅) သာကေတမှာ တပ်ရင်းတစ်ရင်း နေရာချသတ်မှတ်ပေးထားပြီး အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ကျိုက္ကဆံကွင်းများကိုတော့ စစ်ဒေသမှူး၊ ဗျူဟာမှူးများကို နေရာချထားပေးပါတယ်။ အဲဒီတပ်များဟာ မြို့နယ်အလိုက် တာဝန်ယူရပါတယ်။

မိမိတပ်ရင်းတာဝန်ကျတဲ့ မြို့နယ်အလိုက် ကားနဲ့ တနေကုန် လှည့်ပေးရပြီး တပ်ခွဲတစ်ခွဲမှာ စစ်ကားကြီး (၃)စီးတွဲ၊ ကားပေါ်မှာ မိုက်တလုံးစီချိတ်၊ ကားဘေးဘယ်ညာ သံဆူးကြိုးခွေ (၂)ခွေစီချိတ်ဆွဲထားပါတယ်။ ဒီသံဆူးကြိုးခွေဟာ လူထုအုံကြွတဲ့အခါ လူထုအလယ်မှာ ကားမောင်းသွားပြီး သံဆူးကြိုးခွေ ဖြေချဖို့ဖြစ်ပါတယ်။

နောက်ပြီး တပ်ရင်းအလိုက် နေ့၊ ည လူထုနှိမ်နှင်းဖို့၊ ရိုက်နှက်ဖို့၊ ပစ်ခတ်ဖို့ သင်တန်းတက်ရပါတယ်။ အဲဒီ သင်တန်းတက်တဲ့အခါ အဓိကပစ်ခတ်ရေး၊ ရိုက်နှက်ရေးမှာ တိုင်းရင်းသား လူမျိုးစစ်သည်တွေကို ရွေးချယ်ပြီး၊ ပစ်ခတ် ရိုက်နှက်လို့ သေကြေ ဒါဏ်ရာရသူများကို ဗမာလူမျိုး စစ်သည်တွေက လူနာကောက် ကားပေါ် ပစ်တင် ဆိုပြီးတာဝန်ပေးထားပါတယ်။ အဲဒီစတင်ပစ်မိန့်ပေးတဲ့နေ့မှာ မြို့တော်ခန်းမနဲ့ ဆူးလေဘုရား တဝိုက်မှာ လူထုတွေ ရာနဲ့ချီသေပြီး ဒဏ်ရာရသူများကိုလည်း မသေမရှင်ကားပေါ်ပစ်တင်ကာ တာမွေသင်္ချိုင်း က ပေ ၅၀ ပတ်လည် ဘူဒိုဇာ နဲ့တူးထားတဲ့ကျင်းထဲကို သွန်ချပါတယ်။ အဲဒီထဲမှာ မသေတဲ့လူလည်းအများကြီး ကျင်းထဲသွန်ချပြီး ဘူဒိုဇာကားကြီးနဲ့ မြေဖို့ပါတယ်။ အဲဒီကျင်းထဲမှာ လူထောင်နဲ့ချီ ရှိတယ်လို့ပြောပါတယ်။ အဲဒီနားမှာ တပ်ခွဲတစ်ခွဲ ပတ်လည် စောင့်နေရပါတယ်။

အသံလွှင့်ရုံနားမှာလည်း ပစ်ခတ်လို့ သေကြေဒဏ်ရာရကြတာ အများကြီးပါဘဲ။ အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာလဲ အဲဒီလိုဘဲပစ်ရပါတယ်။ တောင်ဥက္ကလာပ၊ သာကေတ ကုန်းကျော်တံတား၊ သာကေတ ကျောက်တိုင်အနီး၊ သံလျင်တံတား၊ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ မြောက်ဥက္ကလာ ကုန်းကျော်တံတား၊ သင်္ဃန်းကျွန်း စံပြဈေး အနားတဝိုက်။ အဲဒီနေရာတွေအားလုံး လူထုတွေသေကြေ၊ ဒဏ်ရာရသူ အများဆုံး ပစ်ခတ်မှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ သွားသွန်တဲ့နေရာကတော့ အဲဒီတနေရာဘဲသိပါတယ်။

အဲဒီ ၈၈ လူထုဆန္ဒပြပြီး ပစ်ခတ်ဖြိုခွင်းတဲ့အချိန်မှာ တပ်မှူးတွေက ဒဏ်ရာရတဲ့လူထုတွေ၊ သေတဲ့ လူထုတွေ ဆီမှာ ပါလာတဲ့ငွေတွေ၊ လက်စွပ်တွေ၊ ဆွဲကြိုးတွေ၊ နားကပ်တွေကို သူနဲ့ရင်းတဲ့ရဲဘော်တွေကို အတင်း ဖြုတ်ခိုင်းပါတယ်။ တချို့တပ်မှူးတွေဆို ရွှေတွေ ငွေတွေအများကြီး လူထုထံက လုယက်ဖြုတ်ယူတာ တွေ့မြင်ရပါတယ်။ အရေးအခင်း ကာလမှာ နေ့ ည လမ်းပေါ်မှာ လူ(၅)ယောက်ထက်မစုရ၊ (၅)ယောက် ထက်စုပြီး စကားပြောမိရင် ချက်ချင်းဖမ်း၊ ကားပေါ်ခေါ်တင်၊ ရဲစခန်းပို့၊ အမှုဖွင့်၊ ငွေဒဏ်ရိုက်ပါတယ်။

၁၉၈၈ ခုနှစ် ၁၂ လပိုင်းလောက်မှာ ကျနော့်တို့တပ်မ ကကျန်တဲ့ (၅)ရင်းပေါင်းပြီး ပထမ (၅)ရင်းကို သွားချိန်းပေးရပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်မြို့မှာ နည်းနည်းတော့ငြိမ်သွားပါပြီ။ အဲဒီအချိန်ရောက်တော့ ရန်ကုန်မှာရှိတဲ့လူထုတွေ(၂၂) ဆိုတဲ့ဘက်တံဆိပ်ကိုတွေ့ရင် အလိုလိုနေရင်းနဲ့ ကြောက်နေကြပါတယ်၊ နောက်ပြီး တော့ မုန်းလဲမုန်းကြပါတယ်။

ကျနော်တို့တပ်တွေကို ဆန္ဒပြတဲ့အချိန်က ဘယ်နားမှာ အများဆုံးဖြစ်သလဲ၊ ဘယ်ရပ်ကွက်မှာ အများ ဆုံးဖြစ်သလဲ၊ ဘယ်နားမှာ လူဆိုးတွေများသလဲ၊ အရက်သမားများသလဲ။ အဲဒါကို စစ်ကားကြီးနဲ့ တလမ်းဝင် တလမ်းထွက် လိုက်ပတ်ခိုင်းပါတယ်။ သွားတဲ့အချိန်မှာ ရဲဘော်ကိုယ်စီ ဒိုင်းတစ်ခုစီ၊ နံပါတ်ဒုတ်တစ်ချောင်းစီ ပေးထားပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန် လမ်းပေါ်မှာမူးနေတဲ့လူတွေ တွေ့ရင်၊ ကားနားဖြတ်လာတဲ့ လူတွေတွေ့ရင် ဆင်းရိုက်ခိုင်းပြီး မေးမြန်းမှုမရှိ ကားပေါ်ခေါ်တင် ကြိုးနဲ့တုပ် စစ်ဆေးမှုမရှိ ရဲစခန်းအချုပ်ထဲ သွားထည့်ပါတယ်။ တချို့ အရပ်သားတွေဆိုရင် ဘာမသိ ညာမသိ အဖမ်းဆီးခံရ၊ အရိုက်နှက်ခံရ၊ အချုပ်ခံရပါ တယ်။ တချို့ဆို ကြည့်လို့မရရင် ဘာအပြစ်မှမရှိဘဲ အရိုက်နှက်ခံ အထိုးကြိတ်ခံရတယ်။

လူကြီးဆိုတဲ့လူဟာ ရဲ၊ ရဝတတွေနဲ့ ညှိနှိုင်းပြီး ဘာမှမဖြစ်တဲ့လူထုတွေကို ဖမ်းဆီး အမှုဖွင့်၊ လူထုထံက ဘယ်လောက်ကုန်ကျတယ်ဆိုပြီးညှိ ငွေတောင်းတယ်၊ ပြီးတော့ မျှဝေယူတယ်။ ဒါကို ကျနော်တို့ အောက်ခြေ အားလုံးသိတယ်၊ ပြောပိုင်ခွင့်မရှိ၊ မပြောရဲပါဘူး။ နောက်ပြီး ညတိုင်း ညတိုင်း ကျနော်တို့အောက်ခြေ အိပ်ရေး ပျက်ရပါတယ်၊ ရပ်ကွက်အလိုက် တအိမ်ဝင် တအိမ်ထွက် ဧည့်စာရင်းစစ်ခိုင်းပါတယ်။

တပ်ခွဲမှူးလုပ်တဲ့လူဟာ ရဝတရုံးမှာ သောက်စား၊ ပျော်ပါးပြီး အောက်ကငယ်သားတွေကို ဒီည လူဘယ်နှစ်ယောက် ဖမ်းလာခဲ့ဆိုရင် ရအောင်ဖမ်းလာရတယ်။ သတ်မှတ်ထားတဲ့လူဦးရေမပြည့်မချင်း မိုးလင်း အောင် ဧည့်စာရင်း စစ်ရတယ်။ ဧည့်စာရင်းစစ်တာက နာမည်ခံပါဘဲ၊ အပြစ်မရှိတဲ့လူထုတွေကို လိုက်ဖမ်း ဒဏ်ငွေတောင်းပြီး ပြန်လွှတ်တာဘဲဖြစ်ပါတယ်။ အဲဒီနေရာမှာ ရဝတ က သူကြည့်မရတဲ့လူတွေ၊ စားနိုင်သောက် နိုင်တဲ့လူတွေကို မှတ်ထားပြီး တပ်ခွဲမှူးလုပ်တဲ့သူကိုပြော၊ ဒါကို ကျွန်တော်တို့ အောက်ခြေကို သွားဖမ်းခိုင်း၊ အမှုဖွင့်၊ ဒဏ်ငွေ တောင်းပြီးပြန်လွှတ်၊ ဒီလိုဘဲလုပ်နေတာပါဘဲ။ တပ်ရင်းမှူးလုပ်တဲ့လူက ဒီတစ်လအတွင်းမှာ တပ်ခွဲမှူးတွေ ငွေဘယ် လောက်ရှာပေးရမယ်၊ ဘယ်လောက်အပ်ရမယ်ဆိုတာလည်း သတ်မှတ်ထားပါတယ်။

ကျနော့်တို့တပ်ရင်းတွေ ရန်ကုန်ရောက်တော့ ဆန္ဒပြရင် ဖြိုခွင်းဖို့ဆိုပြီး ဖြိုခွင်းရေးသင်တန်း တက်ရပါ တယ်။ ပထမအကြိမ် တပ်ရင်းက တပ်ခွဲလိုက် ထုတ်နုတ်အင်အား ထုတ်နုတ်ပြီး အင်းစိန် အာအိုင်တီ ကျောင်းဝင်းမှာ (၇)ရက်တိတိတက်ရပါတယ်။ အဲဒီသင်တန်းမှာ ပစ်ခတ်တဲ့ (၁၀)ယောက်အဖွဲ့ (၃)ဖွဲ့၊ တယောက်နဲ့တယောက် (၂)လံကွာ တန်းစီရပ်ပြီး ကားပေါ်မှာ စက်လတ်တလက်စီ တင်ထားပါတယ်။ ပစ်တဲ့နေရာမှာ ပထမတန်း ကျည်တဘောက်စီ မတ်တပ်ရပ်ပစ်ပြီးတာနဲ့ ဒုတိယတန်း ရှေ့ကိုပြေးတက်ပြီး နေရာ ယူ ဒူးထောက် ပစ်ခိုင်းပါတယ်။ တတိယတန်းမှောက်ပစ်အဖွဲ့လဲ အဲလိုပါဘဲ။ ပြီးတာနဲ့ ကားပေါ်ရှိ စက်လတ် အဖွဲ့ပစ်ဖို့ဖြစ်ပါတယ်။

အဲဒီနောက်မှာ ပစ်ခတ်လို့ဒဏ်ရာရ၊ သေကြေတဲ့လူထုမှန်သမျှအတွက် မြေကြီးသယ်တဲ့ကားကြီး (၅) စီးရပ်ထားပြီး သေကြေ၊ ဒဏ်ရာရသူမှန်သမျှ ကားပေါ်ပစ်တင်ရန် ကားတစီးမှာ ရဲဘော်(၁၀)ယောက်စီ အသင့် တင်ထားပါတယ်။

ပထမအကြိမ် အဲဒီသင်တန်း အာအိုင်တီကျောင်းဝင်းမှာတက်ပြီး ဒုတိယအကြိမ် သုဝဏ္ဏကွင်းမှာ အဲဒီလိုဘဲ ပြန်တက်ရပါတယ်။ နောက်ပြီး တပ်ရင်းတိုင်း တပ်ခွဲတိုင်းမှာ အနီးကပ်တိုက်ခိုက်ဖို့ တိုင်ကွမ်ဒို၊ ကရာတေး၊ ကရာတေးဒို၊ ဂျူဒို ဆိုတဲ့အနီးကပ်တိုက်ခိုက်ရေးသင်တန်း တက်ခိုင်းပါသေးတယ်။ အဲဒီအချိန်မှာ ရဲဘော်တွေ ဘယ်ဘဲသွားသွား သေနတ် အီကွစ်မင့် အပြည့်အစုံ၊ ဒိုင်းတစ်ခု၊ နံပါတ်တုတ်၊ ဖိုင်ဘာဦးထုပ်၊ လှံစွပ် နေ့စဉ်အသင့်ပြင်ခိုင်းထားပါတယ်။

အဲဒီအချိန် ရဲဘော်တစ်ဦးစီ တပ်ဆင်မှုမှာ ကျည်ဆံ ၂၅၀ တောင့်၊ ဘောက် ၅ ဘောက်၊ လှံစွပ်တစ်ချောင်း၊ လက်ပစ်ဗုံးတစ်လုံးစီနဲ့ နိုင်လွန်ကြိုးခွေတစ်ချောင်းစီတို့ ကိုယ်စီတပ်ဆင်ပေးထားပါတယ်။ ဧည့်စာရင်းစစ်တာ အကြောင်းပြ၊ အချိန်မတော် အိမ်ပေါ်တက်၊ အိပ်နေတဲ့ မိသားစုခြင်ထောင်ကို အတင်းဆွဲလှန်၊ တချို့မိသားစု တွေဆို ဖင်ပေါ်ခေါင်းပေါ်၊ တချို့တပ်မှူးတွေဆို သက်သက်မဲ့ ဧည့်စာရင်းအကြောင်းပြပြီး လူထုတွေကို ဒုက္ခပေး ခဲ့ကြပါတယ်။

တချို့ရဲဘော်တွေ တပ်မှူးတွေဆို အဲသလိုအိမ်တွေပေါ်မှာ လှပပြီးမျက်နှာသစ်တဲ့ ပစ္စည်းတွေဘာတွေတွေ့ရင် အိမ်ရှင် မသိအောင် ခိုးယူသွားသေးတယ်။ ဒါကို ကျနော်တို့က တိုင်းရင်းသားရဲဘော်တွေဆိုတော့ ဘာကိုမှ ပြန်မပြောရဲဘဲ နည်းနည်းပြောသံထွက်ခဲ့ရင်လည်း ပါးရိုက်ခံရပါတယ်။ အဲဒီအချိန်မှာဆို လူကြီးတွေ အဆင့်လိုက် စီးပွားဖြစ်ပြီး လူထုအပေါ်အမြတ်ထုတ်၊ အောက်ခြေအဆင့် ဘာမသိတဲ့ရဲဘော်တွေကို အမိန့်ပေး ခိုင်းနေတာကိုယ်တွေ့ ဖြစ်ပါတယ်။ ဒါကို လူထုအများစုက နားလည်ကြပါတယ်။ အောက်ခြေကို လူထုတွေက သနားကြပါတယ်။ ကျနော့်ဆို တချို့လူထုတွေနဲ့ မိဘရင်းလို ရင်းနှီးခဲ့ပါတယ်။ ဒီလိုအလုပ်မျိုး မလုပ်ချင်ဘဲ လုပ်နေရတယ်ဆိုတာ အားလုံး ရှင်းပြလို့ လူထုများလည်း သဘောပေါက်ကြပါတယ်။

အဲဒီတုန်းကဆိုရင် အထက်လူကြီးတွေ ခိုင်းတိုင်း၊ ပြောတိုင်း လုပ်နေရတာကို မလုပ်နိုင်ဘူး ငြင်းဆန်ခဲ့ ရင် ရိုက်နှက်ပြီး ထောင်ထဲချက်ချင်းထည့်ခံရပါတယ်၊ ဒါမှမဟုတ် တောထဲရှေ့တန်းအပို့ခံရပါတယ်။ သာကေတ ကျောက်တိုင်ကနေ ကုန်းကျော်တံတားဘက်အတက်မှာ ဘုန်းကြီး(၂)ပါးနဲ့ အဲဒီနောက်မှာ လူထု (၁၀)ယောက် လောက် အေးအေးဆေးဆေးလာနေတဲ့ဟာကို တပ်မ (၂၂ )ကဘဲ ပစ်သတ်ခဲ့ပါတယ်။

အရေးအခင်းကာလမှာ လူထုကိုပစ်တာကို စစ်မြေပြင်မှာတိုက်တာထက် သူတို့ပျော်ကြပါတယ်။ ဒါကြောင့်မို့လို့ တချို့တပ်မှူးတွေ ရဲဘော်တွေဆို လူထုကိုကြည့်ပြီး မျက်ရည်ကျခဲ့ရပါတယ်။အဲဒီအချိန်ကဆို လူထုအပေါ်အနိုင်ကျင့်ချင်တိုင်း ကျင့်နေပါတယ်။ ဒီအပြုအမူဟာ ရန်ကုန်မြို့် အရေးအခင်းကာလ တာဝန်ကျနေတဲ့ တပ်ရင်းတိုင်းလိုလိုပါဘဲ။ တချို့တပ်မှူးတပ်သားတွေဟာ လူထုအပေါ် အနိုင်ကျင့်၊ အမြတ်စားဆိုတဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံတာလည်း အများကြီးရှိပါတယ်။ တချို့တပ်မှူးငယ်တွေဆို မကောင်းတဲ့လုပ်ရပ်တွေကို တားမြစ်လို့ ပါးရိုက်ခံရပြီး အရေးယူခံရတာရှိသေးတယ်။

၈၈ ခုနှစ်ကုန်တဲ့အချိန်ထိ အင်းစိန် အာအိုင်တီကျောင်း အုတ်နံရံမှာ ကျည်ဆံထိထားတဲ့အရာတွေ အများကြီး ရှိပါသေးတယ်။ သွေးကွက်တွေ ခြောက်ကုန်ပြီး ရေနဲ့မဆေးထားပါ။ အရေးအခင်းကာလမှာ စစ်အာဏာရှင်တွေဟာ တကယ်သေသူတွေရော မသေမရှင်လူတွေကိုပါ ကျင်းထဲကို ကားနဲ့သွန်ချတာ သောင်းဂဏန်းလောက် ရှိပါတယ်ဆိုတဲ့ အကြောင်း ကိုယ်တွေ့အဖြစ်မှန်ကို ရေးသားပေးပို့လိုက်ပါတယ်။


အပြည့်အစုံ သို့ .....

ပြန်ခေါက်ထားခဲ့ဦး.....

Posted by ဖိုးတရုတ် at 12:54 AM 0 ယောက်က ဒီလို ထင်တယ်။

အပြည့်အစုံသို့...

Monday, September 15, 2008

ဆက်တိုက်ဖမ်းဆီးမှုများကို ၈၈ ကျောင်းသားများရှုံ့ချ



ကိုသက် | စက်တင်ဘာ ၁၅၊ ၂၀၀၈

၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းအပါအ၀င် ယုံကြည်ချက်ကြောင့် နိုင်ငံရေးလှုပ်ရှားသူများအား မတရားဖမ်းဆီးမှုများ သည် အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင်သည့်အပြင် ပိုမိုရှုပ်ထွေးသည့် ပြဿနာများ ပေါ်ပေါက်စေနိုင်သည်ဟု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ယနေ့ပြောဆိုလိုက်သည်။


မနီလာသိန်း (ဓာတ်ပုံ - ဧရာဝတီ)
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “ဒီမိုကရေစီစနစ်တခုကိုသွားတဲ့ နေရာမှာ ကိုယ်နဲ့သဘောထားကွဲလွဲသူတွေကို ထောင်ထဲမှာ အတင်းသော့ခတ်ထားလို့ မရပါဘူး။ ဒီမိုကရေစီ ခရီးလမ်းဆိုတာ တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းကတဆင့် ငြိမ်းချမ်းစွာလျှောက်လှမ်းရမယ့် လမ်းဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မနီလာသိန်းအပါအ၀င် ယုံကြည်ချက်ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ကို အာဏာပိုင်များက မတရားဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသော် လည်း မိမိတို့၏ယုံကြည်ချက်ဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှား ကြိုးပမ်းမှုများမှာ နောက်ဆုတ်သွားမည်မဟုတ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မနီလာသိန်းအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှုများ မပြုလုပ်ရန် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က တောင်းဆိုထားပြီး အဖမ်းခံထားရသူများ၏ အသက်နှင့်ခန္ဓာ တစုံတရာ ထိခိုက်ခဲ့ပါက စစ်အစိုးရတွင် လုံးဝတာဝန်ရှိသည်ဟု ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မနီလာသိန်းသည် လွန်ခဲ့သည့်နှစ် သြဂုတ်လက ရန်ကုန်မြို့တွင်ပေါ်ပေါက်ခဲ့သည့် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲများကို ဦးဆောင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံ ဖမ်းဆီးမှုမှ ရှောင်တိမ်းနေခဲ့သူ ဖြစ်သည်။

မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦး ဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ အသက် တနှစ် လေးလသာရှိသေးသည့် မနီလာသိန်းနှင့် ကိုဂျင်မီတို့၏သမီးငယ် ဖြူနေကြည်မင်းယုသည် လေးလသမီးအရွယ် ကတည်းက မိဘများနှင့် နေထိုင်ခွင့်မရခဲ့ပေ။

“မနီလာသိန်းဟာ အတော့်ကို ခံနိုင်ရည်ရှိတဲ့ အမျိုးသမီးတယောက် … ဒါပေမယ့် ကျနော်တို့ မြင်ရတဲ့ အခြေအနေကတော့ စိတ်မချမ်းမြေ့စရာပါ။ ကျနော်တို့လို လူလွတ်တွေတောင် အခုလိုအခြေအနေမှာ လုပ်ကိုင်ရတာ လွယ်တာမဟုတ်ဘူးလေ … သူ့လိုမိခင်တယောက်၊ လင်ယောက်ျားကလည်း ထောင်ထဲမှာ၊ သမီးလေးနဲ့ကလည်း တကွဲတပြားဆိုတော့ သူ့ဒုက္ခက တော်တော်ကြီးပါတယ်” ဟု ကိုထွန်းမြင့်အောင်က ပြောသည်။

ကိုထွန်းမြင့်အောင်သည်လည်း လွန်ခဲ့သည့် စက်တင်ဘာလ သံဃာ့လှုပ်ရှားမှုများ စတင်သည့်ကာလကတည်းက စစ်အစိုးရ ၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ပုန်းရှောင်နေရင်း လှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်နေသူ ဖြစ်သည်။

“တခါတလေ သူနဲ့အဆက်အသွယ်ရတုန်း ကျနော်တို့ပြောဖြစ်ကြတာတွေရှိတယ်။ … လူသားတယောက် အနေနဲ့ မေးဖူးတာ ရှိတယ်။ သူပြောတာက မိသားစုတကွဲတပြားဖြစ်နေတာ ဘယ်လိုဖြစ်ချင်မှာလဲပေါ့၊ မိခင်ဘ၀နဲ့ ဒီလိုဒုက္ခတွေခံစားနေရတာ သူတယောက်တည်းမဟုတ်ဘူးပေါ့။ မိဘပေါင်းများစွာက ဒုက္ခတွေကိုခံစားခဲ့ကြတာ အနှစ် ၂၀ ရှိပြီ .. ဒီလိုအဖြစ်ဆိုးတွေနိဂုံး ချုပ်နိုင်ဖို့ ကျမတို့ဆက်ပြီး ဒုက္ခခံရမှာလို့ သူကျနော့်ကို ပြောဖူးတယ်” ဟု ကိုထွန်းမြင့်အောင်က မနီလာသိန်းပြောသည်ကို ပြန်ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုအံ့ဘွယ်ကျော်၏ အမေဖြစ်သူ ဒေါ်တင်တင်ဝင်းကိုလည်း မနီလာသိန်းနှင့် ဆက်စပ်၍ လွန်ခဲ့သည့် ၁၁ ရက်နေ့တွင် အာဏာပိုင်တို့က ခေါ်ယူစစ်ဆေးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက ဧရာဝတီ ကို ပြောသည်။

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင်နေထိုင်သူ ဒေါ်တင်တင်ဝင်းသည် အသက် ၇၅ နှစ်ကျော်ရှိပြီဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ် လအတွင်းက သားဖြစ်သူ ကိုအံ့ဘွယ်ကျော်သည် ကိုဂျင်မီအပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ [Top]

အပြည့်အစုံသို့...

မုန်တိုင်းသင့်ကလေးများ ရေသန့်ရရေး စိုးရိမ်ရ၊ WFP ကို ပြည်တွင်းမှာ ဆန်ဝယ်ခွင့်မပေး

UNOCHA/ ၁၅ စက်တင်ဘာ ၂၀၀၈။ ။

ဧရာဝတီတိုင်းအတွင်းမှ မုန်တိုင်းဘေးသင့် ကလေးများအတွက် ရေရှည်တွင် ရေသန့်ရရေး စိုးရိမ်ရသကဲ့သို့ ပြည်တွင်းဆန် ၀ယ်ယူရေးကိုလည်း ဆက်လက်တင်းကျပ်ထားကြောင်း စက်တင်ဘာ (၁၂) ရက်ထုတ် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA) အစီရင်ခံစာ အမှတ် (၄၈) ၌ ဖော်ပြသည်။

လပွတ္တာမြို့နယ် (၃) မိုင်နှင့် (၅) မိုင် ကယ်ဆယ်ရေးစခန်းရှိ မုန်တိုင်းသင့်ဒုက္ခသည်များကို ယခုလ (၄) ရက်နေ့ တွင် ကျေးရွာနှစ်ရွာသို့ ရွှေ့ပြောင်းလိုက်ပြီးဖြစ်သည်။ စခန်းနှစ်ခု စုစုပေါင်းဦးရေမှ (၄၆၇) ယောက်ကို ပိန်းနဲ တောင်ရွာတွင်လည်းကောင်း၊ စခန်း (၃) မှ (၇၆၂) ဦးကို မင်းကုန်းရွာတွင်လည်းကောင်း ပြန်လည်နေရာချထား ခြင်းဖြစ်သည်။ ပြန်လည်နေရာချထားရေးအဖြစ် သက်ဆိုင်ရာအာဏာပိုင်များက သတ်မှတ်ပေးသည့် အဆိုပါ ရွာများသည် အဓိကဆက်သွယ်ရေးလမ်းမနှင့် (၂) မိုင်ခန့်အကွာအဝေးတွင် တည်ရှိသည်။

(၅) မိုင်စခန်းမှ ယခင်က စွန့်ခွာထွက်သွားပြီးနောက် စခန်းသို့ ပြန်လည်ရောက်ရှိလာသူ အခြား အိမ်ထောင်စု (၇၄) စုကိုလည်း ကျောက်ဖြူရွာတွင် ပြန်လည်နေရာချထားပြီးဖြစ်သည်။

မုန်တိုင်းသင့်အချို့နေရာများတွင် ခြောက်သွေ့မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် လက်ရှိစိုက်ပျိုးသီးနှံများအပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် မိုးလေ၀သ အချက် အလက်များအရ ယခုနှစ်မုတ်သုန်ရာသီ ကုန်ဆုံးမှုသည် ပုံမှန်မဟုတ်ဘဲ စောကုန်မည်ဖြစ်သည်။

ယင်းအပြင် စာသင်ကျောင်း ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ယာယီစာသင်ကျောင်းများကို ဆက်လက်ထိန်း သိမ်းထားရှိရေး အတွက်လည်း စိုးရိမ်ရမှုများရှိနေသည်ဟု အစီရင်ခံစာက ဖော်ပြသည်။ ယခုနှစ် မိုးရာသီကာလ တိုတောင်းနိုင်သဖြင့် မြစ်ဝကျွန်းပေါ်ဒေသအတွင်းရှိ ကလေးများနှင့် စာသင်ကျောင်းများအတွက် သောက်ရေသန့် ရေရှည်ထောက်ပံ့ရေး လုပ်ငန်းများအတွက်လည်း အထူးစိုးရိမ်ဖွယ် ဖြစ်ပေါ်နေသည်။

ယခင်ကကဲ့သို့ပင် ဆက်လက်ဖြစ်ပေါ်နေဆဲ အခြားစိန်ခေါ်မှုတရပ်မှာ မြစ်ဝကျွန်းပေါ်ဒေသအတွင်း လုပ်ကိုင်နေသော အန်ဂျီအိုများအနေဖြင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများကို တင်သွင်းခြင်းနှင့် အသုံးပြုခြင်းတို့ကို အာဏာပိုင်များက တင်းကျပ်ထားခြင်းပင်ဖြစ်သည်။

အာဏာပိုင်များက ပိတ်ပင်ကန့်သတ်မှုများကို ယခင်ကကဲ့သို့ပင် ပြုလုပ်ထားသဖြင့် နယ်မြေနှင့် ဒေသတွင်း ဆန်ဝယ်ယူရရှိ မှုအခြေအနေမှာလည်း ဆက်လက်စိန်ခေါ်မှုတခုဖြစ်နေသည်။ သို့သော် ဆန်ရရှိဝေငှရေး အစီအစဉ်လမ်းကြောင်းများအနေဖြင့် ယခုလကုန်အထိ ရပ်တန့်သွားဖွယ်မရှိပေ။

By NEJ

URL: http://www.khitpyaing.org/archives/3897

အပြည့်အစုံသို့...

ဆွန်ချိုင်းကို ၀န်ကြီးချုပ်သစ်အဖြစ် ပီပီပီပါတီက လျာထား၊ ဆန္ဒပြ ပီအေဒီအဖွဲ့က လက်မခံဟု ပြော



Bangkok Post/The Nations ၁၅ စက်တင်ဘာ ၂၀၀၈။ ။

ပြည်သူ့စွမ်းအားပါတီ (ပီပီပီ) က ၀န်ကြီးချုပ်ဟောင်းတပ်ဆင်၏ ယောက်ဖဖြစ်သူ မစ္စတာဆွန် ချိုင်း ဝေါင်ဆ၀တ်အား ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ရန် ယနေ့အတည်ပြုလိုက်သည်။

မစ္စတာဆွန်ချိုင်းကလည်း ၎င်းအနေဖြင့် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူ၍ နိုင်ငံအတွင်း ဖြစ်ပေါ်နေ သော ပြဿနာများကို ဖြေရှင်းရန် အဆင်သင့်ဖြစ်နေသည်ဟု ပါတီဗဟိုခေါင်းဆောင်များကို ပြော ကြောင်း ပီပီပီပြောခွင့်ရသူ ကူဒက် ဆိုင်ကရာဂျန်က ပြောသည်။

သို့သော် ပီပီပီ အတွင်းမှ နေ၀င်း၏ သူငယ်ချင်းများဟု ခေါ်ကြသည့် အုပ်စုအဖွဲ့ဝင် အမတ်ဖြစ်သူ ဆွန်ဆက်ထောင်စရီကမူ မစ္စတာဆွန်ချိုင်းတဦးတည်းသာ ၀န်ကြီးချုပ်အဖြစ် သင့်တော်ခြင်း ဟုတ်မဟုတ်ကို ဆွေးနွေးငြင်းခုံခွင့်မရသည့် အခြားဗဟို ခေါင်းဆောင်များလည်း ပါတီအတွင်း ရှိနေသောကြောင့် မစ္စတာဆွန်ချိုင်းအနေဖြင့် ပါတီဆုံးဖြတ်ချက်ကို လက်မခံသင့်ကြောင်း ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ခဲ့သဖြင့် ၀န်ကြီးချုပ်အဖြစ်မှ နုတ်ထွက်ပေးရန် ဖွဲ့စည်းပုံ အခြေခံဆိုင်ရာတရားရုံး၏ အမိန့်ချမှတ်ခြင်းခံခဲ့ရသော မစ္စတာစမတ်နေရာကို အစားထိုးရန် လာမည့် ဗုဒ္ဓဟူးနေ့တွင် ပါလီမန်ခေါ်ယူကျင်းပမည်ဖြစ်သည်။

လက်ရှိ အိမ်စောင့်အစိုးရ ၀န်ကြီးချုပ် မစ္စတာဆွန်ချိုင်းသည် မစ္စတာတပ်ဆင်နှင့် ပို၍နီးစပ်သော ကြောင့် ၎င်းအား ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခြင်းကို လက်မခံနိုင်ကြောင်း အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသည့် ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပီအေဒီ) ကပြောသည်။ ဆွန်ချိုင်းသည် တပ်ဆင်၏ ယောက်ဖဖြစ်သည်။ ထို့အပြင် အခြားနိုင်ငံရေးပါတီများက လက်ခံသည့် အမျိုးသား အစိုးရ ဖွဲ့စည်းရေးဆိုသည့် စဉ်းစားချက်ကိုလည်း ပယ်ချလိုက်ပြီး ၀န်ကြီးချုပ်ရုံးအတွင်း၌ ဆက်လက်စခန်းချ ဆန္ဒပြသွားမည်ဟု ပြောသည်။

အရေးပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းခဲ့သည့် အစိုးရ၏ လုပ်ရပ်သည် အစိုးရကို ဆန့်ကျင် ဆန္ဒပြနေမှုနှင့် အစိုးရအား ထောက်ခံဆန္ဒပြနေမှုများအပေါ် မည်သို့မျှ သက်ရောက်မှုရှိမည် မဟုတ်ကြောင်း ဒီမိုကရက်ပါတီ အကြံပေးပုဂ္ဂိုလ် ၀န်ကြီးချုပ်ဟောင်း ချွန်လိပိုင်က ပြောသည်။

အစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့စဉ်ကလည်း အရေးပေါ်အခြေအနေအမိန့်ကို ပံ့ပိုး မည့် ဥပဒေစည်းမျဉ်းများအား အကောင်အထည်ဖော် ဆောင်ရွက်မှု မရှိခဲ့ကြောင်း၊ ယင်းသို့ ကြေညာလိုက်သဖြင့် ထိုင်းနိုင်ငံရေး မငြိမ်မသက်ဖြစ်နေသည်ကိုသာ နိုင်ငံခြားတိုင်းပြည်များက သိရှိသွားခြင်းသာ အဖတ်တင်စေခဲ့ကြောင်း မစ္စတာချွန်လိပိုင်က ဆက်ပြောသည်။

ထို့ကြောင့် အစိုးရအနေဖြင့် ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍတွင် ယုံကြည်မှု ပြည်လည်တည်ဆောက် ပေးရန်နှင့် နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ရရှိစေရေး ကြိုးပမ်းပေးရန် ၎င်းကတောင်းဆိုလိုက် သည်။

By NEJ

URL: http://www.khitpyaing.org/archives/3890

အပြည့်အစုံသို့...

နေရာဟောင်းက ဖယ်ပေးရမည့် နာရေးအသင်း နေရာသစ်တွင် ဆောက်ခွင့်မရသေး

ပီတာအောင်/ ၁၅ စက်တင်ဘာ ၂၀၀၈။ ။

နာရေးကူညီမှုအသင်း (ရန်ကုန် ) ရုံးချုပ်နေရာနှင့် အခမဲ့ဆေးခန်းတို့ကို လက်ရှိနေရာမှဖယ်ပေးရတော့မည်ဖြစ်ပြီး နေရာသစ်၌လည်း အဆောက်အဦ ဆောက်လုပ်ခွင့်ပါမစ် မရဖြစ်နေသဖြင့် ပြောင်းရွှေ့ရန်ကိစ္စ အခက်အခဲကြုံတွေ့ နေရသည်ဟု နာရေးကူညီမှုအသင်းက ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက “ နောက်နှစ် (၇) လပိုင်း (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အကုန်လုံး စပြောင်းရမှာ။ ဆေးခန်းရော၊ ရုံးရောပြောင်းမှာ။ အဆောက်အဦက မြောက်ဒဂုံမြေကွက်မှာ၊ ဆောက် ခွင့်ပါမစ်က မကျသေးဘူး။ ခုတော့ မြေကွက်ရှင်းထားတုန်းပဲရှိသေးတယ်။ ပါမစ်က လျှောက်ထားတုန်းပဲ။ မမီ ရင်တော့ ဖြစ်သလိုပဲ လုပ်ရမှာပဲ။ ရုံးခန်းတော့ ရေဝေးမှာ တွဲလုပ်ပြီး၊ ဆေးခန်းတော့ ခဏပိတ်ရမယ့်သဘော ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မူလဖွင့်လှစ်ထားသည့်နေရာကို မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက နေရာဖယ်ပေးရန် တောင်းဆိုလာသည့် အပြင် မြေနေရာပေးထားသည့် ဗြဟ္မ၀ိဟာရကျောင်းတိုက် ဆရာတော် ဦးနန္ဒမာလာကလည်း နေခွင့်မပြုတော့ သဖြင့် ရုံးနေရာ ဖယ်ပေးရခြင်းဖြစ်ကြောင်း၊ ပြောင်းရွှေ့ရမှုကြောင့် ဆေးခန်းသို့ နေ့စဉ်လာနေကျ လူနာများ အတွက် ထိခိုက်မှုရှိနိုင်သည်ဟု ဦးကျော်သူက ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၂-ရပ်ကွက်၊ သုဒဿနလမ်း၊ ဗြဟ္မ၀ိဟာရ ပရိယတ္တိစာသင်တိုက်၌ ၂၀၀၁ ခုနှစ်ဆန်းပိုင်းကတည်းက ဖွင့်လှစ်ပြီး ဆင်းရဲနွမ်းပါးသူတို့အတွက် အခမဲ့ သင်္ဂြိုဟ် ပေးသည့်လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ယမန်နှစ် မတ်လ၌ သုခအခမဲ့ ဆေးခန်းကို ဖွင့်လှစ်ခဲ့ပြီး နေ့စဉ်လူနာပေါင်း (၁၀၀) ကျော်တို့ကို အခမဲ့ ဆေးဝါးကုသပေးလျက်ရှိသည်။ နောက်ပိုင်းတွင် သဘာဝဘေးဒုက္ခသည်များအတွက် အကူ အညီပေးသည့် လုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်သည်။

နေရာသစ်သည် မြောက်ဒဂုံ မြေတိုင်းရပ်ကွက် (၄၈)၊ ဗိုလ်ဗထူးလမ်း၊ အမှတ် (၁၃-က) ၌ တည်ရှိပြီး (၂) ဧကကျော် ကျယ်ဝန်းသည်။ ယင်းနေရာ၌ အသင်းဌာနချုပ်ရုံးခန်း၊ အခမဲ့ဆေးခန်း ပညာဒါနစာသင်ကျောင်း၊ ဘိုးဘွားရိပ်သာ စသည်တို့ကို နာရေးကူညီမှုအသင်းက ဆောက်လုပ်လိုသော်လည်း လက်ရှိအခြေအနေ၌ ဆောက်လုပ်ခွင့် ပါမစ်မရ သေးရုံမက ကုန်ကျမည့် ငွေကျပ် သိန်း (၁) ထောင်ကျော် ရန်ပုံငွေရရှိရန်မှာလည်း အလှူရှင်များ လိုအပ်နေဆဲဖြစ်သည်။

By NEJ

URL: http://www.khitpyaing.org/archives/3894

အပြည့်အစုံသို့...

ဦးဝိစာရလမ်းတလျှောက် စနေနေ့ညက စာကြဲ၊ ဘုန်းကြီးကျောင်းများပါ ဧည့်စာရင်းစစ်

ဒေါင်းဖြူနှင့် မင်းနိုင်သူ / ၁၅ စက်တင်ဘာ ၂၀၀၈။ ။

စက်တင်ဘာ (၁၃) ရက်ညက ရန်ကုန် ဦးဝိစာရအ၀ိုင်းနှင့် ဦးဝိစာရလမ်းတလျှောက်တွင် အမည်မသိ လူငယ်တဦး စာရွက်စာတမ်းများ ကြဲခဲ့သဖြင့် စက်တင်ဘာ (၁၄) ရက် ညပိုင်းတွင် ဦးဝိစာရလမ်းထိပ် နှစ်ဘက်စလုံး စစ်တပ်က လုံခြုံရေးအပြည့် ချထားပြီး (၁၀) နာရီခွဲကျော်လျှင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားသည်။

စနေနေ့ညက လူ (၂) ဦးကို စစ်ဆေး မေးမြန်းခြင်းမပြုဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အမည်မဖော် လိုသူ တာဝန်ကျ စစ်သားတဦးက ပြောသည်။ ညပိုင်းတွင်လည်း ရန်ကုန်မြို့ထဲရှိ စားသောက်ဆိုင်အားလုံးကို ည (၁၁) နာရီထိသာ ရောင်းချခွင့်ပြုထားသည်။

ပြည်လမ်းအချို့နေရာများတွင် ည (၁၂) နာရီ ကျော် လမ်းပေါ်တွေ့ပါက ကင်းလှည့်လုံထိန်းရဲများက စစ်ဆေး မေးမြန်းသည်။ မေးမြန်းချက်များ ကောင်းမွန်စွာ မဖြေနိုင်သူများကို ဖမ်းဆီးမှုရှိသည်ဟု စုံစမ်းသိရသည်။

ထိုအတောအတွင်း ရန်ကုန်မြို့တွင်း ဧည့်စာရင်းစစ်မှုများ ပိုမိုတင်းကျပ်လာသည်။ ဘုန်းကြီးကျောင်းများတွင် နေထိုင်သည့် ဘုန်းကြီးကျောင်းသားများကိုပါ ဧည့်စာရင်း တိုင်ရမည်ဟု သက်ဆိုင်ရာ ရယကများမှ ဖိအား ပေးနေကြောင်း စုံစမ်းသိရှိရသည်။

ပုဇွန်တောင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်တတိုက်မှ တိုက်အုပ်ဆရာတော်တပါးက “အဲဒီကိစ္စက
တော်တော်ခက်တာပဲ။ ဘုန်းကြီး သံဃာရှိရင် ဝေယျာဝစ္စလုပ်ပေးတဲ့ ကပ္ပိယ၊ ကျောင်းသားဆိုတာက ရှိမှာပဲ။ ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တာပဲ။ အခုကျမှ၊ သူတို့ကျမှ ဘုန်းကြီးကျောင်းမှာ သံဃာပဲရှိရမယ်များ သတ်မှတ်လိုက်သလားမသိဘူး။ ကျောင်းသားတွေကို ဧည့်စာရင်းတိုင်ခိုင်းနေတာ ဟုတ်တယ်” ဟု မိန့်တော်မူသည်။

ခေတ်ပြိုင်မှ စုံစမ်းချက်အရ ဘုန်းကြီးကျောင်းများတွင် ဒုလ္လဘ ရဟန်းဝတ်သူများကိုပါ နိုင်ငံရေးနှင့် မပတ် သက်ကြောင်း ကျောင်းထိုင်ဆရာတော်များက တာဝန်ယူရမည်ဖြစ်ပြီး ဒုလ္လဘရဟန်းများ နိုင်ငံရေးနှင့် ပတ်သက်ပါက ကျောင်းထိုင်ဆရာတော်ကိုပါ အရေးယူမည်ဟု နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ညွှန်ကြားထားသည်။

ရန်ကုန်မြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း ဧည့်စာရင်းပေးသည့်ရက်ကို ယခင်က အနည်းဆုံး တပတ်အထိ ပေးခဲ့သော်လည်း ယခုရက်ပိုင်းတွင် (၂) ရက်သာ ပေးတော့သည်။

“အခုရက်ပိုင်းမှာ နယ်ကလာတဲ့ဧည့်သည်တွေကို (၂) ရက်ပဲပေးတယ်ဗျာ။ အရင်ကတည်းက ဧည့်စာရင်း စာအုပ်နဲ့ နေနေတဲ့လူတွေကိုတော့ အရင်က တလ ဒါမှမဟုတ် (၁၅) ရက်အထိ ပေးခဲ့ပေမယ့် အခု (၉) ရက်ပဲ ပေးတော့တယ်။ (၉) ရက်ပြည့်ရင် ထပ်တိုးပဲ” ဟု တောင်ဥက္ကလာပမြို့ခံတဦးက ပြောဆိုသည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်စသည့် ဆင်ခြေဖုံးမြို့နယ်များတွင် ညစဉ်ညတိုင်း ဧည့်စာရင်းစစ်မှု
များကို တင်းကျပ်စွာပြုလုပ်လျက်ရှိပြီး ပုံစံ (၁၀) စာရင်းမဝင်သည့် လူပိုတွေ့ရှိပါက ရယက၊ မီးသတ်၊ ရဲနှင့်
တာဝန်ရှိပြည်သူဆိုသူများကို အခကြေးငွေပေးရကြောင်း ဆင်ခြေဖုံးရပ်ကွက်နေသူများက ပြောသည်။

ယင်းကဲ့သို့ ဧည့်စာရင်း မကြာခဏစစ်မှုများနှင့် ဘုန်းကြီးကျောင်းများကိုပါ ဧည့်စာရင်း လုပ်ခိုင်းလာမှုများ
ကြောင့် ရန်ကုန်နှင့် နယ်မြို့များအကြား ပုံမှန်သွားလာကူးသန်းရောင်းဝယ်နေသည့် ကုန်သည်များအခက်
တွေ့ကြရသည်ဟု ပြောဆိုသည်။

“အရင်က တာမွေမှာရှိတဲ့ ကိုယ့်နယ်ခံဘုန်းကြီးကျောင်းမှာပဲတည်းပြီး ကုန်ဝယ်ရတော့ပေါ့။ အခုတော့ ကျောင်းထိုင်ဘုန်းကြီးက ဟဲ့…အခုရက်ပိုင်းလက်မခံနိုင်ဘူး။ ဧည့်စာရင်းတွေ စစ်နေတယ်။ နင်တို့က
မာတုဂါမတွေဆိုတော့ တွေ့သွားရင် ပိုတောင်ဆိုးဦးမယ်။ အခု ဒီမှာတည်းလို့တော့ မဖြစ်ဘူးဆိုလို့ တည်းခိုခန်း ပြောင်းတည်းခဲ့ရတယ်။ တည်းခိုခန်းမှာ တည်းရင်တော့ စရိတ်ပိုကုန်တာပေါ့။ စရိတ်ပိုကုန်တော့ ကုန်
ပေါ်မှာပဲ အမြတ်ပိုတင်ရတော့မှာပေါ့။ ရန်ကုန်မှာ တည်းခိုစရိတ်ကလည်း သေးတာမဟုတ်ဘူး။ အပေါစား
တည်းခိုခန်းမှာ တည်းတာတောင် တည (၂) ထောင်ပေးရတာ။ ကုန်ဝယ်တခါဆင်းရင် (၃) ရက်နဲ့ (၅) ရက် အကြား ကြာတတ်တော့ အဲဒီစရိတ်တွေ တက်လာတာပေါ့” ဟု အညာမြို့တမြို့မှ ငါးပိ၊ ငါးခြောက်ကုန်သည် အမျိုးသမီးတဦးက တည်းခိုရမှု အပြောင်းအလဲနှင့် စရိတ်စကတက်လာပုံကို ရှင်းလင်းပြောပြသည်။

ဘုန်းကြီးကျောင်းတိုက်များတွင် ဧည့်စာရင်းစစ်မှုများကို ရန်ကုန်မြို့ပေါ်တွင်သာမက မန္တလေးမြို့တွင်လည်း ပြုလုပ်နေပြီဖြစ်ကြောင်း ချမ်းအေးသာဇံမြို့နယ်ရှိ ဘုန်းကြီးကျောင်းတိုက်မှ သံဃာတော်တပါးက
ခေတ်ပြိုင်သို့ အမိန့်ရှိသည်။

By NEJ

URL: http://www.khitpyaing.org/archives/3896

အပြည့်အစုံသို့...

အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံဒီမိုကရေစီရဖို့လမ်းမမြင်ဟုပြော


အမျိုးသားရေး ဦးဝင်းနိုင် နိုင်ငံရေးမှ အနားယူပြီ၊ မြန်မာနိုင်ငံဒီမိုကရေစီရဖို့လမ်းမမြင်ဟုပြော
NEJ/ ၁၅ စက်တင်ဘာ ၂၀၀၈။ ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရန် လမ်းမမြင်တော့သည့်အတွက် နိုင်ငံရေးလောကမှ အနားယူပြီ ဖြစ်ကြောင်း ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်က ခေတ်ပြိုင်နှင့် သီးသန့်မေးမြန်းခန်းတွင် ပြောသည်။

၎င်းက “အဲဒီတော့ ဒီနေ့နိုင်ငံရေးကနေ ဘာဖြစ်လို့ အနားယူချင်သလဲဆိုတော့ အချက်ကလေး တွေကတော့ လေး၊ ငါး၊ ခြောက်ချက်ပဲ။ (၁) အချက်က အခုပြောသလို ကျနော့်တသက်မှာ လက်ရှိအခြေအနေအရ ဒီမိုကရေစီရဖို့ဆိုတာ သိပ်ပြီးလမ်းစမမြင်တော့တဲ့အတွက်လည်း တကြောင်းပါတယ်” ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် မည်သည့် နိုင်ငံရေးပါတီကိုမျှ ကိုယ်စားမပြုသော်လည်း ရန်ကုန် ဒီမိုကရေစီ အင်အားစုများ ညီညွတ်ရေးကို စဉ်ဆက်မပြတ် ဆော်သြခဲ့သူဖြစ်သည်။ နိုင်ငံရေးမှ အနားယူရာတွင် နိုင်ငံရေးသမားများကို အားမရသည့် အပိုင်းနှင့် ပတ်သက်၍ “တယောက်နဲ့ တယောက်ကဗျာ ကိုယ်နာမည်ကြီးဖို့၊ ကိုယ်နေရာရဖို့ တယောက်နဲ့တယောက် ခွက်စောင်း ခုတ်ကြ၊ ချောက်တွန်းကြနဲ့။ အဲဒီလိုစိတ်ဓာတ်မျိုးတွေ အခုခေတ်မှာ တော်တော်လွှမ်းမိုးလာ တယ်ဗျ။ ဆိုတော့ အဲဒီအပေါ်မှာလည်း ကျနော်စိတ်မကောင်းဘူးပေါ့ဗျာ။ ဒီဟာတွေကို ပြုပြင်ဖို့ သွားပြီးပြောဖို့ဆိုတာကလည်း အခြေအနေကလည်း မပေးတော့ဘူး။ အသက်အရွယ်ကလည်း ရင့်လာပြီ” ဟု ပြောသည်။

နိုင်ငံရေးမှ အနားယူရာတွင် စစ်အစိုးရဘက်မှ ဖိအားပေးမှုရှိမရှိ ခေတ်ပြိုင်က မေးရာ အမျိုးသား ရေး ဦးဝင်းနိုင်က “နအဖက ကျနော့်ကို တိုက်ရိုက်ဖိအားတော့ မပေးပါဘူး။ ဒါအမှန်ပဲဗျ။ သို့သော် သွယ်ဝိုက်တဲ့ ဖိအားတော့ ပေးတာပေါ့လေ။ ဘယ်လိုပေးသလဲဆိုတော့ သံဃာတော်တွေရဲ့ ရွှေဝါ ရောင်တော်လှန်ရေးမှာ ကျနော်အလှူလုပ်တယ်။ နောက် ရန်ကုန်တ၀ိုက်မှာ လူတွေကို ဆန်တွေ ဝေတယ်ပေါ့ဗျာ။ အဲဒါတွေနဲ့ ကျနော့်ကို ထောင်ထဲ ဆွဲထည့်ထားတယ်ဗျာ။ အသက် (၇၀) ကျော် လူတယောက်ကို ထောင်ထဲမှာ တိုက်ပိတ်တဲ့ သဘောမျိုးနဲ့ဗျာ။ တယောက်တည်း (၅) ပေ၊ (၆) ပေအခန်းထဲမှာ ဂန်ဖလားတလုံးနဲ့ တလကျော် ထားတာဗျာ။ ပြီးတော့ တနေ့တနေ့ ကြောင်တွေ၊ ခွေးတွေကျွေးတဲ့ ဆန်မျိုးနဲ့ ကန်စွန်းရွက်ပြုတ်နဲ့ စားပြီး နေခဲ့ရတာဗျ။ အဲဒါတွေကိုလည်း စိတ်ပျက်တယ်လို့ ပြောလို့ရတာပေါ့ဗျာ။ ဒီလောက်ထိ ကြမ်းတမ်းတဲ့ဒဏ်တွေလည်း ခံခဲ့ရတယ်ဗျ။ အဲတော့ ဒါတွေကိုလည်း ကျနော်ရှေ့လျှောက်မခံနိုင်တော့ဘူးပေါ့ဗျာ။ ကျနော်အင်းစိန်ထောင်က ထွက်လာတော့ လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်တော့အောင် ချည့်နဲ့သွားတယ်ဗျာ။ အဲတော့ လူတွေက ကျနော့်ကို သတ္တိမရှိဘူးပြောချင်လည်း ပြောကြမှာပေါ့ဗျာ။ အဲဒါကိုပြောလည်း ခံရုံရှိတာပေါ့ဗျာ” ဟု ပြောသည်။

အမျိုးသားရေး ဦးဝင်းနိုင်သည် ဒီမိုကရေစီထူထောင်ရာတွင် မုသာဝါဒနှင့် အာဒိန္ဒဒါနာနှစ်ပါး သီလ လုံခြုံရန်လိုသည်ဟု ယူဆသူဖြစ်သည်။ နှစ်ပါးသီလဆောက်တည်ရေးကို ဟောပြောနေသူ လည်း ဖြစ်သည်။ ထိုအပိုင်းနှင့် ပတ်သက်၍ပြောရာ၌ “တိုင်းပြည်ထဲကလူတွေ ခိုးနေသမျှကာလ ပတ်လုံး အရပ်သားကလည်း ခိုးမယ်၊ တာဝန်ရှိတဲ့အစိုးရကလည်း ခိုးမယ်၊ နိုင်ငံရေးသမားတွေက လည်း ခိုးမယ်၊ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံဘာသွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကိုပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် လေးဆယ်ကောင်းနေလည်း မရဘူး။ လူ (၁၀၀) မှာ (၇၀) လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ရမှာ။ အဲဒီလို ပြောတော့ တချို့ကလည်း ကျနော့်ကို ဆဲချင်ဆဲကြမှာပေါ့လေ။ ဒါပေမယ့် ကျနော်တသက်လုံး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားပြောဆိုနေခဲ့ပြီး ဒီအသက်အရွယ်ကျမှ ကျနော့်အကျင့်လည်း မပြောင်းနိုင်တော့ဘူး။ ဒီလိုပဲ မှန်မှန်ကန်ကန် မြင်တဲ့အတိုင်း သုံးသပ်ပြပြီးတော့ သေသွား ချင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးလောကမှ အနားယူရန် ဆုံးဖြတ်ချက်ကို ထောင်မှထွက်ပြီး (၄-၅) လ အချိန် ယူ စဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားရေး ဦးဝင်းနိုင်က ပြောသည်။ နိုင်ငံရေးမှ အနားယူပြီ ဖြစ်သည့်အတွက် နိုင်ငံရေးနှင့် ပတ်သက်သည့် ပြောဆိုချက်များ၊ ခန့်မှန်းချက်များ ပြောဆိုတော့မည် မဟုတ်ဘဲ ခေတ်ပြိုင်နှင့် မေးမြန်းခန်းသည် နောက်ဆုံးအကြိမ် တွေ့ဆုံ မေးချက်ဖြစ်မည်ဟုပါ ပြောသည်။ သို့သော် ဘာသာရေးနှင့် လူမှုရေးကိစ္စများကိုမူ ဆက်လက် လုပ်ကိုင်သွားမည်ဟုပါ ဆက်ပြောသည်။

(နိုင်ငံရေးလောကမှ အနားယူပြီဆိုသည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး အမျိုးသားရေး ဦးဝင်းနိုင်နှင့် ခေတ်ပြိုင်သတင်းထောက် မင်းနိုင်သူ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံ)

By NEJ

URL: http://www.khitpyaing.org/archives/3886

အပြည့်အစုံသို့...





from khitpyaing.org

အပြည့်အစုံသို့...

Sunday, September 14, 2008

အပြည့်အစုံသို့...

ကိုယ့်လူတယောက်၊သူ့ ဖက်ပါသွားပြီလား

ဆန်းဒေး

မြန်မာနိုင်ငံ၊အမျိုးသားညွန့်ပေါင်းအစိုးရရဲ့မူဝါဒရေးရာအကြံပေးဟောင်း၊ ဗမာ့ရံပုံငွေအဖွဲ့ရဲ့ညွှန်ကြားရေးမှူး၊ကိုဇော်ဦးတယောက်နအဖ၊ဖက်ကိုပါသွားပြီးလား။

ကိုဇော်ဦးမြန်မာနိုင်ငံကိုသွားတာ၊ဇူလိုင်လတုံးကပါ။အခုစက်တင်ဘာလမှာမှဧရာဝတီကရေးလို့အားလုံးသိကြတာပါ။ဒါမှမဟုတ်ရင်လည်းဘယ်သူမှသိကြမှာမဟုတ်ပါဘူး။

ကိုဇော်ဦးကဧရာဝတီကိုပြောရာမှာနာဂစ်နဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးအကြောင်းသွားလေ့ လာတာလို့ဆိုတာပဲ။

တတိယနိုင်ငံကိုအခြေချဖို့ထွက်ခွာသွားတဲ့သူတွေကလည်း၊သူတို့သား၊သမီးတွေရဲ့အနာ ဂါတ်၊ပညာရေးတွေကိုအကြောင်းပြသလို၊သူတို့ကိုယ်တိုင်လည်း၊့မြန်မာနိုင်ငံရဲ့နယ်စပ်ကို တရားဝင်ပြန်လာပြီး၊နိုင်ငံရေးလုပ်နိုင်အောင်၊တတိယနိုင်ငံတွေကအထောက်အထားတခုခုရဖို့ စတဲ့၊အကြောင်းပြချက်အမျိုးမျိုးနဲ့သွားကြတယ်လေ။

မြန်မာနိုင်ငံကိုပြန်တဲ့သူကော၊တတိယနိုင်ငံကိုသွားတဲ့သူတွေမှာပါ၊သူ့အကြောင်းပြချက်နဲ့ သူရှိကြတာပဲနော်။လွန်ခဲ့တဲ့အနှစ်၂၀လောက်ကနေအခုအချိန်အထိတတိယနိုင်ငံကိုသွား တဲ့သူတွေတတပ်တအားနဲ့ပြန်လာလုပ်ကြတာတွေကောတွေ့ရပြီလား။

အင်း…သူတို့ဘာကြောင့်သွားကြသလဲဆိုတာကိုတော့၊ကာယကံရှင်တွေကိုယ်တိုင်ပဲသိကြမှာပါ။

အွန်လိုင်းမှာကိုဇော်ဦးမြန်မာနိုင်ငံကိုသွားတဲ့အကြောင်းကိုပြည်ပရောက်၈၈တွေအထဲက(က) အုပ်စုရဲ့အတွေး၊အခေါ်၊အယူအဆ၊မျှော်လင့်ချက်တွေလို့ဝေဖန်သုံးသပ်မှုတွေကိုလည်းတွေ့ရတယ်။

ဒီအုပ်စုတွေရဲ့ရည်ရွယ်ချက်ကဘာလဲ။နအဖကိုပူးပြီးတော့၊မြန်မာနိုင်ငံရဲ့နိုင်ငံရေးလမ်းစဉ်ကိုတဆင့်ချင်းပြောင်းလဲအောင်လုပ်မှာလား။

အဲဒါမျိုးဆိုရင်၊နည်းနည်းတော့၊ခက်မယ်လေ။လူမျိုးစုလက်နက်ကိုင်တွေ၊နအဖနဲ့အပစ်အ ခတ်ရပ်စဲရေးလုပ်တုံးက၊ပူးပြီးလုပ်သွားမယ်။မြန်မာနိုင်ငံကလူမျိုးစုတွေအားလုံးအရေးကို တောင်ဆိုပေးမယ်လို့ပြောသွားကြတာပဲ။တကယ်တန်းကျတော့၊အဲဒီအဖွဲ့တွေအားလုံး ဟာ၊နအဖရဲ့အမျိုးသားညီလာခံအတွက်အသုံးခံလိုက်ရတယ်။ညီလာခံမှာတခြားလူမျိုးစု တွေအကျိုးအတွက်ပြောဖို့နေနေသာ၊သူတို့လူမျိုးစုတွေအတွက်တောင်၊ပါးစပ်ဟခွင့်မရခဲ့ တာ၊အားလုံးအသိပါပဲလေ။

လက်နက်ကိုင်ထားတဲ့လူမျိုးစုတွေပြောခွင့်မရပေမဲ့၊ပြည်ပမှာနေ့၊တိုးတက်တဲ့နိုင်ငံကြီးတွေ က၊ပညာတတ်ကြီးတွေမို့လို့နအဖ၊ကနေရာပေးမယ်လို့ကော၊မျှော်လင့်လို့ရပါ့မလား။

မဆလခေတ်တုံးက၊ကွန်မြူနစ်၊ဆိုရှယ်လစ်တွေကထောင်ကနားလည်မှုနဲ့ထွက်လာပြီး၊တမျိုး၊အလင်းဝင်ပြီးတဖုံ၊နည်းအမျိုးမျိုးနဲ့မဆလကိုချဉ်းကပ်ခဲ့ကြဖူးပါတယ်။

နောက်ဆုံးမှာတော့၊မဆလကိုပြောင်းလဲအောင်မလုပ်နိုင်တဲ့အပြင်၊သူတို့တွေကိုမဆလအ ကျိုးအတွက်၊မူဝါဒရေးဆွဲပေးရာမှာကော၊တပါတီစနစ်ဥပဒေပြုရာမှာပါတတပ်တအားနဲ့ပါဝင်ပြီးတော့၊မဆလထဲအရည်ပျော်ဝင်သွားပြီးတော့၊မဆလရဲ့အသီးအပွင့်တွေကိုခူးစားသွား ကြဘူးတာကိုလည်းမေ့လို့တော့၊မရဘူးပေါ့နော်။

ဒီအခြေအနေတွေကိုသုံးသပ်ပြီးတော့၊ကိုယ့်အကျိုးအတွက်လုပ်ကြမလား။တိုင်းပြည်နဲ့လူ မျိုးအကျိုးအတွက်လုပ်ကြမလားဆိုတာကိုကိုယ့်ဖါသာကိုယ်သုံးသပ်ပြီးဆုံးဖြတ်ကြပေါ့ဗျာ။

အတိုက်အခံတွေဖက်ကကော၊ဒီလိုလူတွေနဲ့ပြတ်စဲကြောင်းတွေလုပ်ကြမှာလား။သူ့လူ ကိုယ့်ဖက်သားမဖြစ်လာရင်တောင်၊ကိုယ့်လူသူ့ဖက်သားမဖြစ်သွားအောင်တော့လုပ်ဖို့လိုလိမ့်မယ်။

ကိုယ့်လူသူ့ဖက်ပါသွားရင်တော့၊ကိုယ်ပဲပိုအထိနာတယ်။ဒါဟာလည်းလူမျိုးစုလက်နက် ကိုင်တွေနအဖနဲ့အပစ်အခတ်ရပ်ပြီး၊ပူးပေါင်းသွားတဲ့အချိန်ကနေအခုအချိန်အထိဘယ် လောက်နာနေကြသလဲဆိုတာ၊ကာယကံရှင်အဖွဲ့အစည်းတွေအသိဆုံးပါပဲ။

အပြည့်အစုံသို့...

Exiled Dissident Visits Burma

Exiled Dissident Visits Burma

--------------------------------------------------------------------------------
By WAI MOE Friday, September 5, 2008

--------------------------------------------------------------------------------
E-MAIL
PRINT
TEXT SIZE
An exiled Burmese dissident who recently traveled back to his troubled homeland said that the purpose of his visit was to gain a better understanding of the economic and humanitarian challenges facing the country, not to talk politics.

Zaw Oo, head of the Vahu Development Institute, based in Chiang Mai, Thailand, told The Irrawaddy that he made a four-day trip to Burma in July as an economist interested in the weaknesses exposed by Cyclone Nargis, the biggest natural disaster to strike the country in generations.


Zaw Oo, head of the Vahu Development Institute
The prominent exiled dissident added that he did not discuss politics during his visit. He also confirmed that he was planning to return to Burma again in the near future.

Returning to Burma for the first time in nearly two decades, Zaw Oo said he was saddened by the widespread poverty that he witnessed there.

As a former policy advisor to the National Coalition Government of the Union of Burma (NCGUB), the government in exile, and director of the Burma Fund, the NCGUB’s think tank, he was once an outspoken opponent of the regime. He was also a leader of the All Burma Students’ Democratic Front, an insurgent group formed by Burmese students in 1988.

Some Burmese activists in exile compared Zaw Oo’s trip to one made by Zarni, co-founder of the Free Burma Coalition, in May 2004. Sources close to the Burmese authorities said, however, that the two trips were handled very differently by officials.

During his one-day trip, Zarni met with high-ranking military intelligence officers, including members of a think tank formed by Brig-Gen Than Tun and Col Hla Min, deputies of the former spy chief Gen Khin Nyunt.

Zaw Oo, by contrast, met mainly with lower ranking figures, including an officer of the Military Security Affairs, which replaced the Military Intelligence Service after the ouster of Gen Khin Nyunt in Oct 2004. Sources also said that Zaw Oo faced some problems applying for a visa.

Zaw Oo denied this, and said that he was well-treated by the authorities when he was in Burma. He said that he met with all of the officials he needed to meet, adding, however, that the meetings were not held formally.

He declined to provide any details about the ranks of the officials he met.

Yin Yin Oo, the sister of Deputy Foreign Minister Kyaw Thu and an official with the Ministry of Foreign Affairs, reportedly played a significant role in helping Zaw Oo to get a visa, according to sources in Rangoon.

Zaw Oo said that his trip wasn’t like Zarni’s because he didn’t go to Burma to talk about politics. “I only talked about Nargis and economic issues there,” he said.

He said that the impact of Cyclone Nargis made many government officials realize that there is a need for change. He added that UN relief experts now have ministerial-level access to the government.

He also said that his trip made him realize that many exiles don’t have a complete picture of the situation inside Burma.

အပြည့်အစုံသို့...