Tuesday, September 2, 2008

မြန်မာအမျိုးသမီးငယ်တဦးကို၊မြန်မာလူငယ်များကမုဒိန်းကျင့်၊သတ်ဖြတ်

စက်တင်ဘာ ၁ ၊ ၂၀၀၈
ထိုင်း၊မြန်မာနှစ်နိုင်ငံကြားမှာနယ်ခြားမျဉ်းအဖြစ်တည်ရှိနေတဲ့၊သောင်းရင်းမြစ်အတွင်းကရေလယ်ကျွန်းမှာနေထိုင်တဲ့အသက် ၂၄ နှစ်အရွယ်မြန်မာမိန်းခလေးငယ်တဦးကိုအဲဒီကျွန်းမှာ နေထိုင်တဲ့၊မြန်မာလူငယ် ၃ ဦးက၊စက်တင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီခန့် မှာမုဒိန်းကျင့်
သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။
မုဒိန်းကျင့်သူမြန်မာလူငယ်တွေဟာအမျိုးသမီးငယ်ရဲ့အလောင်းကိုသောင်ရင်းမြစ်ထဲမျှောချ
ပြီးတော့၊ ဖျောက်ဖျက်ပြစ်ဖို့ ကြိုးစားနေတာကို၊ မကြေနပ်ကြတဲ့ကျွန်းပေါ်မှာနေသူတွေက မဲဆောက်ကမြန်မာအသိုင်းအ၀ိုင်းကိုအကြောင်းကြားပေမဲ့၊ညနက်ချိန်မှာဘယ်သူမှာသွားပြီး
ကူညီနိုင်ခြင်းမရှိပါဘူး။
ဒါကြောင့်၊မဲဆောက်ကမြန်မာအသိုင်းအ၀ိုင်းကထိုင်းအာဏာပိုင်တွေကိုတိုင်ကြားပေးခဲ့ပါ တယ်။
သောင်းရင်းမြစ်အတွင်းကရေလယ်ကျွန်းကို၊ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံစလုံးကပိုင်ပေမဲ့၊မြ၀တီ ဖက်ကလာတဲ့၊မြန်မာနိုင်ငံသားတွေပဲ၊အဲဒီကျွန်းပေါ်မှာနေထိုင်ကြပါတယ်။
ရေလယ်ကျွန်းပေါ်မှာနေထိုင်သူတွေဟာအစုနှစ်စုခွဲပြီးနေထိုင်ကြပါတယ်။ကျွန်းရဲ့မြောက် ဖက်အခြမ်းမှာနေထိုင်ကြသူတွေဟာ၊ကုန်ထမ်းခြင်း၊စားသောက်ဆိုင်ဖွင့်ရောင်းချခြင်းဖြင့်အသက်မွေဝမ်းကြောင်းပြုကြပေမဲ့၊ကျွန်းရဲ့တောင်ဖက်အခြမ်းမှာနေတဲ့အစုကတော့၊ရာဘစတဲ့မူယစ်ဆေးဝါးရောင်းဝယ်ခြင်း၊လူယက်ခြင်းစတဲ့ရာဇ၀တ်မှုတွေကိုကျူးလွန်သူတွေဖြစ်ပါ တယ်။
အဲဒီလူတွေကိုမြ၀တီကမြန်မာအာဏာပိုင်တွေကသတင်းပေးတွေအဖြစ်မွေးထားကြတဲ့အတွက်၊သူတို့ ကိုထိုင်းအာဏာပိုင်တွေကလည်းအရေးယူနိုင်ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့လပိုင်းတုံကလည်းနယ်စပ်ကိုအလည်လာတဲ့ထိုင်းသစ်တောဌာနက၀န်ထမ်းတဦး
ကိုရိုက်ပြီးတော့၊သူ့ ရဲ့ဒီဂျီတယ်လ်၊ကင်မရာကိုလုပြေးသွားပါတယ်။
အဲဒီတရားခံတွေဟာမြ၀တီဖက်ကိုထွက်ပြေးတိမ်းရှောင်သွားပေမဲ့၊မြန်မာအာဏာပိုင်တွေက။တရားခံတွေကိုဖမ်းပေးတာမရှိသလို၊မြန်မာဖက်မှာလည်းအရေးယူခြင်း၊မရှိပါဘူး၊
မြ၀တီမြို့ ခံတွေပြောတာက၊အဲဒီတရားခံတွေဟာမြန်မာအာဏာပိုင်တွေက။သတင်းပေးအ ဖြစ်အသုံးချနေသူတွေဖြစ်တာကြောင့်အရေးမယူတာလို့ ပြောပါတယ်။
ရေလယ်ကျွန်းပေါ်ကလူဆိုးတွေဟာ။ကျွန်းပေါ်ကမြန်မာနိုင်ငံသားတွေကိုအနိုင်ကျင့်နေသလို၊နှစ်နိုင်ငံချစ်ကြည်ရေးကိုပျက်ပြားစေမယ့်အမှုတွေကိုလည်းကျူးလွန်နေကြတယ်လို့  ကျွန်းပေါ်မှာနေထိုင်ကြတဲ့မြန်မာနိုင်ငံသားတွေကပြောပါတယ်။

No comments: