Sunday, September 14, 2008

ကိုယ့်လူတယောက်၊သူ့ ဖက်ပါသွားပြီလား

ဆန်းဒေး

မြန်မာနိုင်ငံ၊အမျိုးသားညွန့်ပေါင်းအစိုးရရဲ့မူဝါဒရေးရာအကြံပေးဟောင်း၊ ဗမာ့ရံပုံငွေအဖွဲ့ရဲ့ညွှန်ကြားရေးမှူး၊ကိုဇော်ဦးတယောက်နအဖ၊ဖက်ကိုပါသွားပြီးလား။

ကိုဇော်ဦးမြန်မာနိုင်ငံကိုသွားတာ၊ဇူလိုင်လတုံးကပါ။အခုစက်တင်ဘာလမှာမှဧရာဝတီကရေးလို့အားလုံးသိကြတာပါ။ဒါမှမဟုတ်ရင်လည်းဘယ်သူမှသိကြမှာမဟုတ်ပါဘူး။

ကိုဇော်ဦးကဧရာဝတီကိုပြောရာမှာနာဂစ်နဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးအကြောင်းသွားလေ့ လာတာလို့ဆိုတာပဲ။

တတိယနိုင်ငံကိုအခြေချဖို့ထွက်ခွာသွားတဲ့သူတွေကလည်း၊သူတို့သား၊သမီးတွေရဲ့အနာ ဂါတ်၊ပညာရေးတွေကိုအကြောင်းပြသလို၊သူတို့ကိုယ်တိုင်လည်း၊့မြန်မာနိုင်ငံရဲ့နယ်စပ်ကို တရားဝင်ပြန်လာပြီး၊နိုင်ငံရေးလုပ်နိုင်အောင်၊တတိယနိုင်ငံတွေကအထောက်အထားတခုခုရဖို့ စတဲ့၊အကြောင်းပြချက်အမျိုးမျိုးနဲ့သွားကြတယ်လေ။

မြန်မာနိုင်ငံကိုပြန်တဲ့သူကော၊တတိယနိုင်ငံကိုသွားတဲ့သူတွေမှာပါ၊သူ့အကြောင်းပြချက်နဲ့ သူရှိကြတာပဲနော်။လွန်ခဲ့တဲ့အနှစ်၂၀လောက်ကနေအခုအချိန်အထိတတိယနိုင်ငံကိုသွား တဲ့သူတွေတတပ်တအားနဲ့ပြန်လာလုပ်ကြတာတွေကောတွေ့ရပြီလား။

အင်း…သူတို့ဘာကြောင့်သွားကြသလဲဆိုတာကိုတော့၊ကာယကံရှင်တွေကိုယ်တိုင်ပဲသိကြမှာပါ။

အွန်လိုင်းမှာကိုဇော်ဦးမြန်မာနိုင်ငံကိုသွားတဲ့အကြောင်းကိုပြည်ပရောက်၈၈တွေအထဲက(က) အုပ်စုရဲ့အတွေး၊အခေါ်၊အယူအဆ၊မျှော်လင့်ချက်တွေလို့ဝေဖန်သုံးသပ်မှုတွေကိုလည်းတွေ့ရတယ်။

ဒီအုပ်စုတွေရဲ့ရည်ရွယ်ချက်ကဘာလဲ။နအဖကိုပူးပြီးတော့၊မြန်မာနိုင်ငံရဲ့နိုင်ငံရေးလမ်းစဉ်ကိုတဆင့်ချင်းပြောင်းလဲအောင်လုပ်မှာလား။

အဲဒါမျိုးဆိုရင်၊နည်းနည်းတော့၊ခက်မယ်လေ။လူမျိုးစုလက်နက်ကိုင်တွေ၊နအဖနဲ့အပစ်အ ခတ်ရပ်စဲရေးလုပ်တုံးက၊ပူးပြီးလုပ်သွားမယ်။မြန်မာနိုင်ငံကလူမျိုးစုတွေအားလုံးအရေးကို တောင်ဆိုပေးမယ်လို့ပြောသွားကြတာပဲ။တကယ်တန်းကျတော့၊အဲဒီအဖွဲ့တွေအားလုံး ဟာ၊နအဖရဲ့အမျိုးသားညီလာခံအတွက်အသုံးခံလိုက်ရတယ်။ညီလာခံမှာတခြားလူမျိုးစု တွေအကျိုးအတွက်ပြောဖို့နေနေသာ၊သူတို့လူမျိုးစုတွေအတွက်တောင်၊ပါးစပ်ဟခွင့်မရခဲ့ တာ၊အားလုံးအသိပါပဲလေ။

လက်နက်ကိုင်ထားတဲ့လူမျိုးစုတွေပြောခွင့်မရပေမဲ့၊ပြည်ပမှာနေ့၊တိုးတက်တဲ့နိုင်ငံကြီးတွေ က၊ပညာတတ်ကြီးတွေမို့လို့နအဖ၊ကနေရာပေးမယ်လို့ကော၊မျှော်လင့်လို့ရပါ့မလား။

မဆလခေတ်တုံးက၊ကွန်မြူနစ်၊ဆိုရှယ်လစ်တွေကထောင်ကနားလည်မှုနဲ့ထွက်လာပြီး၊တမျိုး၊အလင်းဝင်ပြီးတဖုံ၊နည်းအမျိုးမျိုးနဲ့မဆလကိုချဉ်းကပ်ခဲ့ကြဖူးပါတယ်။

နောက်ဆုံးမှာတော့၊မဆလကိုပြောင်းလဲအောင်မလုပ်နိုင်တဲ့အပြင်၊သူတို့တွေကိုမဆလအ ကျိုးအတွက်၊မူဝါဒရေးဆွဲပေးရာမှာကော၊တပါတီစနစ်ဥပဒေပြုရာမှာပါတတပ်တအားနဲ့ပါဝင်ပြီးတော့၊မဆလထဲအရည်ပျော်ဝင်သွားပြီးတော့၊မဆလရဲ့အသီးအပွင့်တွေကိုခူးစားသွား ကြဘူးတာကိုလည်းမေ့လို့တော့၊မရဘူးပေါ့နော်။

ဒီအခြေအနေတွေကိုသုံးသပ်ပြီးတော့၊ကိုယ့်အကျိုးအတွက်လုပ်ကြမလား။တိုင်းပြည်နဲ့လူ မျိုးအကျိုးအတွက်လုပ်ကြမလားဆိုတာကိုကိုယ့်ဖါသာကိုယ်သုံးသပ်ပြီးဆုံးဖြတ်ကြပေါ့ဗျာ။

အတိုက်အခံတွေဖက်ကကော၊ဒီလိုလူတွေနဲ့ပြတ်စဲကြောင်းတွေလုပ်ကြမှာလား။သူ့လူ ကိုယ့်ဖက်သားမဖြစ်လာရင်တောင်၊ကိုယ့်လူသူ့ဖက်သားမဖြစ်သွားအောင်တော့လုပ်ဖို့လိုလိမ့်မယ်။

ကိုယ့်လူသူ့ဖက်ပါသွားရင်တော့၊ကိုယ်ပဲပိုအထိနာတယ်။ဒါဟာလည်းလူမျိုးစုလက်နက် ကိုင်တွေနအဖနဲ့အပစ်အခတ်ရပ်ပြီး၊ပူးပေါင်းသွားတဲ့အချိန်ကနေအခုအချိန်အထိဘယ် လောက်နာနေကြသလဲဆိုတာ၊ကာယကံရှင်အဖွဲ့အစည်းတွေအသိဆုံးပါပဲ။

3 comments:

Anonymous said...

ကျမကတော့ ဇော်ဦး သတင်းကိုဖတ်ပြီး နားမလည်နိုင်စရာတွေ အများကြီးပဲ ။

အေဘီကို လက်နက်ကိုင် သူပုန်အဖွဲ့ လို ကြေငြာထားတဲ့ နအဖက အေဘီခေါင်းဆောင်ဟောင်းဖြစ်ဖူးတဲ့သူကို ဘာလို့ ၀င်ခွင့်ပေးတာလဲ ။

နာဂစ်အကြောင်း နဲ့ economic issues သွားဆွေးနွေးတယ်ဆိုရင် အဲဒီ ဆွေးနွေးတာတွေရဲ့ report က ဘယ်မှာလဲ ။ လူသိရှင်ကြား report နဲ့ မထုတ်ပြန်ရင်တော့ သူ ပြန်သွားတာဟာ သူ ပြောသလို နာဂစ်နဲ့ စီးပွားရေးအခြေအနေ တကယ်တန်းမဆွေးနွေးပဲ တခြားအရာတွေပါလာလားဆိုတာ ထင်မှား တွေးတောစရာပဲ ။

ဇော်ဦးဟာ မြန်မာပြည်ထဲကို ပြန်မ၀င်ခင် ဒီ နာဂစ်နဲ့ စီးပွားရေးကိစ္စတွေအကြောင်း တခြားပြည်ပက ဘယ်အဖွဲ့ အစည်းတွေနဲ့များ ဆွေးနွေးခဲ့သလဲ ။ If he had gone to Burma w/o consolidating any opinion of the related overseas groups, I must say that I find it extremely difficult to imagine how much can he gain out of his so-called discussions with the SPDC officers.

ခင်မင်းဇော် said...

ကျမလဲ ဒီလိုသွားတာ သဘောမကျဘူး။ ကိုယ့်လူ သူ့ဖက်သားဖြစ်သွားတာတွေချည်း ကြုံဖူးတော့လေ။ တကယ်ပဲ နာဂစ်နဲ့ စီးပွားရေး ကိစ္စပဲ ဖြစ်စေဦးတော့ ၊ နအဖ ဆိုတာ ဘယ်လိုမှ ယုံကြည်နိုင်စရာ မရှိသူတွေလေ။ ပြီး သူခုလို ပြန်လို့ရတာအတွက် ဘယ်လို နားလည်မှု အပေးအယူတွေ တည်ဆောက်လိုက်သလဲ ဆိုတာလဲ သိချင်သေးတယ်။ နအဖဆိုတာ အသာစီးမရရင် ဘာမှ လုပ်လေ့မရှိဘူးလေ။ ဦးအန်ဒါမန် တွေးတာတွေ သဘောတူတယ်။

kay said...

ဒီသတင်းဟာစိတ်ဝင်စားစရာ ကောင်းတာတော့အမှန်ပဲ။ ဧရာဝတီက ဖော်ထုပ်ပေးလို့..ဖတ်လိုက်ရတာပဲ။
တကယ်တော့လည်း..မဲပြာပုဆိုး တထည်ပါပဲ။
အားလုံး..တိုင်းပြည်ကို တကယ်ချစ်နိုင် ကြပါစေ လို့ပဲ ဆုတောင်းပါတယ်။