`ဘာလူမျိုးလဲ´
`ဘာနိုင်ငံသားလဲ´
ဒီမေးခွန်းတွေကို အပြင်ရောက်နေတဲ့ မြန်မာလူမျိုးတွေ ကြားဖူးနေကျ မေးခွန်းဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် နေထိုင်ခွင့်ပုံစံကို အမျိုးမျိုးခွဲထားတဲ့ စင်္ကာပူလိုနိုင်ငံမှာ ပိုကြားရပါလိမ့်မယ်။ အချို့လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စင်္ကာပူနိုင်ငံသားကိုပြောင်းယူသွားကြတဲ့လူတွေ အများကြီးပါ။ အပေါ်ယံမှာကြည့်ရင်တော့ `ဘာကြောင့်ပြောင်းကြတာလဲ´ဆိုသော မေးခွန်းကို နားမလည်ဖြစ်ကြပါလိမ့်မယ်။ စင်္ကာပူရဲ့အုပ်ချုပ်ပုံစည်းကမ်းအရ နေထိုင်ခွင့်ရထားတာချင်း မတူရင် စရိတ်တွေအားလုံးက မတူတာတစ်ချက် ၊ နိုင်ငံသားနှစ်ခုကို အတူတကွ ကိုင်ဆောင်ခွင့်မရှိတဲ့အချက်ရယ်ကြောင့် ပြောင်းသွားကြတာလို့ မြင်မိပါတယ်။ နေထိုင်ခွင့်တွေဖြစ်တဲ့ Student Pass ၊ Work Permit ၊ S Pass ၊ Permanent Resident & Singapore Citizenship အစရှိသဖြင့် အမျိုးမျိုးကွဲပြားမှုတိုင်းမှာ စရိတ်တွေအားလုံးကလည်း မတူကြပါဘူး။ အကွာခြားဆုံးကတော့ စင်္ကာပူလူမျိုးခံယူထားသူနှင့် အခြားနေထိုင်ခွင့်ကိုရထားသူတွေအားလုံးပါ။ အိမ်ဝယ်စရိတ် ၊ ဆေးကုသစရိတ် ၊ ကျောင်းစရိတ် အစရှိသဖြင့် အားလုံးကွာခြားပါတယ်။ ကွာခြားပုံခြင်းက အတော်ကွာခြားတာကိုလည်း သတိပြုမိကြပါလိမ့်မယ်။ မြန်မာနိုင်ငံဘက်မှာ ကွာခြားချက်ကတော့ စင်္ကာပူလူမျိုးခံယူလိုက်ရင် မြန်မာသံရုံးကိုနှစ်စဉ်ပေးဆောင်ရတဲ့ အခွန်စရိတ်များ မရှိတော့ခြင်းပါ။ စင်္ကာပူနှင့် မြန်မာပြည် နှစ်ဘက်လုံး အခြေအနေတွေကြောင့် စင်္ကာပူနိုင်ငံသား ပန်းရောင်ကဒ်ကလေးကို ပြောင်းလဲသွားကြတာ များပါတယ်။ စင်္ကာပူရဲ့ ခွဲခြားဆက်ဆံတဲ့ စံနစ်ကလည်း လူတွေကို နိုင်ငံသားပြောင်းလဲဖို့ အခွင့်အရေးရရင် ပိုမိုတိုက်တွန်းနေသလို ဖြစ်နေတတ်ပါတယ်။
ကျွန်မရဲ့မျက်လုံးထဲမှာတော့ `ဘာနိုင်ငံသားခံယူထားလဲ´ဆိုတဲ့ မေးခွန်းထက် `ဘာလူမျိုးလဲ ၊ ဘာတွေလုပ်နေလဲ ၊ ဘယ်လိုမျိုးစိတ်ဓါတ်ရှိလဲ´ဆိုတာကို ပိုမိုစိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့ အလုပ်တွဲလုပ်တော့မယ်ဆိုရင် ဘယ်နိုင်ငံသားခံယူထားလဲက ကျွန်မအတွက်တော့ သိပ်အရေးမကြီးလှပါဘူး။ သူ့ရဲ့လုပ်ဆောင်မှုအတိုင်းအတာကိုပဲ ကျွန်မက ကြည့်တတ်ပါတယ်။ မြန်မာလူမျိုးစစ်စစ်ဖြစ်ပြီး မြန်မာနိုင်ငံသားတွေဖြစ်တဲ့ နအဖ အသိုင်းဝိုင်းတစ်ခုလုံးက မြန်မာပြည်သူလူထုကို နှိပ်စက်နေကြတာထက် မြန်မာနိုင်ငံသားမဟုတ်တော့တဲ့ မြန်မာလူမျိုးပဲဖြစ်ဖြစ် ၊ အခြားလူမျိုးခြားပဲဖြစ်ဖြစ် ..မြန်မာပြည်ကောင်းဖို့အတွက် လုပ်ဆောင်နေကြရင် .. အဲဒီလူမျိုးတွေကို ပိုမိုကြိုဆိုပါတယ်။ အထူးသဖြင့် ကျွန်မတို့ မြန်မာအသိုင်းဝိုင်းက မြန်မာလူမျိုးအချို့က သဘောထားသိပ်မကြီးကြဘူး ။ နိုင်ငံသားနှစ်ခုကို အတူကိုင်ဆောင်ခွင့်မရှိတဲ့ စင်္ကာပူလိုနိုင်ငံမျိုးမှာ စင်္ကာပူနိုင်ငံသားခံယူထားပြီး မြန်မာ့အရေးတွေ တတ်နိုင်သမျှ ၀င်ရောက်ကူညီရင် အသိမှတ်သိပ်မပြုချင်သူတွေ ရှိပါတယ်။ တကယ်တော့ ဒီအတွေးအခေါ်က သိပ်နောက်ကျလွန်းပါတယ်။ စင်္ကာပူနိုင်ငံသားကိုခံယူထားပြီး မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် တကယ်လုပ်နေသူတွေကို ဘာမှစွန့်လွှတ်ခြင်း ၊ ခံရခြင်းတွေ မရှိဘူးလို့ အပေါ်ယံသတ်မှတ်သူတွေရှိပါတယ်။ ကျွန်မစိတ်ထဲမှာတော့ အဲဒီလို မမြင်မိပါဘူး။ အဲဒီလိုလူမျိုးတွေမှာ စတေးရတာရှိပါတယ်။ သူဟာ စင်္ကာပူနိုင်ငံသားဖြစ်သွားတဲ့အတွက် မြန်မာ့အရေးကို မျိုးချစ်စိတ်ဓါတ်နှင့် ၀င်ရောက်လုပ်ကိုင်ချိန်မှာ ယုတ်မာတဲ့စစ်အာဏာရှင်အုပ်စုတွေ ဒုက္ခပေးလာရင် မြန်မာပြည်ပြန်ဝင်ခွင့် အခွင့်အလမ်း နည်းပါးသွားပါတယ်။ ဒါဟာ ထိုလူတွေအတွက် ကြီးမားသော ဆုံးရှုံးမှုပါ။ မြန်မာလူမျိုးတိုင်း အမိမြေမှာ ဆွေမျိုး အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ဆိုတာရှိပါတယ်။ အားလုံးဟာ မိမိရပ်ရွာဒေသနှင့်တော့ ခွဲချင်စိတ်မရှိကြပါဘူး။
အချို့နေရာတွေမှာ မိမိရဲ့ မိသားစု ဘ၀အခြေအနေတွေအားလုံးနဲ့ ဆုံးဖြတ်ရတာတွေရှိပါတယ်။ အရိုးစွဲနေတဲ့ အတွေးအခေါ်ဟောင်းကြီးကိုတော့ ပစ်ပယ်သင့်ပြီလို့ ကျွန်မယူဆပါတယ်။ ကျွန်မ ဒီလိုပြောတော့ `မြန်မာပြည်မှာ မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေလျော့နည်းသွားမှာပေါ့´ဆိုပြီး ပြန်တိုက်ခိုက်ချင် တိုက်ခိုက်ကြပါလိမ့်မယ်။ စာရွက်ပေါ်က ပြောင်းလဲပေါ်တစ်ခုဟာ ရွေးကောက်ပွဲဝင်မရတာ ၊ မဲပေးမရတာကလွဲရင် ကျန်တဲ့အပိုင်းတွေမှာ လုံးဝဆုံးရှုံးသွားတယ်လို့ မမြင်မိပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အခြေအနေ ၊ ဖြစ်တည်နေပုံတွေက မတူညီကြပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားပြီး မြန်မာပြည်အတွက် မျိုးချစ်စိတ်နဲ့လုပ်ကိုင်ပေးနေတယ်ဆိုရင် ကျွန်မတို့ လေးစားအသိမှတ်ပြုပေးရမှာပါ။ စင်္ကာပူတင်မဟုတ် နှစ်နိုင်ငံသားခံယူလို့မရတဲ့ အခြားနိုင်ငံမှာ လူမျိုးခြားနိုင်ငံသားခံယူထားတဲ့ မြန်မာတွေအနေနှင့်လည်း တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဘ၀အခြေအနေတွေပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့အားလုံးဟာ လူတွေအားလုံးရဲ့မတူညီတဲ့ ဘ၀အခြေအနေတွေပေါ်မှာ စာတန်းတစ်ခုတည်းနဲ့ ပုံသေသွားသတ်မှတ်လို့မရပါဘူး။ ဒါကို နားလည်သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။ အမြင်ကျယ်ပြီး လူ့အခွင့်အရေးကိုစာနာ ၊ တရားမျှတမှုကိုမြတ်နိုး ၊ ဒီမိုကရေစီစနစ်ကို အမှန်တကယ်ကျင့်သုံးမည့်အစိုးရဟာ အခြားနိုင်ငံသားခံယူထားသော မြန်မာများကို တစ်နေ့ မြန်မာပြည်မှာ `ပြည်တော်ပြန်´များအဖြစ် ပြန်လည်လက်ခံမယ်ဆိုတာ အခြားနိုင်ငံသားခံယူထားသူအားလုံးအတွက် ကျွန်မ ယုံကြည်မိပါတယ်။
`မြန်မာဟာ မြန်မာပဲ´ဆိုတာ မှန်ပါတယ်။ အားလုံးဟာ ဘယ်နိုင်ငံသားခံယူထားသည်ဖြစ်စေ မြန်မာပါလို့ ဖြေကြတာ များပါတယ်။ ဒါပေမယ့် စီးပွားရေးကိစ္စတွေအတွက် နိုင်ငံတကာလှည့်လည် ခရီးသွားချိန် ၊ အရှေ့ အနောက် တောင် မြောက် ကူးနေရချိန်တွေမှာ လေဆိပ်တစ်ခုကိုဝင်လို့ မြန်မာအနီရောင်ပါ့စ်ပို့ကြောင့် ဘေးဖယ်တန်းစီခံနေရတာတွေ ၊ ပိုမိုစစ်ဆေးတာတွေ ၊ ကြည့်ကြတဲ့မျက်လုံးတွေရဲ့အရောင်တွေအားလုံးအောက်မှာ မြန်မာလူမျိုးအားလုံးခံစားချက်တွေကတော့ တထပ်တည်းဖြစ်နေမှာပါ။ `မြန်မာဟာ မြန်မာပဲ ၊ မြန်မာပြည်မှာပဲ နေရမယ်´ စကားကို အမှန်တကယ်လက်တွေ့ကျင့်သုံးချင်ရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့အတွက် မြန်မာလူမျိုး မြန်မာနိုင်ငံသားတွေအားလုံးနှင့် အခြားနိုင်ငံသားခံယူထားသော မြန်မာလူမျိုးများအားလုံးမှာ တာဝန်ကိုယ်စီရှိနေကြောင်း မမေ့မလျော့ လုပ်ဆောင်ကြဖို့က အများကြီးပိုအရေးကြီးပါတယ်။
လင်းလက်ကြယ်စင်ဘလော့ဂ်မှကူးယူဖေါ်ပြသည်။
Sunday, January 27, 2008
လူမျိုးနှင့်နိုင်ငံသား
Posted by Andaman Hero at 11:59 AM 0 comments
Labels: opinion
Monday, January 21, 2008
တကယ့်ကို မလွယ်ပါလား
စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P
လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း
သူတောင်းစား လေးတွေက
တတွတ်တွတ် တောင်းကြတယ်
ရုပ်ရှင်ကြည့်တိုင်းလည်း
ဗုံးပေါက်မလားရယ်ပဲ
ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ်
ဓာတ်ပုံရိုက်တိုင်းလည်း
Police လေးတွေက
အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ်
Bus Car တွေ စီးတိုင်းလည်း
စပယ်ယာလေးတွေက
လက်တဆော့ဆော့နဲ့ လုပ်ကြတယ်
လက်မှတ် ၀ယ်တိုင်းလည်း
အရောင်းသမားလေးတွေက
မှောင်ခိုရှိုတိတ် လုပ်ကြတယ်
ဘုရားတွေ သွားတိုင်းလည်း
ဂေါပက လူကြီးတွေက
ပတ်လည် ချက်စား လုပ်ကြတယ်
လေဆိပ်တွေ ရောက်တိုင်းလည်း
လ၀က လေးတွေက
လက်ဆောင်ပါလား မေးကြတယ်
အမှုတွေဖြစ်တိုင်းလည်း
ရဲရဲ လေးတွေက
လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ်
ကျောင်းတွေ အပ်တိုင်းလည်း
ကျောင်းအုပ်ကြီးတွေက
ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ်
နိုင်ငံခြားကို ရောက်တိုင်းလည်း
အပေါင်းအသင်းလေးတွေက
ဗမာဆို နှာခေါင်း ရှုံ့ကြတယ်
အင်တာနက်တွေ သုံးတိုင်းလည်း
ပြိတ္တာလေးတွေက
အကုန်လုံးနီးပါး ဘန်းကြတယ်
ပွဲတွေလုပ်တိုင်းလည်း
ရပ်ကွက်ရုံးတွေက
တစ်အိမ်တစ်ယောက် လိုက်ကောက်တယ်
စလောင်းတွေကြည့်တိုင်းလည်း
လူ့ငနွားလေးတွေက
အခွန် အခွန်ဆိုပြီး ကောက်ကြတယ်
ဆေးရုံတက်တိုင်းလည်း
ဒေါက်ဒေါက် (ဒေါက်တာ) လေးတွေက
ဆေးဖိုးဝါးခ တောင်းကြတယ်
ကုန်ဈေးနှုန်းတွေ တက်တိုင်းလည်း
ဘဘကြီးတွေက
မဆိုင်သူခေါ်ပြီး နှိပ်စက်တယ်
ဖုံးတွေ ဆက်တိုင်းလည်း
ဖုံးထဲက အသံများ
"လူကြီးမင်း" လို့ အမြဲပြောတယ်
ဖုံး၊ မီတာများလည်း
လျောက်ရတော့တာက
ဒီတစ်နိုင်ငံပဲ ရှိတော့တယ်
ည အိမ်ပြန်တိုင်းလည်း
မီးစက်နှိုးသံများ
တဒုတ်ဒုတ်နဲ့ ကြားရတယ်
အိပ်ရာဝင်တိုင်းလည်း
ရပ်ကွက်သီချင်းများ
မနေနိုင်အောင်ပဲ နှိပ်စက်တယ်
အို ... အိုအို့ ... အိုး
နေရာချင်းတော့ မလဲပါဘူး ... သခင်မျိုးတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ
ဒါပေမဲ့လည်း ... မြန်မာပြည်မှာ လူဖြစ်ရတဲ့အဖြစ်ဟာ တကယ့်ကို မလွယ်ပါလား
© Chan Mya Soe @ www.cmsmdy.blogspot.com
ကျန်းမာပျော်ရွှင်ပါစေ :)
14.1.08 Labels: CMS , Song
ကိုချမ်းမြစိုးရဲ့ ဘလော့ဂ်မှကူးယူဖေါ်ပြသည်။
Posted by Andaman Hero at 2:46 PM 0 comments
Labels: သီချင်း
Thursday, January 10, 2008
၁၉၇၄ အလုပ်သမားအရေးအခင်း ( ဆင်မလိုက်သင်္ဘောကျင်းတိုက်ပွဲ )
Posted by Andaman Hero at 11:45 PM 1 comments
Labels: ဆောင်းပါး
Tuesday, January 1, 2008
နအဖ က ဟောဒီနိုင်ငံတွေဆီကနေလက်နက်တွေဝယ်ယူပြီးတော့၊ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကိုသတ်နေတာပေါ့။
Posted by Andaman Hero at 3:41 PM 0 comments
Labels: ဖြန့် ဝေခြင်း