ငုနှင့်ပိတောက် နွေမှာလှိုင်၊ စုနှင့်ခမောက် မေမှာနိုင်
ပုရစ်ဖူးတို့ နွေမှာဝေ၊ စစ်ဘီလူးတို့ မေမှာသေ
Wednesday, April 30, 2008
တဘောင်
Posted by
Andaman Hero
at
1:24 PM
0
comments
Wednesday, April 23, 2008
Tuesday, April 22, 2008
အမွေ
နေ၀င်လိုက် ၊ လထွက်လိုက်နဲ့ 
နှစ်တွေသာ ၊ အလီလီပြောင်းခဲ့တယ်။
မင်းတို့ အဖိုး ၊ မင်းတို့ အဖေတွေ
ကယ်တင်ရှင်ကိုစောင့်ရင်း ၊ အိပ်မက်ထဲအချိန်ကုန်ခဲ့တယ်။
မင်းတို့ ခေတ် ၊ ဂလိုဘယ်လိုက်မှာ
စစ်ဘီလူးတွေကိုဖယ်ရှားနိုင်ကာမှ
တို့ တိုင်းပြည်အနာဂါတ် ၊ အာရှမှာရင်ဘောင်တန်းနိုင်မယ်။
မင်းတို့ လည်း ၊ စိတ်ကူးယဉ်ပြီး
ပိုက်တရာ ၊ ဘောဒ်ဂါနဲ့ အချိန်ဖြုန်းနေရင်
စစ်ကျွန်ဘ၀ဆိုးမွေကိုသာ ၊ မင်းတို့ သား ၊ မြေးတွေကို
လက်ဆင့်ကမ်းနိုင်မှာ။
အိုက်စံ မွန်းလွဲ ၃း၁၅ ( ၂၃ ၊ ၁၁ ၊ ၂၀၀၇ )
Posted by
Andaman Hero
at
1:51 AM
0
comments
Labels: poem
ထွက်ရပ်
ဒုက္ခ တာရှည်
တို့ တတွေ
သက်စွန့် ရုန်းထွက်ကြ။
အိုက်စံ
မွန်းလွဲ ၂း ၀၀ ( ၂၃ ၊ ၁၁ ၊ ၂၀၀ရ )
Posted by
Andaman Hero
at
1:49 AM
0
comments
Labels: poem
အာဏာရှင်တွေရဲ့နေ၀င်ချိန်
ဥဒယ
မလွတ်လပ်ခဲ့ကြတာက ၊ လွတ်လပ်ရေးရကထဲကပေါ့၊
အကြံဥာဏ်တွေပက်စက် ၊ လိုချင်ရင်တိုက်ဟဲ့လို့ ၊
အာဏာရုးတွေ ၊ ရန်မီးမွှေးခဲ့ကြလို့ ပေါ့ ။
အမိမြေဟာဒါဏ်ရာဗလပွ ၊ ညီနောင်တွေကွဲကြ ၊
ငါမနိုင်ရင် ထပ်ပြီးရွေး ၊ ပွေလိမ်ရှုပ်တဲ့မျိုးစေ့ ၊
ချခဲ့တာ နိုင်ငံရေးပဏ္ဍိတ ၊ အဲဒီကထဲကပေါ့ ။
အစမကောင်းလို့ ၊ အနှောင်းမသေချာ ၊
လက်ထောက်ချလို့  ၊ စစ်ခွေးကိုလမ်းပြ ၊
ဓါးပြတိုက်ခံလိုက်ရတာ ၊ တို့ ဘိုးဘွားအိမ်ပေါ့ ။
ဇူလိုင် စက်တင်ဘာ ၊ အဖိုးကနေမြေး ၊
ကျွန်သက်ကရှည် ၊ အရှုံးနဲ့ တိုက်နေရပေမဲ့ ၊
တော်လှန်တဲ့မျိုးဆက် ၊ တို့ လက်ထက်မှာ ၊
စစ်မျိုးကိုဖြုတ်ခဲ့မယ် ၊ မင်းတို့ ရဲ့နေ၀င်ချိန်ရောက်ပြီ .. ဟေ့ ….
၂၃.၁၂.၂၀၀၇ နံနက် ၂း ၀၅
မှတ်ချက် ။ ။ ဇူလိုင်သည် ၁၉၆၂ ဇူလိုင် ၇ ကိုဆိုလိုသည်။
စက်တင်ဘာသည် ၂၀၀၇ စက်တင်ဘာကိုဆိုလိုသည်။
Posted by
Andaman Hero
at
1:36 AM
0
comments
Labels: poem
Sunday, April 20, 2008
Saturday, April 19, 2008
Saturday, April 19, 2008
အနုပညာရှင်များ ဆက်တိုက် အဖမ်းအဆီးခံနေရ
အေးချမ်းမြေ့ | ဧပြီ ၁၈၊ ၂၀၀၈
မြန်မာစစ်အစိုးရသည် စက်တင်ဘာအရေးတော်ပုံနောက်ပိုင်းမှစ၍ နိုင်ငံရေးသမားများအပြင် ဒီမိုကရေစီအရေးကိစ္စရပ် များတွင် ပါဝင်ကူညီခဲ့သူ နာမည်ကြီးအနုပညာသည်များကိုပါ ဆက်တိုက် ဖမ်းဆီးလျှက်ရှိသည်။
ရန်ရန်ချန်း
ထိုသို့ ဖမ်းဆီးရာတွင် စာရေးဆရာများ၊ ကဗျာဆရာများ၊ အဆိုတော်များ၊ ဂျာနယ်လစ် များနှင့် အခြားသော အနုပညာနယ်ပယ်အသီးသီးမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သည်။
ယခုနောက်ဆုံး မြန်မာနိုင်ငံ၏ နာမည်ကြီးဟစ်ဟော့ အနုပညာရှင်တဦးဖြစ်သူ ရန်ရန်ချန်းကို ပြီးခဲ့သည့် သင်္ကြန်အတက်နေ့၊ ကြာသပတေးနေ့ နံနက်အစောပိုင်းက မုံရွာမြို့တွင် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒေသခံတဦး၏ ပြောပြချက်အရသိရသည်။
ရန်ရန်ချန်းနှင့်အတူ ၎င်း၏ အမျိုးသမီးမိတ်ဆွေမမီးမီးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း ထိုဒေသခံ ကဆက်ပြောသည်။
ရန်ရန်ချန်း၏ သူငယ်ချင်းဖြစ်သူ ဟစ်ဟော့အနုပညာသမားတဦးဖြစ်သည့် ဇေယျာသော် အဖမ်းအဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ၎င်းတို့ ဟစ်ဟော့အဖွဲ့ဝင်များကို စစ်အစိုးရက စောင့်ကြည့်နေသဖြင့် မမီးမီး၏ သူငယ်ချင်း နေအိမ်ရှိရာမုံရွာမြို့သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရန်ရန်ချန်း၏ သူငယ်ချင်းအဆိုတော်တဦးက ပြောပြသည်။
ဇေယျာသော်ကို ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီး အင်းစိန်ထောင်တွင်ချုပ်နှောင်ထားကာ ယခုချိန် ထိတရားရုံးသို့ မတင်သေးကြောင်း ၎င်းကဆက်ပြောသည်။
ရန်ရန်ချန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ဟော့အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ဝင်တဦးဖြစ်ပြီး ထိုအဖွဲ့ကို ရန်ရန်ချန်းနှင့် အခြားသူငယ်ချင်းများဖြစ်ကြသော အနဂ္ဃ၊ ဇေယျာသော်၊ ဟိန်းဇော်တို့နှင့် အတူ ၂၀၀၀ ပြည့် နှစ်ကုန်ပိုင်းတွင် စတင်ထူထောင်ခဲ့ကြသည်။
မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားမှုများတွင် အားပေးကူညီသည့် အနုပညာရှင်များနှင့် ဘလော့ဂါအများအပြားကို စက်တင်ဘာအရေးအခင်းနောက်ပိုင်း ဆက်တိုက်ဖမ်းဆီးခဲ့ရာ ယခုအခါ ပြည်လုံးကျွတ်ဆန္ဒခံယူ ပွဲနှင့် နီးကပ်လာချိန်တွင် မတိုင်မီ ဖမ်းဆီးမှုများပိုစိပ်လာခဲ့သည်။
၂၀၀၇ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း မြန်မာနိုင်ငံ၏ထင်ရှားသော ဂီတအနုပညာရှင်တဦးဖြစ်သူ ကိုဝင်းမော်နှင့် အခြားသော အဆိုတော်နှစ်ဦးတို့ လက်ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် စစ်အစိုးရက ဖမ်းဆီးသွား ခဲ့သည်။
ကိုဝင်းမော်သည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ထင်ရှားလာသော ရွှေသံစဉ်တေးဂီတအဖွဲ့၏ ဂီတမှူးဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံသော သီချင်းများ ရေးသားခဲ့သဖြင့် အဖမ်းအဆီးခံခဲ့ရခြင်းဖြစ်သည်။
ယခုနှစ် ဇန်နဝါရီလကလည်း နာမည်ကြီး ဘလော့ဂါတဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် အဖွဲ့ဝင် တဦး လည်းဖြစ်သူ ကိုနေဘုန်းလတ်ကို ဖမ်းဆီးခဲ့သည်။ ကိုနေဘုန်းလတ်သည် ရန်ကုန် ပန်းပဲတန်း မြို့နယ်တွင် အင်တာနက် ကဖေးဆိုင်တဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အင်တာနက်ကဖေးဆိုင်နှစ်ဆိုင် ဖွင့်ထားသူဖြစ်သည်။ [Top]
ယခင်သတင်းများ
Posted by
Andaman Hero
at
6:27 PM
0
comments
Labels: from irrawaddy website
Thursday, April 10, 2008
အအေးခန်းကားနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကိုခိုးဝင်ဖို့ ကြိုးစားတဲ့မြန်မာနိုင်ငံသား ၅၄ ဦး မွှန်းကျပ်သေဆုံး
မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့၊ထိုင်းနိုင်ငံ၊၇နောင်းမြို့ ကနေသား၊ငါးတင် တဲ့အအေးခန်းကားနဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကိုခိုးဝင်ဖို့ ကြိုးစားတဲ့မြန်မာနိုင်ငံသား ၁၂၁ ဦးအထဲက ၅၄ ဟာ မွှန်းကျပ်သေးဆုံးသွားပြီးတော့၊အသက်မသေပဲကျန်တဲ့ ၆၇ ယောက်အထဲက၊ လူ ၂၀ ကျော်ကိုလည်းဆေးရုံ တင်ထားရတယ်လို့ ထိုင်း တာဝန်ရှိသူတွေကပြောပါတယ်။
ဒီမြန်မာအလုပ်သမားတွေဟာထိုင်းနိုင်ငံနယ်စပ်ရနောင်းမြို့ ကနေတောင်ဖက်က ပင်လယ်ဆိပ်ကမ်းမြို့ ဖန်ငါးကို၊အလုပ်လုပ်ဖို့ သွားနေကြတာဖြစ်တယ်။
ထိုင်းရုပ်မြင်သံကြားသတင်းတွေမှာတော့၊ရနောင်းခရိုင်၊စုတ်စမ်ရန်မြို့ အ၀င်ဂိတ် မှာကားတွေကိုစစ်ဆေးနေတုံး၊သား၊ငါးတင်တဲ့အအေးခန်းကားတစင်းအထဲကလူ
တွေအော်သံကိုကြားလို့ ကားရဲ့အအေးခန်းကိုဖွင့်ပြီးစစ်ဆေးရာကနေတွေ့ ရှိတာ
လို့ ဖေါ်ပြသွားပါတယ်။
ယာဉ်မောင်းတွေကတော့၊ထွက်ပြေးသွားကြပြီးတော့၊သူတို့ ကိုဖမ်းဆီးဖို့ ထိုင်းတ ရားရုံးက၀ါးရမ်းထုတ်ထားပါတယ်။အသက်ရှင်ကျန်နေသူတွေကိုစုတ်စမ်ရန်ရဲစ
ခန်းမှာစစ်ဆေးမေးမြန်းနေပါတယ်။
သေဆုံးသူတွေရဲ့အလောင်းတွေကိုတော့၊ဆွေးမျိုးသားချင်းတွေကထိုင်းတာဝန်ရှိသူတွေကိုသွားဆက်သွယ်ပြီးယူယူနိုင်တယ်လို့ မြန်မာအလုပ်သမားတွေကိုအကူ ညီပေးနေတဲ့အဖွဲ့ ကပြောပါတယ်။
Posted by
Andaman Hero
at
6:36 PM
1 comments
Labels: သတင်း
Tuesday, April 8, 2008
အဖိုးထိုက်သူ
အေးစေ ၇.၄.၂၀၀၈
ဆန်ဆုံ၇င်စား ၊ ကံကုန်၇င်သွား ၊
အဖိုးထိုက်သူအမေမာ ၊ ၉၃ နှစ်မှာကံကုန်တာ ၊
သားတို့ ကစောသေးတယ်လို့ ထင်ပါတယ်။
အမေမာဟာ ၊ မြန်မာနိုင်ငံနဲ့ ပြည်သူတွေချမ်းသာ၊ ပျော်ရွှင်
ချစ်ခင်နေတာကိုမြင်ချင်သူ ၊ သားတို့ ပြည်ကိုအလုပ် အကျွေးပြုသူ ၊ တိုင်းပြည်ရဲ့မိခင်တဦးပါ ။
အမေမာဟာ အဖိနှိပ်ခံ ပြည်သူလူထုဘက်ကရပ်တည် ၊ အမှန်တရားအတွက်၊ တရားမျှတမှုအတွက်ကလောင်ဆွဲပြီး တိုက်ခိုက်လာတဲ့သူရဲကောင်းပါ။
ဖဆပလ ၊ မဆလ ၊ န၀တ နဲ့ နအဖ တွေကအမေရဲ့ကြိုးပမ်း မှုတွေကိုဖျက်ဆီးခဲ့ကြတယ် ။ လျစ်လျူရှု့ ခဲ့ကြတယ်။
အမေမာ ဟာ ၊ အိုကြီးချက်မအရွယ်တိုင်အောင်
လူ့ ဗာလတွေကိုဖျောင့်ဖျရတာလည်းအမော ။
ခုတော့ အမောဖြေရင်း ၊ အမေမာတမလွန်ကနေ ၊
မြန်မာနိုင်ငံအပြောင်းအလဲကိုစောင့်ကြည့်လှဲ့ ပါအမေ။
Posted by
Andaman Hero
at
9:34 AM
0
comments
Labels: ကဗျာ
Monday, April 7, 2008
အမေမာရဲ့ကွယ်လွန်ခြင်းဟာ။အမိမြန်မာနိုင်ငံအတွက်နှမြေသတတဖြစ်ရပါတယ်။
Posted by
Andaman Hero
at
10:21 PM
0
comments