မျှော်..အော်..ပျော်
မျှော်..မျှော်..မျှော်
တို့ ပြည်သူတွေ၊စုလို့မျှော်
အချုပ်အနှောင်တွေ၊မွန်းကြပ်တဲ့
တို့ပြည်တော်ကနေမျှော်။
အော်..အော်..အော်
တို့တတွေ၊စုလို့အော်
တိုက်တာတွေ၊မိုးမျှော်တဲ့
တိုင်းပြည်တွေကနေ၊အော်။
ပျော်..ပျော်..ပျော်
တပ်ချုပ်ကြီးတို့..ပျော်
နှစ်ဆယ့်ငါးနဲ့ငါးဆယ်ပေါင်းလို့
လွှတ်တော်မှာ၊ထိုင်မတဲ့..နော်။
ဂန္ဓ၀င်အောင်ကျော်ဦး
၁၂.၅.၁၀
Wednesday, May 12, 2010
ယနေ့ သတင်းများ ( မေလ ၁၂ ရက် ၂၀၁၀ )
Posted by Andaman Hero at 5:14 PM 0 comments
Labels: ကဗျာ
Monday, May 10, 2010
ယနေ့ သတင်းများ ( မေလ ၁၀ ရက် ၂၀၁၀ )
"ချန်ပီယံအစစ်"
လက်ပြန်ကြိုးတုတ်၊မျက်နှာအုပ်လို့
အပ်ပါးကပ်နဲ့ဝိုက်လက်သီးမကျန်
တတောင်လှန်တိုက်
အိုလူမိုက်။
သင်သာရိုးသား၊ယောက်ျားသားလျှင်
ခုန်ပျံကျော်လျှက်၊စင်ပေါ်တက်ခဲ့
လက်ခမောင်းသံ၊ဖြောင်းသံကိုပေး
ယောက်ျားဟေးလို
့စိန်ခေါ်ပါ။
မျှတညီအောင်၊ဒိုင်လူမောင်နဲ့
လူပုံဗိုလ်လယ်၊နွှဲတဲ့ပွဲမှာ
နိုင်သူသာလျှင်
ရွှေတံဆိပ်နဲ့ထိုက်တန်တယ်။
ဂန္ဓ၀င်အောင်ကျော်ဦး
၅.၉.၁၀
( ၂၀၁၀ ရွေးကောက်ပွဲကိုရည်ညွန်းသည်။)
"ခရစ်ကက်ပွဲ"
ရှည် တုတ် တို
အကြောင်းမဟုတ်
ရိုက်ချက်များရင်ဖြင့်
လိုရာကိုရောက်တယ်။
ပျိုမေအကြိုက်ဆုံးက
ရိုက်ချက်များတဲ့
ကိုကို ကို
ပန်းကုံးစွပ်မယ်တဲ့
ထူးတဲ့၊ခရစ်ကက်ပွဲ။
ဂန္ဓ၀င်အောင်ကျော်ဦး
၉.၅.၁၀
(ဟာသ ရသကဗျာ)
Posted by Andaman Hero at 4:53 PM 0 comments
Labels: ကဗျာ