သူငယ်ချင်းရေ
တော်ပါတော့ကွာ။ကိုယ့်အကြောင်းကိုယ်ပြောကြရအောင်ပါ။ဒို့သူငယ်ချင်းတွေသနားပါတယ်။ မင်းကိုတားတာမဟုတ်ပါဘူး။ငါမခံစားနိုင်လွန်းလို့ပါ။
အလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့(labour soldierity aka LS)ဆိုတာ၊အရင်
တုန်းက၊မင်းသစ်(ဆိပ်ကမ်းမြို့နယ်က၊ဦးမောင်ကို၊ခုနော်ဝေးမှာရောက်နေတဲ့၊ဒီဗီဘီက၊မိုးအေး
(နိုဘယ်နဲ့ထောင်ကျပြီး၁၀နှစ်ကျော်နေခဲ့တဲ့အောင်မိုးရဲ့မိန်းမဆွေဆွေရဲ့အဖေ)ဦးဆောင်တဲ့အဖွဲ့။
ဦးမောင်ကိုဆိုတာအင်းလျားရိပ်သာလမ်းထဲက၊သူဌေး။၁၉၈၈အရေးအခင်းမဖြစ်ခင်ကမြန်မာဆိပ်ကမ်း အာဏာပိုင်ဌာနကမန်နေဂျာ။မနေနိုင်မထိုင်နိုင်၊အရေးအခင်းမှာဝင်ပါပြီးတော့၊အင်အယ်ဒီဗဟိုအလုပ် သမားအဖွဲ့ရဲ့ကော်မီတီဝင်တောင်လုပ်လိုက်သေးတယ်။
နအဖကဖမ်းပြီးတော့၊စစ်ကြောရေးမှာနှိပ်စက်သမျှကိုကုန်းခံ။သုံးရက်မီးလွတ်စားပြီး၊ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့သူ။သေတဲ့အထိ၊ထောက်လှမ်းရေးကိုသူ့ရဲဘော်တယောက်ရဲ့နာမည်မှမပေးခဲ့တဲ့ သူ။သူ့နေရာကိုဆက်ခံပြီးလှုပ်ရှားခဲ့တာမြင့်စိုးတဲ့။အတွင်းရေမှုးလုပ်ခဲ့တာ၊အာကာဟိန်း
(ထောင်ရှေ့မှာအကျဉ်းသားလွတ်မြောက်ရေးအတွက်၂၀၀၈လောက်ကဆန္ဒပြလို့ထောင်ကျခဲ့တဲ့ဗိုလ်ကြီး
ဟောင်းဇော်ညွန့်။နောက်ဇီးကွက်ခေါ်ထွန်းထွန်းနိုင်။ခုအသည်းရောဂါနဲ့။ကုစရာနတ္တိ။သူတို့လွတ်လာတော့၊ သူတို့ရဲဘော်၊လူသစ်က၊သေတော့မယ်။လူသစ်သေတဲ့အချိန်မှာကိုဇော်ညွန့်အမေကပေါင်ကျိုး။ဒါဆို အယ်အက်စဟာဘယ်လိုအဖွဲ့ဆိုတာသိလောက်ပါပြီနော်။
သူတို့ဘယ်လောက်ဒုက္ခခံခဲ့ကြတယ်ဆိုတာစာနာကြည့်ပါကွာ။ခုထိမြင့်စိုးကထောင်ထဲမှာ။ထောင်ဖေါက်ပြေး
ဘို့ကြိုးစားလို့၁၉၉၃ကနေခုထိထောင်ထဲမှာနေရတုန်း။ဘာကြောင့်သူခုလိုလုပ်ခဲ့တယ်ဆိုတာ၊စိတ်ခိုင်တဲ့ လူတွေဖုန်းဆက်မေးပါ။တစ်ဦးချင်းကိုတာဝန်ခံပြီးဖြေပါ့မယ်။မြင့်စိုးမိန်းမနာမည်ကလှလှရီ၊သူ့သမီးနာမည်က
နန်ဒါမြင့်စိုးတဲ့။အိုကေ။
ဒါအယ်အက်စ်တစ်ဖွဲ့ထဲကိုဘဲ၊ဥပမာပေးသေးတာနော်။မင်္ဂလာမရှိတဲ့အရပ်မှာရောက်နေရရှာသောမင်္ဂလာရှိ သူတွေအကြောင်းသာတခမ်းတနားပြောကြပါစို့ကွာ။ကိုယ့်စကားကိုယ်ဘယ်ရောက်မှန်းမသိသူတွေနိုင်ငံရေးမှာ မရှိတော့ရင်၊တတိုင်းပြည်လုံးအတွက်အဟောသုခံ။ခုငါငိုနေတယ်သူငယ်ချင်း။ သူတို့အတွက်၊ရင်းစားယူဘို့နာကျဉ်းချက်တွေကိုသွေးတဲ့မျက်ရည်။
တော်လှန်ရေးသစ္စာဖြင့်
ကိုမိုးကြီး
Monday, September 12, 2011
ပေးစာ
Posted by
Andaman Hero
at
11:46 AM
0
comments
Labels: ပေးစာ
Sunday, September 11, 2011
ကိုယ့်အမြင်လေးတချို့ ကိုတင်ပြခွင့်ပြူပါ။
နိုင်ငံတိုးတက်ကောင်းမွန်ဖို့ကအစိုးရတခုတည်းကိုအားကိုးနေလို့ရတာမဟုတ်ဘူး
နိုင်ငံသားတိုင်းမှာလည်းတာဝန်ရှိပါတယ်။
နိုင်ငံတိုးတက်ကောင်းမွန်ဖို့တိုင်းသူပြည်သားတွေအစိုးရနဲ့ပူးပေါင်းပြီးလုပ်ရမှာဘဲ။
နိုင်ငံတော်ကလိုအပ်လို့ဆင့်ခေါ်ရင်နိုင်ငံသားတိုင်းဆန္ဒရှိရင်ကိုယ်တိုင်ဆုံးဖြတ်ပြီး
လုပ်ဆောင်ပေးသင့်တာဘဲ။
(ပေါ်တာဆွဲသလိုအတင်းအကျပ်ဆန္ဒမပါဘဲလုပ်ခိုင်းတာမျိုးတော့မရှိသင့်ပါဘူး)
ဒေါ်အောင်ဆန်းစုကြည်ကအစိုးရနှင့်တွေ့ဆုံဆွေးနွေးပြီးတိုင်းပြည်အတွက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်တာကိုအားလုံးလက်ခံကြိုဆိုရမှာပါဘဲ
ဒီနေရာမှာဒေါ်အောင်ဆန်းစုကြည်ကလုပ်သင့်လုပ်ထိုက်လို့လုပ်ဖို့ဆုံးဖြတ်ခဲ့တာကို သံသယဖြစ်လို့သာအစိုးရနဲ့ပူးပေါင်းပြီးအလုပ်လုပ်တာကိုသံသယဖြစ်နေတာလို့
မြင်ပါတယ်။
အစိုးရကပလီပလာလုပ်တယ်မလုပ်ဖူးဆိုတာသိဖို့မြန်မာပြည်ကသတင်းထောက်တွေ စာနယ်ဇင်းဆရာတွေပေါ်မှာလုံးဝအားကိုးရမှာဘဲနိုင်ငံရေးလေ့လာသူတွေကိုယုံကြည်ဖို့ ကတော့ဘယ်နိုင်ငံဘယ်စနစ်မှာမှာမရှိပါဘူး။
အစိုးရနဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးပြီးလို့ဘာမှမကြာသေးပါဘူး။အခုထိ ဘာတခုမှချက်ခြင်းသိသာထင်ရှားစွာပြောင်းလဲဖြစ်ပေါ်တာလဲမတွေ့ရဘူးလို့ပြောဆို
နေကတဲ့သူတွေ(နိုင်ငံရေးဝေဖန်သုံးသပ်သူတွေ)ကိုတော့အပြုသဘောနဲ့ပြောဆိုနေ တယ်လို့မထင်မိပါဘူး။
ဆင်းရဲစုတ်ပြတ်နေတဲ့တိုင်းပြည်ကိုသားရွှေအိုးထမ်းတာမြင်လိုတဲ့မိခင်လိုချက်ခြင်းဘဲ အားလုံးကောင်းသွားအောင်ဒီအစိုးရနဲ့ဒေါ်အောင်းဆန်းစုကြည်တို့လုပ်နိုင်မယ်လို့
ထင်နေရင်တော့..
အားလုံးကို လေးစားလျှက်၊
သန်းဝင်းဦး
Posted by
Andaman Hero
at
7:38 PM
0
comments
Labels: opinion
Saturday, September 10, 2011
ဒေါ်စုမှားခဲ့ရင် ဒေါ်စုတာဝန်ယူမယ်
အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊
ဟန်ပြနှင့် မရိုးသားမှုများ ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည်
ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်
ဖြေကြားခဲ့သည်။
“အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။
လက်ရှိ တိုင်းပြည်အခြေအနေမှာ ပြဿနာများရှိနေ၍ ဝင်ရောက်ကူညီရမည်
ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ကူရာ၌လည်း တက်နိုင်သလောက်
ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် နေပြည်တော်တွင်
ပထမအကြိမ်တွေဆုံရာ၌ NLDပါတီ တရားဝင် ရပ်တည်ရေး၊ နိုင်ငံရေး
အကျဉ်းသားများပြန်လွတ်လာပါက ဆူပူမှုများ မဖြစ်ပေါ်စေရန်နှင့်
တိုင်းရင်းသားများနှင့်ဖြစ်ပွားနေသည့် ပဋိပက္ခများကို ဆွေးနွေးခဲ့ကြောင်း
NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်ခေါင်းဆောင်များ တွေ့ဆုံကြပြီးနောက်
သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ်မလာသေးသဖြင့်
အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်ကိုအသုံးချနေသလားဟု
သုံးသပ်နေကြချိန်တွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်၏တုံ့ပြန်ချက်
ပေါ်ပေါက်လာသည်။
“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက်
အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာအကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက်
ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍
နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ရာတွင် မတူကွဲလွဲချက်များကို
ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည်၏ အကျိုးစီးပွားအတွက်
လက်တွဲလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း
တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။
လက်ရှိအစိုးရသစ်က ၂၀၁၄ ခုနှစ် အာဆီယံခေါ်
အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျဥက္ကဋ္ဌရာထူးရလိုသဖြင့်
နိုင်ငံတကာ ဖိအား လျော့နည်းစေရန် ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး
လေ့လာသူတချို့က သုံးသပ်ပြောဆို ကြသည်။
Peace Press
( yangonchronicle သတင်းလွှာ “အစိုးရသစ်နှင့် ပူးပေါင်းမှုတွင်
ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်” မှ ကူးယူဖော်ပြပါသည် )
--
AMT
11-mingalar,sanchaung
yangon
01510698, 092032925
Posted by
Andaman Hero
at
6:40 PM
0
comments
Labels: ဆောင်းပါး
“လေချွန်နတ်နှင့်တွေ့ဆုံခြင်း”
ရန်ကုန်-ပြည် ကားလမ်းမပေါ်က ကြို့ပင်ကောက်ဆိုတဲ့မြို့ကလေးကို ဖြတ်သွားမိရင် သူများတွေ ဘာတွေတွေးမိသလဲတော့ မသိဘူး။ ကိုယ့်ဘာသာတော့ ငယ်ငယ်တုန်းက အင်မတန် နံမယ်ကြီးတဲ့ လေချွန်နတ်ဆိုတာကို သွားသတိရပါတယ်။ သူက ရှေ့ဖြစ် နောက်ဖြစ် ဗေဒင်ယတြာတွေ ဟောတာမဟုတ်ဘူးဗျ။ ကွယ်လွန်သွားတဲ့လူတွေ တမလွန်မှာ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်မဖြစ်၊ ဘယ်လိုဘ၀မျိုး ကူးပြောင်းသွားတယ် လို့ ဟောနိုင်ပြီး မကျွတ်မလွတ်သေးလို့ရှိရင် အလွမ်းပြေ ချတ်တင်ဝင်လို့ရသတဲ့။ စစ်ကိုင်းပြည်တို့ ရွာဦးမစိန်ကြာတို့လို အရုပ်မမြင်ရပေမယ့် ဂျီးတော်နဲ့ ချက်သလို အသံကလေးတော့ ကြားနိုင်သတဲ့။ သို့သော်ငြားလည်း မြန်မာပြည်ကွန်နက်ရှင်နဲ့ဆိုတော့ သိတဲ့အတိုင်းပဲလေ။ တရွှီရွှီနဲ့ လေချွန်သံတွေချည့်ပဲ ကြားနေရတာနဲ့ နတ်ကတော်လုပ်တဲ့ ဘွားတော်ကြီးက အင်တာပရက်တာ လုပ်ပေးရပါသတဲ့။ သူ့ခေတ်နဲ့သူ့အခါတုန်းကတော့ အင်မတန်မှန်တယ်တဲ့ဗျား။ ရွှေမန်းတင်မောင် ဘယ်ဘ၀ရောက်နေတယ်တို့ ဘာတို့တောင် အတိအလင်း ဟောနိုင်တယ်လို့ ပြောကြတာပေါ့။ ဗမာပီပိ ဗေဒင်မေး နတ်မေး၊ အတင်းတုပ်၊ အိမ်လည်ဆိုတာ ဘယ်သူမှ မနေနိုင်တဲ့ အမျိုးဆိုတော့ အပျင်းပြေ သွားမေးကြည့်ရင် မကောင်းဘူးလား။ လာ .. လိုက်ခဲ့။
+++++++++++
ကျွနင်္ုပ် ။ အမေကြီး။ နေကောင်းလား။ အရင်လို ဟောနိုင်ပြောနိုင်တုန်းပဲလား။
လေချွန်နတ် ။ ကောင်းပ မောင်ရာ။ အရင်လောက်တော့ ဘယ်ဟောရတော့မလဲ။ ခေတ်ကာလသားသမီးတွေက သေသောသူ မကြာခင်မေ့ကုန်ကြလို့ အမေးအမြန်းသိပ်မထူတော့ဘူး။ သေတဲ့သူတွေကလည်း ရှေးကလို မြေကြီးထဲ ရွှေတွေမြှုပ်ပစ်ခဲ့တာမှ မရှိတော့တာ။
ကျွနင်္ုပ် ။ အမေကြီးက သေပြီးသားလူဆို ဘယ်လောက်ကြာကြာ ပြန်ခေါ်မေးးလို့ရတာပဲလားဗျ။
လေချွန်နတ် ။ ဘ၀မကူးသေးရင်တော့ ရတာပကွယ်။ မင်းတို့ ခုနှစ်ရက်သားသမီးတွေတောင် အနော်ရထာလက်ထက်က ဖျဉ်းဘရားသား ခေါ်ခေါ်ပြီး ပါတီပေးပေးနေကြတဲ့ဥစ္စာ။ နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့။ ဘာလဲ။ ပညာစမ်းချင်လို့လား။ ငါ .. တယ် …။
ကျွနင်္ုပ် ။ ယုံပါပြီ အမေရယ်။ ယုံပါပြီ။ ခုခေတ်နတ်ကတော်တွေက ကွမ်ရင်မယ်တော်ကြီးတောင် ရအောင်ပင့်နိုင်တာ တွေ့ပါတယ်။ ဒါထက် စကားမစပ်ဗျာ။ သူတို့လို ဘာသာမတူတဲ့ လူမျိုးခြားနတ်တွေ ၀င်လာပြီး ပြောရင်လည်း အမေတို့က နားလည်တာပဲလား။
လေချွန်နတ် ။ တော်ပြောမှပဲ ကျုပ်တို့နတ်ကတော်တွေ ယူအက်ဖ်အယ်လ်ပြေးပြီး စပီကင်တက်ထားရမယ့်ပုံ။ နတ်တို့၏ ဘာသာစကားဆိုတာ မနောကပြောတာကွဲ့။ ထရန်စလိတ်တာ မလိုဘူး။ ချက်ဆို နားခွက်က မီးတောက်တယ်။ ဂွပ်ကနဲ့ဆို ဓါတ်ပြီးသား။ နပ်လွန်လွန်းလို့ နတ်ဖြစ်နေတာပေါ့ သားရယ်။
ကျွနင်္ုပ် ။ ပေါက်ပါပြီ အမေ။ ပေါက်ပါပြီ။ ပညာစမ်းတယ်တော့ မအောင့်မေ့ပါနဲ့။ မေးချင်သိချင်တဲ့စိတ်တွေ များလွန်းလို့ မစားနိုင်မအိပ်နိုင်ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်ရှိပါတယ်။ သေတာတော့ နည်းနည်းကြာပါပေါ့။ အမေကြီးရဲ့ စက်တလိုက်ထဲမှာ ဘရောင့်ဇ်လုပ်ပေးပါဦး။ ရှိများရှိရင် မေးလိုက်ချင်ပါရဲ့။
လေချွန်နတ် ။ နံမယ်နဲ့ သေတဲ့ခုနှစ်ကို ပြောလေ။ ဒေတာ အန်းတားမလုပ်ပဲ ငါက ဘယ်လိုရှာရမှာတုန်း။ ဘယ်လိုသူငယ်ပါလိမ့်။ သတင်းစာထဲမှာ ယောက္ခမလွမ်းစာတွေ ထည့်ထည့်နေပုံထောက်ရင် ဘာတွေမေးချင်နေမှန်းမသိ။
ကျွနင်္ုပ် ။ ဟုတ်ပါဘူး အမေကြီးရယ်။ သေတဲ့ခုနှစ်ကလေး ပြန်စဉ်းစားနေလို့ပါ။ မှတ်မိပြီဗျ။ ခရစ်တော်မပေါ်ခင် ဘီစီ ၃၉၉ မှာ ကွယ်လွန်သွားတာ။ နံမယ်ကတော့ ဆော့ခရိတ္တိ လို့ခေါ်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပါတီအတွေးအခေါ် စာအုပ်တွေထဲမတော့ အင်္ဂလိပ် စာလုံးပေါင်းအတိုင်း ဗမာလိုအသံထွက်ပြီး ဆိုကရေးတီး လို့ ခေါ်ကြတယ်။
လေချွန်နတ် ။ သောက်ကျိုးနည်း။ လက်စသတ်တော့ နင်က ငါ့ကို ပညာစမ်းနေတာပေါ့လေ။ ရွှီဘွားတော်ဟဲ့။ သေမှာမကြောက်လို့ ပေတရာလျှောက်နေတာ။ နင့်အကောင် နတ်ဖြစ်နေလို့ကတော့ ခေါ်ပြလိုက်မယ်။ မေးစမ်းတော်။ အမုန်း။ ပြီးရင် နင့်ကိုပါ သူနဲ့ ပြန်ထည့်ပေးလိုက်မယ်။
+++++++++++++
ကျွနင်္ုပ် ။ ဟော … လာပြီ လာပြီ ဒေါ်သက်ရီ။ ဘယ်ရပ်ဘယ်ရွာကလာတဲ့ ဘယ်သူဘယ်ဝါဆိုတာကလေး အင်ထရိုလုပ်တော်မူပါဦးဖျာ့။
ဆော့ခရတ္တိ ။ အောင်မယ်။ ခေါ်တုန်းကခေါ်ပြီး။ အခုမှ မသိချင်ယောင်ဆောင်နေတယ်။ နံမယ်က ဆော့ခရိတ္တိ၊ အိုလံပပ်စ်တောင်တော်။ ခေါမပြည်ကလာတာ ။
ကျွနင်္ုပ် ။ သိပါပြီ ဆရာကြီးရယ်။ လေးစားလွန်းလို့ ပင့်ရဖိတ်ရတာပါ။ အော်မီသော်ဖော်( အမိတဘ) စိတ်မရှိပါနဲ့။ ပညာရှိစကားများ တမလွန်က ကြားရရင်တောင် အမှောင်ခွင်း အလင်းဆောင်နိုင်တယ်ဆို လို့ပါ။ အမိုက်အမဲလေးတွေကို ဗွေမယူပါနဲ့။ ဆိုကျောင်းလောင် (ဆိုဆရာတော်)။
ဆော့ခရိတ္တိ ။ လေသံတွေ ကြားရတာကတော့ တရုတ်ပြည်ကြီးရဲ့ ပြည်နယ်တစ်ခုကမှတ်တယ်။
ကျွနင်္ုပ် ။ အညာကဆရော် လို့ နှုတ်ဆက်ရင် မြောက်ကိုရီးယားကလို့ မှတ်မှာလား အားပုဂျိရယ်။
ဆော့ခရိတ္တိ ။ အေးကွဲ့။ တောင်ကိုရီးယားစော်ကတော့ နည်းနည်းမှ မနံတာအမှန်။
ကျွနင်္ုပ် ။ လိုရင်းမရောက်ပဲ ချော်တောငေါ့သွားတော့မှာပဲ။ ဆရာကြီး ခင်ဗျား။ ဆရာကြီးကို အေသင်မြို့သူမြို့သားတွေက အဆိပ်ခွက် ကိုယ်တိုင်သောက်စေပြီး ကွပ်မျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ ဘာအမှုနဲ့များပါလိမ့်ခင်ဗျာ။
ဆော့ခရိတ္တိ ။ နတ်ဘုရားများကို ပူဇော်ပသခြင်းမပြုမှု၊ လူငယ်တွေကို ဘုရားတရားမကြည်ညိုအောင်၊ မိဘဆိုဆုံးမရခက်အောင် မြှောက်ထိုးပင့်ကော်လုပ်မှု၊ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ မိုးအောက်မြေပြင် ဟိုဟာမှန်တယ်။ ဒီဟာမှားတယ်နဲ့ လျှောက်တွေးနေပြီး အဲသလိုတွေးထားတာတွေကို သူများတကာ နားလည်လက်ခံလာအောင် ပလီစိချောက်ချက်တွေ ဟောပြောရေးသားမှုပါတဲ့ကွယ်။လိုရင်းကိုတစ်ခွန်း တည်း ပြောရရင် ယုံကြည်ချက်ကို မစွန့်လွှတ်နိုင်လို့ အသက်နဲ့လဲခဲ့တာပေါ့ကွ။
ကျွနင်္ုပ် ။ ကိုယ်နဲ့ယုံကြည်ချက်ချင်းမတူတာနဲ့ပဲ၊ ကိုယ့်သြဇာမတည်မြဲမှာ စိုးတာနဲ့ပဲ အပြစ်လို့ သတ်မှတ်ပြီး အဲဒီအပြစ်အတွက် သေဒဏ်စီရင်တယ်ဆိုတော့ အေသင်မြို့သူမြို့သားတွေဟာ တော်တော် ရက်စက်မိုက်မဲကြပုံ ရတယ်နော်။
ဆော့ခရိတ္တိ ။ အဲလို မပြောရဘူးကွ။ ဂျူရီလူကြီးပေါင်း ၅၀၀ က ဆုံးဖြတ်တာ။ အများစုက ဥပဒေနားမလည်တဲ့ အပျော်တမ်းဝါသနာရှင်တွေ၊ လူအိုလူမင်းနဲ့ ဒုက္ခိတတွေလည်းပါတယ်။ အိမ်မှာနေရတာပျင်းလို့ တနေ့ သုံးအိုဘို ရလည်း မနည်းဘူးဆို လာထိုင်နေတဲ့သူတွေလည်း ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အေသင်နိုင်ငံသားစစ်စစ်တွေက စီရင်လိုက်တာဆိုတော့ ခံသာတာပေါ့ကွာ။ မင်းလည်း သိပ်အာချောင်မနေနဲ့။ အေသင်သားတွေ မင်းတို့ဆီ ၀င်စားတာ ဘယ်နှစ်ယောက်ရှိမှန်းမသိဘူး။
ကျွနင်္ုပ် ။ ဟုတ်မယ်။ ဟုတ်မယ်။ ကျွန်တော်တောင် တစ်ယောက်သိသေးတယ်ဗျ။ သူ့နံမယ်က အေသင်ချိုဆွေတဲ့။ ကလေးမလေးက ချစ်စရာလေးပါ။ ဒေါသတော့ ကြီးမယ့်ပုံနော်။ ဒီမှာ တင်းတယ် တင်းတယ်။ တင်းတယ် တင်းတယ် ဟေ့ …. ဆိုလား။
ဆော့ခရိတ္တိ ။ ၀ါသနာတွေက တားလို့ကို မရဘူး. ပေါ်ပေါ်လာပြီ။ မင့်မှာ ငါ့လို အမှန်တရားအတွက် ယုံကြည်ချက်အတွက် အသက်စွန့်ဝံ့တဲ့သတ္တိလည်း မရှိပဲနဲ့။ မရဲပဲ ကျွဲပြဲ မစီးချင်ပါနဲ့ကွယ်။ မင့်လောက်ကတော့ သေဒဏ်တောင် ပေးစရာမလိုဘူး။ ထောင်ရောက်တန်းရောက်နဲ့တင် ဇီဝိန်ကြွေ သွားမှာ။ ဖောင်ကြီးဆန်တောင် မစားနိုင်ပဲနဲ့ ထောင်နှုတ်ခမ်းနင်းဦးမလို့လား။ ရယ်ချင်တယ်။
ကျွနင်္ုပ် ။ ဟုတ် ။ ဟုတ်။ သားသား ကြောက်ကြောက်ပါခင်ဗျ။ (တရုတ်ကလေးတွေခေါ်တဲ့ ကျောက်ကျောက် မဟုတ်ဘူးနော်) ဆရာကြီးကလည်း .. အနော်က ဘာတွေ လုပ်နေလို့တုန်းလို့။ ဟာပဲ .. ဟာပဲ။ ဟာဗျာ … ဟာဗျာ။
ဆော့ခရိတ္တိ ။ ငါတို့ အိုလံပပ်စ်တောင်တော်ကို နင်ရောက်နေတဲ့ အမ်းလို မှတ်နေလား။ ရေ၊ မီး၊ ဖုန်း၊ အင်တာနက် ၂၄ နာရီ။ ဒေါင်းချင်တိုင်းဒေါင်း ကောင်းမှကောင်း ကွန်နက်ရှင်နဲ့။ (နတ်တို့စံရာ တောင်တော်သာပေကိုး) ဖေ့စ်ဘုတ်ထဲ နင်ရေးထားတဲ့ ပေါက်တတ်ကရ အတွေးတွေကို ဟိုလူရှဲ ဒီလူရှဲနဲ့ ဗွက်ပေါက်နေတာ မသိပဲ ရှိပါ့မလား။ သောက်ညင်ကပ်လို့ မိတ်မဖွဲ့ ကွန်မန့်မပေးပဲနေတာ။ ဆွဲစိလိုက်လို့ နှဲမိအနောက်က တန်းစီနေရမယ်။
ကျွနင်္ုပ် ။ ကြောက်ပါတယ် ဆိုနေမှပဲ။ မရှင်းတာကလေးတစ်ခုတော့ မေးစမ်းပါရစေဦးဗျာ။ ဆရာကြီးရဲ့ အဆိုအမိန့်တွေထဲမှာ `ရွှေတွေငွေတွေ၊ ရာထူးဌာနန္တရတွေရှိတာ ကောင်းတော့ကောင်းပါရဲ့။ဒါပေမယ့် အဲဒါတွေ ရရှိပိုင်ဆိုင်လာခြင်းဟာ မျှမျှတတ မှန်မှန်ကန်ကန်ဖြစ်ခြင်း ဆိုတဲ့သဘောမပါရင် ကျက်သရေ မင်္ဂလာရှိတဲ့ ကောင်းကျိုးချမ်းသာလို့ မဆို၊နိုင်ပေဘူး´ ဆိုတာကိုဖြင့် ခေတ်နဲ့ မလျှော်ညီတော့ဘူးလား လို့ သံသယဖြစ်မိပါတယ်။
ဆော့ခရိတ္တိ ။ ဒီသူတောင်းစားလေးကတော့ သူ့ဘာသာရိုက်ချင်တာ ငါ့ဆီတုတ်လာငှားနေပြီ။ ဒီအကြောင်းတွေက နင်သိသလို ငါသိသလို လူတကာအသိဟဲ့။ သူတို့ဘာသာလည်းသိပြီးသား။ မသိနားမလည်လို့ မလိမ္မာတခါမိုက်တယ်ထင်ပြီး တရားပြချင်နေတာလား။ သိသိကြီးနဲ့ လုပ်တယ်ကွာ။ ဘာဖြစ်သေးလဲ။ မင်းလိုပဲ သီချင်းဆိုပြလိုက်မယ်။ ` ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်…။ ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် …။ ပြီးရော။
ကျွနင်္ုပ် ။ သဘောရိုး အမှန်ပါခင်ဗျာ။ ဆရာကြီးရဲ့ အေသင်မြို့သူမြို့သားတွေအပေါ် နောက်ဆုံးဝေဖန်ချက် `ပညာဥာဏ်နဲ့ အင်အားကြံ့ခိုင်မှုမှာ ကမ္ဘာကျော်ပါလျက် ငွေ၊ ဂုဏ် နဲ့ နံမည်နောက်ကို ကောက်ကောက်ပါနေတာ ရှက်စရာ၊ သစ္စာတရား၊ နားလည်မှုနဲ့ စိတ်ဝိညာဉ် ပြည့်စုံမှုကို မေ့လျော့ထားတာရှက်စရာ ´ ဆိုတာကလေးလည်း ရှင်းစမ်းပါဦး ခင်ဗျား။
ဆော့ခရိတ္တိ ။ သူ့အရိုးနဲ့ သူ့ပြန်ထိုးရတယ်ဆိုတဲ့ဗျူဟာအတိုင်း မင်းနားလည်လွယ်အောင် မင်းတို့ဆရာဝန်တွေထဲက ဥပမာနဲ့ပဲ ရှင်းပြမယ်။ သေသေချာချာ နားထောင်။ မင်းတို့ဆရာဝန်တွေဟာ ပညာဥာဏ်တွေ အတတ်ပညာပိုင်းတွေမှာ နိုင်ငံတကာက ဘယ်သူနဲ့ယှဉ်ယှဉ်၊မညံ့တဲ့လူတော်ကြီးတွေ တပုံတပင်ရှိတယ်လေ။သို့သော်ငြားလည်း သားတွေ သမီးတွေ အမေရိကားမှာ စင်္ကာပူမှာကျောင်းသွား ထားဖို့ ပူတူတူးလေးကို အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားဖို့၊ ဒီလောကမှာ ငါကလွဲရင် ဘယ်သူမှ တတ်တဲ့သူမရှိစေရဘူးလို့ အောင်လံထူနိုင်ဖို့အတွက်နဲ့ ဟစ်ပိုခရိတ္တိကြီးရဲ့ အဆုံးအမတွေနဲ့ မလျှော်ညီ စွာ ကျင့်ကြံနေမိလို့ရှိရင် ရှက်စရာမကောင်းပါလား။ ကိုယ့်ဘာသာ စဉ်းစားကြည့်ပြီး သဘောပေါက်ရင် ပါးစပ်ပိတ်၊ တိတ်တိတ်နေတော့။ ငါ့တုန်းကတော့ ဒီစကားတစ်ခွန်းနဲ့တင် အပြစ်ရှိတယ်လို့ ပေးတဲ့မဲ ၂၈၀ ကျော် ရလိုက်ပါသဗျား။ ဝေဖန်ရေးဆိုတာ ကိုယ်ကဝေဖန်ရရင်သာ ကောင်းတာ။ ကိုယ့်ကိုဝေဖန်ခံရရင် ဘယ်သူမှ မကြိုက်ကြဘူးကွဲ့။ မှတ်နော်။ မှတ်နော်။ မှတ်နော်။
ကျွနင်္ုပ် ။ တခါဆို အိုအောင်မှတ်ပါ့မယ်ခင်ဗျာ။ နောက်ဆုံးမေးချင်တာတစ်ခုက ဆရာကြီးရဲ့ နောက်ဆုံး သြ၀ါဒထဲမှာ`ခွဲခွာရမည့်အချိန်ကား နီးလာချေပြီ။ ကိုယ့်လမ်းသို့ ကိုယ်စီ သွားရပေလိမ့်မည်။ ငါမူကား သေလမ်းသို့ သွားတော့အံ့။ သင်တပည့်တို့သည် ရှင်လမ်းသို့ သွားကြကုန်။ ရှင်လမ်းနှင့်သေလမ်း ဘယ် ဟာက သာ၍ကောင်းသည်ဆိုခြင်းကို ဘုရားသခင်တစ်ပါးတည်းသာ သိတော်မူပေလိမ့်မည်။” လို့ ဆိုခဲ့ တယ်မဟုတ်လား။အခုလောက်ဆို ဆရာကြီးဟာ ရှင်လမ်းရော သေလမ်းပါ နှစ်လမ်းလုံးလျှောက်ခဲ့ပြီးပြီ မို့ အတွေ့အကြုံကလေးများ အမိန့်ရှိပါဦး ခင်ဗျား။
ဆော့ခရိတ္တိ ။ ဒါကတော့ ဘယ်လိုရှင်နေသလဲ ဘယ်လိုသေသွားသလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့ကွာ။ အနှစ်သာရမရှိတဲ့ ရှင်သန်ခြင်း၊ ပြည်သူအသိန်းအသောင်း အသင်္ချေရဲ့ အရိုးပုံပေါ်မှာ ရပ်တည်ရခြင်းဆိုရင်တော့ မင်းတို့ဆီက ဆီးဘန်းနီဆရာတော် ရေးခဲ့တဲ့အတိုင်း နေလိမ့်မယ်။ထန်းလျက်မြိုလို့ ချိုချင်ရင် လျှာဖျားကသာ ချိုနိုင်တော့မပေါ့ကွာ။ အကုသိုလ်စိတ်က ခြောက်လှန့်လာတဲ့အခါ အခေါဘဏီတပ်ကြီးရံထားပြီး ဘုံခုနှစ်ဆင့်ပေါ်တက်နေလည်း ဖိန့်ဖိန့် တုန်အောင် ကြောက်ကန်ကန်တတ်သေးတယ်။ ဒီလိုပဲ သေတဲ့အခါမှာလည်း သန်းခေါင်သန်းလွဲ ကာရာအိုကေမှာ အမုန်းဆွဲပြီး မူးမူးရူးရူးနဲ့အပြန် သူများကို ကားနဲ့တိုက်ရင်းသေသွားတဲ့သူနဲ့ ဦးဝိစာရတို့ ဗိုလ်အောင်ကျော်တို့လို သေခြင်းမျိုးဟာ ဘယ်တန်ဖိုးချင်းတူပါ့မလဲ။ သေပြီးနောက် မျက်မှောက်ပြုရတဲ့ လားရာဂတိချင်းလည်း မတူနိုင်ဘူးဆိုတာ မင်းတို့ ဗုဒ္ဓဘာသာတွေက ပိုသိဖို့ ကောင်းတာပေါ့။ တစ်ဘ၀ချမ်းသာကို တစ်သံသရာလုံးဝဋ်ကျွေးနဲ့လဲယူရတဲ့သူတွေလောက် မိုက် လုံးကြီးတာရှိဦးမလား။ အခုဆို ငါသေတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာနီးလာပြီ။ ငါ့နံမယ် မင်းတို့ ကြားဖူးနေသေးတယ်။မသေခင်မှာ ကလော်တုပ် အပုပ်ချဖို့ကလွဲလို့ နံမည်တောင်စကားထဲထည့် မပြောချင်လောက်အောင် ပြည်သူ့မေတ္တာခံယူနေတာ မမြင်ဖူးလို့လား။ ဦးဇင်းကျော်ဟိန်းလေသံနဲ့ ဆက်ဟောလိုက်မယ်။ သိချင်သေးလို့ .. မေးနေတာလား....။
ကျွနင်္ုပ် ။ ရှင်းပါပြီ ဆရာကြီးရယ်။ ရှင်းပါပြီ။ အကွင်းအကွင်း မုန့်တီဟင်းလိုပါပဲ။ အမိုက်ခံပြီး ဇက်ကောင်းလို့ ဓါးတောင်းနေတာ မဟုတ်ရပါဘူး။ အနေလည်းတတ်၊ အသေလည်းမြတ်အောင် ဝေခွဲတတ်ကြပါစေကြောင်း သပ္ပုရိသအပေါင်းတို့ကို ဆရာကြီးရဲ့ သြ၀ါဒကထာကလေးများ ပြန်လည်ဝေငှလိုခြင်းကြောင့် ကူးတို့ဆိပ်က မှို့အိပ်ဖွင့်လိုက်ရပါတယ်။ လေတင်လေအောက် ကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြကုန်။
လေချွန်နတ် ။ ၀ါး .... ဘာပြောသွားသေးတုန်း။
(ဟိုစဉ်အခါက ကိုရင်တာ၏ စတိုင်သစ်မဂ္ဂဇင်းလာ ဆိုခရိတ္တိ နှင့် နှစ်ပါးသွားခန်းကို ဖတ်အပြီး မနေနိုင်မထိုင်ဖြစ်လာပါသဖြင့် ငွေမြိုင်ကို တုတ်နှင့်ထိုးမိပြန်ပါကြောင်း။)
( ဖေ့စ်ဘွတ်မှာ ဒီလို Note မျိုးတွေ ဖတ်နေရတာ ဘယ်လောက် “တန်” သလဲဗျာ။ ရေးကြပါ၊ ဖတ်ကြပါ၊ Share ကြပါ။ “ဥ” မထားကြပါနဲ့ ။ )
“လေချွန်နတ်နှင့်တွေ့ဆုံခြင်း” ( Soe Min ဖေ့စ်ဘွတ် မှ ကူးယူဖော်ပြပါတယ် )
AMT
11-mingalar,sanchaung
yangon
01510698, 092032925
Posted by
Andaman Hero
at
5:52 PM
0
comments
Labels: ဆောင်းပါး
Tuesday, April 5, 2011
Sunday, March 27, 2011
ကဗျာက…
•ကမ္ဘာကြီးက
ကဗျာဆန်တယ်
သဘာဝကြီးက
အရိုင်းဆန်တယ်
ရေမြေတောတောင်တွေက
ဒီဇိုင်းဆန်တယ်
ခဲယမ်းမီးကျောက်တွေက
သူစိမ်းဆန်တယ်
•ကျနော့်အတွေးတွေက
တောဆန်တယ်
မင်းအပြုံးတွေက
မဟာဆန်တယ်
အိမ်က မိန်းမကတော့
ပုံပြင်ဆန်တယ်
•လက်ကိုင်ဖုန်းက
မိန်းမဆန်တယ်
ရိုးသားတဲ့တိုင်းရင်းသူလေးကလည်း
ဘိုဆန်တယ်
ချိုးဖြူငှက်က
ဒဏ္ဍာရီဆန်တယ်
စိတ်ကူးတွေက
အိပ်မက်ဆန်တယ်
ဥက္ကဌကြီးက
ရုပ်ရှင်ဆန်တယ်
ဆရာဝန်တယောက်က
အနုပညာဆန်တယ်
ဂီတကတော့
နိဗ္ဗာန်ဆန်တယ်
•ကျည်ဆန်က
ပြိုင်ပွဲဆန်တယ်
ဘောလုံးသမားက
စီးပွားရေးဆန်တယ်
တောသားက
ပွဲစားဆန်တယ်
ဒုက္ခသည်က
ရေပေါ်ဆီဆန်တယ်
ဘိုင်အိုဂရပ်ဖီက
ဝတ္ထုဆန်တယ်
•ဥပဒေတွေက
ကာတွန်းဆန်တယ်
ဆောင်းပါးတွေက
ငါးစိမ်းသည်ဆန်တယ်
ငါးတွေကတော့
ရေကိုဆန်တယ်။
•ပြည်ပြေးတွေက
ကောင်းဘွိုင်ဆန်တယ်
ကောင်းဘွိုင်းတွေက
အပြာဆန်တယ်
အနီတွေကတော့
အနီဆန်တယ်။
•အရောင်တွေက
အမြင်ဆန်တယ်
အမြင်တွေက
အမှောင်ဆန်တယ်
သတင်းထုတ်လွှင့်ချက်တွေက
တဘောင်ဆန်တယ်။
•အရပ်ထဲ၊ဟိုသားအမိက
အပေးအယူဆန်တယ်
တိုက်ခန်းပြတင်းဝက
မျက်နှာလေးက
အိမ်ရှင်ဆန်တယ်
အမိန့်မရဆိုင်က
သင်္ကြန်ဆန်တယ်
ဘားဘီယာက
ကလပ်စစ်ဆန်တယ်
ရွာဟောင်းကတော့
စစ်ပွဲဆန်နေတယ်။
•ဘ၀က
လောင်းကစားဆန်တယ်
နောက်ဆုံးခရီးက
ကောက်ရိုးမီးဆန်တယ်။
•အချစ်က
ဘာသာရေးဆန်တယ်
ဗုဒ္ဓက
မော်ဒယ်ဆန်တယ်
မော်ဒယ်လ်တွေက
ကြော်ငြာဆန်တယ်။
လမ်းသရဲက
လူကြီးလူကောင်းဆန်ပြီး
အပေါဆုံးကဗျာကတော့ကဗျာဆန်ပါတယ်။
အိုးဝေမျိုး(၂၁.မတ် ၂၀၁၁)
Posted by
Andaman Hero
at
4:31 PM
0
comments
Labels: ကဗျာ
Sunday, March 20, 2011
ထိုင်းနိုင်ငံအကြောင်းတစေ့တစောင်း( ၁)
လေးစားဘွယ်ဘုရင်၊မဟာချူလာလောင်ကွန်( သို့မဟုတ် )ပဉ္စမမြောက်၊ရာမဘုရင်
ထိုင်းဘုရင်၊မဟာချူလာလောင်ကွန်(ပဉ္စမမြောက်ရာမဘုရင်)ကို၁၈၅၃၊ခုနှစ်၊စက်တင်ဘာလ၂၀ရက်နေ့မှာဖွားမြင်တော်မူခဲ့ပါတယ်။၁၈၆၈၊ခုနှစ်၊သက်တော်၁၅နှစ်အရွယ်ထီးနန်းမွေဆက်ခံခဲ့တဲ့အချိန်မှာ၊အရွယ်မရောက်သေးတဲ့အတွက်၊ရင်ခွင်ပိုက်အစိုးရက၊ဘုရင့်ကိုယ်စား တိုင်ပြည်ကိုအုပ်ချုပ်ရပါတယ်။ရင်ခွင်ပိုက်အစိုးရကထိုင်းနိုင်ငံ(ထိုစဉ်က၊စီယမ်းနိုင်ငံ)ကိုအုပ်ချုပ်နေစဉ်ကာလမှာဘုရင်ချူလာလောင်ကွန်ဟာအိမ်နီးချင်းနိုင်ငံအတော်များများကိုအလည်အပတ်သွားပြီး၊အဲဒီနိုင်ငံတွေက၊အုပ်ချုပ်မှုစနစ်တွေနဲ့လူနေမှုဘ၀တွေကိုလေ့လာခဲ့ပါ တယ်။အဲဒီအချိန်တုံးကထိုင်းနိုင်ငံမှာအနောက်တိုင်းယဉ်ကျေးမှုတွေလွှမ်းမိုးနေချိန်ဖြစ်ပါတယ်။
၁၈၇၃၊ခုနှစ်မှာဒုတိယအကြိမ်၊နန်းတက်ဘိတ်သိက်မင်္ဂလာပွဲပြီးနောက်၊ပဉ္စမမြောက်ရာမဘုရင်ဟာထိုင်းလူမှုပတ်ဝန်းကျင်နဲ့သင့်တော်မဲ့၊ အနောက်တိုင်းယဉ်ကျေးမှုတချို့ကိုလက်ခံကျင့်သုံးခဲ့ပါတယ်။ဥပမာ၊နန်းတွင်းသူ၊နန်းတွင်းသားများဟာ၊ဘုရင်ထံအခစားဝင်တဲ့အခါမှာ၊ ၀ပ်တွားနေတဲ့ပုံစံကနေ၊မတ်တတ်ရပ်အနေအထားနှင့်အခစားဝင်ခွင့်ပြုခဲ့သလို၊မြေကျွန်စနစ်ကိုလည်းဖျက်သိမ်းခဲ့တယ်။
မဟာချူလာလောင်ကွန်ဘုရင်ရဲ့အင်မတန်ထူးခြားတဲ့၊ကျိုးပမ်းမှုတရပ်ဟာ၊သွေးမြေမကျပဲထိုင်းနိုင်ငံက၊ကျေးကျွန်စနစ်ကိုဖျက်သိမ်းခြင်းပဲ ဖြစ်ပါတယ်။ကမ္ဘာပေါ်ကနိုင်ငံအတော်များများမှာကျေးကျွန်စနစ်ဖျက်သိမ်းပုံနဲ့မတူပဲ၊မဟာချူလာလောင်ကွန်ဘုရင်ဟာထိုင်းနိုင်ငံက ကျေးကျွန်စနစ်ကိုဖျက် သိမ်းဖို့အဆင့်တွေချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက်၊နောက်ဆုံးမှာတော့၊ချောမွေ့အောင်မြင်စွာနဲ့ထိုင်းနိုင်ငံက၊ကျွန်စနစ်ကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။
ပထမအဆင့်အနေနဲ့မူလကျေးကျွန်တွေရဲ့သား၊သမီးတွေကိုကျွန်ဘ၀က၊အငြိမ်းစားယူရမယ့်၊သက်တန်းကိုပြဌာန်းပေးခဲ့ပါတယ်။၁၈၆၈ ခုနှစ်၊မဟာချူလာလောင်ကွန်ဘုရင်အုပ်ချုပ်နေစဉ်ကာလက မှာမွေးဖွားခဲ့တဲ့၊ထိုင်းကျေးကျွန်တွေဟာ၁၈၈၉၊ခုနှစ်မှာအသက်၂၁နှစ်ပြည့်တဲ့သူတွေနဲ့အဲဒီနောက် ပိုင်းမှာကျေးကျွန်မိဘနှစ်ပါးကမွေးဖွားခဲ့သူတွေဟာ၊လုံးဝကျေးကျွန်တွေမဟုတ်တော့ပဲ၊သူတို့ကိုကျွန်အဖြစ်နဲ့အ ပြန်အလှန်ရောင်း၊၀ယ်ခြင်းမပြုနိုင်တော့ဘူးလို့ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
၁၈၈၉၊ခုနှစ်နောက်ပိုင်းမှာကျေးကျွန်းမိဘတွေကမွေးဖွားခဲ့တဲ့၊သား၊သမီးတွေဟာလွတ်လပ်တဲ့၊ထိုင်း နိုင်ငံသားတွေဖြစ်တယ်ဆိုပြီး၊နောက်ဆုံးထိုင်းနိုင်ငံကနေကျွန်စနစ် မြစ်ပြတ်သွားတဲ့အထိ၊မဟာချူ လာလောင်ကွန်ဘုရင်ကဥပဒေတွေ၊ကြေညာချက်တွေထုတ်ပြန်ပြီးထိုင်းနိုင်ငံက၊ကျွန်စနစ်ကိုအဆုံးသတ်စေခဲ့ပါတယ်။
ထိုင်းဘုရင်၊မဟာချူလာလောင်ကွန်(ပဉ္စမမြောက်ရာမဘုရင်)ဟာငယ်စဉ်ဘ၀၊ကထဲကပညာရေးကိုလိုက်စားပြီး၊ထိုင်းနဲ့အင်္ဂလိပ်ဘာသာ တွေကိုကျွမ်းကျင်စွာတတ်မြောက်ခဲ့သလို၊အဆင်မြင့်ပညာရေးကိုသင်ယူဆည်းပူးခဲ့ပါတယ်။ဘုရင်မင်းမြတ်ဟာတော်ဝင်မိသားစုတွေကနေအောက်ခြေလူထု၊ပြည်သူတရပ်လုံးအထိပညာသင်ယူနိုင်အောင်စာသင်ကျောင်းတွေကိုနန်းတွင်းနဲ့ဘုန်းတော်ကြီးကျောင်း တွေမှာဖွင့်လှစ်ခဲ့ပါတယ်။ထိုင်းဘုရင်မဟာချူလာလောင်ကွန်လက်ထက်မှာပညာရေးနဲ့ပတ်သက်ပြီးတော့၊တော်ဝင်မိသားစု၊နန်းတွင်းသူ၊နန်းတွင်းသားနဲ့သာမန်အောက်ခြေလူတန်းစားဆိုပြီးခွဲခြားမှုမရှိပဲ၊တန်းတူညီမျှအခွင့်အရေးရှိပါတယ်။ဘုရင်းမင်းမြတ်ဟာစာသင်ကျောင်းတွေကိုတတိုင်း ပြည်လုံကခရိုင်တိုင်းလိုလိုမှာဖွင့်လှစ်ပေးခဲ့ပါတယ်။
ဘုရင်မင်းမြတ်ဟာ၊သူ့ရဲ့တိုင်းသူပြည်သားတွေ၊အဆင့်မြင့်သက်မွေးကျောင်းပြုနိုင်အောင်၊ဘာသာ ရပ်အလိုက်သင်တန်းကျောင်းတွေဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီအထဲမှာမြို့ပြအုပ်ချုပ်ရေးသင်တန်း ကျောင်း(ဆဌမမြောက်ရာမဘုရင်လက်ထက်မှာ၊အဲဒီသင်တန်းကျောင်းဟာ၊ယနေ့ခေတ်၊ချူလာ လောင်ကွန်တက္ကသိုလ်အဖြစ်ရောက်ရှိခဲ့ပါတယ်။)စိုက်ပျိုးရေးကျောင်း၊ဆေးပညာကျောင်း၊ဥပဒေ ကျောင်း၊ကြည်းတပ်အကယ်ဒမီ၊ရေတပ်အကယ်ဒမီ၊မြေပုံဆွဲပညာသင်တန်းကျောင်း၊ဆရာဖြစ်သင်ကောလိပ်၊စာတိုက်ပညာသင်ကျောင်းနဲ့အခွန်အကောက်ပညာသင်ကျောင်းတွေကိုဖွင့်လှစ်ခဲ့ပါ တယ်။
ချူလာလောင်ကွန်ဘုရင်မင်းမြတ်ဟာ၊ဘုရင့်ပညာသင်ဆု (King's Scholarships) ကိုလည်းတည် ထောင်ခဲ့ပါတယ်။ပြီးတော့၊ဘုရင့်သားတော်တွေနဲ့မြို့ပြအုပ်ချုပ်ရေးဌာန၊၀န်ထမ်းတွေကိုဥရောပနဲ့အမေရိကနိုင်ငံတွေကိုပညာသင်တော်သင်အဖြစ်စေလွှတ်ခဲ့ပါတယ်။ပဉ္စမမြောက်ရာမဘုရင်ဟာ ၀ဂျီရာယန ၊စာကြည့်တိုက်(ယနေ့ခေတ်အမျိုးသားစာကြည့်တိုက် )နဲ့ရှေးဟောင်းသုတေသနပညာ ကလပ်တို့ကိုတည်ထောင်ခဲ့ပါတယ်။
ချူလာလောင်ကွန်ဘုရင်မင်းမြတ်ဟာထိုင်းနိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေလိုလို့ကြိုးပမ်းခဲ့တဲ့၊မျိုးဆက် သစ်တွေအထဲကတဦးဖြစ်ပါတယ်။နိုင်ငံတော်အုပ်ချုပ်ရေးစနစ်ကိုလည်းပြောင်းလဲခဲ့ပြီးတော့၊နိုင်ငံ တော်ကောင်စီနဲ့မင်းတိုင်ပင်ခံကောင်စီဆိုပြီးဖွဲ့စည်းခဲ့တယ်။ထိုင်းနိုင်ငံတော်ကိုအုပ်ချုပ်ဖို့ဝန်ကြီးဌာန ၁၂၊ခုကိုတည်ထောင်ခဲ့တယ်။ဒီပုံစံနဲ့ဘုရင်မင်းမြတ်ဟာထိုင်းနိုင်ငံအတွက်၊ဒီမိုကရေစီစနစ်ကိုအုပ် မြစ်ချပေးခဲ့ပြီး၊နိုင်ငံတော်မှာလူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးပွားလာရေးအတွက်၊နိုင်ငံသားတိုင်း၊ခေတ် မီပညာရေးကိုဆည်းပူးနိုင်အောင်အားသွန်ခွန်စိုက်ဆောင်ရွက်ပေးခဲ့ပါတယ်။
စီးပွားရေးကဏ္ဍအနေနဲ့ပဉ္စမမြောက်ရာမဘုရင်မင်းမြတ်ဟာ၊ပြည်သူလူထုတွေဆီအခွန်အတုတ်အ နည်းအကျင်းပဲပေးရတဲ့စနစ်ကိုကျင့်သုံးခဲ့ပါတယ်။အစိုးရအနေနဲ့ဘဏ္ဍာငွေအတော်များများကိုနိုင်ငံ တော်ဖွံ့ဖြိုးရေးအတွက်သုံးစွဲခဲ့ပါတယ်။ဘုရင်မင်းမြတ်ဟာ၊ပြည်သူ့အကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ သစ်ပင်စိုက်၊လမ်းတံတား၊ရေကာတာ၊တူးမြောင်းစတာတွေကိုဖေါက်လုပ်ပေးခဲ့တယ်။
ပြည်သူလူထုတွေလုပ်ကိုင်စားသောက်ဖို့အတွက်မြေယာတွေကိုခွဲဝေပေးခဲ့တယ်။စိုက်ပျိုးရေးအစရှိတဲ့ထွက်ကုန်တွေကိုတနေရာကနေ၊တနေရာကိုတင်ပို့နိုင်ဖို့အတွက်လမ်းပန်းဆက်သွယ်ရေးတွေအဆင့်ပြေချောမွေ့စေရေးအတွက်အဝေးပြေးလမ်းတွေကိုဖေါက်လုပ်ပေးခဲ့ပါတယ်။ပြီးတော့၊ဘုရင်မင်းမြတ်ဟာမြို့တွေကိုသန့်ရှင်းရေးအတွက်၊သန့်ရှင်းရေးဌာနကိုတည်ထောင်ပေးခဲ့တယ်။ပဉ္စမမြောက် ရာမဘုရင်မင်းမြတ်ရဲ့လက်ထက်မှာမီးရထားလမ်း၊စာတိုက်၊ကြေးနန်း၊တယ်လီဖုန်း၊လျှပ်စစ်၊ဘဏ်လုပ်ငန်းနဲ့ဆေးရုံတွေကိုတည်ထောင်ပေးခဲ့ တယ်။
ထိုင်းဘုရင်၊မဟာချူလာလောင်ကွန်(ပဉ္စမမြောက်ရာမဘုရင်)ဟာခရီးထွက်တာကိုအင်မတန်မှခုံမင် နှစ်သက်ပါတယ်။ဘုရင်မင်းမြတ်ဟာထိုင်းနိုင်ငံအတွင်းကခရိုင်တွေကအခြေအနေတွေကိုစစ်ဆေးဖို့ခရီးထွက်ရာကပြည်တွင်းအတွေ့အကြုံဗဟုသုတတွေအများကြီးရသလို၊အစိုးရ၀န်ထမ်းတွေနဲ့ခင် မင်သိကျွမ်းခွင့်တွေရရခဲ့ပါတယ်။ဘုရင်မင်းမြတ်ရဲ့နိုင်ငံခြားခရီးစဉ်တွေကအပြန်တိုင်းမှာထိုင်းနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးရှိမဲ့၊နိုင်ငံခြားကနည်းနာနိဿယတွေကိုယူဆောင်လာခဲ့ပြီး၊ထိုင်း နိုင်ငံမှာကျင့်သုံးစေပါတယ်။
ဥရောပခရီးစဉ်နှစ်ကြိမ်မှာ၊ပဉ္စမမြောက်ရာမဘုရင်ဟာဥရောပနိုင်ငံအတော်များများနဲ့မဟာမိတ် ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့တယ်။ဒါကြောင့်လည်း၊ပဉ္စမမြောက်ရာမဘုရင်ဟာတချို့နိုင်ငံတွေကထိုင်းနိုင်ငံအပေါ်ကနေအခွင့်အရေးယူဖို့ကြိုးစားလာခဲ့မှုတွေအပေါ်ပြဿနာမဖြစ်ပဲ၊အောင်မြင်စွာနဲ့ဖြေရှင်းနိုင်ခဲ့ပါတယ်။
ထိုင်းဘုရင်၊မဟာချူလာလောင်ကွန်(ပဉ္စမမြောက်ရာမဘုရင်)ဟာစာပေးအရေးအသားမှာလည်း ၀ါသနာထုံခဲ့ပါတယ်။ကဗျာ၊လင်္ကာတွေအတော်များများကိုလည်း၊ရေးသားခဲ့ပါတယ်။ဒါ့အပြင်ဘုရင်မင်းမြတ်ဟာသမိုင်းရေးရာ၊မဂ္ဂဇင်းဆောင်းပါးတွေ၊မိတ်ခွန်းတွေနဲ့ခရီးသွားဆောင်းပါတွေရေးခဲ့ပါတယ်။
ဘုရင်မင်းမြတ်အလည်အပတ်သွားရောက်ခဲ့တဲ့၊ဒေသတွေရဲ့ပထ၀ီအနေအထား၊သမိုင်းဖြစ်စဉ်နဲ့လူ နေမှုစနစ်၊အနုပညာ၊ယဉ်ကျေးမှုစတာတွေကိုလည်းရေးသားခဲ့ပါတယ်။ ဘုရင်မင်းမြတ်သီကုံးခဲ့တဲ့ကဗျာတွေဖြစ်တဲ့၊ နစ်ထရာချက္ကရစ် Nitthra Chakhrit နဲ့ငိုပ Ngo Pa ဆို တဲ့ကဗျာတွေကိုထိုင်းနိုင်ငံမှာကျောင်းသုံးစာအုပ်တွေအဖြစ်ပြဌာန်းခဲ့ပါတယ်။
ထိုင်းဘုရင်၊မဟာချူလာလောင်ကွန်(ပဉ္စမမြောက်ရာမဘုရင်)ဟာထိုင်းနိုင်ငံကို ၄၂ နှစ်တိုင်အောင် အုပ်ချုပ်ခဲ့ပါတယ်။ဘုရင်မင်းမြတ်က၊ကျွန်စနစ်ကိုဖျက်သိမ်းပေးပြီး၊တိုင်းပြည်အတွက်ဒီမိုကရေစီအခင်းအကျင်းတွေကိုပျိုးထောင်ပေးခဲ့သလို၊ထိုင်းပြည်သူလူထုအတွက်စီးပွားရေး၊ပညာရေး၊ကျန်းမာ ရေးစတာတွေကိုကျိုးပမ်းဆောင်ရွက်တဲ့အပြင်၊ပြည်သူလူထုတရပ်လုံးအပေါ်မေတ္တာကိုလွှမ်းခြုံပေးတာကြောင့်၊ထိုင်းပြည်သူတွေကလည်း Somdet Phra Piya Maharat မေတ္တာရှင်မဟာဘုရင် မင်းမြတ် လို့ချစ်ခင်လေးစားစွာနဲ့ခေါ်ဝေါ်ကြပါတယ်။
မှတ်ချက်။ ။ထိုင်းနိုင်ငံနဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေနဲ့မြန်မာနိုင်ငံထဲကမြန်မာနိုင်ငံသား တွေပါထိုင်းနိုင်ငံရဲ့အကြောင်းကိုတ စေ့တစောင်းလေ့လာနိုင်အောင်၊ UNESCO ရဲ့ Lauds King Chularlongkorn and Celebrates His 150th Birthday Anniversary on 20 September 2003 ကိုဆီလျှော်အောင်ဘာသာပြန်တင်ဆက်လိုက်ပါတယ်။
အောင်ကျော်ဦး(Andamanhero)
ည ၈း၄၀
မတ်လ ၂၀ ၊ ၂၀၁၁
Posted by
Andaman Hero
at
8:34 PM
1 comments
Labels: profile