Sunday, December 30, 2007


အပြည့်အစုံသို့...

Sunday, December 23, 2007

အာဏာရှင်တွေရဲ့နေ၀င်ချိန်

ဥဒယ

မလွတ်လပ်ခဲ့ကြတာက ၊ လွတ်လပ်ရေးရကထဲကပေါ့၊
အကြံဥာဏ်တွေပက်စက် ၊ လိုချင်ရင်တိုက်ဟဲ့လို့ ၊
အာဏာရုးတွေ ၊ ရန်မီးမွှေးခဲ့ကြလို့ ပေါ့ ။

အမိမြေဟာဒါဏ်ရာဗလပွ ၊ ညီနောင်တွေကွဲကြ ၊
ငါမနိုင်ရင် ထပ်ပြီးရွေး ၊ ပွေလိမ်ရှုပ်တဲ့မျိုးစေ့ ၊
ချခဲ့တာ နိုင်ငံရေးပဏ္ဍိတ ၊ အဲဒီကထဲကပေါ့ ။

အစမကောင်းလို့ ၊ အနှောင်းမသေချာ ၊
လက်ထောက်ချလို့  ၊ စစ်ခွေးကိုလမ်းပြ ၊
ဓါးပြတိုက်ခံလိုက်ရတာ ၊ တို့ ဘိုးဘွားအိမ်ပေါ့ ။

ဇူလိုင် စက်တင်ဘာ ၊ အဖိုးကနေမြေး ၊
ကျွန်သက်ကရှည် ၊ အရှုံးနဲ့ တိုက်နေရပေမဲ့ ၊
တော်လှန်တဲ့မျိုးဆက် ၊ တို့ လက်ထက်မှာ ၊
စစ်မျိုးကိုဖြုတ်ခဲ့မယ် ၊ မင်းတို့ ရဲ့နေ၀င်ချိန်ရောက်ပြီ .. ဟေ့ ….

၂၃.၁၂.၂၀၀၇ နံနက် ၂း ၀၅


မှတ်ချက် ။ ။ ဇူလိုင်သည် ၁၉၆၂ ဇူလိုင် ၇ ကိုဆိုလိုသည်။
စက်တင်ဘာသည် ၂၀၀၇ စက်တင်ဘာကိုဆိုလိုသည်။

အပြည့်အစုံသို့...

Saturday, December 22, 2007

မဲဆောက် ကွန်မြွန်း

အပြည့်အစုံသို့...

မဲဆောက် ကွန်မြွန်း
အောင်ဝေး

ကြောက်တတ်ရင်
မဲဆောက်ဟာ
ဖြဲခြောက်တယ်။

မကြောက်တတ်ရင်
မဲဆောက်မှာ
နောက်ထပ် ကွန်မြွန်းတခု
ပေါ်လာမယ်။

မဲဆောက် … တဲ့
အမြဲသောက်ရင်
အသည်းခြောက်မယ်ဆိုတဲ့
ဆရာတင်မိုးကို လွမ်းတယ်။

မဲဆောက် … တဲ့
အမြဲသောက်ပေမယ့်
ရဲရဲတောက်တဲ့
ပုန်ကန်နွယ်တွေကို လွမ်းတယ်။

မဲဆောက် … ပေါ့
မဲဆောက်ဟာ
လွတ်မြောက်ခဲ့ပါတယ်။

မဲဆောက် … ပေါ့
မဲဆောက်ဟာ
လွမ်းလောက်ခဲ့ပါတယ်။

အို … မဲဆောက်ရဲ့
ခါးထောက်ပြီး မကြည့်ပါနဲ့။

နောက်ထပ် ကွန်မြွန်းတခုကို
ရဲရဲကြီး ကြိုစမ်းပါလော့။

ဒီမှာ
လွတ်မြောက်တဲ့ နှလုံးသားတွေက
လွတ်မြောက်တဲ့ တေးကိုပဲ
သီကြတယ်။

ဒီမှာ
အာဇာနည်တွေက
မသေမြစ်ကိုပဲ
ဆန်တက်နေကြတယ်။

ဟုတ်တယ်
မဲဆောက်ဟာ
ယူဂျင်းပေါ်တီယာရဲ့ မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
ဟိုတုန်းက လီနင်နဲ့တွေ့ပြီး
အခု လင်ကွန်းနဲ့ တွေ့ချင်သူတွေရဲ့
မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
ဒီမိုကရက်တစ် မဲဆောက်ပေါ့။

ဟုတ်တယ်
မဲဆောက်ဟာ
စစ်အာဏာရှင်စနစ်ကို
အမြစ်ပြတ် ချေမှုန်းပစ်မယ့်
မုန်တိုင်းသစ်တွေရဲ့ မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
မြစ်ဧရာပေါ်မှာ
လွတ်လပ်ခြင်းကို စီးဆင်းစေမယ့်
မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
ပေါင်းစည်းရင်း ကွဲလွဲခွင့်ရှိပြီး
ကွဲလွဲရင်း ပေါင်းစည်းနိုင်တဲ့ မဲဆောက်။

ဟုတ်တယ်
မဲဆောက်ဟာ
စစ်အစိုးရလက်အောက်မှာ
အနာဂတ် အိပ်မက်ကို
တောင်းယူလို့မရ
တိုက်ယူမှ ရမယ်လို့ ယုံကြည်သတဲ့။

ဟုတ်တယ်
မဲဆောက်ဆိုတာ
နအဖ စစ်သားလေးသိန်းကို
ရွှေ့ပြောင်းအလုပ်သမား နှစ်သန်းနဲ့
ဖို့သတ်လို့ရတဲ့ မဲဆောက်ပေါ့။

အို … မဲဆောက်ငဲ့
မကြောက်မရွံ့သာ
တောက်ပ လိုက်ပါတော့။

နောက်ထပ် ကွန်မြွန်းတခု
လူထုရင်ခုန်သံ
နိုင်ငံတကာ…။

အို … မဲဆောက်
မှားယွင်းတဲ့ ခေါင်းဆောင်မှုကို
ပုန်ကန်ရန် အခွင့်အရေးရှိတယ်
မဲဆောက်။

မဲဆောက်
တော်လှန်ရေးရဲ့ အခြေခံပြဿနာဟာ
အာဏာပြဿနာ ဖြစ်တယ်
မဲဆောက်။

မဲဆောက်
ရန်သူဆန့်ကျင်ခံရခြင်းဟာ
ကိစ္စဆိုးမဟုတ်
ကိစ္စကောင်း ဖြစ်တယ် မဲဆောက်။

မဲဆောက်
တော်လှန်တဲ့ အတွေးအခေါ်တရပ် မရှိဘဲ
တော်လှန်တဲ့ အရေးတော်ပုံတရပ် မရှိနိုင်ဘူး
မဲဆောက်။

တော်လှန်တဲ့ တပ်ဦးတခုတော့
လိုသပေါ့ မဲဆောက်ရယ်။

နှောင်ကြိုးကလွဲလို့
ဆုံးရှုံးစရာ ဘာမှမရှိဘူး။

၉၀ ရွေးကောက်ပွဲ ရလဒ်ကလွဲလို့
ဘာမှ လက်ခံနိုင်စရာ မရှိဘူး။

အကုန်ရရင်ရ
မရရင် ဘာမှမလိုချင်ဘူး။

အို … မဲဆောက်
အရေးအကြီးဆုံးက
လက်နက်မချရေး
ညီညွတ်ရေးပဲ မဲဆောက်။

ချစ်သူတွေ ရန်မဖြစ်ကြနဲ့
မဲဆောက်။

နောက်ဆုတ်ရန် ချန်ထားတဲ့
တံတားကို မီးရှို့ပစ်လိုက်
မဲဆောက်။

အတ္တဆိုလို့ `မခင်ဦး'ကို ချစ်မိတာ
တခုပဲ ရှိသတဲ့
မဲဆောက်။

အို … မဲဆောက်
ဒေါ်အောင်ဆန်းစုကြည် အကြောင်း
တွေးရတာလောက်
ဘယ်ပင်လယ်မှ လှိုင်းမထန်ဘူး။

မင်းကိုနိုင်တို့ မျိုးဆက်လောက်
ဘယ်ကောင်းကင်မှ ကြယ်မစုံဘူး။

ကျော်ကိုကိုတို့ ခေတ်မှာ
လူဖြစ်ရကျိုးနပ်တဲ့
မဲဆောက်ပေါ့။

မဲဆောက်ဟာ
ဖဒိုမန်းရှာနဲ့လည်း ညစာစားခဲ့တယ်။

မဲဆောက်ဟာ
လင်းယုန်ငှက်တွေကိုလည်း
ဂုဏ်ပြုခဲ့တယ်။

အို … မဲဆောက်ရဲ့
တချို့က တော်လှန်ရေးကို
တယောပေါ် တင်ကြတယ်။

တချို့က ဗုံပေါ်တင်ကြသတဲ့
အချို့ကျတော့
ဗုံနဲ့တယော ရောဖွဲ့ဂီတကို
နှစ်သက်သတဲ့။

အဲဒီလို မဲဆောက်ရဲ့
တော်လှန်ရေးမှာ အနုပညာပါရသတဲ့
ရေတွင်းလေးထဲ ငုံ့ပြီး
နှင်းရေ … လို့ အော်လိုက်
ခေတ်ကို ကဗျာနဲ့လည်း တိုက်လို့ရတယ်။

အို … မဲဆောက်
ဒေါနတောင်ကြီးကို မှောက်လှန်ပစ်မယ့်
မဲဆောက်။

အို… မဲဆောက်
သောင်ရင်းမြစ်ကို ဗြောင်းပြန်လှန်မယ့်
မဲဆောက်။

အို… မဲဆောက်
ကမ္ဘာပေါ်မှာ
ကျောင်းသားအစိုးရဆိုတာ
ဒီမှာပဲ ရှိလာမယ့် မဲဆောက်ပေါ့။

မဲဆောက်ရယ်
ခါးထောက်မကြည့်ပါနဲ့။

လမ်းလျှောက်သင်ခါစ
ကလေးတယောက်
ထမြောက်သွားသလိုမျိုး
တော်လှန်ရေးဆိုတာ
လဲလိုက် ထလိုက်တော့ ရှိမှာပေါ့။

မြွေမှန်ရင်
တွင်းဝင်ဖြောင့်မှာပဲ
အသည်းက ယုံကြည်ရင်
အဆုံးသတ်အောင်ပွဲကို မြင်ကြမယ်။

… ညဦးယံ၌ ငိုကြွေးခြင်းသည်
လာ၍ တည်းခို၏
နံနက်ယံ၌ကား
သီချင်းဆိုရသော အခွင့်ရှိ၏…
မဲဆောက်ရဲ့
အခုလက်ငင်းဆိုရမယ့် သီချင်းက
တနှစ်အတွင်း အနိုင်တိုက်ရေး
အာဏာသိမ်းပိုက်ရေးပေါ့။

အို … ရဲဘော်အပေါင်းတို့ …
ပြည်သူ့အကျိုး ဆောင်ကြ။
ပေဖြစ်ခံရဲရုံသာမက
တူဖြစ်အောင်လည်း လုပ်ကြ။

လူထုတိုက်ပွဲ အရှိန်မြှင့်ကြ။
ဘုံရန်သူကို ချေမှုန်းကြ။

အို… မဲဆောက်ငဲ့
နောက်မကျသေးပါဘူး။

အို… မဲဆောက်ငဲ့
ဆုံးခန်း မရောက်သေးပါဘူး။

အို…မဲဆောက်ငဲ့
ငှက်တေးကောက်ရင်
ရှင်ပြန်ထမြောက်ရမှာပေါ့။

ရန်-ငါ မပြတ်လို့
သံဃာအသတ်ခံရတာ
အို … မဲဆောက်ရဲ့
ဒီတခါ
ရန်-ငါ ပြတ်မှ ဖြစ်မယ်။

အရေးအကြီးဆုံးက
လက်နက်မချရေး
ညီညွတ်ရေးပဲ။

မဲဆောက်
မဲဆောက်
မဲဆောက်
မဲဆောက်
အို … မဲဆောက်
နောက်ဆုံးမှာ
ချစ်သူကို ပခုံးပေါ်တင်ပြီး
ရှင်လောင်းလှည့်သလို
ဗိုလ်ဝင်ခံပစ်မယ့် မဲဆောက်ရဲ့။

အစွမ်းကုန်သာ
ဖူးပွင့်လိုက်ပါတော့။

နောက်ထပ် ကွန်မြွန်းတခု
လူထုရင်ခုန်သံ …
နိုင်ငံတကာ …။ ။

အောင်ဝေး
(၁၅၊ ၁၂၊ ၀၇)


ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှကူးယူဖေါ်ပြသည်။

အပြည့်အစုံသို့...

ဘုန်းကြီးကျောင်းတွေအဖျက်ခံရတာရဲ့ ရေရှည်အကျိုးဆက်များ

သူရိန်ကျော်ဇော


မြန်မာနိုင်ငံမှာ ဘုန်းကြီးကျောင်းတွေ ရက်ရက်စက်စက် ၀င်အစီးခံရ။ ဖြိုခွင်းခံရတာဟာ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ လူမှုရေးတည်ငြိမ်မှုကို တဘက်တလမ်းက ထိန်းပေးနေတဲ့ လူမှု အဆောက်အအုံတခု ဖျက်စီးခံလိုက်ရသလိုဘဲ၊ ဗုဒ္ဓဘာသာဝင် ကိုးဆယ်ရာခိုင်နှုံး လောက်ရှိတဲ့ မြန်မာနိုင်ငံမှာ ဘုန်းကြီးတွေဟာ လူထုပေါ်မှာရော တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရပေါ်မှာပါ အတိုင်းအတာတခု တခုအထိ အရှိန်အ၀ါရှိတယ်။ အနောက်တိုင်းက လစ်ဘရယ် အယူအဆတခုဖြစ်တဲ့ လူထုကိုယ်စားပြု ကိုယ်စားလှယ်များနဲ့ အုပ်ချုပ်ခြင်း (rule of representative government) ဆိုတဲ့ အယူအဆ အသားမကျသေးတဲ့ နိုင်ငံမှာ အုပ်စိုးသူများရဲ့ အာဏာတရားဝင် မ၀င်ဆိုတာ အဲဒီအုပ်စိုးသူ မင်းများကို သာသာနာပိုင်များက ဘယ်လို သဘောထား သလဲဆိုတဲ့ အချက်နဲ့ အကဲဖြတ်တာမျိုး တွေ့ရတတ်တယ်။

ဒီအချက်ကို မြန်မာနိုင်ငံအကြောင်း လေ့လာနေတဲ့ ပြည်တွင်း ပြည်ပက လေ့လာသုံးသပ်သူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြတယ်။ သာသနာကို အလုပ်အကျွေးပြုခြင်း၊ တနည်းအားဖြင့် ဘုန်းကြီးကျောင်းများကို လိုအပ်တဲ့ အထောက်အပံ့ပေးခြင်းဟာ အုပ်စိုးသူများရဲ့ တာဝန်တခုဆိုတာ မြန်မာ လူ့အဖွဲ့အစည်းထဲမှာ အစဉ်အဆက် ခံယူလာတဲ့ အချက်တခု ဖြစ်တယ်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ် အစိုးရမင်းများကို ကိုယ့်အရှင်သခင်အဖြစ် လက်မခံနိုင်တဲ့ အကြောင်းတခုက အင်္ဂလိပ် အစိုးရမင်းကို မိစ္ဆာ အယူဝါဒကို ကိုးကွယ်သူအဖြစ် မြင်ကြတဲ့အတွက် ဖြစ်တယ်။ ဆိုတော့ လူထုပေါ်မှာရော၊ အုပ်စိုးသူများပေါ်ပါ အရှိန်အ၀ါရှိတဲ့ ဘုန်းကြီးကျောင်းများဟာ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေကို အစိုးရက နိုင်နိုင်နင်းနင်း လုပ်တာမျိုး မရှိတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းမှာ အရေးပါတဲ့ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေကို သူ့နည်း သူ့ဟန်နဲ့ တဘက် တလမ်းက ဆောင်ရွက်ပေးနေတဲ့ အင်မတန်မှ အရေးပါတဲ့ လူမှုရေး အဆောက်အအုံတွေ ဖြစ်နေတယ်။

အနောက်နိုင်ငံတွေမှာ ဆင်းရဲချမ်းသာ ကွာဟမှုကို တရားလွန် မဖြစ်အောင် ထိန်းတဲ့အခါ လူတိုင်း လူတန်းစေ့ နေနိုင်ရေးအတွက် လူမှုဖူလုံရေး လုပ်ငန်းတွေကို ဖော်ဆောင်တဲ့အခါ ချမ်းသာတဲ့ လူဆီက အခွန်ကို များများကောက်ပြီး အဲဒီက ငွေတွေကို တဘက်အစွန်းကို ပို့ပေးတဲ့အလုပ်ကို အစိုးရ အေဂျင်စီတွေက လုပ်တယ်။ အဲ့သလို လုပ်ငန်းတွေကို လုပ်ဆောင်မဲ့ အစိုးရ အေဂျင်စီတွေ မရှိတဲ့ မြန်မာနိုင်ငံမှာတော့ လူမှုတည်ငြိမ်မှု မပြိုပျက်အောင် ထိန်းပေမဲ့ ပုံသဏ္ဌာန် တိတိကျကျ မဟုတ်တဲ့ လူမှုအဖွဲ့အစည်းတွေ အားကောင်းလာတယ်။ အဲ့ဒီ အဖွဲ့အစည်းတွေထဲမှာ ဘုန်းကြီးကျောင်းတွေဟာ ရှေ့တန်းက ပါဝင်နေတယ်။ ပိုက်ဆံရှိတဲ့သူက ဘုန်းကြီးကျောင်းကို လှူလိုက်တဲ့ ပစ္စည်းကို ဘုန်းကြီးကျောင်းတွေက လိုအပ်တဲ့ သူတွေဆီကို ပြန်လည် ဖြန့်ဖြူးပေးနိုင်တယ်။ ရပ်ကွက်ထဲမှာ လူကြည်ညိုတဲ့ ဘုန်းတော်ကြီးက မရှိဆင်းရဲသားတွေအတွက် ငွေလှူကြပါ၊ ပညာမသင်နိုင်တဲ့ ခလေးတွေအတွက် ကျောင်းလေးစီစဉ်ချင်တယ်၊ တတ်နိုင်သမျှ ၀ိုင်းကြပါဆိုပြီး ဆော်သြ လိုက်ရင် ရပ်ထဲရွာထဲက ငွေကြေး ချောင်လည်သူများဆီက ပိုက်ဆံဟာ ဘုန်းတော်ကြီးရဲ့ ဆော်သြချက်နဲ့ဘဲ လိုအပ်နေတဲ့နေရာကို ရောက်လာတယ်။

မြန်မာနိုင်ငံမှာ လူတွေ စားဝတ်နေရေး ပိုပိုကြပ်တည်းလာတဲ့ အခြေအနေတွေမှာ ဘုန်းကြီးကျောင်းတွေရဲ့ အခန်းကဏ္ဌဟာ ပိုတောင်မှအရေးပါလာ ပိုတောင်မှကျယ်ပြောလာတယ်။ မရှိဆင်းရဲသားတွေကို ကျောင်းမှာ လက်ခံကျွေးထားတာအပြင် မူလတန်းကျောင်းတွေ ဖွင့်ပေးတာတို့၊ မြို့တက် ဆေးကုတဲ့အခါ တည်းစရာမရှိတဲ့ သူတွေအတွက်နေရာ ထိုင်ခင်း စီစဉ်ပေးတာမျိုးတွေထိပါ ဘုန်းတော်ကြီးတွေ၊ ဘုန်းကြီးကျောင်းတွေရဲ့ လုပ်နိုင် ကိုင်နိုင်စွမ်းတွေဟာပို ကျယ်ပြန့်လာတယ်။ ဘုန်းကြီးကျောင်းတွေဟာ လူ့အဖွဲ့အစည်းထဲကနေစင်ထွက်လာတဲ့ တုန်လှုပ် ခြောက်ခြားစရာ လောကဓံတွေကိုလည်း ရေမြှုတ်ကြီးတွေလို ကောင်းကောင်းစုပ်ယူနိုင်တဲ့ လူမှုအဖွဲ့ အစည်းတွေ ဖြစ်တယ်။ အနောက် နိုင်ငံတွေမှာလို (counseling) လုပ်တယ်ဆိုတာမျိုး ဆိုလိုတာက အဆင်မပြေမှု တခုခုကြောင့် စိတ်မော လူမောဖြစ်နေတဲ့ အခါမှာ ကိုယ့်ရဲ့ကြုံတွေ့ ခံစားချက်ကို စိတ်ရောဂါကု ဆရာဝန်ကို ရင်ဖွင့်ပြီး စိတ်သက်သာရာ ရအောင်ကြိုးစားတာမျိုးဟာ ဗမာမှာ မရှိပေမဲ့ ဘုန်းကြီးကျောင်းတွေဟာ အလားတူ လုပ်ငန်းမျိုးကို လုပ်ပေး နိုင်စွမ်း ရှိတယ်။ လုပ်လဲလုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။

မြန်မာ့ လူနေမှု စံနစ်ပုံစံမှာ ဘုန်းတော်ကြီးကျောင်းတွေဟာ မြန်မာလူမျိုးတွေရဲ့ ကိုယ်ပါ အမှတ်အသားလိုမျိုးလဲ ဖြစ်နေတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ ဘာသာစကားမှာ ဗုဒ္ဓဘာသာရဲ့ အငွေ့အသက်တွေ အများကြီး စိမ့်ဝင်နေသလို မြတ်ဗုဒ္ဓရဲ့ အဆုံးအမကို တဆင့်ခံယူရာ၊ မြတ်ဗုဒ္ဓရဲ့ သားတော်များ အဖြစ်နဲ့ ဘုန်းတော်ကြီးတွေကို လူတွေက ရှုမြင် လက်ခံကြတဲ့အတွက် ဖြစ်တယ်။ ဒတ်(ချ) လူမျိုးမနုဿဗေဒပညာရှင် တယောက်က မြန်မာတယောက်ကို ဘာလူမျိုးလဲလို့ မေးတဲ့အခါ ဗုဒ္ဓဘာသာ လူမျိုးလို့ ဖြေတဲ့အတွက် အံ့အားသင့်ဘူးကြောင်း ပြန်ပြောပြဘူးတယ်။ မြန်မာလူမျိုးတွေအတွက် သာသနာ ကွယ်ပျောက်တာဟာ လူမျိုးပျောက်သလို ဖြစ်လိမ့်မယ်။

တချို့နေ့စဉ်ဘ၀ရဲ့ အစိတ်အပိုင်းတခုလို ဖြစ်နေတဲ့ ကိစ္စတွေ၊ လုပ်ငန်းကိုင်ငန်းတွေမှာ ဘုန်းတော်ကြီးတွေနဲ့ မပတ်သက်လို့ မရတာတွေ ရှိတယ်။ ဥပမာ မြန်မာလူမျိုးတွေရဲ့ ဓလေ့တခုဖြစ်တဲ့ မနက်ဘုန်းကြီး ဆွမ်းလောင်းတာမျိုး၊ အသံမစဲ ပဌာန်းပွဲတွေဟာ မြန်မာ လူမျိုးတွေနဲ့ ကင်းလို့ မရတဲ့ ကိစ္စတွေဘဲ။ ကျနော့် အမေဆို မနက်ဘုန်းကြီးဆွမ်း မလောင်းရရင် တခုခု လိုအပ်နေသလို ခံစားရတယ်လို့ ပြောတတ်တယ်။ တခြား ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာလဲ အလားတူ ခံစားကြရမှာဘဲ။ လောကီသားတွေရဲ့ ဒါနပါရမီ ဖြည့်ဆည်းရာမှာ အလှူခံပုဂ္ဂိုလ်များအဖြစ်နဲ့ မြန်မာနိုင်ငံက သံဃာအဖွဲ့အစည်းဟာ လူတွေရဲ့ စိတ်ဓာတ်ရေးရာ လိုအပ်ချက်၊ ရုပ်ဝထ္ထုပစ္စည်းတွေ မပြည့်မစုံဖြစ်မှုကနေ ပေါ်လာတဲ့ အဆင်မပြေမှု အမျိုးမျိုးနဲ့ ကြုံနေရသူတွေကို စိတ်ပိုင်းဆိုင်ရာ အေးငြိမ်းမှုပေးနေတဲ့ လူမှု အဖွဲ့အစည်းကြီးတွေ ဖြစ်တယ်။ ခုဘုန်းတော်ကြီးတွေကို အကြမ်းဖက် နှိမ်နင်း ပစ်လိုက်တာဟာ ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ သာသနာ့ဝန်တင်မက မရှိမဖြစ် အရေး ပါတဲ့ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေကိုပါ ၀င်ထမ်းနေရတဲ့ လူမှုအဖွဲ့အစည်းကြီး တခုလုံးကို တိုက်ခိုက်လိုက်ရာ ရောက်တယ်။ ရုပ်ပိုင်းဆိုင်ရာ ဘက်မှာ မဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းထဲက လူတွေကို တတ်အားသရွေ့ စိတ္တသုခ ပေးနေတဲ့ လူမှုအဖွဲ့အစည်းကြီး ပျက်စီးသွားတာဟာ လူတွေကို ဆောက်တည်ရာမရ ဖြစ်သွားစေနိုင်တယ်။ ဒါတွေဟာ ဘုန်းတော်ကြီးတွေကို အကြမ်းဖက် နှိမ်နင်းမှုရဲ့ ရေရှည် အကျိုးဆက်တွေဘဲ။

သူရိန်ကျော်ဇော

ကိုဈာန် ဘလော့ဂ်မှကူးယူဖေါ်ပြသည်၊

အပြည့်အစုံသို့...

Tuesday, December 18, 2007

ကျွန်တော်တို့ တိုင်းပြည်ရဲ့လေးစား .. ဂုဏ်ယူရတဲ့ .. သူတွေ.







ဒေါက်တာလွဏ်းဆွေဘလော့ဂ်မှကူးယူဖေါ်ပြသည်။

အပြည့်အစုံသို့...





အပြည့်အစုံသို့...

Sunday, December 16, 2007

မခြောက်သော သွေးနှင့် မျက်ရည်

အေးချမ်းမြေ့ | ဒီဇင်ဘာ ၁၄၊ ၂၀၀၇

အဲဒီနေ့က မိုးမရွာပါ။
စက်တင်ဘာလရဲ့လကုန်ပိုင်းဆိုပေမယ့် မိုးသားမိုးရိပ်သိပ်မမြင်ရတာ လေးငါးရက်ရှိပြီ။ အတိအကျဆိုရပါက သံဃာတော် တွေ ကံဆောင်ပွဲစတင်ကတည်းက မိုးရိပ်တို့လျော့ပါးခဲ့ခြင်း ဖြစ်သည်။ မိုးရိပ်မမြင်ရသော်လည်း ကျဲကျဲတောက်နေပူနေ ခြင်းကားမဟုတ်၊ နေလို့ထိုင်လို့ကောင်းရုံ မိုးကပျပျ ကလေး အုံ့နေသည်။ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေသော သံဃာတော်များအတွက် သဘာဝက တမင်ဖန်တီးပေး ထားသလားပင် ထင်ရ၏။

အဲဒီနေ့ဆိုတာက စက်တင်ဘာ၂၆ ရက်နေ့ကိုပြောချင်တာဖြစ်သည်။
မနက်ပိုင်းသူရုံးရောက်ကတည်းက ဟိုနားတိုးတိုး ဒီနားတိုးတိုးနှင့် “ဒီနေ့ အခြေအနေမကောင်းဘူးလို့ကြားတယ်” ဆိုသည့် စကားကိုတယောက် တပေါက် ပြောနေကြသည်။ ဘယ်သူမှ အလုပ်ကိုစိတ်မ၀င်စားနိုင်ကြ၊ အပြင်ထွက်ကြဖို့ လူကြီး အလစ်ကိုချောင်းနေကြသည်။ သူတို့အားလုံး အလုပ်ထဲမှာစိတ်မ၀င်စားနိုင်ကြတာ ခုမှမဟုတ်၊ လွန်ခဲ့တဲ့ သုံးလေးရက် လောက်ကတည်းက ဖြစ်သည်။

တကယ်တော့လည်းဒီလိုစိတ်ဝင်စားနိုင်ကြတာ သူတို့အလုပ်က အစိုးရအလုပ်မဟုတ်သောကြောင့်ဖြစ်၏။ အစိုးရ၀န်ထမ်း တွေကတော့ ကံဆောင်ပွဲစတင်ကတည်းက ရုံးချိန်အပြင်ထွက်ခွင့်မရကြ၊ အလုပ်မဆင်းလို့လည်း မရ အလုပ်မဆင်းသူ လက်မှတ်မထိုးသူကိုနိုင်ငံတော်ပုန်ကန်သူအဖြစ်သတ်မှတ်မည်တဲ့။ သူတို့ကတော့မရ မွန်းတည့်၁၂ နာရီထိုးပြီးဆိုတာနဲ့ အပြင်ထွက်ဖို့ချောင်းကြပြီ။ ပြီးတော့ အချင်းချင်း ဖုန်းများနှင့် ဘယ်ရောက်နေပြီ ဆိုတာသတင်းပေးကြသည်။ အနီးဆုံးနေရာ ကသွားစောင့်ပြီး ကိုယ်နိုင်သလောက် ပါဝင်ကြသည်။

သံဃာတော်များ၏ ဖိနပ်ဗလာ ခြေထောက်များက သွေးချင်းချင်းနီနေပြီ။ သူတို့လျှောက်ခဲ့သော ခရီးအကွာအဝေး၊ သူတို့ လျှောက်ခဲ့သောရက်များနှင့်တွက်ကြည့်လျှင် စိတ်တစ်ခုတည်းကြောင့်သာ ဒီလို လျှောက်နိုင်ကြခြင်းဖြစ်သည်။ မကြည့်ရက် သောဒကာ ဒကာမများက တတ်နိုင်သလောက် ၀တ်ဖြည့်ကြသည်။ ၂၄ ရက်နေ့က သူတို့အဖွဲ့ လူအုပ်ကြီးနှင့်အတူ လိုက်လျှောက်သွားခဲ့ကြသည်။ မိုင်ပေါင်းဘယ်လောက်များများလျှောက်ခဲ့သလဲသူတို့မသိ။ သေချာတာကတော့ ဒီလောက် ခရီးအကွာအဝေးကိုသူတစ်ယောက်တည်း လျှောက်ဆိုလျှင်လျှောက်နိုင်မှာမဟုတ်။

“နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ”ဆိုသော အသံကဆွေးဆွေးမြေ့မြေ့ရှိလှသည်။ ဘေးကရပ်ကြည့်သူ ဘယ်သူမှ မနေနိုင် အနည်းဆုံးတော့ လက်ခုပ်တီး အားပေးမိကြသည်ချည်း။ ၂၅ ရက်နေ့ကြတော့သူတို့မလိုက်ဖြစ်ကြတော့ ရေသန့်ဘူးများ
ဝယ်ပြီးစောင့်နေကြသည်။ သံဃာတော်များလာတော့ သူတို့ရေသန့်ဘူးများကပ်လှူကြသည်။ သံဃာတော်များကား ပင်ပမ်းနေသော်လည်းနွမ်းနယ်ချင်းမရှိ။ သူတို့ဘေးက အစ္စလာမ်ဘာသာဝင်များလည်း ရေသန့်ဘူးများ ကပ်တာတွေ့ရသည်။

မဟာဗန္ဓုလလမ်းပေါ်မှာ လူအုပ်ကြီးဖြင့်ပြည့်ကျပ်နေသည်။ မဆုံးနိုင်သော သံဃာတန်း လူတန်းကြီးကို ဘေးက လူများက လက်ချင်းချိတ်ဆက်ပြီးကာပေးထားသည်။ လက်ခုပ်သံများက ဟိန်းဟိန်းညံနေသည်။ ဆက်လိုက်သွား ချင်သော်လည်း သူ့ဆန်စားနေရသည့်ဘ၀ဖြစ်သောကြောင့် အားပေးရုံပေးပြီး ပြန်လာခဲ့ရသည်။


အသံတွေကတော့အမျိုးမျိုး၊ မြန်မာ့ရုပ်မြင်သံကြားတွင်လည်း လူများက 47 (ဖော်တီဆဲဗင်း) ဟုအမည်ပေးထားသော သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်ကြီးများ၏ မသက်မသာ ရုပ်ပုံများကို အသံတိတ် ပြသနေသည်။ သူတို့ဘာပြောကြသလဲ ဆိုတာ ဘာမှမလွှင့်၊ နိုင်ငံတကာသတင်းတွင်လည်း မြန်မာသတင်းကကြီးစိုးနေရာ ဖြတ်တောက်လွှင့်ရသဖြင့် ဘာမှမကျန် တော့။ လွှင့်စရာမရှိသဖြင့် မနေ့က တစ်နေ့က ဟိုးတစ်နေ့ကသတင်းများ ကိုသာထပ်ခါထပ်ခါလွှင့် နေသည်။

၂၅ ရက်နေ့ညသတင်းမှာတော့ ကံဆောင်ပွဲမရပ်လျှင် တစ်ခုခုလုပ်တော့မည်ဆိုသည့်ပုံစံမျိုးပြောလာသည်။ အဲဒီနေ့ညနေက ၄၆ လမ်းစီးတီးမတ် နားက အဆောက်အဦသစ်မဆောက်ရသေးသည့် ကွက်လပ်ကြီးတွင် စစ်ကားတွေရောက်နေပြီ။ ရန်ကုန်မြို့တွင်း ဟိုနေရာ သည်နေရာတွေမှာလည်း စစ်ကားတွေ စစ်တပ်တွေမြင်နေ ရသည်။

လူတွေကတော့မြန်မာ့အသံကိုမကြည့်ကြတော့။ စလောင်းတပ်ထားသူတွေက CNN, DVB တွေဖမ်းကြည့်သည်။ မရှိသူ တွေက ရေဒီယိုနားထောင်သည်။ အဲဒီတော့ ဘယ်လိုပဲဖြတ်ထားဖြတ်ထား သတင်းတွေကို အချိန်နှင့် တပြေးညီ သိကြ ကြားကြရသည်။ သူတို့သူငယ်ချင်းတွေကတော့ ကံဆောင်ပွဲမှပြန်လာတာနှင့် အင်တာနက် ကဖေးကိုပြေးကြသည်။ အွန်လိုင်းပေါ်မှ ဘလော့များကိုကြည့်သည်၊ ဖြန့်သည်၊ အချင်းချင်း ချက်တင်လုပ်ရင်း ပြောကြဆွေးနွေးကြသည်။

၂၆ ရက်နေ့မှာတော့ ဘလော့များ ၀က်ဘ်ဆိုဒ်များ ဖွင့်မရတော့။ ၂၇ ရက်မှာတော့ အင်တာနက်လုံးဝမရတော့ ဆိုင်များပါ ပိတ်ထားလိုက်ရသည်။ အင်တာနက်နှင့်စီးပွားရှာသူများဒုက္ခရောက်ရတော့သည်။ အားလုံးရေဒီယိုနှင့် စလောင်းကိုအားကိုး ကြရတော့သည်။ ဆိုင်များတွင် ရေဒီယိုများရောင်းစရာမရှိတော့လောက်အောင် ပစ္စည်းပြတ် သွားသည်၊ စလောင်းဆိုင်များ တွင်လည်း ပစ္စည်းပြတ်သည်။ စလောင်းဆင်သူများလက်မလည်အောင် အလုပ်များ ကုန်သည်။ သတင်းငတ်နေသည့် လူများက အပြင်းအထန် အားပေးကြသောကြောင့်ဖြစ်သည်။

အဲဒီနေ့က ခါတိုင်းလိုပင်မိုးမရွာ နေကလည်းအရမ်းမပူ နေထိုင်ကောင်းရုံ အနေအထားလေး။ မနက်၁၁ နာရီ ကျော်ကျော် လောက်မှာတော့ ဖုန်းဝင်လာသည် ရွှေတိဂုံဘုရားမှာရိုက်နေကြပြီတဲ့။ ဆူးလေဘုရားကိုလည်း ၀ိုင်းထားပြီလို့ကြားသည်။ ရုံးပေါ်ကဆင်းပြီး ဆူးလေစေတီနားပြေးသွားမိသည်။ စစ်သားတွေက သံခမောက် ပေါ်မှာ အနီရောင်ပတ်နှင့် တခါမှမမြင်ဘူး သည့်ပုံစံ။ လူတွေကသူတို့ကို မျောက်ပွဲကြည့်သလိုဝိုင်းကြည့် နေကြ သည်။ ဘယ်သူကမှတော့ ပစ်လိမ့်မည်ဟုမထင် အထူးသဖြင့် ၈၈ ကိုမမီလိုက်သည့် ကလေးများကတကယ် ပစ်မည် မထင်။ သူတို့လို ၃၀ကျော်အထက်ပိုင်းလူလတ်ပိုင်း တွေကတော့ သိပ်လျှော့မတွက်ရဲ။ ဒါပေမယ့် သိပ်တော့လည်းမကြောက်မိ။ သံဃာတွေကိုရိုက်နေပြီဆိုသည့်သတင်း ကလည်း ကြားထားတော့ စိတ်တွေက တင်းမာခက်ထန်နေသည်။

အဲဒီအချိန်မှာပဲဘယ်သူမှထင်မှတ်မထားတာ စဖြစ်သည်။ ကြည့်နေသောလူတချို့က စစ်သားတွေကို ထိုင် ကန်တော့ပြီး “မလုပ်ကြပါနဲ့ဗျာ သံဃာတွေကို မရိုက်ပါနဲ့တော့”ဆိုပြီးပြောချိန် နှင့်တပြိုင်တည်းလိုလို မိုးက တဂျိမ်းဂျိမ်းထချိန်းတော့ သည်။ မိုးချိန်းသံကြားသည်နှင့်လူများက တိုင်ပင်မထားဘဲ လက်ခုပ်များထတီးရာ မခံစားနိုင်တော့သောစစ်သားများက မည်းမည်းမြင်ရာပစ်တော့သည်။ သူတို့ရှေ့တင်လူတစ်ယောက် လဲကျ သွားတော့မှ တကယ်ပစ်တာဆိုသော အသိစိတ်ဖြင့် မဟာဗန္ဓုလ လမ်းမကြီးအတိုင်းဖနောင့်နှင့်တင်ပါး တသားတည်းကျအောင်ပြေးမိတော့သည်။

ဘယ်သူကျန်ခဲ့သလဲ ဘယ်သူထိသွားလဲ မသိ၊ ကိုယ်ကိုယ်တိုင်တောင် ဘာဖြစ်နေပြီလဲမသိအောင် စွတ်ရွတ် ပြေးမိပြေးရာ ပြေးကြခြင်းဖြစ်သည်။ သူတို့ရုံးခန်းတည်ရာရောက်မှ ဟင်းချနိုင်တော့သည်။ ရုံးအောက်ကိုမရောက်ခင် သူတို့ရုံးအောက် စတိုးဆိုင်က အရောင်းစာရေးမလေးနှင့်ဆုံသည်။ မောကြီးပမ်းကြီးပြေးလာပြီး သူ့ရှေ့ ရောက်တော့ အကြောက်လွန်ကာခွေ ခေါက်လဲကျသွားသည်။ နှာနှပ်ပေးပြီးသတိပြန်ရသည်အထိ အကြောက် ပြေသေးပုံမပေါ်။ သူ့အနားက သေနတ်ကျည်ဆံ များဖြတ်သွားသည်တဲ့။

တာမွေဘက်ကပြန်လာသည့်သူငယ်ချင်းကလည်း သူ့ အတွေ့အကြုံကို ပြောပြသည်။“လူအုပ်ကြီးနဲ့အတူ မြန်မာ့ဂုဏ်ရည် လမ်းအတိုင်း လျှောက်လာခဲ့တာ၊ အဲဒီလမ်းကြီးတစ်လမ်းလုံးအပြည့်ပဲ၊ စစ်ကားအဲဒီလမ်းထဲဝင်လို့ မရဘူးဖြစ်နေတယ်၊ လူတွေကလည်း အရမ်းညီတယ်၊ ကန်တော်လေးဆိုတာ တကယ်တော့ အစ္စလာမ်ရပ်ကွက် လေ ဒါပေမယ့် အဲဒီအချိန်မှာ ဘာသာကွဲဆိုတာမရှိတော့ဘူး၊ အားလုံးအတူတူပဲ ဖြစ်သွားတာ၊ တယောက်ကို တယောက် ကူညီဖို့ဆိုတာပဲသိတော့တာ”ဟု သူက ပြောသည်။

အဲဒီလူအုပ်ကြီးက ခဏနေတော့ မြို့ထဲဘက်အနော်ရထာလမ်းတလျှောက် လျှောက်လာတာတွေ့လိုက်ရသည်။ အဲဒီ နောက်ပိုင်းမှာတော့ တကမ္ဘာလုံးကသိပြီးဖြစ်သော မတရား တဘက်သက် ရက်ရက်စက်စက် သတ်ဖြတ် ဖမ်းဆီးမှုကြီးများ ဖြစ်ကုန်တော့သည်။ ပြန်လည်းမပြောချင် ပြန်လည်းမကြားချင်တော့ပါ။

၂၇ ရက်နေ့ကဆို တရားလက်လွတ်ကိစ္စများတော်တော်ဆိုးရွားသည်။ တာမွေဘက်ကို မသွားမဖြစ်သွားရလို့ မကြားချင် မမြင်ချင်တာတွေကြားမြင်ရခြင်းဖြစ်သည်။ လူအုပ်ကြီးက ခါတိုင်းလိုပဲ ရွှေဂုံတိုင်ဘက်ကလျှောက် လာရာ တာမွေ ဈေးနား တွင် စစ်တပ်နှင့်ထိပ်တိုက်တိုး၍ တွေ့ရာပစ်ပြီးလူစုခွဲရာ လွတ်ရာကျွတ်ရာထွက်ပြေးကြ ရသည်။ အနီးနားကမကြည့်ရဲ
ဝေးဝေးကလှမ်းကြည့်ရသည်။

သူတို့အသက်ကိုတော့ သူတို့ကနှမျောတတ်သား၊ စစ်သားက ပစ်တာကို ရဲက ကာပေးထားသည်။ တကယ်တော့ သေနတ်ကို အံတုနိုင်သည့်လက်နက် လူထုဆီမှာမရှိ။ လဲကျသွားသူထဲမှာ မိန်းမတွေ ကလေးတွေပါသည်။ အချိန်က အထက်တန်း ကျောင်းလွှတ်ချိန်ဖြစ်သည်။ လဲသွားသူကိုဘယ်သူမှသွားမဆွဲရဲ၊ ဒီတိုင်းအဝေးက ကြည့်နေကြရသည်။ ကျောက်မြောင်းက အစ်ကိုအိမ်မှာ သူထိုင်နေစဉ်မှာပင် ရယက လူကြီးရောက်လာသည်။ သီတာလမ်းမှာငှားနေသောတက္ကသိုလ် ကျောင်းသား တဦးသေသွားသည်တဲ့။ အဲဒီကျောင်းသားက တိုက်ခန်းတွင် တဦးတည်းငှားနေတာဖြစ်သည်။ သူ့မိသားစုက စစ်တွေက ဆိုတာပဲသိသည်တဲ့။ ဘယ်သူမှသူ့မိဘများ၏လိပ်စာ ကို မပြောနိုင်ကြ။

ခဏနေလို့အားလုံးငြိမ်သွားမှ လမ်းမကြီးဘက်ထွက်ကြည့်တော့ ပစ်လို့ထွက်ပြေးရင်း ကြုံရာအိမ်ထဲဝင်ပြေးရာ အိမ်ရှင်များ ကိုပါ ဖမ်းခေါ်သွားသည်ဟုကြားရသည်။ အခွန်လွတ်ဈေးနားက သံချည်သံကွေးဆိုင်တဆိုင်ဆိုလျှင် အပေါ်ထပ်တက် ဖုန်းဆက်နေသူ ဆိုင်ရှင်မှလွဲပြီးတဆိုင်လုံးကိုဖမ်းခေါ်သွားသည်။ တချို့ အိမ်ထဲထိုင်ထမင်းစား နေသူကိုပါ ဆွဲခေါ်သွား သည်တဲ့။ ကြားရတာ နည်းနည်းမှ စိတ်သက်သာဖွယ်ရာမရှိ။

ဖြစ်ချင်တော့ ၂၇ ရက်နေ့ အဖမ်းခံခဲ့ရသူများထဲတွင် အသိကလေးတယောက် ပါသွားသည်။ တော်တော်ရင်းနှီး သူဖြစ်သော ကြောင့် ရှာဖွေဖို့ကူညီပေးခဲ့ရသည်။ ရေဝေးသုသာန် မီးသင်္ဂြီုဟ်စက်လည်းရောက်သည်။ ကျိုက်က္ကဆံကွင်းလည်းရောက် သည်။ ဆေးရုံကြီးလည်းရောက်သည်။ ဆေးရုံကြီးရင်ခွဲရုံတွင် အပစ်ခံရပြီးသေဆုံးသွားသူ တယောက်၏ မိသားတစုနှင့် ဆုံသည်၊ ကျိတ်မနိုင်ခဲမရဖြစ်နေသည့် သေဆုံးသူ ကောင်လေး၏ အစ်ကိုဖြစ်သူ မျက်နှာကို မျက်စိထဲကတော်တော်နှင့် မထွက်၊ ၀မ်းနည်းခြင်း၊ နာကြည်းခြင်း၊ ပူဆွေးခြင်း၊ ခံပြင်းခြင်းတို့ ရောယှက် ထားသောမျက်နှာ။ လက်သီးကိုကျစ်ကျစ်ဆုပ် ထားပြီး ဘာမှမတတ်နိုင်သော အဖြစ်။ သူ့ညီသေသွားပြီဆိုတာ ဓာတ်ပုံမြင်ရသောကြောင့်သာသိရရှာသည်။ ရုပ်အလောင်း ကိုမြင်ရတာမဟုတ်။ သင်္ဂြီုဟ်ခွင့်လည်းမရ။

ရေဝေးရောက်တော့ အစောင့်စစ်သားက သေဆုံးသူများ၏ ဓာတ်ပုံများထုတ်ပြသည် ဓာတ်ပုံက၁၀ပုံသာ။ မျက်နှာများသာ မြင်ရသည်။ ထိုကောင်လေးမပါ။ သေဆုံးသူ ဒီထက်မကမှန်းတော့သိသည်။ သို့သော်မေးလို့ ကလည်းမရတော့ ပြန်လာခဲ့ ရသည်။ ကျိုက်က္ကဆံရောက်တော့ စစ်သားတွေသေနတ်နှင့်ဝိုင်းချိန်တာ ခံရသေး သည်။ အဲဒီမှာလည်း ဘာမှမေးလို့မရ။ နောက်တော့ အင်းစိန်ထောင်မှာလို့ကြားသည်။ တလလောက်ကြာတော့ မှ လွတ်လာသည်။ သူ့အစ်ကိုကတော့ ပိုက်ဆံ ကျပ်သုံးသိန်းလောက် ကုန်သွားသည်ဟုဆိုသည်။ ဟိုနည်းနည်း ဒီနည်းနည်းခွံ့ရသည်တဲ့။ ညီဖြစ်သူကိုဘယ်သူနှင့်မှ ပေးမတွေ့ဘဲ အမျိုးများရှိရာရွာသို့ ပို့ထားလိုက်သည်။ မသေတာကိုပဲကျေးဇူးတင်လှပြီတဲ့။

မမေ့နိုင်ပါ။
မေ့လည်းမမေ့သင့်ဟုထင်သည်။ အဲဒီနောက်ပိုင်းတွင် ရန်ကုန်မြို့ကြီးမှာ ရုပ်ရှင်ကားများတွင်ကြည့်ခဲ့ဖူးသော စစ်တလင်း လိုဖြစ်နေသည်။ နေရာတိုင်းတွင်စစ်ကားများ စစ်သားများသာမြင်နေရသည်။ လူအားလုံးကျီးလန့်စာ စားဖြစ်နေသည်။ စီးပွားရေးလုပ်ငန်းရှင်များက သူတို့ အလုပ်များကို မရပ်ချင်သောကြောင့် အလုပ်သာဆင်းပေး နေကြရသည်။ ဘယ်တော့ ဘာဖြစ်မလဲ တထိတ်ထိတ် စိုးရိမ်နေကြရသည်။

စစ်သားများကိုမုန်းတီးစက်စုပ်စွာကြည့်ရုံ၊ စစ်အစိုးရကိုနာကြည်းရုံသာ တတ်နိုင်သော ပြည်သူလူထုကား သနားစရာ ကောင်းလှသည်။ အရုဏ်တက် ဆွမ်းလောင်းချိန် အရင်လို သံဃာများတန်းစီ မကြွလာတော့ဘဲ ကိုရင်လေးတပါးနှစ်ပါးနှင့် ဘုန်းကြီးကျောင်းသားလေး လောက်သာကြွလာသဖြင့် အမယ်ကြီးများမျက်ရည်လည်ရွှဲ ငိုပွဲ ဆင်ကြရသည်။

အဖြစ်က ဂျပန်ခေတ် ဖက်ဆစ်ခေတ်ကိုရိုက်ပြထားသော ဗီဒီယိုကားကြည့်နေရသလို။ သို့သော် ဒါရုပ်ရှင်မဟုတ် ကောလာ ဟလလည်းမဟုတ်။ တကယ့်အဖြစ် ကိုယ်တွေ့စစ်စစ်ဖြစ်သည်။ ရင်ထဲမှာသိမ်းထားခဲ့သည်။

တခုတော့ကျေနပ်မိသည်။ ၈၈ အကြောင်းလုံးဝမသိခဲ့သော သိဖို့လည်းမကြိုးစားခဲ့သော ယနေ့ ကျောင်းသားများကို တပ်လှန့်ပေးလိုက်သည်နှင့်တူသည်။ အားလုံးတသားတည်းပြန်ဖြစ်သွားခဲ့ပြီ။

ထိုသို့သော သွေးနှင့် မျက်ရည်ဆိုသည်မှာ ဘယ်တော့မှ ခြောက်သွားရိုးထုံးစံမရှိဆိုတာ သူတို့သိသွားပြီ။ အဲဒီအတွက်တော့ သူ ကျေနပ်မိပါသည်။ ။

ဧရာဝတီအင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။

အပြည့်အစုံသို့...

တုတ်ရိုက် သင်တန်းတွေ ပေးနေပြီ

ကြည်ဝေ | ဒီဇင်ဘာ ၁၄၊ ၂၀၀၇

စစ်အစိုးရက လူထုဆန္ဒပြပွဲထပ်မံဖြစ်ပွားလာလျှင် နှိမ်နှင်းရန်အတွက် အဓိကရုန်းနှိမ်နင်းရေး တုတ်ရိုက် သင်တန်းကို သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ အားကစားကွင်းများတွင် ပို့ချလျှက်ရှိကြောင်း သိရသည်။

အဆိုပါ တုတ်ရိုက်သင်တန်းအား မြို့နယ်အသီးသီးတွင်ရှိသော ရပ်ကွက်များအတွင်းမှ ပညာတတ် ရယကဥက္ကဌ ဖြစ်စေ၊ အတွင်းရေးမှူးဖြစ်စေ တဦး မဖြစ်မနေ တက်ကြရပြီး ရပ်ကွက်တွင်းရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်များ၊ စွမ်းအားရှင်များ၊ မီးသတ်များ၊ စည်ပင်သာယာ ၀န်ထမ်းများအပြင်၊ စက်တင်ဘာလ နောက်ပိုင်းက အသစ်ဖွဲ့စည်းပေးလိုက်သော ရပ်ကွက် လူငယ်အဖွဲ့များလည်း မဖြစ်မနေတက်ကြရကြောင်း သင်တန်းတက်နေသူများက ပြောပြကြသည်။

“အခြေခံစစ်ပညာက စပြီးသင်ရတယ်၊ ပြီးတော့ လူအုပ်ကို ဘယ်လိုလူစု ခွဲရမယ်၊ ဘယ်လိုရိုက်မယ်ဆိုတာတွေကို သင်ပေး တယ်၊ အဓိကကတော့ ဆန္ဒပြပွဲကလူတွေကို ဘယ်လိုနှိမ်နင်းမယ်ဆိုတာ စနစ်တကျ ဖြိုခွဲတတ်အောင် သင်ပေးတဲ့ သင်တန်း ပါ၊ တပ်ကြပ်ကြီးတွေက သင်ပေးပါတယ်”ဟု သင်တန်းတက်နေသော တောင်ဒဂုံတွင် နေထိုင်သည့် စွမ်းအားရှင်တဦးက ပြောပြသည်။

ထိုသင်တန်း တက်ရောက်သူများအား ထောက်ပံ့ကြေးငွေ ပေးခြင်းမရှိသော်လည်း လေ့ကျင့်ရာတွင် ၀တ်ရမည့် ဘောင်းဘီ နှင့် လေ့ကျင့်ရာတွင် အသုံးပြုရန်အတွက် ၀ါးဆစ်တုတ်များ ထုတ်ပေးထားသည်ဟု သူက ဆိုသည်။

“ရှင်းရှင်းပြောရရင် လူတွေကိုရိုက်ဖို့ လေ့ကျင့်ပေးနေတဲ့ သင်တန်းပဲ၊ စာရင်းပါပြီး သင်တန်းမတက်ခဲ့ရင် မှတ်တမ်းတင်ခံ ရတယ်၊ ရာထူးမတက်ဘူးပေါ့ဗျာ၊ အဲဒါကြောင့်တက်နေရတာပဲ”ဟု ကျိုက္ကဆံကွင်းတွင် သင်တန်းတက်နေသော ရန်ကုန်မြို့မှ စည်ပင်သာယာ ၀န်ထမ်းတဦးက ဆိုသည်။

သင်တန်းချိန်မှာ ညနေ ၂ နာရီမှ ၄ နာရီထိဖြစ်ပြီး သင်တန်းကာလမှာ ၂ လဖြစ်ကြောင်း သင်တန်းဆရာမှာ စစ်တပ်ထဲမှ တပ်ကြပ်ကြီးများဖြစ်ပြီး ရဲဘက်ဆိုင်ရာမှ ဒုရဲအုပ်အဆင့်ရှိသူများလည်း ကြီးကြပ်ရေးတွင်ပါဝင် သင်ကြားပေးကြောင်း သင်တန်းတက်နေသူများက ပြောပြသည်။

“ရန်ကုန်တိုင်းက မြို့နယ်တွေကို သင်တန်းစပေးတာကတော့ အောက်တိုဘာ လဆန်းပိုင်းကတည်းကပါ၊ သူ့မြို့နယ်နဲ့သူ အသုတ်လိုက်ပေါ့၊ ၀န်ထမ်းတွေကိုတော့ နိုဝင်ဘာလ ဆန်းက စပြီးပေးတယ်၊ တခြား ၀န်ထမ်းတွေကိုလည်း ဆက်တိုက်ပေး သွားဖို့ အစီအစဉ်ရှိပုံရပါတယ်”ဟု အဆိုပါသင်တန်းကို ကြီးကြပ်နေရသော သင်တန်းကြီးကြပ်ရေးမှူး တဦးက ပြောသည်။

ပဲခူးတိုင်း ကြံ့ဖွံ့အသင်းဝင်တဦးကလည်း “ဒီမှာစတက်နေရတာက ရယကတွေ၊ ကြံ့ဖွံ့တွေနဲ့ စွမ်းအားရှင်တွေပဲ၊ ၀န်ထမ်း တွေတော့ မပါသေးဘူး၊ တရပ်ကွက်ကို ရယက တဦး၊ ကြံ့ဖွံထဲက အနည်းဆုံး ၃ ဦး၊ စွမ်းအားရှင် ၃ ဦးနဲ့ မီးသတ်ဝန်ထမ်း တွေ မဖြစ်မနေ တက်ခိုင်းတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင်သာမက တခြားပြည်နယ်နှင့် တိုင်းတချို့တွင်လည်း အဆိုပါ သင်တန်းကို နိုဝင်ဘာလ တတိယပတ်မှ စတင်ကာ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


ဧရာဝတီအင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။

အပြည့်အစုံသို့...

နအဖ .. ရေ .. ဒီလူတွေရေးတဲ့အခြေခံရမယ့်မူတွေ .. တိုင်းပြည်ကိုအကျိုးပြုမှာလား ...

အပြည့်အစုံသို့...

Saturday, December 8, 2007

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပြင်းအထန်နာမကျန်းဖြစ်နေတယ်ဆိုတဲ့- ကောလဟလ - ဟာကံထိုက်နေတာများလား

Rumors Say Than Shwe is Ill—Bad Karma?
By Wai Moe
December 7, 2007
Email Article
Print Article


Rumors are spreading within Burma and as far abroad as Singapore that the health of junta chief Snr-Gen Than Shwe is deteriorating, with many people suggesting he’s experiencing bad karma because of his brutal crackdown on peacefully demonstrating monks in September.



[Photo: Reuters]

The rumors appear to have originated with Tatmadaw soldiers whose menial duties bring them into close contact with the 74-year-old general. From there, reports of his failing health reached higher ranking officers.

They broke surface on Thursday after Than Shwe met a Chinese official who reportedly urged him to adopt reforms in order to improve the country’s economy. The general was reported to be suffering strain and “psychological problems.”

An earlier meeting with a visitor from Beijing, a Chinese deputy foreign minister, was also followed by a bout of ill health, ascribed by military sources to stress. The Chinese minister was believed to have urged Than Shwe to speed up work on the seven-step road map to democracy.

One source told The Irrawaddy that Than Shwe had been depressed by a report by the head of the United Nations Development Programme in Burma, Charles Petrie, who was expelled from Burma recently. The report highlighted the junta’s economic failures and mismanagement.

Rumors of Than Shwe’s ill health also circulated among Burmese living in Singapore, where members of the junta usually seek medical attention. Despite his reluctance to leave the country, for fear of a coup in his absence, Than Shwe traveled to Singapore in January this year for treatment at Singapore General Hospital.

Than Shwe was in the hospital for about one week, but he reportedly rejected advice to undergo surgery for a life-threatening condition, saying he wanted first of all to consult his chief astrologer. He was said to be suffering from hypertension and diabetes.

Many Burmese say Than Shwe’s health problems are bad karma because of his suppression of the monks’ demonstrations. They point to the precedent of Snr-Gen Saw Maung, regime head and commander-in-chief of the Tatmadaw from 1988 to 1992, who launched a crackdown on a monks’ boycott in 1990.

He subsequently fell ill—many say with psychological problems—and was replaced by Than Shwe in 1992. Two years later, Saw Maung died.

“Now it’s Than Shwe’s turn,” said one Buddhist resident of Rangoon. “He is responsible for the deaths of monks and has earned bad karma. His end could come very soon.”

အပြည့်အစုံသို့...

Sunday, December 2, 2007

Ludu Daw Amar birthday's pictures







လှုပ်ရှားမှုဓါတ်ပုံတွေကို ၊ ကို ပီဂျီ ကပေးပို့ ခဲ့တာဖြစ်တယ်။

အပြည့်အစုံသို့...





အပြည့်အစုံသို့...