Friday, May 30, 2008

there was a certain man.. In Burma long ago ...

အပြည့်အစုံသို့...

Yebaw Day's Cartoon

အပြည့်အစုံသို့...

who is next ?????

အပြည့်အစုံသို့...

Magic Show


အပြည့်အစုံသို့...

Cartoon

အပြည့်အစုံသို့...

Another idea of Mr.Creator


အပြည့်အစုံသို့...

Mr.Creator's Idea

အပြည့်အစုံသို့...

Mr.Creator's Idea

အပြည့်အစုံသို့...

Mr.Creator's Creating

အပြည့်အစုံသို့...

Ban Ki Moon Puors Water In a Broken Jar

May 29th, 2008


အပြည့်အစုံသို့...

Thursday, May 29, 2008

မြန်မာ့သတင်းသမဂ္ဂ၊ကလေဘေးသင့်၊စာနယ်ဇင်းသမားတွေကိုကူရန်လှုံ့ ဆော်

အပြည့်အစုံသို့...

ှထိုင်းနိုင်ငံ၊တာခ်ခရိုင်၊မဲဆောက်မြို့ ကနေလေဘေးကယ်ဆယ်ေ၇းကပစ္စည်းကားအစီး ၄၀ နဲ့ နောက်တကြိမ်လှူ

၂၀၀၈ ခုနှစ်၊မေလ ၂၈ ရက်နေ့ က၊ထိုင်းနိုင်ငံ၊တာခ်ခရိုင်ဝန် ဦးစီးပြီးတော့၊ကားအစီး ၄၀ နဲ့ လေဘေးကယ်ဆယ်ရေး ပစ္စည်းတွေကိုမြ၀တီ၊ခယက၊ကတဆင့်သွားလှူတဲ့အခန်းအနားမှာ၊တာခ်ခရိုင်ဝန်ကမြန်မာလေဘေးဒုက္ခသည်တွေပုံမှန်အနေအထားပြန်ရောက်တဲ့အချိန်အထိလှူတန်းနေမယ်လို့  ပြောကြားသွားသည်၊

အပြည့်အစုံသို့...

Monday, May 26, 2008

Voice of Nargis victims from Dagon north

အပြည့်အစုံသို့...

Sunday, May 11, 2008

နိုင်ငံတကာအကူအညီတွေကိုနှောင့်နှေးအောင်လုပ်နေတဲ့၊နအဖရေ၊ကျုပ်တို့ တော့၊ဆန်ပြုတ်ကိုကျွတ်ကျွတ်အိတ်နဲ့ သောက်နေရပြီတော့...အရပ်ကတို့ ရေ ..

အပြည့်အစုံသို့...

နာဂစ်လေမုန်တိုင်းဒါဏ်ခံပြည်သူတွေအတွက်နိုင်ငံခြားအကူအညီမဲဆောက်ကတဆင့်ရန်ကုန်ကိုသွား







နာဂစ်မုန်တိုင်းဒါဏ်ခံလူထုတွေအတွက်မေလ ၁၀ ရက်နေ့ ကနိုင်ငံ ခြားအကူအညီတွေထိုင်းနိုင်ငံ၊မဲဆောက်ကတဆင့်၊ရန်ကိုမြို့ ကိုပေး
ပို့ ခဲ့တယ်။

ပေးပို့ တာတွေကတော့၊ရွက်ဖျင်တဲ့ ၁၈၂ လုံးနဲ့ ပလပ်စတစ်ပြားအချပ် ၄ သောင်းကျော်ကိုယူအင်အိပ်ခ်ျစီအာ၊ကဆယ်ဘီးကားနှစ်စီးနဲ့ ပေးပို့ 
ပြီးတော့၊နက်စလေကုမဏီကတော့၊သူတို့ ကုမဏီထုတ်အစားအစာ တွေကားတစီးတိုက်ပေးပို့ ပါတယ်။

မေလ ၉ ရက်နေ့ တုံးကလည်း၊တာခ်ခရိုင်ကုန်သည်ကြီးများအသင်းက ပစ်ကပ်ကား ၅ စီးတိုက်မုန့် ခြောက်မျိုးစုံကိုပေးပို့ ခဲ့ပါတယ်။

အပြည့်အစုံသို့...

အမေရိကန်မရိန်းတပ်ဖွဲ့ တဖွဲ့ ဟာ၊မေလ ၉ ရက်နေ့ ညနေပိုင်းမှာ၊ရဟတ်ယာဉ် နှစ်စီးနဲ့ ထိုင်း၊မြန်မာ နယ်စပ်၊မဲဆောက်မြို့ ကိုရောက်လာတယ်။

အဖွဲ့ ခေါင်းဆောင်ဗိုလ်ကြီးဂျက် ဗက်ကာ ကသူတို့ ဟာ၊နယ်မြေအနေအထား၊ လေယာဉ်ပြေးလမ်း၊လေယာဉ်ကွင်းအဆင်းအတက်စတာတွေကိုလေ့လာဖို့ လာ
တာလို့ သတင်းထောက်တွေကိုပြောပါတယ်။

ထိုင်းစစ်ဖက်အရာရှိတဦးကတော့၊အမေရိကန်က၊မြန်မာလေဘေးဒုကခသည်
တွေကို၊အကူအညီတွေနယ်စပ်ဖက်ကနေတဆင့်ပေးသွားနိုင်မယ့်အနေအထား
ကိုလာလေ့လာတာလို့ ပြောပါတယ်။

မေလ ၁၀ ရက်နေ့ မှာတော့ဒီမရိန်းတပ်ဖွဲ့ သူတို့ ထွက်လာတဲ့ထိုင်းနိုင်ငံ အူတဖောင်လေဆိပ်ကိုညနေပိုင်းမှာပြန်ပြီးထွက်ခွာသွားကြပါတယ်။

အပြည့်အစုံသို့...

အမေရိကန်မရိန်းတပ်ဖွဲ့ ဝင်တွေထိုင်း၊မြန်မာနယ်စပ်၊မဲဆောက်ကိုရောက်




အပြည့်အစုံသို့...

Tuesday, May 6, 2008

နအဖရဲ့ပြည်သူတွေအပေါ်ထားတဲ့စေတနာကို။ကိုနစ်နေမန်းထောက်ပြ



နအဖရဲ့  စီမံခန့် ခွဲမှု ညံ့ဖျင်းမှု၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှု၊ ပေါ့ဆမှု၊ တာဝန်လစ်ဟင်းမှု၊ တိုင်းပြည်နဲ့ ပြည်သူတွေအပေါ် ကျရောက်မယ့် သဘ၀ဘေးအန္တရာယ်တွေကို အလေးမထားမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်မစောင့်ရှောက်နိုင်မှု၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေကို ဟန်ပြသာ လုပ်ဆောင်ပြီး တိုင်းပြည်ကို တိုးတက်အောင် မလုပ်နိုင်မှုတွေကြောင့် အခုလို Nargis မုန်တိုင်းဒဏ်ခံရတဲံအချိန်မှာ မရေတွက်နိုင်လောက်အောင် အသက်ဆုံးရှုံးမှုတွေ ကြီးမားတဲ့ ပျက်စီးမှုတွေနဲ့  ပိုမိုရင်ဆိုင်ကြုံတွေ့ ရတာဟာ နအဖ အသုံးမကျလို့ ၊ နအဖရဲ့  ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ယုတ်မာတွေကြောင့် ဖြစ်တယ်ဆိုတာ အားလုံးသိကြတယ်။

နအဖရဲ့ ဝါဒဖြန့် သတင်းစာထဲမှာ ဧပြီလ (၂၉) ရက်နေ့ စွဲပါ နာဂစ်မုန်တိုင်းသတိပေးချက်ဟာ နအဖအနေနဲ့  တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ဘယ်လောက်တာဝန်ကင်းမဲ့လည်းဆိုတာနဲ့  ဘယ်လောက်ညံ့ဖျင်းလည်းဆိုတာ သက်သေပြနေတယ်။

နာဂစ်မုန်တိုင်းဟာ မြန်မာပြည်ကို ဖြတ်မယ်ဆိုတာ ကြိုတင်သိသိကြီးနဲ့  အလေးမထားဘဲ ပေါ့ပေါ့ဆဆနဲ့ ကြေငြာခဲ့တယ်။ သတင်းစာထဲဖေါ်ပြရုံလောက်လေးနဲ့  တိုင်းသူပြည်သား အများ ကျယ်ကျယ်ပြန့် ပြန့် သိအောင် လက်တွေ့ မှာ မလုပ်ဆောင်ခဲ့ဖူး။ ကြိုတင်ကာကွယ်ရေးတွေ။ အရေးပေါ်နေရာချထားရေး၊ ဆေးဝါးအကူအညီပေးရေး၊ အသက်ကယ်ဆယ်ရေးတွေ ကြိုတင်မဆောင်ရွက်ပေးခဲ့ဖူး။

ပြည်သူတွေခမျာ မုန်တိုင်းတိုက်နေချိန်မှာ ကိုယ့် ရဲ့  သားသမီး ကလေးငယ်လေးတွေကို ရင်ခွင်ထဲပိုက်ပြီး ပြေးနေရတာ၊ မြစ်ချောင်းထဲမှာ ရေနစ်မြုပ်လို့  သေလုမြောပါးဖြစ်နေတာတွေ၊ ပြေးလွှားနေရင်း ပုန်းခိုစရာ မရှိလို့  ဘယ်ပြေးရမှန်းမသိတာတွေ ဒီလို ဒုက္ခရောက်နေတာကို ဘယ်မှာလည်း နအဖခေါင်းဆောင်တွေ၊ ဘယ်မှာလည်း ရဲတွေ၊ ဘယ်မှာလည်း မီးသတ်တွေ၊ ဘယ်မှာလည်း ကြက်ခြေနီတွေ၊ ဘယ်မှာလည်း ကြံ့ ဖွတ်တွေ၊ ဘယ်မှာလည်း စွမ်းအားရှင်တွေ။ မုန်တိုင်းတိုက်ခိုက်နေချိန်မှာ အသက်စွန့် ပြီး ပြည်သူတွေကို ကူညီတာ မရှိကြပါလား။ ပြောတော့ တိုင်းပြည်အကျိုး သက်စွန့် ကြိုးပမ်းစွာနဲ့  ဆောင်ရွက်နေပါတယ်ဆို။

နအဖရဲ့  ပေါ့တီးပေါ့ဆ မုန်တိုင်းသတိပေးချက် ရေးသားထားတာကို ကြည့်ရအောင်။

(ဆိုင်ကလုန်းမုန်တိုင်း နာဂစ် သည် သိသိသာသာ အားကောင်းလာခြင်းမရှိဘဲ မြောက်ဘက်ကို ဖြေးညင်းစွာ ရွေ့ လျား) ဆိုပြီး ရေးထားတယ်။ နိုင်ငံတကာ မိုးလေ၀သ သတင်းဌာနတွေက ဒီနာဂစ်မုန်တိုင်းဟာ ပိုမိုအရှိန်ကောင်းလာပြီး မြန်မာနိုင်ငံကို ဖြတ်သန်းမယ်ဆိုပြီး အချိန်နာရီနဲ့ အမျှ သတိပေးနေတာနဲ့  နအဖရဲ့  ကြေညာချက်ပါအချက်က မှားယွင်းနေတယ်။

ဒီအပြင် ရေးထားတဲ့ ( နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာခြင်းမရှိဘဲ အရှေ့ မြောက်ဘက်ဆီသို့  ဖြည်းညင်းစွာ ရွေ့ လျားမည်ဟု ခန့် မှန်းရသည်) ဆိုတာ မှားယွင်းနေတဲ့အပြင် အင်မတန် အလေးအနက်မထားဘဲ သတိပေးတယ်ဆိုရုံလောက်လေးဘဲ ဖြစ်တယ်။ တိတိကျကျနဲ့  မှတ်တမ်းမှတ်ရာ တိုင်းထွာချက်တွေနဲ့  ပြောပြတာမရှိဖူး။ အဆိုးဆုံးက ပိုမိုအားကောင်းလာခြင်းမရှိဖူးဆိုပြီး ပြည်သူကို သတင်းအမှားပေးတာဘဲ။

ထပ်ပြီး အမှားတွေနဲ့ သတိပေးနေတာက (မိုးသက်လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း) လို့ ရေးထားတာဘဲ။ တကယ်တမ်း တိုက်ခတ်သွားတဲ့ လေတိုက်နှုန်းဟာ တစ်နာရီကို အနိမ့်ဆုံး ၁၂၀ မိုင်ကနေ ၁၅၀ မိုင်ထိ တိုက်ခတ်သွားတာမို့  ဒီလောက်ပြင်းထန်ပြီး ပျက်စီးမှုတွေဖြစ်ကုန်ရတယ်။ အသက်တွေဆုံးရှုံးကုန်ရတယ်။ ဒီလောက်တောင် နအဖရဲ့  သဘာဝဘေးအန္တရာယ်အပေါ် အလေးမထားတာနဲ့  နည်းပညာပိုင်းဆိုင်ရာတွေ ညံ့ဖျင်းရသလား။

နောက်တစ်ချက်အနေနဲ့ ပြောရရင် ဒီကြေညာချက်ထဲမှာ ပြည်သူတွေ လေမုန်တိုင်းအကြောင်းသိချင်လို့ ဖြစ်ဖြစ်၊ လက်တွေ့  မုန်တိုင်းဒဏ်ခံနေရတဲ့အချိန်မှာ ကယ်ဆယ်ရေးအကူအညီ လိုချင်လို့ ဘဲဖြစ်ဖြစ် အရေးပေါ် ဆက်သွယ်ရမယ့်  ဆက်သွယ်ရေး သတင်းနဲ့ ပြန်ကြားရေးကို မဖေါ်ပြထားတာဘဲ။ ဆက်သွယ်ရန် ဖုန်းအဆက်အသွယ်တွေ မပါဖူး။

ဒီအချက်တွေကို ကြည့်ရင် နအဖဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာလုံးဝမရှိဖူး။ တာဝန်ကင်းမဲ့ပြီး ပြည်သူတွေ ဒုက္ခရောက်လေ သဘောကြလေဆိုတဲ့ စိတ်ယုတ်မာရှိတယ်။ မုန်တိုင်းငြိမ်သွားမှ လမ်းမပေါ်ထွက်ပြီး လဲကျနေတဲ့ သစ်ပင်လေးတွေကို ဒါးမ သေးသေးလေနဲ့ ခုတ်ရှင်းပြနေတာ၊ အပျက်အစီးတွေကို အမြင်ကောင်းအောင် ရှင်းပြနေတာတွေက တကယ်လုပ်ရမယ့် အလုပ်တွေ မဟုတ်ဖူး။ ပြည်သူ့ အသက်တွေ သေကြေပျက်စီးပြီးမှ ကိုယ့်အိတ်ထောင်ဘဲ ထည့်ဖို့  နိုင်ငံတကာအကူအညီရရေးအတွက် (အိုက်တင်လေးပါ အရင်ခံလိုက်ပြီးမှ) ဘန်းပြလုပ်ဆောင်နေတာတွေ ရိုးနေပြီ။ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကြိုတင်ကာကွယ်ပေးတာ မလုပ်ခဲ့ဘဲ၊ ဖြစ်ပြီးနောက်မှ နိုင်ငံတော်အစိုးရက အကူအညီတွေပေးနေပါတယ်ဆိုတဲ့ လေသံနဲ့  ကယ်တင်ရှင်ကြီး ကျေးဇူးရှင်ကြီး လုပ်ပြနေတာတွေ သဘောပေါက်နေကြပါပြီ။

အကယ်လို့ သာ စစ်မှန်တဲ့ ပြည်သူ့ အစိုးရ လက်အောက်မှာသာ ပြည်သူတွေ နေထိုင်ရရင် တားဆီးလို့ မရတဲ့ သဘာဝဘေးအန္တရယ်ကြုံတယ်ဘဲထားဦး ဒီလောက်အပျက်အစီး အသက်ဆုံးရှုံးမှုတွေ များမှာ မဟုတ်ဖူး။ နောက်ဆက်တွဲ ဒုက္ခတွေ အများကြီးရင်ဆိုင်ရမှာ မဟုတ်ဖူး။

ဒါကြောင့် ပြည်သူတွေ ဒီမုန်တိုင်းဒဏ် ပိုခံရတာ နအဖကြောင့်ဘဲ။ ညံ့ဖျင်းယုတ်မာတဲ့ အုပ်ချူပ်သူအာဏာရူးသက်သက်တွေကြောင့်ဘဲ ဆိုတာ ပြောလိုက်တယ်။

ပြည်သူတွေအနေနဲ့  ဒီလိုယုတ်မာသူတွေကို ယောင်လို့ တောင် အားပေးအားမြောက် ထောက်ခံတာတွေ၊ ကိုယ်ကျိုးအတွက် ကပ်ဖားရပ်ဖားလုပ်တာတွေ မလုပ်ကြဘဲ၊ မကြောက်ရွ့ံကြဘဲ၊ သေမထူး နေမထူးဘ၀တွေမှာ ရဲရဲရင်ရင့်နဲ့  ဒီယုတ်မာတဲ့ နအဖကို တိုက်ထုတ်ကြပါစို့ လို့ ။

(နစ်နေမန်း)။

အစအဆုံး..ကြည့်ချင် ရင်…...

အနှစ်ချုပ်..သာ.....

အပြည့်အစုံသို့...

Monks help clean in Rangoon

အပြည့်အစုံသို့...

Nargis victims waiting for water

အပြည့်အစုံသို့...