Wednesday, December 31, 2008

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ AK-47 ကျည်ဆန်ရှားပါး

Tuesday, 23 December 2008 17:55 ဧရာဝတီ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေနှင့် စစ်အစိုးရ တပ်ဖွဲ့များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် အားလျော့ လာခြင်းသည် လက်နက်ခဲယမ်း အခက်အခဲ များကြောင့် ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် ၎င်းတို့အသုံးပြုနေသော AK-47 ချေမှုန်းရေး ရိုင်ဖယ် သေနတ် ကျည်ဆန်များ ၀ယ်ယူရရှိရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြောဆိုကြသည်။



စစ်ရေးလေ့ကျင့်နေသော ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - အေအက်ဖ်ပီ)

“အခု AK-47 အ၀ယ် ရပ်ထားရတယ်၊ အဲဒီ သေနတ်ကျည်ဆန်က ဘယ်နေရာမှာမှ ၀ယ်လို့မရဘူးဖြစ်နေလို့”ဟု ကရင်အမျိုးသား အစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူရှိ KNLA တပ်ဖွဲ့ဝင် တဦးက ပြောပြသည်။

ယင်း AK-47 သေနတ်ကျည်ဆန် ရှားပါးမှုကြောင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအနေနှင့် စစ်အစိုးရ စစ်တပ် များကို ဆန့်ကျင်တိုက်ခိုက်မှု ရပ်တန့်နေရခြင်းဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

“AK-47 ကျည်ဆန်ကို ထိုင်းဘက်မှာ ၀ယ်ဖို့ကလည်း အခက်အခဲရှိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ အခု ထိုင်းစစ်တပ် က အမေရိကန်လုပ် M-16 အော်တိုမက်တစ် ရိုင်ဖယ်တွေကို သုံးနေတာ”ဟု ဘုရားသုံးဆူ ရှိ မွန်ပြည်သစ်ပါတီ (NMSP)အဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် မြန်မာစစ်အစိုးရကို ဆယ်စုနှစ်များစွာ ဆန့်ကျင်တိုက်ခိုက် ခဲ့ကြသော်လည်း မကြာသေးသောနှစ်များမှစတင်၍ လက်နက် ခဲယမ်း အခက်အခဲများကြောင့် အင်အားလျော့ နည်းလာခဲ့ကြပြီး တိုက်ခိုက်ရေးဘက်တွင်လည်း အားနည်းလာကြောင်း သိရသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်က ကမ္ဘောဒီးယား စစ်ပွဲမှ ပိုလျှံလက်နက်ခဲယမ်းများကို ထိုင်းစစ်တပ်က ဆယ်ဘီးကား ကြီးများဖြင့် နယ်စပ်ဖြတ်ကျော် သယ်ဆောင်၍ မြန်မာလက်နက်ကိုင်သူပုန်အဖွဲ့များသို့ သက်သာသည့် ဈေးနှုန်း ဖြင့် ပြန်လည် ဖြန့်ဖြူးခဲ့ဖူးသည်။

မကြာသေးခင်က ဘန်ကောက်ပို့စ် သတင်းစာတွင်လည်း ရုရှ ထုတ် AK-47 ၊ အမေရိကန်ထုတ် M-16 သေနတ် များ၊ အပေါ့စား စက်သေနတ်များ အပါအ၀င် လက်နက်ငယ် ပစ္စတို သေနတ်များ၊ RPG လောင်ချာ၊ လက်ပစ်ဗုံး နှင့် SAM-7 ကဲ့သို့သော မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ စသော လက်နက်ခဲယမ်းများကို ကားများဖြင့် သယ်ဆောင်၍ အရောင်းအ၀ယ်ပြုလုပ်ရန် မည်ကဲ့သို့ သိုလှောင်သည်ကို ရေးသားထားသည်။

ဘိန်းဘုရင် ခွန်ဆာသည်လည်း ၎င်းတပ်ဖွဲ့၏ နှစ်ပတ်လည်စွမ်းရည်ပြပွဲများ၌ လက်နက်များပြသရာတွင် အဆိုပါ SAM-7 ဒုံးကျည်များကို ပြသခဲ့ဖူးသည်။ ၎င်းသည် ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည်။

“အရင်က ကမ္ဘောဒီးယား နယ်စပ်ကနေ မြန်မာနယ်စပ်ကို လက်နက်သယ်ယူရတာ အခက်အခဲ မရှိခဲ့ဘူး၊ အခုတော့ လက်နက်ဝယ်ဖို့ က တော်တော် ခက်သွားပြီ”ဟု မွန်တိုင်းရင်သား လက်နက်ကိုင် အဖွဲ့ဝင်ဟောင်း တဦးကလည်း ပြောပြသည်။

လက်ရှိအခြေအနေအရ ရှမ်း (SSA) နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ယင်းသို့ အခက်အခဲများကြား မှ မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေသည့် တိုင်းရင်းသား အဖွဲ့များ ဖြစ်သည်။

စစ်အစိုးရကို ပြန်လည်တိုက်ခိုက်နေသည့် များစွာသော အဆိုပါသူပုန်တပ်သားများအတွက် လက်နက် ရွေးချယ် သုံးစွဲခွင့်သည်လည်း အရေးပါကြောင်း သိရသည်။

“ကျနော်ကတော့ AK-47 ကိုကြိုက်တယ်၊ M-16 ထက်ပိုကောင်းလို့”ဟု ကရင်တပ်ဖွဲ့ဝင် တဦး ကပြောသည်။

ယင်း AK-47 သည် ကြာရှည်အသုံးခံပြီး ထိန်းသိမ်းပြုပြင်ရန်လည်းများစွာမလိုအပ်သောကြောင့် ၎င်းအနေနှင့် ကြိုက်နှစ်သက် ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော် AK-47 ကျည်ဆန်သည် ဈေးကြီးကြောင်း၊ ကျည်တတောင့်လျှင် ထိုင်း ဘတ်ငွေ ၁၀ ဘတ် - ၁၅ ဘတ် (ကျပ် ၃၅၀ - ၅၂၅ ) ခန့် ပေးရကြောင်း AK-47 ကိုကြိုက်နှစ်သက်သည့် တခြားသော တပ်ဖွဲ့ဝင်တဦးကလည်း ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်းရှိ တချို့သော လက်နက်ကိုင် အဖွဲ့များကလည်း စီးပွားရေးတွက်ဖြင့် ကျည်ဆန် ၀ယ်ယူ သုံးစွဲမှု လျှော့ချနေကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့တဖွဲ့ဖြစ်သည့် ၀ ပြည် စည်းလုံးညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်းတို့ တပ်ဖွဲ့များနှင့် စစ်အစိုးရကြား တိုက်ပွားများဖြစ်ပွားသည့်အခါ အသုံးပြရန် နှင့် မဟာမိတ် တိုင်းရင်းသား အဖွဲ့များကိုပြန်လည် ရောင်းချရန်အတွက် မကြာသေးခင်က AK-47 နှင့် ကျည်ဆန်များ ကိုယ်ပိုင် ထုတ်လုပ်နေသည်။ UWSA သည် မြန်မာစစ်အစိုးရနှင့် ၁၉၉၀ ခုနှစ် အစောပိုင်းကာလတွင် ငြိမ်းချမ်းရေး ယူ ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ပလောင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်ဟောင်း တဦးကမူ UWSA တွင် ရောင်းချရန် ကျည်ဆန်များ အဆင်သင့်ရှိပြီး အရည်အသွေးအနည်းငယ်ညံ့၍ ဈေးနှုန်း သိပ်မသက်သာဟု ပြောသည်။

တချိန်တည်းတွင်ပင် ၎င်းတို့ အဖွဲ့အနေနှင့် UWSA ထံမှ လက်နက်နှင့် ကျည်ဆန်များ မ၀ယ်ယူနိုင်သေးကြောင်း KNU အဖွဲ့ဝင် တဦးကလည်း ပြောဆိုသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့ KNU သည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ၎င်းတို့၏ ဌာနချုပ်ကို သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ပြောက်ကျား စနစ်ဖြင့် စစ်အစိုးရကို ဆက်လက် တိုက်ပွဲဝင်ခဲ့သည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တွင် AK-47 နှင့် M-16 သေနတ်တလက်လျှင် ဘတ် ၁၀၀၀၀ - ၁၅၀၀၀ (ဒေါ်လာ ၂၉၅ - ၄၄၀)ခန့်ရှိကြောင်း၊ ယခင် ၁၀ နှစ်ခန့်က ဘတ် ၄၀၀၀ ခန့်ရှိပြီး ကျည်ဆန်တတောင့်လျှင် ၃ ဘတ် ခန့်သာ ရှိကြောင်း ဘုရားသုံးဆူရှိ လက်နက်ဝယ်ယူသူ တဦး၏ အဆိုအရ သိရသည်။

ဧရာဝတီက ရရှိထားသော စာမျက်နှာ ၆၈ မျက်နှာပါ ၂၀၀၇ ခုနှစ်အတွင်းက ထုတ်ပြန်သည့် မြန်မာစစ်အစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့်ပတ်သက်သော မဟာဗျူဟာ လျှို့ဝှက် အစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ်အတွင်း သူပုန် ၁၅၇ ဦးအသေရခဲ့ပြီး ၃ရ ဦး အသက်ရှင်လျက်ဖမ်းဆီးရမိကြောင်း၊ ၎င်းတို့အနေနှင့် မိုင်းများထောင်၍ တိုက်ခိုက်ခဲ့ကြောင်း၊ လူတဦး မိုင်းနင်းမိပါက ကျန် လူ ၃ ဦး သို့မဟုတ် ၄ ဦးကိုပါ တိုက်ခိုက်ပြီးသကဲ့သို့ ဗျူဟာ ချမှတ် တိုက်ခဲ့ကြောင်း ပါရှိသည်။

from Irrawaddy webside

အပြည့်အစုံသို့...

Tuesday, December 30, 2008

မြန်မာစစ်အစိုးရအားဖွံ့ဖြိုးရေးအကူအညီပေးရေး ဂမ်ဘာရီအဆိုပြု

NEJ/ ၃၀ ဒီဇင်ဘာ ၂ဝဝ၈



ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြောင်းလဲမှုများလုပ်ရန် မြန်မာစစ်အစိုးရအား ဖွံ့ဖြိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ငွေကြေးအကူအညီ မက်လုံးပေးကမ်းလှမ်းသင့်ကြောင်း ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာ၌ အဆိုပြုထားသည်ဟု ကုလသမဂ္ဂ အရာရှိများကို ကိုးကားပြီး Washington Post သတင်းစာက ဖော်ပြထားသည်။

ပြီးခဲ့သည့်လက ကုလအတွင်းရေးမှူးချုပ် ဘမ်ကီမွန်းထံတင်ပြသည့် ဂမ်ဘာရီ၏ လျှို့ဝှက်အစီရင်ခံစာထဲ၌ မြန်မာနိုင်ငံအပေါ် ငွေကြေးမက်လုံးပေးကူညီရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ ငွေကြေးအဖွဲ့များက ၁၉၈၈ ခုနောက်ပိုင်းမှစပြီး မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီမှု ပိတ်ဆို့ထားသည့်ကိစ္စ ပြန်ဖွင့်ပေးရန် ကုလသမဂ္ဂခေါင်းဆောင်ပိုင်းက အိုဘားမား အမေရိကန်အစိုးရသစ်အား မကြာခင် ဖိအားပေး တောင်းဆိုသွားမည်ဟုလည်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် ဂမ်ဘာရီ၏ အဆိုပြုချက်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဂမ်ဘာရီ မြန်မာနိုင်ငံသွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့်ရော ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်ပါ တွေ့ခွင့်မပေးခဲ့သဖြင့် မအောင်မြင်ခဲ့သည့် ကုလသံတမန်ရေးနည်းလမ်းကို ကယ်တင်ရန်ကြိုးပမ်းချက်တရပ်အဖြစ် ဝေဖန်သူများက ထောက်ပြသည်။

ဂမ်ဘာရီသည် ဒီမိုကရေစီရေး ပြောင်းလဲချင်စိတ်မရှိသည့် စစ်အစိုးရကို ကိုင်လှုပ်ရာ၌ တိုးတက်မှုရှိပါသည်ဆိုပြီး ပြရန်သက်သက် ရည်ရွယ်သည်ဟုလည်း ဝေဖန်ကြသည်။

မကောင်းသည့် အပြုအမူများအတွက် မြန်မာစစ်အစိုးရကို ဆုလာဘ်ပေးရန် မသင့်ဆိုပြီး ကုလသမဂ္ဂ၏ မြန်မာစစ်အစိုးအပေါ် ငွေကြေးကူညီရေးအစီအစဉ်ကို အမေရိကန်နှင့် ယူကေနိုင်ငံများက ဆန့်ကျင်သည်။

ဂမ်ဘာရီကမူ မြန်မာနိုင်ငံအပေါ် ဖွံ့ဖြိုးရေးအကူအညီများ တိုးပေးရန် တောင်းဆိုထားသည့်အပြင် မြန်မာစစ်အစိုးရအား နိုင်ငံခြားအကူအညီများများရအောင် ချမ်းသာသည့်နိုင်ငံများက လုပ်ပေးသင့်သည်ဟုလည်း အစီရင်ခံစာ၌ အဆိုပြူထားသည်။

မြန်မာအပေါ် နိုင်ငံတကာ၏ ဖွံ့ဖြိုးရေးကြိုးပမ်းမှုများအား ညှိနှုင်းဆောင်ရွက်ရန်နှင့် မြန်မာစစ်အစိုးရအား ငွေကြေးကူညီရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် စီးပွားရေးနှင့်လူမှုရေးအဖွဲ့တခု တည်ထောင်ရေး ကိစ္စကိုလည်း ဂမ်ဘာရီက အကြံပြုထားသည်။

ကူညီသည့်ငွေကို စစ်အစိုးရက အစိုးရထောက်ခံသူများအတွက် လှည့်မသုံးနိုင်ရေး၊ လိုအပ်နေသည့် မြန်မာပြည်သူများထံ တိုက်ရိုက်ငွေပေးနိုင်ရေးတို့အတွက် ကုလသမဂ္ဂသည် ဒိန်းမတ်၊ ဂျပန်၊ နယ်သာလန် နော်ဝေစ သည့် နိုင်ငံများနှင့် စတင်ဆွေးနွေးနေပြီဖြစ်သည်။

ဂမ်ဘာရီ၏ နည်းဗျူဟာသစ်ကို လာမည့် ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရထံ တင်ပြရန် ဂမ်ဘာရီက မှန်းထားသည်ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်သေချာမှ တင်ပြမည်ဖြစ်သည်။ ဂမ်ဘာရီ၏ အစီရင်ခံစာအပေါ် စစ်အစိုးရဘက်က အပြူသဘောတုံ့ပြန်မှသာ ဘန်ကီမွန်း မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားရောက်မည် ဖြစ်သည်။

ဂမ်ဘာရီ၏ မြန်မာ့နိုင်ငံရေးပြုပြင်ရေး အဆိုပြုချက်ကို တရုတ်နှင့် အမေရိကန်တို့က သဘောမတူသည့်အတွက် အကောင်အထည်ပေါ်ရန် အလားအလာ နည်းပါးသည်ဟု သံတမန်အချို့က ယူဆသည်။ နိုင်ငံများတွင် ငွေကြေးစီးပွားကပ်ဆိုက်နေသည့်အတွက် မြန်မာနိုင်ငံအပေါ် ငွေကြေးကူညီရေး မဖြစ်နိုင်ဟု သံတမန်တဦးက ပြောသည်။

ဂမ်ဘာရီ၏ ၂၀၀၈ မတ်လခရီးစဉ်၌ ကုလသမဂ္ဂ အကူအညီဖြင့် စီးပွားရေး၊ လူမှုရေး ဖြေရှင်းပေးရန် အမျိုးသားစီးပွားရေး ဖိုရမ်တခု တည်ထောင်ပေးမည်ဟု ကုလသမဂ္ဂက ကမ်းလှမ်းခဲ့သော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့်သာ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲ ဖြစ်နေခြင်းဖြစ်ကြောင်း၊ စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းအောင် ကူညီဆောင်ရွက်ပေးပါက ပိုထိရောက်မည်ဟု ဗိုလ်မှူးချူပ် ကျော်ဆန်းက ငြင်းပယ်ခဲ့သည်။

ဂမ်ဘာရီတောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားရခြင်းသည် တိုင်းပြည် အခြေအနေ ရှုပ်ထွေးအောင် ဖန်တီးပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင် ဆောင်ရွက်ခဲ့သဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ကြောင်းနှင့် တိုင်းပြည်တည်ငြိမ်မှုကို အထိပါးမခံနိုင်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်းက ပြောကြားခဲ့သည်။

ထိုစဉ်က ဂမ်ဘာရီတောင်းဆိုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆွေးနွေးရေးကိစ္စသည်လည်း ထိပ် တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ စီးပွားရေးဖြတ်တောက်ရေးနှင့် အလုံးစုံပိတ်ဆို့ရေး (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်ဘက်က စွန့်လွှတ်မှသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားပြီးဖြစ်ကြောင်း၊ ထိုအချက်များကို အန်အယ်လ်ဒီက လုပ်ထားခြင်းမဟုတ်သဖြင့် မကြေ ညာဟု တုံ့ပြန်ခဲ့ခြင်းသည် ပိတ်ဆို့ရေး လက်နက်ပြန်သုံးမည်ဟု ခံယူထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ကျော်ဆန်း က ပြောခဲ့သည်။

ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှကူးယူဖေါ်ပြသည်။

အပြည့်အစုံသို့...

Sunday, December 28, 2008

တော်လှန်ရေးခေါင်းဆောင်တွေကိုလုပ်ကြံဖို့ နအဖက၊ထိုင်းဖက်ကိုလွှတ်ထားတဲ့သူတွေကိုဖမ်းမိပြီလား။

Photo : Andaman Hero

ဒီနှစ်ယောက်နဲ့ လွတ်သွားတဲ့၊အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်စီးတဲ့ ဆိုက္ကယ်နောက်တစီးကို ဆိုက္ကယ်ဦး ထုတ်မဆောင်း ထားလို့ ထိုင်းပတ္တရောင်ရဲကရပ်ခိုင်းတာကိုမရပ်ပဲ။တစီးကမဲဆောက်မြို့ ထဲဖက်ကိုမောင်းပြေးသွားတယ်။ဒီနှစ်ယောက်ကတော့၊မြ၀တီဖက် ကိုမောင်းပြေးသွားတယ်။

မယ်တော်ဘုန်းကြီးကျောင်းကွေ့ မှာသူတို့ ဆိုက္ကယ်မှောက်သွားလို့ ထိုင်းရဲကသူတို့ ကိုဖမ်းဆီးနိုင်ခဲ့တယ်။ထိုင်းရဲကတော့၊သတင်းတွေ ထွက်နေတဲ့အတိုင်းဒီနှစ်ယောက်နဲ့ လွတ်သွားတဲ့ဆိုက္ကယ်ကအမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ဟာ၊နအဖရဲ့ ဗိုလ်ချုပ်မောင်ဦး လွှတ်လာတဲ့အယောက်နှစ်ဆယ်ထဲကလားဆိုတာကိုသံသယဖြစ်နေပါတယ်။

ဒီနှစ်ယောက်ကိုစစ်ဆေးနေတုံးပဲလို့ အမည်မဖေါ်လိုတဲ့ရဲအရာရှိတယောက်ကပြေပါတယ်။

အပြည့်အစုံသို့...

Monday, November 17, 2008


အပြည့်အစုံသို့...

Wednesday, October 29, 2008

အပြည့်အစုံသို့...

Tuesday, October 7, 2008

စက်ယန္တရားများသုံးပြီး ဖားကန့်နယ်တွင် ကျောက်စိမ်းတူး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုးရွားလာ

NEJ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

ကချင်ပြည်နယ် ကျောက်စိမ်းထွက်ရှိရာ တာမခံ၊ ဖားကန့်ဒေသအတွင်း ကုမ္ပဏီများက တောင်များကိုဖြိုကာ ကျောက် စိမ်းများ ပိုမိုတူးဖော်ရှာဖွေလာကြသဖြင့် ပထ၀ီမြေအနေအထားနှင့် သဘာဝပတ်ဝန်းကျင် ဆိုးဆိုးရွားရွား ပျက်စီးနေ သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ဒေသတွင်းရှိ ဦးတေဇ၏ ကျောက်ကုမ္ပဏီနှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အဖွဲ့ပိုင် မြန်မာတ ကောင်းကုမ္ပဏီ တဖြစ်လဲ ဟုမ်ပန်းကုမ္ပဏီတို့က မြေတူးမြေကော်ကားများကို ယခုနှစ်အတွင်း ယခင်နှစ်ထက် နှစ်ဆ တိုးမြှင့်အသုံးပြုကာ ကျောက်စိမ်းရှာဖွေနေသည်ဟု ကျောက်စိမ်းတွင်းဒေသမှ ထွက်လာသည့် ဖားကန့်ဒေသခံတဦးက ပြောသည်။

၎င်းက “ဟုမ်ပန်းဆို အရင်က ဘက်ဖိုး (မြေတူးမြေကော်ကား) ဆယ်စီးလောက်နဲ့ သုံးနေတာ၊ အခု (၂၀) ကျော်လောက် သုံးနေတယ်။ တေဇကုမ္ပဏီကလည်း ဝေခါရွာကို မနှစ်က ရွှေ့ပြောင်းခိုင်းပြီး အဲလိုကားတွေနဲ့လုပ်နေတာ၊ မြေသယ်ကား ကတော့ မရှိပါဘူးဆို (၁၀၀) အထက်မှာရှိတယ်။ အဲဒီကားတွေနဲ့ မြေစာသယ်ပြီး တနေရာမှာ သွားပုံတယ်” ဟု ပြော သည်။

မြေစာများစွန့်ပစ်မှုကြောင့် ယခင်ကချောက်နှင့် ချိုင့်ဝှမ်းနေရာများ တောင်များဖြစ်သွားပြီး တောင်များက ချိုင့်ဝှမ်းဖြစ် သွားကြောင်း၊ ဥရုချောင်းမှာ လပိုင်းအတွင်း၌ပင် ရေကြောင်းများ ပြောင်းရွေ့နေသကဲ့သို့ ချောင်းအကျယ်မှာ ကျယ်လိုက် ကျဉ်းလိုက်ဖြစ်နေကြောင်း အဆိုပါဖားကန့်ဒေသခံက ပြောသည်။

၎င်းက “ဒီမိုးတွင်းမှာ ဥရုချောင်းက မြေစာတွေနဲ့ ပိတ်ဆို့နေတော့ ဝေခါချောင်းက အဲဒီကို စီးဝင်တာတန့်သွားတယ်။ ဒီတော့ ဆိုင်းတောင်ရွာတရွာလုံး ရေမြုပ်တယ်။ အရင်ကလည်း ရေတော့မြုပ်တယ်၊ ပြန်ကျရင် အိမ်တွေပြန်ပေါ် လာတယ်၊ အခုတော့ ဆိုင်းတောင်တရွာလုံး ရစရာမရှိတော့ဘူး။ ရွှံ့နွံ့တွေနဲ့၊ ဘုန်းကြီးကျောင်းဆို စုလစ်မွန်းချွန်ပဲ တွေ့ရတော့တယ်” ဟု ပြောသည်။

ကျောက်စိမ်းတွင်းဒေသ၌ ယခင်ကရှိခဲ့သည့် ဖားပြင်ကျေးရွာသည် လွန်ခဲ့သည့် (၅) နှစ်ကျော်ကတည်းက ရေအောက် ရောက်ရှိသွားကာ ပျောက်သွားပြီဖြစ်ပြီး ဥရုချောင်းအတွင်းသို့ ချောင်းလက်တက်ဖြစ်သည့် ဝေခါချောင်းစီးဝင်ရာအနီး တွင်ရှိသည့် ဆိုင်းတောင်ကျေးရွာမှာလည်း မကြာမီပျောက်ဆုံးသွားမည်ကို ဖားကန့်ဒေသခံများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် ဇူလိုင် (၃၀) တွင် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးတွင် စွန့်ပစ်ထားသည့်မြေစာပုံပြိုကျသဖြင့် မြေစာ ပုံအောက်ခြေတွင် ရွှေကျင်နေသူများနှင့် ကျောက်ရှာနေသူများ (၁၀) ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ (၁၉) ထုတ် တကယ့်ဖြစ်ရပ်မှုခင်း ဂျာနယ်တွင်မူ လူ (၃) ဦးသေပြီး (၄) ဦး ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။

လုံးခင်းနှင့် ဖားကန့်အကြား လမ်းဘေးတွင်ရှိသည့် အဆိုပါမြေစာပုံကြီးမှာ အလျားပေ (၅၀) ၊ အနံ ပေ (၂၀)၊ အမြင့်ပေ (၈၀) ခန့်ရှိပြီး ကျောက်ကုမ္ပဏီကြီးများက မြေစာများ စွန့်ပစ်ထားခြင်းဖြစ်သည်ဟု ယင်းမှုခင်းဂျာနယ်တွင် ဖော်ပြ ထားသည်။

By NEJ

from:khitpyaing web page

အပြည့်အစုံသို့...

ရန်ကုန်လက်ကျန်ဝန်ထမ်းများကို ၂၀၀၉ မတိုင်မီ နေပြည်တော်ပြောင်းခိုင်း

မင်းနိုင်သူ/ ၆ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်တွင် လက်ကျန်ရှိနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများအား ၂၀၀၉ ခုနှစ်မတိုင်မီ နေပြည်တော်ပြောင်းရန် အမိန့် ထုတ်ထားသည့်အတွက် ၀န်ထမ်းအချို့ အလုပ်မှထွက်ကုန်သည်ဟု စုံစမ်းသိရသည်။

“သူတို့က ရန်ကုန်မှာ ၀န်ထမ်းနည်းနည်းပဲ ထားတော့မယ်။ ကျန်တာအားလုံး ပြောင်းဆိုတဲ့မူကို ကျင့်သုံးနေပြီ။ အခုကို ပြောင်းနေကြရပြီ။ ကျနော်တို့ကတော့ ဘယ်ပြောင်းချင်ပါ့မလဲ၊ ရတဲ့လစာက တလစာ လက်ဖက်ရည်ဖိုးပဲရှိတာ။ အလုပ် ကလေးရှိတယ်ဆိုတာမျိုး ဖြစ်ချင်လို့သာ မှေးနေကြရတာ။ ဟိုကိုသာ ပြောင်းရရင်မလွယ်ဘူး။ ဟိုမှာက သွားရေးလာရေး ခက်သလို လူကြီးတွေနဲ့နီးတော့ အချိန်ပြည့် ကြောက်နေရမှာပဲ။ ဒါကြောင့် အခု ထွက်စာတင်ထားတယ်” ဟု သာသနာ ရေးဦးစီးဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်လက်ကျန်ဝန်ထမ်းများကို နောက်ဆုံးအသုတ် နေပြည်တော်ပြောင်းမိန့်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀န်ထမ်းများ၏ ထောက်ခံမဲကို စုစုစည်စည်း ရနိုင်ရန်ဖြစ်နိုင်သည်ဟု အချို့ဝန်ထမ်းများက ယူဆ သည်။ သို့သော် နေပြည်တော်မှ အိမ်ရာအကွက်များကို စည်ကားစေလို၍ မြန်မြန်ပြောင်းခိုင်းခြင်းလည်း ဖြစ်နိုင်သည်ဟု အချို့က ယူဆသည်။

မိုး/ဇလမှ ၀န်ထမ်းတဦးက “ကျမတို့ ဌာနမှာ အပိုဝင်ငွေ ရပေါက်ရလမ်းက အင်မတန် နည်းပါတယ်။ ဒီကြားထဲ ပြောင်းရ ရွှေ့ရမယ်ဆိုတော့ မလွယ်ဘူး။ ဒီမှာက အိမ်ဆိုင်လေး ဖွင့်ထားတော့ စားနေရသေးတယ်၊ ဟိုမှာဆို မလွယ်ဘူး။ အလုပ် ထွက်လိုက်ပြီးတော့ အပြင်မှာပဲ လုပ်ကိုင်စားတော့မယ်” ဟု ဆိုသည်။

နေပြည်တော်သို့ ၀န်ထမ်းများ ပြောင်းရွှေ့မှုကို ၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့ဖူးပြီး ယခုလည်း အလုံးအရင်းဖြင့် ပြောင်းရွှေ့ ခိုင်းမှုများ စတင်နေပြီဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြောင်းရွှေ့စေမှုများကြောင့် လစာငွေနည်းပါးကာ အပိုဝင်ငွေ မရရှိနိုင်သည့် ဌာနများမှ ၀န်ထမ်းများ အခက်အခဲတွေ့ကြရပြီး အလုပ်ထွက်စာတင်သူများ များပြားနေသည်ဟု ၀န်ထမ်း များ အသိုင်းအ၀န်းမှ ကြားသိရသည်။

နေပြည်တော်သို့ ပြောင်းရွှေ့ခိုင်းမှုများကြောင့် အောက်ခြေ၀န်ထမ်း အများအပြား အလုပ်ထွက်လိုကြပြီး အချို့က ပြည်ပထွက် အလုပ်လုပ်ရန် ကြိုးစားနေကြသကဲ့သို့ အချို့ကလည်း အန်ဂျီအိုများတွင် တာဝန်ထမ်းဆောင်နိုင်ရန် သက်ဆိုင်ရာသင်တန်းများသို့ တက်ရောက်နေကြပြီဖြစ်ကြောင်း ကြားသိရသည်။

ယခုကဲ့သို့ ၀န်ထမ်းများ ပြောင်းရွှေ့ခိုင်းမှုများအပြင် ရန်ကုန်ရှိ ၀န်ကြီးဌာနပိုင် အဆောက်အဦများအား နအဖစစ်အစိုးရ က ပြည်ပကုမ္ပဏီများသို့ အငှားချထားမှုနှင့် ရောင်းချမှုများ ပြုလုပ်နေပြီး မကြာမီကာလတွင်လည်း ဗိုလ်ဆွန်ပက်လမ်းရှိ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနပိုင် အဆောက်အဦကို ရောင်းချလိမ့်မည်ဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာနမှ အမည်မဖော် လိုသည့် အဆင့်မြင့်အရာရှိတဦးက ပြောသည်။

ရန်ကုန် စစ်ထောက်ချုပ်ရုံးမှ ဝန်ကြီးဌာနအသီးသီးသို့ ထုတ်ပြန်ချက်အရဆိုလျှင် ၂ဝဝ၅ ခု အောက်တိုဘာမှ ၂ဝဝ၆ ခု ဧပြီလထိ (၆) လအတွင်း ရန်ကုန် ဝန်ကြီးဌာနပေါင်း (၃ဝ) နှင့် ရုံးဌာန (၈) ခု၏ ရုံးပစ္စည်းများကို စစ်ထောက်ချုပ်ရုံး အစီအစဉ်ဖြင့် စစ်သုံးယာဉ် အစီး (၃,၉ဝ၃) စီးသုံးပြီး ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မူလက ၂ဝဝ၆ ခု မေလ (၂ဝ) ရက်မှာ ရန်ကုန်ဝန်ကြီးဌာနများအားလုံး နေပြည်တော်အပြီးသတ် ပြောင်းရန် ရည်မှန်းခဲ့ သော်လည်း အဆင်မပြေခဲ့ပေ။ ထို့ကြောင့် ၂ဝဝ၆ ခု မေလမှ စက်တင်ဘာထိ (၄) လအတွင်း စစ်သုံးယာဉ် (၁,၃၃၆) စီးနှင့် ဝန်ကြီးဌာနများကို ထပ်မံပြောင်းရွှေ့ခဲ့ရသည်။ ၀န်ကြီးဌာနများ နေပြည်တော်မပြောင်းခင် (၃) နှစ်စာ ဖိုင်တွဲ များကလွဲပြီး အစောပိုင်းနှစ်များမှ ဖိုင်မှန်သမျှ ဖျက်ဆီးရန် အထက်အာဏာပိုင်များက ညွှန်ကြားခဲ့သည်။

By NEJ

from : khitpyaing web page

အပြည့်အစုံသို့...

ရုံးထုတ်ရာတွင် မိသားစုဝင်များ ကြားနာခွင့်မရ၍ ၈၈ ကျောင်းသားများက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည် မဟုတ်

ရုံးထုတ်ရာတွင် မိသားစုဝင်များ ကြားနာခွင့်မရ၍ ၈၈ ကျောင်းသားများက တရားရုံးနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည် မဟုတ်
အင်းစိန်ထောင် သင်္ဃန်းကျွန်းမြို့နယ် သီးသန့် တရားရုံးတွင် ၎င်းတို့အား ယနေ့ ရုံးထုတ်ရာသို့ မိသားစုဝင်များကို လာရောက် ကြားနာခွင့်မပေးသောကြောင့် ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်များဖြစ်သော မင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများက ယခုကဲ့သို့ တရားရုံးအား ပြောကြား သည်ဟု ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူကိုအောင်ထွန်းကလည်း ပြီးခဲ့သည့် သောကြာနေ့က ရုံးထုတ်ရာမှ အပြန်တွင် ထောင်အာဏာပိုင်တဦးက ယနေ့မှ စ၍ ရုံးထုတ်ရာသို့ မိသားစုဝင်များကိုကြားနာခွင့်မပြု ကြောင်းမှာကြား လိုက်သည်ဟု ပြောပြသည်။



“ပုံမှန်ထောင် ၀င်စာတွေ့နေကြ တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး တရက်ကိုလည်း အဲဒါကို ဖျက်လိုက်ပြီတဲ့၊ စနေ၊ တနင်္ဂနွေ တရက် မှာ လာတွေ့ကြပါဆိုပြီး ပြောင်းလိုက်ပြီဆိုပြီးတော့ ထောင်အရာရှိက အကြောင်းကြားတယ်၊ ဒါ သက်ဆိုင်ရာက ပြောတာ တဲ့၊ အဲဒါ တယောက်က၊ ဒါဆိုရင် အတွင်းထဲက လူတွေ ၂ ပတ်စာ ဒုက္ခရောက်မယ် ဆိုပြီးသွားပြောတော့မှ မနေ့က ပါဆယ် ပို့ခွင့်ရတယ်၊ လူမတွေ့ရဘူး”ဟုလည်း ကိုအောင်ထွန်းက ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလဆန်းမှ စတင်၍ ရုံးထုတ်ရာသို့ မိသားစုဝင်များ ကြားနာခွင့်ရခဲ့ပြီး ယခု မည်သည့် အကြောင်းပြ ချက်မှ မည်မည်ရရ မသိရှိရဘဲ ကြားနာခွင့် ပြန်လည်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

လွန်ခဲ့သည့်အပတ်အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ မစုစုနွေးကို ရုံးထုတ်ရာတွင်လည်း အာဏာပိုင်များက အစ်မဖြစ်သူ မဌေးဌေးကြည်ကို တွေ့ခွင့်မပြုခဲ့ပေ။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ဦးတိတ်နိုင် က နိုင်ငံရေးအကျဉ်းသားများရုံးထုတ်ရာတွင် မိသားစုဝင်များအနေနှင့် နဂိုအခွင့်အရေးအရ ကြားနာ ခွင့်ရှိသည်ဟု ပြောဆိုသည်။

“ကျနော်တို့ကြားတာက မိသားစုဝင်တွေက တရားရုံးမှာ ကြားနာခွင့်မရှိဘူးလို့ကြားတယ်၊ နောက် ဒီအပတ်ထဲမှာ တနလာင်္နေ့ က သောကြာနေ့အထိ ထောင်ဝင်စာ တွေ့လို့မရတော့ဘူးလို့ကြားတယ်၊ နဂိုရှိပြီးသားအခွင့် အရေး အရ မိသားစုတွေက ကြားနာခွင့်ရှိရပါမယ်၊ ဒါကို ကန့်သတ်နေတယ်ဆိုတာက နအဖ က အခုအချိန်မှာ အရမ်းကို အကြောက် တရားတွေကြီးနေ တယ်လို့ကျနော်တို့ မြင်ပါတယ်”ဟု ဦးတိတ်နိုင် က ပြောသည်။

ယခု အဖမ်းအဆီးခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားများက ရုံးထုတ်ရာတွင် လက်ထိပ်မခတ်ရန်၊ တရားခွင်၌ မိသားစု ၀င်များနှင့် သတင်း မီဒီယာများကို ကြားနာခွင့် ပြုရန်တို့ကို ၎င်းတို့၏ အကျိုးဆောင်ရှေ့နေများမှ တဆင့် တောင်းဆိုထား သည်။

ပြီးခဲ့သည့် ၂၀၀၇ ခု သြဂုတ်လအတွင်းက ရွှေဝါရောင်တော်လှန်ရေးဖြစ်ပေါ်ရန် အစပြုခဲ့သော လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ဆန္ဒပြခဲ့သည့်အတွက် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု ခေါ် ကိုဂျင်မီ၊ ကိုမင်းဇေယျတို့ အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင်များကို စစ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အထဲမှ အများစုမှာ ထောင်ဒဏ် ၁၅ နှစ်ကျော် ကျခံပြီးသူများဖြစ်သည်။

ယနေ့တွင် နိုင်ငံရေးလှုပ်ရှားသူ ကိုစိုးမြင့်ထိန်ကို အာဏာပိုင်များက ထောင်ဒဏ် ၄ နှစ် နှင့် ၆ လ ချမှတ်လိုက်ပြီး မခင်အေး ဆိုသူ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူနှင့် တခြားသော ၂ ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် ၆ လ ချမှတ် လိုက်ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့(USCB)နှင့် AAPP တို့ကလည်း ယနေ့ ရက်စွဲဖြင့် လွန်ခဲ့သည့် တနှစ်အတွင်း နိုင်ငံရေး အကျဉ်းသား ၇၈ ရာခိုင်နှုန်းခန့် တိုးလာကြောင်းနှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန် လွှတ်ပေးရန် ပူးတွဲကြေညာချက်ထုတ် ပြန်ထားသည်။

“ကျနော်တို့ အဓိက တောင်းဆိုတာက ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေး ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူတွေကို စနစ်တကျဖြိုခွဲနေတဲ့ ကိစ္စတွေ ကို ရပ်တန်းက ရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနိုင်ရ ပါတီ၊ တိုင်းရင်းသားကိုယ်စားလှယ် တွေ နဲ့ နအဖ နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အရေးတကြီးလိုနေပြီဆိုတာကို ထောက်ပြ ထားပါတယ်”ဟု ဦးတိတ်နိုင်က ပြောသည်။

ယင်း နိုင်ငံရေးအကျဉ်းသားများသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုတွင် ပါဝင်လာရန် အရေး တကြီး လိုအပ်သည်ဟုလည်း ၎င်းက ပြောဆိုသည်။

“ကျနော်တို့ ကြေညာချက်ကိုပေးထာတာကိုက အမှောင်ထုဆီကို ဦးတည်နေတဲ့ ကျနော်တို့ နိုင်ငံ(The Future in the dark)၊ ဆိုလိုတာက ဒီလိုသာ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲနဲ့ ဆက်လက် ဖမ်းဆီးနေဦးမယ် ဆိုရင် ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ ကို ဘယ်လိုမှ မျှော်လင့်လို့ ရမှာ မဟုတ်ပါဘူး” ဟု လည်း ဦးတိတ်နိုင်က ဆက်ပြောသည်။

အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် အရေးကြီး သည့် ၆ နေရာသို့ ဖြန့်ဝေပေးပို့ကြောင်း၊ ဥရောပ သမဂ္ဂ ၊ အာဆီယံ ၊ လူ့အခွင့်အရေး ကောင်စီ စသဖြင့် ၁၇ နေရာကို မိတ္တူပူးတွဲပေးပို့ထားကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ၁၃၀၀ခန့်ရှိခဲ့ပြီး ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ၁၁၉၂ ဦးရှိကာ ယခု နှစ် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ၂၁၂၃ ဦး ရှိကြောင်း ယခုပူးတွဲကြေညာချက်အရ သိရှိရသည်။

from :Irrawaddy web page

အပြည့်အစုံသို့...

တူရကီနိုင်ငံတွင် ကုန်ကားတိမ်းမှောက်၊ မြန်မာနှင့် အာဖဂန်နစ္စတန် ၁၈ ဦး သေဆုံး

ဧရာဝတီ | အောက်တိုဘာ ၆၊ ၂၀၀၈

တူရကီနိုင်ငံ မယ်ကာရမြို့ (Malkara) အနီးတွင် ကုန်တင်မော်တော်ယာဉ်တစီး ယမန်နေ့ကတိမ်းမှောက်ခဲ့ရာ မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးသေဆုံးကာ ၂၃ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

တိမ်းမှောက်ခဲ့သည့် ကုန်တင်ယာဉ်သည် နောက်ခန်းတွင် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ တရားမ၀င် အလုပ် သမားများကိုတင်ဆောင်လာသော လူကုန်ကူးသည့် မော်တော်ယာဉ်ဖြစ်သည်ဟု ဒေသအာဏာပိုင်တို့က အတည်ပြုပြော ဆိုကြောင်း တူရကီအစိုးရပိုင် Anatolia သတင်းဌာနက ပြောဆိုသည်။

သေဆုံးသူများတွင် မြန်မာနိုင်ငံသားပိုများသည်ဟုလည်း ဒေသအာဏာပိုင်က ပြောသည်။

မော်တော်ယာဉ် တိမ်းမှောက်ခဲ့ပြီးနောက် ကားမောင်းသမား ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး မော်တော်ယာဉ်ပေါ်၌ စီးနင်း လိုက်ပါလာသူများသည် ဂရိနိုင်ငံသို့ တရားမ၀င် ၀င်ရောက်ရန် စီစဉ်ထားသူများဖြစ်ကြသည်။

ဥရောပနိုင်ငံများသို့ တရာမ၀င် သွားရောက်လိုသူများသည် တူရကီနိုင်ငံမှတဆင့် အဆင့်ဆင့် သွားရောက်လေ့ရှိကြောင်း စုံစမ်းသိရှိရသည်။


from :Irrawaddy web page

အပြည့်အစုံသို့...

စစ်အစိုးရ ချုပ်ကိုင်မှုကြောင့် ရွှေဆိုင်ပိုင်ရှင်များ အခက်တွေ့နေ

အောင်သက်ဝိုင်း | အောက်တိုဘာ ၆၊ ၂၀၀၈

စစ်အစိုးရက အတင်းအကျပ် ၀င်ရောက် ထိန်းချူပ်နေသောကြောင့် ရွှေအရောင်း အ၀ယ် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူ များမှာ လွတ်လွတ်လပ်လပ် ရောင်းဝယ်ခြင်း မပြု နိုင်သည့်အပြင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း မပြုပါက ရွှေလုပ်ငန်း လုပ်ကိုင်ခွင့် မရရှိနိုင်သည့် အခြေအနေများ ပေါ်ပေါက်နေကြောင်း ရန်ကုန်နှင့် မန္တလေးရွှေဆိုင် ပိုင်ရှင် များက ပြောသည်။

ရွှေဈေးအတက်အကျပေါ်မူတည်ပြီး ပြည်တွင်းအခြေခံ စားသောက်ကုန်နှင့်တခြား ကုန်စည်ဈေးနှုန်းများ ရိုက်ခတ်ပြောင်း လဲမှုရှိသောကြောင့် စစ်အစိုးရသည် ရွှေဈေး အတက်အကျကို အထူးအလေးထားကိုင်တွယ်နေပြီး ရွှေဈေးနှုန်းကို အပတ်စဉ် အစည်း အဝေးထိုင် ထိန်းချုပ်မှုများပြုလုပ်နေကြောင်း ရွှေစီးပွားရေး သမားများကပြောသည်။

စစ်အစိုးရက ရွှေရောင်းဝယ်ရေး ဈေးကွက်ကို ၀င်ရောက် ထိန်းချုပ်နိုင်ရန် ၂၀၀၂ ခုနှစ်တွင် ရွှေလုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းပေးပြီး ရွှေဈေးကွက်ကို ခြယ်လှယ်နေခဲ့ကာ ခြောက်နှစ် ခန့်အကြာ ယခု ၂၀၀၈ ခုနှစ် တွင် ရွှေဈေးကွက်မှာ စစ်အစိုး ရ၏ တိုက်ရိုက်ကိုင်တွယ်မှု အောက် ရောက်ရှိနေပြီ ဖြစ်ကြောင်း မန္တလေးမြို့ ရွှေလုပ်ငန်းလုပ်ကိုင်သည့် စီးပွားရေး သမား များက ဆိုသည်။

“ရွှေဈေးကို ၀န်ကြီးဦးအောင်သောင်း ကွပ်ကဲတဲ့ နေပြည်တော် ကုန်ဈေးနှုန်း ထိန်းသိမ်းရေး ကော်မတီက အပတ်စဉ် အစည်းအဝေးထိုင်ပြီး တိုက်ရိုက်ကိုင်တွယ်တယ်။ အဲဒီ အစည်းအဝေး ကို ရွှေလုပ်ငန်းရှင်အသင်းက အဖွဲ့ခေါင်းဆောင်တွေ က ပုံမှန်တက်ပြီး ဦးအောင်သောင်း ခိုင်းတဲ့အတိုင်း ရွှေဈေးနှုန်းကို ညှိနှိုင်း သတ်မှတ်ပေးရတယ်” ဟု မန္တလေး ရွှေဆိုင် စီးပွားရေး သမား တဦးက ပြောသည်။

စစ်အစိုးရက ရွှေဈေးကို ထိန်းချုပ်သည့်အပြင် ရွှေအရောင်းအ၀ယ် လုပ်ကိုင်သည့် စီးပွားရေး သမားများကိုပါ ထိန်းချုပ်နိုင် ရန်အတွက် ၎င်းတို့အတင်းအကျပ်ဖွဲ့စည်းခိုင်းထားသည့် ရွှေ လုပ်ငန်းရှင် အသင်းသို့ ၀င်ရောက်ခြင်းမရှိပါက ရွှေလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်း လိုင်စင်များ ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းများ မပြုလုပ်ပေးသည့်အတွက် လုပ်ငန်းရှင်များ အခက်အခဲတွေ့နေရကြောင်း ရန်ကုန်ရွှေလုပ်ငန်းရှင်တဦးက ရှင်းပြသည်။

“ရန်ကုန်မှာ ရွှေဆိုင်စီးပွားရေးလုပ်မယ်ဆိုရင် ရွှေလုပ်ငန်းရှင်အသင်းကို မဖြစ်မနေ၀င်ရတယ်။ မ၀င်ရင် ရန်ကုန်စည်ပင် က ရွှေဆိုင်လိုင်စင်ထုတ်မပေးဘူး” ဟု ၎င်းက ပြောသည်။

အစိုးရ၏ ဖိအားပေးမှုကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ အားလုံး ရွှေလုပ်ငန်းရှင် အသင်းသို့ ၀င်ရောက်နေရပြီး ရွှေဈေးနှုန်းကို အာဏာပိုင်များက ညှိနှိုင်းသတ်မှတ်ပေးသည့် ဈေးနှုန်းဖြင့် အရောင်းအ၀ယ်ပြုနေရ၍ ယခုအခါ ရွှေလုပ်ငန်းရှင် အသင်းတွင် အသင်းဝင် စီးပွားရေး သမား ၈၆၀ ထိရှိလာပြီဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

“အသင်းဝင်မှ လုပ်ငန်းလုပ်ဖို့ အဆင်ပြေမယ်ဆိုတော့ ၀င်ရတာပေါ့။ တော်တော်များများ အသင်းဝင်တွေကလည်း စိတ်ပါလို့ တော့ မဟုတ်ဘူး။ မဖြစ်မနေ၀င်ရမယ် ဆိုတော့ ၀င်ကြတဲ့ သဘောပါပဲ” ဟု မန္တလေးမှ ရွှေလုပ်ငန်းရှင်တဦးက ပြောပြသည်။

ကမ္ဘာ့ရွှေဈေးတက်ချိန်တွင် နိုင်ငံတွင်းရွှေဈေးလည်းတက်ကြောင်း၊ သို့ရာတွင် ထိုကဲ့သို့ ရွှေဈေးတက်ချိန်များတွင် စစ်အစိုးရ က ဈေးကို အတင်းအကျပ် ဖိအားပေး ချခိုင်းပြီး ချုပ်ကိုင်လေ့ရှိသည့် အတွက် ရွှေဈေးတက်ချိန်များတွင် ရွှေကုန်သည်များ က အရောင်း အ၀ယ်များ ရပ်တန့်ထားလေ့ရှိကြောင်း လွတ်လွတ်လပ်လပ် ရောင်းဝယ်ခွင့် မရှိခြင်းက စီးပွားရေးသမားများကို အခက်အခဲများဖြစ်စေကြောင်း ရန်ကုန် ရွှေကုန်သည် တဦးက ပြောသည်။

“တကယ် ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံးမယ်ဆိုရင် ဈေးကွက်ကို ချုပ်ကိုင်စရာ မလိုပါဘူး။ ဒီလို အသင်းအဖွဲ့တွေဖွဲ့ ပြီး စီးပွားရေးသမားတွေကို အကျပ်ကိုင်တာမျိုးလည်း မလုပ်သင့်ပါဘူး။ စီးပွားရေးတိုးတက်ဖို့၊ ဈေးကွက်ကို လွတ်လွတ် လပ်လပ် ရောင်းဝယ် နိုင်အောင် ဖွင့်ပေးဖို့လိုပါတယ်” ဟု အသက် ၅၃ နှစ်အရွယ်ရှိ ရန်ကုန်ရွှေကုန်သည်တဦးက အကြံပြုသည်။

ယခုအခါ ရွှေဈေးကွက်တွင် အခေါက်ရွှေတကျပ်သားလျင် ကျပ်ငါးသိန်း ခြောက်သောင်းနှင့် ခုနစ်သောင်းကြား ရှိနေပြီး အလုပ်အကိုင်ရှားပါးမှုနှင့် စီးပွားရေးကျဆင်းမှုကြောင့် ရွှေဝယ်သူ နည်းလာကြောင်း ရန်ကုန်ရွှေကုန်သည်များက ဆိုကြသည်။


from:Irrawaddy web page

အပြည့်အစုံသို့...

မသိလို့မှားတာပါ ဆိုတိုင်း …

အောင်ကျော် | စက်တင်ဘာ ၂၆၊ ၂၀၀၈

ယမန်နှစ်က ဘာသာရေးပွဲတခုတွင် တိုက်တိုက်ဆိုင်ဆိုင် နေပြည်တော်မှ အရာရှိကြီးတချို့နှင့် ဆုံဖြစ်သည်။ သည်လိုဖြင့် စကားစပ်မိကြရာက ဘုန်းကြီးတွေကို ကန်တော့တဲ့အခါ ခါးမှာချိတ်ထားသော သေနတ်ကို ဖြုတ်ထားသင့်ကြောင်းကိစ္စ ရောက်သွားသည်။

မိတ်ဆွေတယောက်က ရဟန်းတော်များမှာ ၀ိနည်းတော်ရှိကြောင်း၊ “အဂါရ၀ ငါးပါး” ကို ရှောင်ရှားကြရကြောင်း၊ အမြင့်မှာ ရှိနေသူ၊ ကျောပေးထားသူ၊ မလေးမစား အမူအယာပြသူ၊ လက်နက်ကိုင်ဆောင်ထားသူ၊ အရိုအသေ မပြုသူတို့ကို တရား မဟောရ၊ အကန်တော့ မခံကြရကြောင်း၊ အကန်တော့ခံမိပါက ရဟန်းတော်တွင် အာပတ် သင့် ရောက်ပါကြောင်း ရှင်းပြသည်။

ဥပမာ ဗိုလ်ခင်ညွန့် အာဏာရှိစဉ်က တရက်တွင် ပဲခူးမြို့မှ စာသင်တိုက်ကြီး တတိုက်သို့သွားကာ ဆရာတော်ကို ဖူးတွေ့ ကြောင်း၊ ထိုအခါ ဆရာတော်က “ငါ့ကိုရှိမခိုးခင် မင့်ခါးက သေနတ်ကို အရင်ဖြုတ်ပါဦး” ဟု အမိန့်ရှိ ကြောင်း၊ ထိုစကားကို ဗိုလ်ခင်ညွန့်က သူ့ကို ဆရာတော်က ရှုတ်ချစကားဆိုသည်အထင်နှင့် ချက်ခြင်းလှည့်ပြန် သွားခဲ့ဖူးကြောင်း ပြောပြသည်။

မသိနားမလည်လို့ပါဆိုပြီး အမှားတခုကို ကျူးလွန်မိလျှင် အကုသိုလ်ကံကတော့ ခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာပါ သည်။ အမိအဘကို မသတ်ရဆိုသည့် ပညတ်ချက်ကို မသိနားမလည်လို့ဆိုပြီး ကျူးလွန်မိလျှင် ထိုသူ မှာ ကံကြီးထိုက် မည်ပင် ဖြစ်သည်။

ယနေ့ကာလတွင် ရဟန်းသံဃာတော်များက နအဖ၊ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်စသည့် အပေါင်းပါများအား သံဃာကို စော်ကားမော်ကား ပြုမှုများကြောင့် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ထား ကြသည်။

အမှန်စင်စစ် ထို “ပတ္တနိက္ကုဇ္ဇနကံ” ဆိုသည်မှာ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်အရ သာသနာတော်ထမ်း ရှင်ရဟန်းတို့အား စော်ကားပြုမူလာခြင်းကို နောင်မပြုရဲအောင် ကံဆောင်တားမြစ် ဆုံးမခြင်းပင် ဖြစ်သည်။ အကြင်သူသည် …

• ရဟန်းတို့အား လာဘ်မရစိမ့်သောငှာ အားထုတ်၏။
• ရဟန်တို့အား အကျိုးမဲ့စိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့အား နေရာမရစိမ့်သောငှာ အားထုတ်၏။
• ရဟန်းတို့ကို ဆဲရေး၏၊ ခြိမ်းခြောက်၏။
• ရဟန်းအချင်းချင်း ကွဲပြားစေ၏။
• မြတ်စွာဘုရား ကျေးဇူးမဲ့ကို ပြော၏။
• တရားတော်၏ ကျေးဇူးမဲ့ကို ပြော၏။
• သံဃာ၏ ကျေးဇူးမဲ့ကို ပြော၏။

ရဟန်းတို့ ထိုအင်္ဂါ ရှစ်ပါးနှင့်ညိစွန်းသော ဥပါသကာအား သပိတ်မှောက်ရမည်ဟု စူဠ၀ါပါဠိတော် မြန်မာပြန် စာ-၂၆၅ ခုဒ္ဒက ၀တ္ထုကမ္မ အခန်းကဏ္ဍတွင် သပိတ်မှောက်အင်္ဂါရှစ်ပါးကို ပြဆိုထားသည်။

“ပတ္တနိက္ကုဇ္ဇနကံ”ကို သာသနာတော်အတွင်း ရှိရှိသမျှသော သံဃာတော်များ၏ ဆန္ဒရယူပြီးမှ သိမ်အတွင်းတွင် ကမ္မ၀ါစာဖြင့် ပြဌာန်းရသည်ဖြစ်၍ ရဟန်းတော်တပါးတလေ၏ ပြဌာန်းချက်မဟုတ်။ သံဃာတော်အားလုံး၏ အမိန့် အာဏာဖြစ်သည်။

ထို့ကြောင့် ကံပြုစဉ်က မိမိဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ သာသနာတော်ထမ်း ရဟန်းတော်တိုင်းက လေးစားလိုက် နာကြရသည်။ ထိုကံဆောင်ခြင်းမှ သွေဖည်၍ ကံပြုခံရသူများနှင့် ဘာသာရေးကိစ္စများ လက်ခံ ဆောင်ရွက်ပေးပါက ထိုပုဂ္ဂိုလ်မှာ မြတ်စွာဘုရားရှင်၏ ပညတ်ချက်ကို ကျူးကျော်ရာရောက်သဖြင့် အာပတ် သင့်ရောက်ပါသည်။

“ပတ္တနိက္ကုဇ္ဇနကံ”၏ ရည်ရွယ်ချက်မှာ ဘာသာရေးကို မသိနားမလည်၍ တကြိမ်တခါ ပြစ်မှားကျူးလွန်မိခြင်းကို အချိန်မီ သိရှိကာ ၀န်ချတောင်းပန်နိုင်စေရန် ဖြစ်ပါသည်။

ကာယကံရှင်များက မိမိတို့ပြုမှားမိသည်များကို သံဃာသို့ ၀န်ချတောင်းပန်မှသာလျှင် ကံဆောင်ထားခြင်းမှ ရုပ်သိမ်းပေးခွင့် ရှိပါသည်။ ပြန်လည်ရုပ်သိမ်းမည်ဆိုကလည်း၊ ကံဆောင်စဉ်က နည်းအတိုင်း၊ သံဃာအားလုံး၏ ဆန္ဒရယူပြီး သိမ်အတွင်း ၀ယ် ကမ္မ၀ါစာဖြင့် ပြန်လည်၍ ကံလွှတ် ရုပ်သိမ်းပေးတော်မူကြရသည်။

မြန်မာနိုင်ငံတွင် သံဃာတော်များက နအဖအစိုးရနှင့်အပေါင်းပါ စစ်တပ်၊ ရဲ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး အပေါ် “ပတ္တနိက္ကုဇ္ဇနကံ” ဆောင်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ခဲ့ပါပြီ။ တကြိမ်မျှ မတောင်းပန်ခဲ့ဘူးပါ။ ထိုသို့ မတောင်းပန်ခြင်းသည် နအဖ စစ်အစိုးရနှင့် အပေါင်ပါများအဖို့ သံသရာခရီးတွင် နစ်သည်ထက် နစ်လာကြရဖို့ သာ ရှိပေသည်။ သံဃာတော်များအား အလှူအတန်းစသည် ပေးလှူခွင့်၊ ဥပုသ်သီတင်း ဆောက်တည်ခွင့်၊ သေလျှင် သရဏဂုံတင်ခွင့် ဆုံးရှုံးကြရပေတော့မည်။ လူ့ဘ၀ကိုရပါလျှက် အပေါင်းအသင်း မှားသဖြင့် လူဖြစ်ရှုံးကြရလေပြီ။

လတ်တလောအားဖြင့် သံဃာများက ထိုကံဆောင်ထားကြသည့်အတွက် မိမိတို့တွင် “သံဃံ သရဏံ ဂစ္ဆာမိ” ဟူသော သရဏဂုံ တပါး ကျိုးပေါက်သွားကြပြီ။ သရဏဂုံ မတည်သူများ ဖြစ်ကြရပြီ။ ထိုသူများအဖို့ မည်မျှ ငွေကြေးတတ်နိုင်၍ လှူလိုကြသည်ဖြစ်စေ၊ လှူလေသမျှ တန်းလေသမျှ ဘာကုသိုလ်မျှမရနိုင်တော့ပြီ။ စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့ အားလုံး သတိထားကြစရာပါ။ ကုသိုလ်လုပ်၍မရတော့လျှင် အသက်ရှင်နေသည့် ကာလတလျှောက် အကုသိုလ်သာ စုမိကြဖို့ဖြစ်လာသည်။

ယခုလတ်တလောမှာတော့ နအဖက ၄င်းတို့လုပ်နေကြလုပ်ထုံးအတိုင်း သံဃာတော်များကပဲ သူတို့ အလှူကို လက်ခံနေကြ သယောင်ယောင် ဆရာတော်တွေကို ၀ါဆိုသင်္ကန်းတွေကပ်၊ ကျောင်းတိုက်ကြီးများသို့ ဆွမ်းဆန် တော် အိတ်တွေ၊ ၀တ္ထု ပဒေသာပင်တွေ ဝေနေအောင်လှူပြ နေကြသည်။ စင်စစ် ထိုအလှူများအပေါ် သံဃာ တော် များက သာယာမှုဖြစ်တော် မမူကြ။ ထိုအလှူများကြောင့် လှူရသူတို့မှာ ကုသိုလ်မရသည့်ပြင် ရဟန်းတော် တို့အား အာပတ်သင့် ရောက်အောင် တွန်းပို့နေရာသာရောက်နေသည်။ ကုသိုလ်ပြုကာမှ ငရဲသာရနေသည်။

အဆိုးဆုံးကတော့ သံဃာ့ဝိနည်းကို နားမလည်ဘဲ သံဃာတော်များကို လူပုဂ္ဂိုလ်များကဲ့သို့ ဆက်ဆံနေကြခြင်း ဖြစ်သည်။ အရေးအခင်းမှာ ပါသည်ဆိုလျှင်ပင် သူတို့မှာ ဆုံးမကြဖို့ အခွင့်အလမ်းရထားသူများလို သံဃာတော် တွေကို ရိုက်လိုရိုက်၊ သတ်လိုသတ် သင်္ကန်းဆွဲချွတ် လိုချွတ်ပြုနေကြသည်။

သံဃာတော်ဖြစ်ပြီဆိုသည်နှင့် ကာယကံရှင်၏ ဆန္ဒမပါဘဲ၊ မည်သူတစုံ တဦးကမျှ သင်္ကန်းကို ဆွဲချွတ်၍မရပါ။ ထိုပုဂ္ဂိုလ် ကိုယ်တိုင်က ၀ိနည်းသိက္ခာပုဒ်တော်နှင့်မညီဘဲ ပါရာဇိက ကဲ့သို့သော လူဝတ်လဲပေးရမည့် သိက္ခာပုဒ် တော်ကို ကျူးလွန် ဖောက်ဖျက်မိသည့်တိုင် ထိုအပြစ်ကို ရဟန်းတော်ကိုယ်တိုင်က ၀န်ခံမှသာ လူဝတ်လဲပေးနိုင် သည်။

အကယ်၍ ဇွတ်အတင်းဆွဲချွတ်သဖြင့် ကိုယ်ပေါ်တွင် သင်္ကန်းမရှိတော့လင့်ကစား၊ ကာယကံရှင်က မိမိသည် ရဟန်းတပါး ဖြစ်ကြောင်း မှတ်ယူထားလေသမျှ သံဃာအဖြစ်မှာပဲ ရှိနေပေသည်။ ထိုပုဂ္ဂိုလ်ကို ရိုက်နှက် ညှဉ်းပန်း ခြင်းပြုပြုသမျှသည် သံဃာအပေါ်ကျူးလွန်မိခြင်းသာဖြစ်ပါသည်။

စဉ်းစားကြည့်ပါ။ သံဃာတော်ဆိုသည်မှာ မြတ်စွာဘုရားရှင်နှင့် တတန်းတည်းထား ကိုးကွယ် ဆည်းကပ်ကြရမည့် ရတနာ သုံးပါး ၀င် ဖြစ်တော်မူကြသည်။ ရတနာသုံးပါးကို ပြစ်မှား ကျူးလွန်ရဲနေကြသည်။

“သံဃာမရှိလဲဖြစ်ပါတယ်”ဆိုသည့်စကားမှာ သရဏဂုံ ပျက်စေပါသည်။

ထိုအကုသိုလ်များကြောင့် ပြစ်မှားကြသူတို့မှာ သံဃာဂိုဏ်းသင့်ကြရပြီ။ သံဃာဂိုဏ်းသင့်သည် ဆိုသည်မှာ ယခု ဘ၀တွင် ဘာကုသိုလ်လုပ်လုပ် ကုသိုလ်မရ။ တရားထိုင်လျှင်လည်း မဂ်ဖိုလ်မရ နိုင်တော့သည့်“မဂ်တားဖိုလ်တား ကိစ္စကြီး” ဖြစ်ပါ သည်။ “မဂ်၏ အန္တရာယ်”ဖြစ်ကြရပြီ။ မည်သူမျှ ကယ်တင်၍မရနိုင်ဘဲ အပါယ်လေးဘုံ သို့ သာသွားရ မည့် တလမ်းသွားများ ဖြစ်ကြရပြီ။

ကုလားဖုမင်းသည် ခန္တီဝါဒီရှင် ရသေ့ကို ညှဉ်းပန်းခဲ့သဖြင့် မြေမျိုခံရဘူးကြောင်း နိပါတ်မှာလာပါ သည်။ ရသေ့ သည် ရဟန်းလောက်မမြင့်မြတ်သေးပါ။

မနုဿတ္တဘာဝေါ ဒုလ္လဘော။ လူ့ဘ၀သည်ရခဲလှပါ၏။ ထိုရခဲလှသောလူ့ဘ၀တွင်၊ မိမိနောင် ရေးအတွက် တတ် နိုင်သမျှ ကုသိုလ်စုဖို့သာ ဖြစ်သင့်ပါသည်။ မိမိသေလျှင် မိမိနောက်သို့ မိမိပြုခဲ့သည့် ကုသိုလ် အကုသိုလ်ကံများသာ ပါသွားကြပါ မည်။ မိမိအတွက်မဟုတ်ပါဘဲ သံဃာကိုသတ်ဖြတ်နေရသည့်အဖြစ်မျိုး ဘယ်သူ့ကြောင့် ရောက် နေရပါသနည်း။ ထိုပုဂ္ဂိုလ် မျိုးအတွက် မိမိမှာ တသံသရာလုံး အနစ်မွန်းခံရပေတော့မည်။ ထိုက်တန်ပါရဲ့လား။

ထိုကျူးလွန်နေသူများကို မေးလိုပါသည်။ သင်တို့လူ့ပြည်တွင် နှစ်ပေါင်းမည်မျှ ဆက်လက် အသက်ရှည်နေကြဦး မည်ဟု ထင်ပါသနည်း။ အာဏာတည်မြဲဖို့ဆိုတော့ကော။ ဘယ်နှနှစ်ခံပါ မည်နည်း။ အဲသည့် နှစ်ကလေး အတွင်းမှာ ဘယ်လောက် ချမ်းသာသွားမလဲ။ အဲသည့် ဥစ္စာပစ္စည်းကကော မြဲပါ့မလား။

ဦးနေ၀င်းတုန်းက ၁၉၈၅ မှာ မဟာဝိဇယစေတီတော်ကို အသုံးချ၍ မလုပ်ကောင်း လုပ်ကောင်း ယတြာချေခဲ့ သည်။ သာသနာသန့်ရှင်းရေးဆိုပြီး တကယ့်သံဃာတော်များကို မိန်းမတွေနှင့်ရှုပ်သယောင်စွပ်စွဲပြီး သင်္ကန်း ဆွဲချွတ် လုပ်ခဲ့သည်။ ဘယ်နှနှစ်ခံခဲ့ပါသနည်း။ ဦးနေ၀င်းသေတော့ ဘယ်ပုံစံနှင့်သေခဲ့ရပါသနည်း။

ဦးနေ၀င်းတသက် စုဆောင်းခဲ့ရသမျှ ဥစ္စာဓနများကိုကော စံစားသွားရပါရဲ့လား။ ဦးနေ၀င်းကိုယ်တိုင် အခြေခံ ဥပဒေ ကြီးတွေအခိုင်အမာဖြင့် တည်ဆောက်ခဲ့သော တိုင်းပြည်ကြီး မရှုမလှ ပျက်စီးခဲ့ရသည်ကို သံဝေဂ ယူသင့် ပါသည်။ အဲသည်တုန်းက သံဃာကို ကိုယ်ထိလက်ရောက် ပြစ်မှားခဲ့ကြသူများ ဘာဖြစ်သွားကြပါသနည်း။

ဗိုလ်ခင်ညွန့်က ပထမအကြိမ် သံဃာကံဆောင်ပွဲကြီးကို ချေမှုန်းပြီး အထင်ကရ သံဃာတော် ကြီးများကို အတင်းလူဝတ်လဲ ထောင်ချလုပ်ခဲ့သည်။ ဘယ်နှနှစ်များ အာဏာမှာ တည်မြဲခဲ့ပါ သနည်း။ သူလုပ်ခဲ့သမျှ အကုသိုလ်ကံတွေပဲ သူ့နောက်ပါသွား မည်သာဖြစ်ပါသည်။ တပ်မတော် ထဲတွင် အခိုင်မာဆုံးဆိုရမည့် ဗိုလ်ခင်ညွန့်တယောက် ဘယ်ပုံစံဖြင့် ပြုတ်သွားခဲ့ရပါ သနည်း။ သူ့တသက် ရှာဖွေစုဆောင်းရယူခဲ့သော ဥစ္စာ များကော တည်မြဲခဲ့ပါရဲ့လား။ သံဃာကို နှိပ်စက် ညှဉ်းပန်းခဲ့ကြသည့် သူ့နောက်လိုက်များကော ဘာဖြစ် သွားကြပါသနည်း။

အခုကော ဗိုလ်သန်းရွှေ အာဏာမက်ပြီး သံဃာတော်များကို သတ်ဖြတ်ချေမှုန်းနှိမ်နင်းရေး တွေလုပ်နေပြန်ပြီ။ သူလဲအခု အသက် ၇၄ နှစ်။ နောက်ထပ်ဘယ်နှနှစ်အသက်ရှင်နေဦး မှာမို့လဲ။ ကိုယ်ပြုလိုက်ရသည့် အကုသိုလ် နှင့် ပြန် ရမည့် အာဏာတည်မြဲရေး လုံးဝမမျှတ။ အာဏာမှာ မြဲနေယင်တောင် တနေ့မျှ စားကောင်းခြင်းမစားရ။ အိပ်ကောင်းခြင်းမအိပ်ရ။ အမြဲတန်း ပူပင်သောကဖြင့်သာနေနေရပါမည်။ ရှာဖွေရရှိထားသမျှ ဥစ္စာပစ္စည်းတွေက ကော မြဲပါ့မလား။ ပစ္စည်းသင်္ခါရ လူသင်္ခါရ။ ကိုယ်ကိုယ်တိုင်က ရှေ့လူများကို ရက်ရက်စက်စက် ကျူးလွန်ထားမိ ခဲ့ပြီ။ ထိုအကုသိုလ်ကံများကကော ၀ဋ်မလည်ဘဲနေကြမည်လား။

သည်အာဏာရခဲ့သည့် ကာလတိုတိုကလေးအတွက် အ၀ီစိငရဲမှာ အဆုံးအစမရှိ ကျက်ကြရမှာ မြင်ယောင်သေး သည်။ ဘုရားအလောင်းတော် တေမိမင်းသားကလေးသည် ထိုအပြစ်များကို မြင်သဖြင့် “မင်း” မလုပ်ရအောင် စကားမပြောသည့် အဓိဌာန်ဆောက်တည်ခဲ့ခြင်း ဖြစ်သည်။

အမှန်ဆို မိမိအာဏာရနေစဉ်မှာ တိုင်းပြည်ကောင်းစားအောင် လုပ်ဆောင်ပေးကြမည်ဆိုပါလျှင် သူတို့တည်မြဲရေး အတွက် ပြည်သူကပင် ကြိုးပမ်းပေး ကြပါလိမ့်မည်။

ဗိုလ်နေ၀င်း၊ ဗိုလ်ခင်ညွန့် တို့ ကျဆုံးသွားပုံကိုကြည့်လျှင် သူတို့သာမက ဆက်စပ်ပတ်သက်သူမှန်သမျှ အားလုံး ဘ၀ပျက် ခဲ့ကြရသည်။

ယခု ဗိုလ်သန်းရွှေကျလျှင်ကော၊ အတူတွဲလုပ်ကိုင်ခဲ့ကြသည့် စစ်တပ်၊ ရဲ ၊ ကြံ့ဖွံ့၊ စွမ်းအားရှင် တို့အားလုံး ဘုမသိ ဘမသိ ဖြင့် သံဃာ့ကံများပါ ထိကြ မှာမလွဲပါ။ ထိုကံများမှလွတ်အောင် ဗိုလ်သန်းရွှေ မတတ်နိုင်ပါ။ သူလည်းကံထိုက်မည်သာ ဖြစ်ပါသည်။ ပြုလုပ်သူကော စေခိုင်းသူပါ အကုသိုလ်ထပ်တူရကြပါလိမ့်မည်။

နောင်ဘ၀မှာတော့ အ၀ီစိမှာတူပျော်ပျော်ပဲ နေကြရဦးမှာပါ။ “ဂေါဏေန ဂေါဏော” ဆိုသမို့လား။


from :Irrawaddy web page

အပြည့်အစုံသို့...

ပြည်ထဲရေးဝန်ကြီး၏ အံ့ဖွယ်ကမ္ဘာ့အမြင်

အောင်ဇော် | အောက်တိုဘာ ၃၊ ၂၀၀၈

မြန်မာနိုင်ငံ စစ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက စိတ်ကယောင်ချောက်ချား ဖြစ်နေပြီလား။ သို့တည်း မဟုတ် သူကိုယ်တိုင်က သူ၏၀န်ထမ်းများကို ပြောပြခဲ့သည့် မိန့်ခွန်းရှည်ကြီးထဲကအတိုင်း အမှန်တကယ် ယုံကြည် လက်ခံ နေသည်လော။ သို့မဟုတ် ကြောက်ရွံ့စိုးထိတ်နေကြသည့် သူ၏အရာရှိများကို ချွေးသိပ်နိုင်ရန် လုပ်ကြံပြောဆိုခဲ့ခြင်းလော ဆိုသည်ကို သူကိုယ်တိုင်မှသာ သိပေလိမ့်မည်။

ဧရာဝတီမဂ္ဂဇင်းသို့ ပေါက်ကြားရောက်ရှိလာသည့် ၎င်းဝန်ကြီးက လျှို့ဝှက်အစည်းအဝေးတခုတွင် ပြောဆိုခဲ့သည့် အံ့မခန်း အစည်းအဝေးမှတ်တမ်းတခုကို ဖတ်ရသည့်အခါ ဤကဲ့သို့ မေးခွန်းများ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်းတွင် အကူအညီပေးရေး ရည်ရွယ်ချက်ဖြင့် ရုံးများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေကြသည့် နိုင်ငံတကာအေဂျင်စီများကလည်း စစ်အစိုးရ၏ သဘောထားအမှန်ကို သိရှိနိုင်ရန် ဤမိန့်ခွန်းကို လေ့လာသင့်သည်။

၎င်းဝန်ကြီးဆိုသူ၏ မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လျှို့ဝှက် ၀န်ကြီးအဖွဲ့အစည်းအဝေးများတွင် ပြောကြားခဲ့သည့် မှတ်ချက်များ ထင်ဟပ်နေမည်၊ အကြီးအကျယ် သြဇာလွှမ်းမိုးနေမည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ ဤ၀န်ကြီးအဖွဲ့လျှို့ဝှက် အစည်းအဝေးများကို ညမှသာ ကျင်းပလေ့ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန၀င်းအတွင်း၌ ပုံမှန်ကျင်းပလေ့ရှိသည်ဟုလည်း ဆိုကြပါသည်။

၎င်းက နိုင်ငံတကာ နိုင်ငံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အာဏာချိန်ခွင်လျှာညှိနေကြသည့် ကိစ္စများကိုလည်း တရှည်တလျား ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် အင်ပိုင်ယာချဲ့ထွင်ကြီးစိုးရေးအတွက် ရေရှည်မျှော်မှန်းချက် ရှိထားသည်ဟု လည်း သတိပေးခဲ့သည်။ သို့သော် မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံနှင့် ဆက်ဆံရေးကိစ္စများတွင် ထိန်းသိမ်း ချိန်ညှိရန်လိုသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ ဆတ်ဆတ်ထိမခံ၊ သိမ်မွေ့လှသည့် အခြေအနေကြောင့်ဟု သူက သတိပေးခဲ့သေးသည်။

၎င်းက ဥရောပသမဂ္ဂ (EU) က အမေရိကန်နှင့် မဟာမိတ်ပြု၍ မြန်မာနိုင်ငံကို ပစ်မှတ်ထားနေသည်ဟု ဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂနိုင်ငံများကို တိုက်ခိုက်ပြောဆိုသော်လည်း ဗိုလ်ချုပ်မောင်ဦးက မြန်မာ နိုင်ငံတွင် ရန်သူမရှိကြောင်းနှင့် မြန်မာနိုင်ငံက ၎င်းနှင့် လိုက်လျောညီထွေသည့် အနေအထားအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။ "နိုင်ငံတခုသည် မည်မျှပင်ကြီးကြီး၊ မည်မျှပင်ငယ်ငယ် တဦးတည်းရပ်၍ မရတော့" ကြောင်း သူက ပြောသည်။

အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်များဖြစ်သည့် ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ရှိ နိုင်ငံများသည် တရုတ်နိုင်ငံကို ၀ိုင်းပတ်ပိတ်ထားသည့် အနေအထားရှိသည်ဟု ၎င်းကပြောသည်။ တရုတ်နိုင်ငံအဖို့ မြန်မာနိုင်ငံသည် ဤပိတ်ဆို့ထားမှုမှ လွတ်ပေါက်ဖြစ်ကြောင်း၊ အကြောင်းမှာ ပင်လယ်ဆိပ်ကမ်းထွက် ပေါက်ရှိနေသောကြောင့်ဟု သူက ပြောခဲ့သလို၊ "မိမိတို့သည် တရုတ်လိုလားသူများ မဟုတ်ကြောင်း" လည်း ထည့်သွင်း ပြောကြားခဲ့သေးသည်။

ဗိုလ်ချုပ်မောင်ဦးက အမေရိကန်ပြည်ထောင်စု၏ ထောက်လှမ်းရေးဌာန စီအိုင်အေကိုလည်း နေရာတိုင်းမှာ ရှိနေသည်ဟု မြင်နေပုံရသည်။ မွန်ဂိုလီးယားမှသည် မြန်မာနိုင်ငံအထိ၊ နောက်ဆုံး မုန်တိုင်းသင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ အတွင်းတွင်ပါ စီအိုင်အေ ရောက်နေသည်ဟု သူက ထင်နေသည်။ " သူတို့ (စီအိုင်အေ) တွေက (မြန်မာ) နိုင်ငံထဲမှာ လည်း ရှိနေကြတယ်" ဟု သူ၏၀န်ထမ်းများကို သတိပေးခဲ့သေးသည်။

စီအိုင်အေက ကမ်ဘောဒီးယားရှိ အကူအညီပေးရေး လုပ်ငန်းများ နောက်ကွယ်တွင်လည်း ရှိနေခဲ့ကြောင်း ၀န်ကြီးချုပ် ဟွန်ဆန်ကို ကိုးကား၍ စွပ်စွဲလိုက်သေးသည်။ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သည့် အန်ဂျီအိုအဖွဲ့များသည် သူတို့ယူ လာသည့် ပိုက်ဆံ သူတို့သာ သုံးသွားကြကြောင်း၊ ကမ်ဘောဒီးယားနိုင်ငံတွင် အမှိုက်ပုံသာ ကျန်ခဲ့ကြောင်း သူက စွပ်စွဲခဲ့ သည်။ အကူအညီပေးရေး အေဂျင်စီများသည်လည်း စီအိုင်အေ၏ နောက်လိုက်များ၊ တပည့်များဟုလည်း သူက ထုတ်ဖော် ကြေညာခဲ့သေးသည်။

ဗိုလ်ချုပ်မောင်ဦးက အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာမူဝါဒကို ရှင်းပြရာတွင် ၀ါရှင်တန်တွင် ကဒ် ၂ ခု ရှိကြောင်း၊ တခုမှာ လူသားချင်းစာနာမှုကဒ်နှင့် သံတမာန်ရေးကဒ် ဖြစ်ကြောင်း ပြောသည်။ အမေရိကန်ပြည်ထောင်စုက " ထောင်ထဲ မှာ ဘာဖြစ်နေပါပြီ၊ ကျောင်းသားများ ဘာဖြစ်နေပါပြီ၊ ဘုန်းကြီးများ ဘာဖြစ်နေပါပြီ" စသဖြင့် ဝေဖန်ပြစ်တင်နေသည်ကို တရုတ်နိုင်ငံ၏ ပံ့ပိုးမှုဖြင့် တုံ့ပြန်နိုင်ခဲ့ကြောင်း၊ ယခုတော့ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရက ကုလသမဂ္ဂဖက်သို့ လှည့်လာခဲ့ ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မောင်ဦးက ပြောကြားရာတွင် အမေရိကန်ပြည်ထောင်စုက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ဆွဲချရန် ကြိုးပမ်း၍ မရ သည့်အခါ ကုလသမဂ္ဂ အေဂျင်စီများကို သုံး၍ လူမှုရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု၊ လူသားလုံခြုံရေးကိစ္စများကို ရှေ့ တန်းတင်လာခဲ့ကြောင်း ဆိုသည်။

ပြည်ထဲရေးဝန်ကြီးက ပြောရာတွင် အမေရိကန်ပြည်ထောင်စုက နာဂစ်ဆိုက်ကလုန်းမုန်တိုင်း ပြီးနောက်တွင် ကျန်းမာရေး နှင့် လူသားချင်းစာနာမှု ကပ်ဘေးဆိုင်ရာ အကြောက်တရားများ ဖြစ်ပေါ်လာစေရန် သွတ်သွင်းပေးကြောင်း၊ ထို့နောက် ကုလသမဂ္ဂနှင့် ၎င်း၏ "ကာကွယ်မှုပေးရေးဆိုင်ရာ တာဝန်ဝတ္တရား" (Responsibility to protect) ကို အသုံးချ၍ မြန်မာ နိုင်ငံကို ကျူးကျော်နိုင်ရန် ဆင်ခြေ၊ အခွင့်အလမ်းများ ရှာခဲ့ကြောင်း ဆိုသည်။ ဤရည်ရွယ်ချက်အောက်တွင် မြန်မာနိုင်ငံကို "လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်ချိုးဖောက်သည့် ရာဇ၀တ်မှု" ကျူးလွန်နေသည်ဟု စွပ်စွဲဖော်ပြရန် ကြိုးပမ်းနေ သည်ဟုလည်း ပြောခဲ့သည်။

အမေရိကန်ရေတပ်သင်္ဘောများက မြစ်ဝကျွန်းပေါ်ဒေသတွင် အကူအညီများ ချပေးမည့်အရေးကို ငြင်းပယ်ခဲ့ရခြင်းမှာ လည်း အမေရိကန်စစ်တပ်များက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတိုင်အောင် ထွက်မသွားဘဲ အချိန်ဆွဲနေမည့်အရေးကို စစ်အစိုးရခေါင်းဆောင်များက မြင်သောကြောင့်ဖြစ်ကြောင်း ဗိုလ်ချုပ်မောင်ဦးက အတည်ပြုပြောဆိုခဲ့သည်။

စိုးရိမ်စိတ်ကဲနေသည့် ၀န်ကြီးအတွက် ပိုဆိုးစေသည့်အချက်မှာ ကယ်ဆယ်ရေးလုပ်သားများနှင့်အတူ "အစိုးရခွင့်ပြုချက် မရှိဘဲ ဆက်သွယ်ရေးစက်ပစ္စည်းများပါလာကြောင်း၊ ၎င်းတို့ကလည်း မြစ်ဝကျွန်းပေါ်ဒေသသို့ ခရီးသွားဗီဇာ Tourist visa ဖြင့် ၀င်ရောက်လာကြကြောင်း" ပြောဆိုခဲ့သေးသည်။

နိုင်ငံတကာ အန်ဂျီအိုများ၊ ကုလသမဂ္ဂ အေဂျင်စီများက အတိုက်အခံပါတီအဖွဲ့ဝင်များ၊ အစိုးရဆန့်ကျင်လှုပ်ရှားနေသူများ၊ ကျောင်းသားများကို အလုပ်ခန့်ထား၍ မြစ်ဝကျွန်းပေါ်ဒေသတွင် သွားရောက်လုပ်ကိုင်ခဲ့ကြကြောင်း သူက စွပ်စွဲခဲ့သည်။

အစိုးရက အကူအညီပေးရေး အေဂျင်စီများ မြစ်ဝကျွန်းပေါ်ဒေသသို့ မ၀င် ရောက်နိုင်အောင် တားမြစ်ခဲ့သည်ကို ဗိုလ်ချုပ်မောင်ဦးက ၀န်ခံပြောဆိုပြီး "ထိုသူများက မြန်မာပြည်ကလူများကို ထောက်ပံ့နေသည်ဆိုသည့် အနေအထားဖြင့် ဖြတ်စားလပ်စားလုပ်နေသည့် အဖွဲ့များဖြစ်ကြောင်း... အဓိကပြန်ကြည့်လျှင် ပြပြီး ခိုးစားနေခြင်းသာ ဖြစ် ကြောင်း" ဆိုခဲ့သေးသည်။

အကူအညီများကို အစိုးရထံမှ မဖြတ်ဘဲ အစိုးရက နိုင်ငံတကာ အန်ဂျီအိုများ၏ စာရင်းအင်းများ၊ အသုံးစရိတ်ကို စစ်ဆေးခွင့် မရှိကြောင်းလည်း သူက စောဒကတက် ပြောဆိုခဲ့သေးသည်။

" အောက်မှတက်သည့် စာရင်းအရ မိမိတို့က (မြစ်ဝကျွန်းပေါ်ဒေသတွင်) လူ ၆ သောင်းကျော်ကို နိုင်ငံတော်အစိုးရက နေ့ စဉ် ဆန်ကျွေးနေကြောင်း" ၎င်းက ပြောသည်။ စစ်အစိုးရကတောင်းသည့် အဆင်သင့်စားသောက်စရာများ၊ ရေသန့်နှင့် ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံတကာ အန်ဂျီအိုများက လျစ်လျူရှုထားကြောင်း၊ ငြင်းပယ်ခဲ့ကြောင်းလည်း ဗိုလ်ချုပ် မောင်ဦးက စွပ်စွဲလိုက်သေးသည်။

သူက စွပ်စွဲရာတွင် နိုင်ငံတကာ အန်ဂျီအိုများသည် ကရင်လူမျိုးအများစုနေထိုင်ကြသည့် မြစ်ဝကျွန်းပေါ်ဒေသတွင် ခြေ ကုတ်စခန်းရအောင် ယူနေကြောင်း၊ အကြောင်းမှာ ထိုင်းနယ်စပ် မဲဆောက်ရှိ ဒုက္ခသည်စခန်းများမှာ ပြည်ပပြောင်းရွှေ့ အခြေချရေး အစီအစဉ်များ စတင်နေပြီ ဖြစ်သောကြောင့်ဖြစ်ကြောင်း တွက်ပြခဲ့သေးသည်။

မြစ်ဝကျွန်းပေါ်ဒေသမှ တက်လာသမျှ လေဘေးဒုက္ခသည်များကို ပြည်ပသို့ ပြောင်းရွှေ့အခြေချရေး အစီအစဉ်များတွင် လည်း ပါဝင်ပူးပေါင်းနိုင်ရန် မဲဆောက်တွင် စခန်းဖွင့်လက်ခံနေကြောင်း ၀န်ကြီးမောင်ဦးက ပြောဆိုခဲ့ပြီး "ကရင်လူမျိုးကို အခြေပြုပြီး၊ ကရင်နီလူမျိုးကို အခြေခံပြီး မြစ်ဝကျွန်းပေါ်ဒေသတွင် ဆဲလ် တခုဖွဲ့စည်းရန်ဖြစ်ကြောင်း" သူက ဆက်ပြောခဲ့ သည်။

သူ၏ မိန့်ခွန်းတွင် သူက ပြည်ထဲရေးဝန်ထမ်းများကို အာမခံချက်ပေးရာ၌ ရဲတပ်ဖွဲ့သည် အနာဂတ် မည်သည့် အစိုးရလက်ထက်တွင် မဆို အစိုးရဆန့်ကျင်ရေး နှိမ်နင်းမှုများအတွက် အရေးပါသည့်အခန်းကဏ္ဍက ပါဝင်နေမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။ သူက ရဲတပ်ဖွဲ့များ၏ စက်ပစ်ကွင်းများကို သွားရောက်စစ်ဆေးခဲ့ပြီး၊ အကြမ်းဖက်မှုဆိုင်ရာ ပစ္စည်း များ၊ လက်နက်ခဲယမ်းများကိုလည်း စစ်ဆေးခဲ့ကြောင်း၊ ဥပဒေစည်းကြပ်ရေးလုပ်ငန်းများကို "နိုင်ငံတကာစံချိန်စံနှုန်း" အတိုင်း လုပ်ဆောင်နိုင်ရမည်ဟု သူဟု ၀န်ထမ်းများကို အာမခံပြောကြားခဲ့သေးသည်။

နိုင်ငံတကာ ခေါင်းဆောင်မှု အရည်အချင်းများကို သင်နေသော ဟားဗတ်တက္ကသိုလ် ကနေဒီအုပ်ချုပ်ရေးကျောင်းသို့ ဗိုလ်ချုပ်မောင်ဦး သွားတက်ရောက်ရန်သာ ကျနော်ကတော့ အကြံပေးတိုက်တွန်းလိုက်ချင်တော့သည်။

အောင်ဇော်ရေးသားသည့် The Strange World of Burma’s Home Affairs Minister ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။


from :Irrawaddy web page

အပြည့်အစုံသို့...

Saturday, October 4, 2008

ိုံင်ငံရေး အကဵဉ်းသားမဵာူးပန်လတ်ြရေး ငေစြက္ကပြေၞမြာ စာရေူးဖန်ႛဝေ

2008-10-03
ဖမ်းဆီးခံထားရတဲ့ သံဃာတော်တေနြဲႛိုံင်ငံရေး အကဵဉ်းသားတေကြိုပန်လတ်ြပေးဖိုႛ ငေစြက္ကတြေပြေၞမြာ စာရေူးဖန်ႛဝေတဲ့ လပ်ြရြားမတြရပ်ကို ရန်ကုန်၊ မိံ္ဈလေး၊ ပဲခူးနဲႛ နယ်္ဘမြိႚတေမြာ ဆက်လက်္ဘပီး လုပ်ဆောင်နေတယ်လိုႛ ဒီလပ်ြရြားမမြာ ပၝဝင်သူတေကြေူပာပၝတယ်။



(Image: RFA)

အေူခခံဥပဒေမူုကမ်း ဆိံ္ဋခံယူပြဲ ကဵင္းပခၝနီး အခဵိန္ကလည္း ကန္ႛကၾက္မဲေပးဳကဖိုႛ ဤကဲ့သိုႛုကက်ေူခခတ်ထားသည့် ငေစြက္ကမြဵာူးဖင့်ူပည်သူလူထုကို လြံႛဆော် တိုက်တနြ်းမမြဵား ပေၞပေၝက်ခဲ့ပၝသည်။ (Image: RFA)

ဒီငေစြက္ကြ လပ်ြရြားမဟြာ နယ္အေတာ္မဵားမဵားမႀာ ပဵံႛႎႀံႛေနတယ္လိုႛ ဒီလႁပ္ရႀားမႁမႀာပၝဝင္တဲ့ မဵိႂးဆက္သစ္ လူငယ္မဵား အစည္းအ႟ံုး Generation Wave က ကိုမိုးသြေးကေူပာူပပၝတယ်။

ကိုမိုးသြေး။ ။ “ကဋ္ဋန်တော်တိုႛ အဓိက လုပ်တာက ရန်ကုန်ရယ်၊ နောက်္ဘပီးတော့ နတ်တလင်းတိုႛ၊ ႒ကိႂႚပင္ေကာက္တိုႛ၊ ပဲခူးတိုႛ စတဲ့ ပဲခူးတိုင္းထဲက ႓မိႂႚေတၾ ေတာ္ေတာ္မဵားမဵားေပၝ့၊ူပည်ဖက်၊ တောင်ငူဖက် အဲဒီလို နေရာမဵြိးတေမြာလည်း လုပ္ပၝတယ္ခင္ဗဵ။္ဘပီးတော့ မိံ္ဈလေးဖက် အဲဒီလိုမဵိႂးေပၝ့။ ႓မိႂႚ႒ကီးအေတာ္မဵားမဵား အဓိကကေတာ့ ရန္ကုန္တိုင္းနဲႛ ပဲခူးတိုင္းဖက္မႀာ စ႓ပီး လုပ္ပၝတယ္ခင္ဗဵ။”

“လုပ်ုကတယ်ဆိုတဲ့ နေရာမြာ ကေဵာင်းသား သမဂ္ဂပေၝ့၊ ဗကသက လူတေနြဲႛ နောက်္ဘပီးတော့ ကဋ္ဋန်တော်တိုႛ လူငယ်အင်အားစု အသစ်တြေူဖစ်တဲ့ Generation Wave ရြိမယ်၊ မဵြိးဆက်သစ် လူငယ္မဵား တရားမ႖တေရး လႁပ္ရႀားမႁဆိုတဲ့ justice ဆိုတဲ့ အဖၾဲႚရႀိမယ္၊ ဒီလိုမဵိႂး အဖၾဲႚေတၾ အကုန်လုံးပေၝင်း္ဘပီးတော့မြ ငေစြက္ကတြေပြေၞမြာ ရေးတဲ့ လပ်ြရြားမြ လုပ္ပၝတယ္ခင္ဗဵ။”

ဒီလပ်ြရြားမကြ္ဘိုပီးခဲ့တဲ့ စက်တင်ဘာလက စခဲ့တာူဖစ်္ဘပီး ၂၀၀၇ သံဃာ့အရေးအခင်းမြာ အဖမ်းခံခဲ့ရတဲ့ သံဃာတော်တေနြဲႛ ဒေၞအောင်ဆန်းစုကည် အပၝအဝငိုံင်ငံရေး အကဵဉ်းသားတေကြိုပန်လတ်ြပေးဖိုႛ တိံစြ်ူပည့် အထိမ်းအမတ်ြအနေနဲႛ စတင်ခဲ့တာလိုႛ လပ်ြရြားမမြာ ပၝဝင်နေတဲ့ ဗမိာိုံင်ငံလုံးဆိုင်ရာ ကေဵာင်းသားမဵားသမဂ္ဂ အဖြဲႚဝင် ကေဵာင်းသူတဦးကလည်းေူပာူပပၝတယ်။

ငေစြက္ကလြပ်ြရြားမြ ဦးဆောင်တဲ့ လူငယ်တေအြနေနဲႛ သူတိုႛလပ်ြရြားမြ တိုံင်ငံလုံး အတိုင်းအတာနဲႛ တူဖည်ူးဖည်း ပဵႛံႎႀႛံသၾားဖိုႛအတၾက္ လုပ်ဆောင်သြားမယ်လိုႛလည်း ကိုမိုးသြေးကေူပာပၝတယ်။


from : RFA Burmese Service

အပြည့်အစုံသို့...

KNU ကို နအဖနှင့် DKBA ပူးပေါင်း ထိုးစစ်ဆင်၊

နွယ်လေး။
အောက်တိုဘာလ ၃ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ၏ တပ်ရင်းတခုအား ယမန်နေ့နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အနီးရှိ ကျေးရွာနေအိမ်နှင့် ပြောင်းဖူးဂိုဒေါင် များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့် မိုင် ၃၀ ခန့် ဝေးသည့် ကော့ကရိတ်မြို့နယ်တွင် မြန်မာစစ်အစိုးရ ခမရ ၄၀၇ နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့(DKBA)တပ်တို့ ပူးပေါင်းပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ ကို ထိုးစစ် ဆင်ခြင်း ဖြစ်သည်ဟု ကေအဲန်အယ်ယူတပ်ရင်း (၂၀၁) တပ်ရင်းမှုး ဗိုလ် စောနေဆေး ကပြောသည်။

"မနေ့ကတောင်မှ တိုက်ပွဲဖြစ်ပြီးတော့ ရွာသားအိမ်လေးလုံးမီးရှို့လိုက်တယ်။ လူတော့ မရှိဘူး နောက် ပြီး ပြောင်းတဲ ပြောင်းထည့်မယ့် ဂိုဒေါင် (၁၀)ကျော်လည်း မီးရှို့လိုက်တယ်။ ပြောင်းတော့ မရှိဘူး။ အိမ်လေးလုံးက လူတော့ မရှိဘူး။ လူမရှိလို့ သူတို့ ရှို့လိုက်တယ် ထင်တယ်။ ရွာသား အခြေနေက ခု လောလောဆယ် သူတို့က ၀င်ရှုပ်တော့ ကျနော်တို့နဲ့ သေသေချာချာ အချိတ်အဆက် မရှိဘူး။ ရွာ သားတွေက ကြားထဲကနေ ကြောက်လန့် နေရတာပေါ့ လောလောဆယ် ကတော့။ "

KNU ၏ တပ်မဟာ ၆ အတွင်းရှိ နယ်မြေများရှိ ကျေးရွာသားများ စိုက်ပျိုးသည့် ပြောင်းခြံများကို ချုပ်ကိုင်လိုသည့် အတွက် ထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု ဗိုလ်စောနေဆေး က ပြောသည်။

"ထိုးစစ်ဆင်တဲ့ သဘောပေါ့။ ဒီ အမှန်မှာ တိုက်ပွဲဖြစ်တာက ဒီကေဘီအေနဲ့ ရန်သူနအဖ ၄၀၇ ကိုး။ ၄၀၇ က အရင်တုန်းက ၄၀၆ နဲ့လာလဲတာ။ ခါတိုင်းမှာ သူတို့လှုပ်ရှားတာ ဒီပေါဘိုးမှာပဲ။ အခုက ချိန်းလည်းချိန်းရော ဒါရိုက် ဒီကနဲလေးဂွင်ကနေပြီး ဒီတိုက်ပွဲဖြစ်တဲ့ နေရာမှာ ရောက်လာတာပဲ။ သူ တို့က အခုဟာက နယ်စပ်ကို လိုက်စိုးမိုးမယ့် ပုံစံ၊ ကျနော်တို့ ရှိတဲ့နေရာတွေကို လိုက်ယူပြီး အဲဒီမှာ ပြည်သူလူထုတွေ လုပ်တဲ့ ပြောင်းတွေကို သူတို့က ချုပ်ကိုင်ချင်တယ်။"

တပ်မဟာ ၆ ဒေသရှိ ကျေးရွာများတွင် ပြောင်းခြံ ဧကပေါင်း သိန်းနှင့်ချီ စိုက်ပျိုးကြသည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့က ကျေးရွာသားများကို ၀င်ရောက် ဖမ်းဆီးသ ဖြင့် KNU နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု KNU တပ်ရင်း ၂၀၁ ဒုတပ်ရင်းမှူးက ပြောသည်။

"ဒီကေဘီအေက ပလားသိုရွာကို လာပြီး ရွာသူရွာသားတွေကို ဖမ်းထားတယ်။ အပြင် မထွက်ရဘူး။ အဲလို ဖမ်းထားတော့ ၂၉ ရက်နေ့မှာ ရောက်လာတယ်၊ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ အဲဒီနေ့မှာ ပဲ အိမ်လေးလုံးကိုလည်း မီးရှို့သွားတယ်။ အဲဒီ ပလားသိုရွာကို။ ပြောင်းကျီတလုံး၊ စပါးကျီတလုံးကို လည်း မီးရှို့သွားတယ်။ "

မြန်မာစစ်အစိုးရတပ်မှ ထပ်မံထိုးစစ်ဆင်မှုများ ပြုလုပ်လာနိုင်သဖြင့် ကျေးရွာသားများအချို့ ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ကေအဲန်ယူ တပ်ရင်း ၂၀၁ ဒု-တပ်ရင်းမှူးက ပြောသည်။

"သူတို့နည်းနည်းမှ မဆုတ်သေးဘူး။ သူတို့ခြေကုတ် ခုန ကျနော်ပြောတဲ့ ပလားသို၊ ကော်စဲရွာ၊ ကလော်ဝေါ်၊ ပြီးတော့ ဘီးလားကျောက်တောင်ပေါ့နော် အဲဒါတွေကို နေရာယူထားတယ်။ ပြီးတော့ ဒါဒိုကီ ဆိုတဲ့ နေရာတွေကို အခု သူတို့ နေရာယူထားတယ်။"

စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး နအဖတပ်ဖွဲ့နှင့် ဒီကေဘီအေ တပ်ဖွဲ့မှ ၃ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတာ KNU ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ၎င်းက ဆက် ပြောသည်။

ပြီးခဲ့သည် ဇွန်လ ၃၀ ရက်နေ့တွင် နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့တို့ပူးပေါင်းကာ ကေအဲန်ယူ၏ တပ်မဟာ ၆ ဒေသရှိ ဝေါ်လခီး တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက် သေဆုံး ဒဏ်ရာရှိခဲ့ပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ စခန်း ဒီကေဘီအေ လက်ထဲ တရက်ကျရောက်ခဲ့သော်လည်း နောက်တရက်တွင် ပြန်လည် သိမ်း ပိုက်နိုင်ခဲ့သည်။

from NMG


အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

Tuesday, September 30, 2008

အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့် ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်

ဖြိုးကြီး။ စက်တင်ဘာ ၂၉၊ ၂၀၀၈

စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင် အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ အများဆုံးပါဝင်သည်ဟု ဆိုသည်။

ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ပြောသည်။

“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀) လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊ ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။

အမှတ် (၁) ထောက်လှမ်းရေးမှ ဗိုလ်မှူး သောင်းကျော်ရှင်း၊ အမှတ် (၇) ထောက်လှမ်းရေးမှ ဗိုလ်ကြီးသိန်းဝင်း၊ အမှတ် (၁၄) မှ ဗိုလ်ကြီး သန်းနိုင်နှင့် အရာခံဗိုလ် သက်ဇော်မှူးတို့ ပြန်လည် လွတ်မြောက်လာသည်ဟု ၎င်းက ဆက်ပြောသည်။

“သူတို့တွေက နှစ်ကြီးသမားတွေလေ၊ အနှစ် (၃၀) နဲ့ (၄၀) ကြားမှ ကျနေတဲ့သူတွေပဲ၊ အဲဒီ ထဲက အဖွဲ့တွေတော်တော်များများ ပါလာတယ်၊ အကောက်ခွန်အဖွဲ့တွေလဲ ပါတယ်”ဟု ပြောသည်။

အကောက်ခွန်ဝန်ထမ်းများကို ပြန်လွှတ်ပေးရာတွင် မူဆယ် (၁၀၅) မိုင်ဂိတ်မှ ဝန်ထမ်းများလည်း ပါဝင်ပြီး အချို့ကို ပြန်လည်စီစစ်မှုများပြုလုပ်နေသည့်ဟု အကောက်ခွန်စီမံရေးရာ တာဝန်ရှိသူ တဦးက ပြောသည်။

“မူဆယ်မှာ ဘယ်သူတွေ လွှတ်တယ်ဆိုတာတော့ မသိသေးဘူး၊ မူဆယ်က အကုန်လွှတ်ပေး တာတော့မဟုတ်ဘူး၊ အမှုဖိုင်ထဲမှာ ပြန်စီစစ်ရင်းနဲ့ အမှုနဲ့သိပ်မပက်သက်တဲ့ သူတွေကတော့ လွတ်တယ်”ဟု ပြောသည်။

စစ်အစိုးရက အကျဉ်းသား (၉၀၀၀) ကျော် ပြန်လွှတ်လိုက်သည်ဟုဆိုသော်လည်း စစ်ထောက် လှမ်းရေးအဖွဲ့များ၊ အကောက်ခွန်ဝန်ထမ်းများနှင့် အခြားရာဇဝတ်ပြစ်မှုဆိုင်ရာ အကျဉ်းသားများ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား (၈) ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(မြန်မာနိုင်ငံ) AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က အတည်ပြုပြော ဆိုသည်။


အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

ရန်ကုန် မြို့တော်ခန်းမအား လုံခြုံရေးတင်းကျပ်

NEJ/၂၉ စက်တင်ဘာ ၂၀၀၈။ ။

စီမံချက်တရပ်အနေဖြင့် ယနေ့မှစ၍ မြို့တော်ခန်းမအတွင်းသို့ မည်သည့်လက်ကိုင်အိတ်မျိုးမှ ယူဆောင်ခွင့်မပြုတော့ကြောင်း ခန်းမဧည့်အ၀င်ပေါက် တာဝန်ကျ စည်ပင်ရဲများက ပြောသည်။

“ဒီ စီမံချက်ကို စတင်တာ မြို့တော်ခန်းမ လုံခြုံရေးအတွက်ပါ၊ မကြာမကြာ ဗုံးတွေ ပေါက်နေတဲ့အတွက် ခန်းမလုံခြုံရေးကို အကာအကွယ်ယူတဲ့ သဘောပါ” ဟု တာဝန်ကျ စည်ပင်ရဲတဦးကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၅) ရက် နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်တွင် မြို့တော်ခန်းမ မျက်နှာစာတည့်တည့်ရှိ မဟာဗန္ဓုလပန်းခြံအနီး ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ မြို့တော်ခန်းမတွင်းသို့ မည်သည့် လက်ကိုင်အိတ်ကိုမျှ ယူဆောင်ခွင့် မပေးခြင်း ဖြစ်သည်ဟု သိရသည်။

တောင်ဒဂုံမှ မြို့တော်ခန်းမသို့ အလုပ်ကိစ္စဖြင့်လာသူ အမျိုးသမီးတဦးက “ဘာပဲဖြစ်ဖြစ် ပိုက်ဆံလေး ဘာလေး ထည့်လာတော့ ပိုက်ဆံအိတ်ကတော့ ပါတာပေါ့ရှင်၊ အခုဟာက ပိုက်ဆံအိတ်ကိုတောင် မယူရဘူးဆိုတော့ လွန်အားကြီးပါတယ်။ အခု လာတာက လေလံပေးမယ့် ကိစ္စရပ်တွေအတွက် သိချင်တာတွေကို စီမံဌာနမှာ စုံစမ်းနိုင်တယ်ဆိုလို့ လာတာပါ၊ ဒီနေ့တော့ ပိုက်ဆံအိတ်ပါလာတော့ ၀င်လို့ မရဘူးလေ။ မနက်ဖြန်မှပဲ လာပေါ့တဲ့” ဟုပြောသည်။

(၂၅) ရက်ဗုံးပေါက်ကွဲပြီး နောက်တနေ့မှစတင်ကာ မြို့ တော်ခန်းမ ဘေးပတ်လည်ရှိ ပလက်ဖေါင်းများကို ပြန်လည် ပြင်ဆင်နေကြောင်း၊ မြို့ တော် ခန်းမတွင် CCTV လုံခြုံရေး ကင်မရာ (၉) လုံးတပ်ဆင်ထားပြီး စည်ပင်ရဲများအား ခန်းမဘေး ပတ်လည်တွင် ချထားကြောင်း မျက်မြင်များက ပြောသည်။

အနက်ရောင်ဝမ်းဆက်ဝတ်ထားသည့် မျက်နှာဖုံးမှန်ကာ ဦးထုပ်များနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထူးရဲကွန်မင်ဒိုများ၊ အပြာဝမ်းဆက် လည်ပတ်အနီများနှင့် လုံထိန်းများ၊ အပေါ်မီးခိုး အောက်အပြာဝတ်ထားသည့် ပုံမှန်ရဲများကိုလည်း ရန်ကုန်မြို့ နေရာအနှံ့တွင် လုံခြုံရေးချထားကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

By NEJ

URL: http://www.khitpyaing.org/archives/4064

အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ် အရေးပေါ် ဆေးရုံတင်ရ

NEJ/ ၂၉ စက်တင်ဘာ ၂၀၀၈။ ။

အသက် ၉၂ နှစ်ရှိပြီဖြစ်သည့် ရန်ကုန်မြို့မှ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ လေဖြတ်သည့်အတွက် အာရှတော်ဝင်ဆေးရုံသို့ အရေးပေါ် တင်လိုက်ရသည်။

သခင်သိန်းဖေသည် မြန်မာ့နိုင်ငံရေးကို အစဉ်တစိုက် ဝေဖန်အကြံပြုခဲ့သူတဦးလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းက ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေနေအိမ်တွင် ကျန်းမာစွာနေထိုင်လျက်ရှိပါလျက်နှင့် သူကွယ်လွန်ကြောင်းရေးသားထားသည့် နာရေးဖိတ်စာများကို အမည်မသိလူတစုက ရန်ကုန်မြို့၌ လိုက်လံဖြန့်ဝေခဲ့သည်။

By NEJ

URL: http://www.khitpyaing.org/archives/4070


အပြည့်အစုံသို့...

ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

NLD elected MP Dr. Myo Win Passed away

BURMA DEMOCRACY & DEVELOPMENT: NLD elected MP Dr. Myo Win Passed away#links#links


ပြန်ခေါက်ထားပေးပါ

အပြည့်အစုံသို့...

Monday, September 29, 2008

ဆိုင်ကယ်မောင်မောင်နှင့် သူ၏ အိပ်မက်ဆိုးများ

အေးချမ်းမြေ့ | စက်တင်ဘာ ၂၆၊ ၂၀၀၈

“ငါ့ကိုမခေါ်နဲ့ …. မခေါ်ကြပါနဲ့” ဟူသော အသံနက်ကြီးကို ယမန်နှစ် နိုဝင်ဘာလလယ်ပိုင်း၊ တခုသောညက ဆိုင်ကယ် မောင်မောင်၏ အိမ်နီးနားချင်းများ အားလုံး စိတ်မချမ်းမြေ့ဖွယ်ရာ ကြားခဲ့ကြရသည်။

နောက်တနေ့ နံနက်တွင်တော့ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကိုသာ သူ့အိပ်ရာထက်တွင် မြင်တွေ့ကြရ သည်ဟု အင်းစိန်မြို့နယ် ဖော့ကန်ရှိ သူ့အိမ်နား ပတ်ဝန်းကျင်တွင် နေထိုင်သူတို့က ပြောပြကြသည်။

“သူက စက်တင်ဘာ အရေးတော်ပုံတုန်းက ဘုန်းကြီးတွေကိုကော လူကြီးတွေကိုပါ အင်းစိန် ဂျီတီအိုင်ထဲမှာ ရိုက်ခဲ့ တာပေါ့ဗျာ” ဟု သူ့အိမ်နီးချင်း တဦးက ဆိုသည်။

ဆိုင်ကယ်မောင်မောင် ဆိုလျင် ဖော့ကန်တဝိုက်တွင် မသိသူမရှိ။ သူ့အမည်ရင်းက မောင်မောင်။ သို့သော်လည်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသောကြောင့် သူ့ကို ဆိုင်ကယ် မောင်မောင်ဟု ကွဲကွဲပြားပြားခေါ်ကြသည်။

“ပုံစံက အရပ်မြင့်မြင့်၊ ဘော်ဒီတောင့်တောင့်၊ နှုတ်ခမ်းမွေးနဲ့။ ကျော်ဟိန်းညီ ဇော်ဇော် တို့လိုပုံစံ” ဟု သူ့ကိုမြင်ဖူးသူ တဦးက ပုံဖော်ပြသည်။

ဆိုင်ကယ်မောင်မောင်ရဲ့ အပြင်ပန်းပုံစံက လူမိုက်တယောက်လို ဆိုပေမယ့် ရပ်ကွက်ထဲ တွင် ဆိုးသွမ်း မိုက်ကန်းနေသူ တယောက်တော့ မဟုတ်ပါ။ သို့သော်လည်း သူ့အကျိုး စီးပွားအတွက်ဆိုလျင် လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲသူ တဦးဟုတော့ ဆိုရမည် ဖြစ်သည်။

“ကျနော့် ဆိုင်ကယ်ထဲက စက်ပစ္စည်းတွေတောင် ဖြောင်ဖူးတယ်ဗျ” ဟု သူနှင့် ဆက်ဆံ ဖူးသူတဦးက ပြောသည်။

ယခင်နှစ် စက်တင်ဘာ အရေးတော်ပုံကာလ မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာများ နှင့် လူထုကို နှိမ်နင်းရန် “စွမ်းအားရှင်” ဆိုသည့် လက်ကိုင်တုတ် လူတန်းစားတရပ်ကို စစ် အာဏာရှင်များက ဖန်တီး မွေးထုတ်လိုက်ရာ ဆိုင်ကယ် မောင်မောင်သည်လည်း စွမ်းအားရှင် တဦးအဖြစ် ထိုဇာတ်လမ်းတွင် ပါဝင်ကပြခဲ့သည်။

စွမ်းအားရှင်ဆိုသည့် လူတန်းစားတွင် လက်ရဲဇက်ရဲ မိုက်ကမ်းရဲသူများသာ ပါဝင်သည်။ အပြစ်မရှိသည့် သံဃာနှင့် ပြည်သူ လူထုကို အသားလွတ် ရိုက်နှက်ကန်ကျောက်ဖို့ ဆိုသည်က အနည်းနှင့်အများ မိုက်မဲမှဖြစ်မည်။ ငွေရရုံ ဒါမှမဟုတ် အကျိုး စီးပွား တခုခုရရုံသက်သက်ဖြင့် တဖက်သားခိုင်းသမျှ ဆိုးဆိုးကောင်းကောင်း လုပ်ဖို့ဆိုသည်က ပုံမှန် အသိဥာဏ်ရှိသူ၊ စဉ်းစားတွေးခေါ်သူတို့ အတွက် မလွယ်လှ။

“ဆိုင်ကယ် မောင်မောင်က သိပ်ပြီး နလပိန်းတုံးတော့ မဟုတ်ဘူးဗျ။ လုံးဝ မတွေးတတ် မခေါ်တတ်တဲ့ သူမျိုးတော့ မဟုတ်ဘူး။ သူ့အကျိုးစီးပွားတခုခုကြောင့် ခိုင်းတာလုပ်ရင်း ကျွံသွားတာလို့ ထင်တယ်” ဟု သူနှင့် ဆက်ဆံဖူးသူတဦးက ပြောပြသည်။

ဆိုင်ကယ်မောင်မောင်၏ အဖြစ်အပျက်က တချို့သော အခွင့်အရေးမားများ၊ အကျင့်ပျက် ခြစားသူများ နည်းတူ သိပ်မထူး ဆန်းလှ။ သူ့အပေါင်းအသင်းများက ရဲများ၊ စစ်သားများ နှင့် ကြံ့ဖွံ့များဖြစ်သည်။ ထိုသူများနှင့် သူက အပေးအယူရှိသည်။ ထို့ကြောင့်ပဲသူက စွမ်းအားရှင်တဦး ဖြစ်လာခဲ့သည်။ စွမ်းအားရှင် တဦးအဖြစ် စစ်အာဏာပိုင်များထံမှ လက်ကိုင်ဖုန်း ပါမစ် အပါအဝင် တခြားသော အခွင့်အရေးများရသည်။

အချုပ်မှာတော့ မနှစ်က ယခုလိုအချိန် စက်တင်ဘာ ၂၆ ရက်နေ့ အပြစ်မဲ့ သံဃာများနှင့် ပြည်သူလူထုကို ရိုက်နှက် နှိမ်နင်းရာမှာ ဆိုင်ကယ်မောင်မောင်ပါလာခဲ့တော့သည်။ သူ့ အိမ်နီးချင်းများ၏ အဆိုအရ ဆိုင်ကယ်မောင်မောင့် လက်ချက်ဖြင့် သံဃာတပါး ပျံလွန် တော်မူရသည်ဟု သိရသည်။

သူ့ပုံကို ဂြိုဟ်တု ရုပ်မြင်သံကြားသတင်းများတွင် မြင်ရသည်ဟုလည်း ဆိုသည်။ ထိုသတင်း များတွင် သူက သံဃာများနှင့် လူထုကို ရက်ရက်စက်စက် ရိုက်နှက်နေသည်ကို မြင်ရသည် ဟု သူ့အိမ်နီးချင်းများက ပြော သည်။

အဲဒီနောက်မှာတော့ သူ့ပတ်ဝန်းကျင်က သူ့ကို စက်ဆုပ်ရွံ့ရှာကုန်ကြသည်။ ဗုဒ္ဓဘာသာဝင် တဦးဖြစ်လျှက် နှင့် လက်နက်မဲ့ သံဃာများကို ရိုက်ရက်သော ဆိုင်ကယ်မောင်မောင်ကို မည်သူတ ဦးတယောက်ကမှ အခေါ်အပြောမလုပ်ချင်ကြတော့။

ကောလာဟလများကလည်း ပျံ့နှံ့နေသည်။ အစိုးရက စက်တင်ဘာ အရေးတော်ပုံတွင် ပါဝင်သည့် သံဃာများနှင့် လူထုကို နှိမ်နင်းရန် တာဝန်ပေးထားသော စစ်သားများ၊ ရဲများ၊ ကြံ့ဖွံ့များနှင့် စွမ်းအားရှင် များကို မူးယစ်ဆေးတချို့ ကျွေးထားသည် ဟူ၍ဖြစ်၏။ ဟုတ်မ ဟုတ်တော့မသိ။ ထိုသတင်း မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဆိုင်ကယ်မောင်မောင်ကို ပတ်ဝန်း ကျင်က လုံးဝကြဉ်လိုက်ကြပြီဖြစ်သည်။

တကိုယ်တည်း အထီးကျန်ဘဝဖြင့် ပတ်ဝန်းကျင်နှင့်ကင်းကွာစွာ နေခဲ့ရသော ဆိုင်ကယ် မောင်မောင်မှာ စက်တင်ဘာ သံဃာများနှင့် လူထုကို နှိမ်နင်းအပြီး ၆ ပတ်ခန့်အကြာတွင် ထူးဆန်းစွာ သေဆုံးခဲ့တော့သည်။

ပတ်ဝန်းကျင်ကတော့ သူ့ကို သရဲဖမ်းစားသည်ဟုပြောကြသည်။ နိုဝင်ဘာတညတွင် သူ့ကို ခွေးမည်းကြီး တကောင်က ခုန်အုပ်ကာ ကိုက်ခဲသဖြင့် လဲကျခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိ မည်သူ တစုံတဦးကမှ ထိုခွေးမည်းကြီး ကိုမတွေ့လိုက်ကြ။ သူ့ပတ်ဝန်းကျင်တွင် မည်သည့်ခွေး တကောင်မျှ မရှိဟု ဆိုကြသည်။

အဲဒီနောက်တွင်တော့ သူ့ပတ်ဝန်းကျင်က “ငါ့ကိုမခေါ်ကြပါနဲ့ … မခေါ်ကြပါနဲ့” ဟူသော ဆိုင်ကယ် မောင်မောင်၏ အသံနက်ကြီးကို စိတ်မချမ်းမြေ့ဖွယ်ရာ ကြားကြရတော့၏။

ကျန်ရစ်သူမိသားစုက ဆိုင်ကယ်မောင်မောင်၏ အသုဘအတွက် သရဏဂုံတင်ရန် ဒေသခံ သံဃာတော်များ ကို ပင့်ဆောင်၍ မရရှိခဲ့ပေ။ တခြားသော ဒေသမှသံဃာတော်များကို ပင့် ဆောင်ရာ၌လည်း အခက်အခဲ ဖြစ်နေကြသည်။ အသုဘကို ၁ ပတ်ကျော်သည်ထိ မချရဘဲ ဖြစ်နေခဲ့သည်။ ရက်အနည်းငယ် အကြာမှ သံဃာတချို့ကို ပင့်ဆောင်နိုင်ခဲ့ပြီး အသုဘ အခမ်းအနား ကျင်းပခဲ့ရသည်ဟု သိရသည်။

ဆိုင်ကယ်မောင်မောင်၏ အသုဘအခမ်းအနားကို သူမသေခင်က ကြဉ်ခဲ့ကြသော ဖော့ကန် တရပ်ကွက်လုံး က အထူး အဆန်းသဖွယ် လိုက်ပါပို့ဆောင်ကြသဖြင့် သင်္ချိုင်းပင် လျှံထွက် သွားခဲ့သည်။ သို့ရာတွင် သူ့ဝိဥာဉ် ကတော့ အထီးကျန် စိတ်ကို ခံစားရင်း သေဆုံးခဲ့ရခြင်းဖြစ်သည်။

“သူက နည်းနည်း စဉ်းစားတွေးခေါ်တတ်တဲ့သူဆိုတော့ စိတ်ထဲမှာတနုံ့နုံ့ခံစားရင်း စိတ္တဇ ဖြစ်သွားတာ။ သရဲခေါ်သွားတာ လည်း မဟုတ်ဘူး၊ တခြားရောဂါကြီးတွေ ခံစားရတာလည်း မဟုတ်ဘူး၊ သူ့ရဲ့အရိပ်က သူ့ကိုပြန်သတ်သွားတာ” ဟု ဆိုင်ကယ်မောင်မောင်၏ အိမ်နီးချင်း တဦးကပြောပြသည်။

ဆိုင်ကယ်မောင်မောင်ကဲ့သို့သော ထိတ်လန့်တုန်လှုပ်နေသည့် အထီးကျန်ဝိဥာဉ်များက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လူသတ်စစ်အာဏာရှင်များ၏ အိပ်မက်များထဲကို ညစဉ်လည်ပတ်ရင်း ခြောက်လှန့်နေကြ သည်ဟု ဆိုလျင် မည်သူမျှ ငြင်းဆိုလိမ့်မည် မဟုတ်ပေ။ ။

မှတ်ချက်။ ။ နော်မန်ရော်ဘတ်စ်ပီးယား၏ The Lonely Death Of Cycle Maung Maung ကို ကိုးကားရေးသားပါသည်


from Irrawaddy web page

အပြည့်အစုံသို့...

Sunday, September 28, 2008

God's Army: The reason for the Burmese Embassy siege


TIRED OF THE FIGHT: By the time they reached the age of 13, the Karen twins who led their people against the Burmese junta only wanted a more normal life. Johnny Htoo, second left, and Luther with their parents and three-year-old sister at a refugee camp near the Thai-Burmese border.


God’s Army twins Johnny, left, and Luther Htoo at a Border Patrol Police base in Ratchaburi in 2001.


ABOVE: A warrior’s reunion at a God’s Army hideout somewhere inside Burma. From left to right, an unidentified warrior, Johnny, Min Lwin and Pida.



Armed dissident smiles as he releases a woman hostage from embassy compound.



Police usher hostages to safety after they were released from the Burmese Embassy.





Released hostages walk out of the Burmese Embassy.


The siege of the Burmese Embassy in Bangkok on October 1, 1999, was the beginning of the end for the offshoot of the Karen National Union known as God's Army, its reputation built around twin brothers said to have supernatural powers

MAXMILIAN WECHSLER


God's Army was formed by a Karen pastor, Thape, on March 7, 1997, inside Burma, after about 200 deeply religious and superstitious Karen Christian families decided to abandon the villages they had lived in for centuries in the Tavoy area of Burma and flee to Thailand in February, 1997.


''They fled because they were persecuted by Burma's ruling State Peace and Development Council


[SPDC],'' said 55-year-old Padu Kwe Htoo Win, who has been a leading member of the anti-government Karen National Union (KNU) and chairman of its Mergui-Tavoy district since 1991.


''During the journey to the Thai border, eight-year-old twins Johnny and Luther Htoo both claimed to have had a vision of God commanding them to lead their young compatriots to fight the SPDC,'' Kwe Htoo recalled.


''They asked my permission to fight the SPDC. I thought it was a joke and told them that anyone can fight the SPDC.''


According to Kwe Htoo, the full name of the group was Kaserdoh God's Army. Some of its members also called themselves ''Jesus Warriors'' or ''Jesus Commandos''. Johnny and Luther were merely the spiritual leaders of God's Army and had little say in the group's planning and operations. These were under Shwe Bya, God's Army's military commander, who also manipulated the twins.


Between 1997 and 2000, God's Army had about 200 young soldiers. Some remarkable battlefield victories against the SPDC were attributed to the twins' alleged powers. God's Army reportedly inflicted heavy casualties and rarely suffered a death or injury.


This led the Karen people to believe that the twins had supernatural powers. However, the early successes more likely were the result of the determination, bravery and knowledge of terrain displayed by its young soldiers.


God's Army's bravado caught the attention of various foreign organisations, which donated money and materials to them. Among the biggest donors was a South Korean religious group that financed the construction of a church at Takolang, a small village near Suan Phung district in the Thai province of Ratchaburi, bordering Burma. Many God's Army members and their families, including the family of Johnny and Luther, lived there. They frequently crossed the border to their headquarters in Burma.


At the height of God's Army's successes in early 1999, opportunists within God's Army and the Karen Solidarity Organisation (KSO) tried to gain control of the group. The fortunes of God's Army started to decline. Internal squabbles weakened combat readiness and efficiency. These squabbles were mainly about money and other benefits derived from foreign donors.


Several young South Koreans who said they were ''missionaries'' frequently visited Suan Phung, where they were looked after by a Karen pastor. This pastor also tried to control God's Army, but failed because the twins didn't like him.


I met these missionaries in September, 1999, and some said they previously worked for the South Korean government's security service.


Earlier, in June 1999, a KSO leader with connections to a foreign intelligence agency brought 12 members of a radical group called the Vigorous Burmese Student Warriors (VBSW) to Takolang. He introduced them to Saw Toe Toe, a founding member and secretary-general of God's Army, who led the VBSW members to God's Army's camp inside Burma in early September, 1999.


''Taking advantage of God's Army's innocence, they convinced the group that they would be better off joining in future VBSW military operations,'' explained Kwe Htoo. ''They bribed the God's Army fighters with goodies, including cigarettes. The twins were chain smokers at that time.''


TARGETS IN THAILAND


The 25-hour siege of the Burmese Embassy in Bangkok, almost exactly nine years ago today, was organised and carried out by the VBSW, whose members obtained hand grenades and rifles from the God's Army base. They took 89 people hostage, including embassy staff, foreigners and Thais.


After negotiations with Thai officials, the VBSW members and some of their hostages were flown from Bangkok to the God's Army headquarters inside Burma, where they were welcomed by a waiting group of God's Army soldiers led by Shwe Bya.


According to Kwe Htoo, God's Army had cleared the forest to make a helicopter landing pad, located about 300-400 metres from the Thai border, before the embassy siege began.


Earlier in June, 1999, Kwe Htoo received a letter from VBSW commander Ye Thi Ha asking his permission to travel inside Burma to jlconduct some activities.


''I didn't reply because I didn't know him. I heard later that the VBSW people arrived at Takolang and then moved to the God's Army headquarters,'' said Kwe Htoo. ''I thought they wanted to do something inside Burma. I never suspected that they would conduct an operation in Thailand.''


The embassy siege was followed by another daring incident on January 24, 2000, when three VBSW members, accompanied this time by seven God's Army rebels, hijacked a bus near the Thai border and forced the driver to take them to Ratchaburi, where they then took over the provincial hospital. Several hundred people, including patients and hospital staff, were held captive for about 22 hours. The rebels made several demands, one being that the Thai doctors and nurses would be sent to treat their sick and wounded. The group claimed it had been under sustained attacks by Burmese troops for a week at their mountain base near the Thai border. They also wanted Thai authorities to open the border and allow about 200 God's Army soldiers to seek refugee in Thailand. After an aborted negotiation to determine terms for surrender, Thai commandos stormed the hospital and killed all 10 hostage-takers.


Kwe Htoo said the attacks on the Burmese Embassy and Ratchaburi Hospital had catastrophic consequences for both God's Army and the VBSW. Thailand was now their ''second enemy'' _ after the SPDC.


''After the hospital assault, God's Army's fate was sealed as all sponsors abandoned them,'' said Kwe Htoo.


''Before and after the embassy siege, the KNU tried desperately and unsuccessfully to convince God's Army leaders and the twins that they had chosen the wrong path by joining with the VBSW in their struggle to free their homeland. We urged them not to believe their promises, and instead to listen to their Karen brothers in the KNU.


''God's Army was exploited and tricked by the VBSW, who promised them new uniforms, food, medicine, weapons and ammunition in return for their support. None of their promises materialised.''


THE UNRAVELLING


The attack on the Burmese Embassy was led by Kyaw Ni, or Big Johnny, of the VBSW. After the Ratchaburi incident, God's Army soldiers became disillusioned with Kyaw Ni. The twins finally withdrew their support for the VBSW. Even Johnny, who was always accompanied by Kyaw Ni, turned against him.


God's Army started listening to the KNU, but it was too late. The damage had already been done. The twins gave several headline-making interviews which didn't help their cause either.


''They were presented to the public as a fanatical religious group,'' said Kwe Htoo.


Finally, in January, 2001, after almost four years of armed resistance against the SPDC and being pursued most of that time by Thai authorities as well, about 20 hungry, exhausted and desperate God's Army remnants, including Johnny and Luther, surrendered to Thai authorities. Then Thai Prime Minister Chuan Leekpai met the twins at Suan Phung and talked with them briefly through an interpreter.


When I met the twins at Ton Yang refugee camp in Kanchanaburi on June 12, 2003, both said they would never take up arms again. ''We want to go back home to see our friends,'' said Luther at that time.


Other participants in the God's Army saga went different ways. Former secretary-general Saw Toe Toe and some others were promptly granted refugee status in the US. But most of their Karen countrymen weren't so lucky.


About 418 God's Army rebels and relatives who had crossed to Thailand between February 2 and 3 in 2000, after the SPDC mounted an offensive against them, ended up at refugee camps in Thailand.


Thai authorities also retaliated against God's Army by evicting some of their relatives from Takolang and sending them to refugee camps as well.


VBSW commander Ye Thi Ha was luckier. When a Thai police unit waited outside his Bangkok apartment ready to arrest him, a phone call came with an order to abort the operation, lending credence to the suggestion that Ye Thi Ha worked for a foreign intelligence agency.


Shwe Bya surrendered to the SPDC in August, 2003, after being offered a logging concession in Burma. He later contacted the twins through an associate and promised all kinds of privileges if they surrendered to the SPDC. Johnny finally accepted the deal and surrendered together with his father and some other members of the group in July 2006.


The Burmese government newspaper, The New Light of Myanmar, published on July 26, 2006 a report accompanied by a photo showing 10 grim-faced men wearing military uniforms. In the photo Johnny Htoo is standing behind a row of rifles and ammunition. The report said that ''a nine-member armed group of GA with its base in another country, led by Johnny Htoo, (had) returned to the legal fold.''


After Johnny's ''surrender'', Luther contacted Kwe Htoo trying to find out what was going on with his brother. He said he had tried to contact Johnny many times, but to no avail.


Recently, Luther received a message from his brother, saying, ''If someone comes and tries to persuade you to surrender (to the SPDC), kill him. Don't ever surrender.''


According to reliable sources, Johnny is living with his new wife in Myitta town, east of Tavoy.


TREACHERY BEHIND THE SCENES?


The people who manipulated and exploited Johnny and Luther Htoo caused a great disservice to the Thai people. The most striking example of the exploitation of the twins occurred on November 4, 1999. On that rainy evening, a team of Thai Army and police officers dispatched to persuade Kyaw Ni and Pida to surrender were confronted by dozens of armed GA rebels in the jungle on the Thai-Burmese border. The officers promised them fair treatment. Several VBSW members who arrived from Maneeloy refugee camp also pleaded with Kyaw Ni and Pida to give up. Both refused. An erratic Kyaw Ni pointed his AK-47 assault rifle at the officers.


Finally, Kyaw Ni asked the twins to decide his and Pida's fate. Shwe Bya, who greatly admired Kyaw Ni, knew exactly what to do.


When a Karen interpreter asked the twins: ''Do you want Big Johnny and Pida to leave us (the GA) and go with the Thai officers?'', both said: ''Yes, we want them to go.''


But the interpreter, acting on the order of Shwe Bya, said exactly the opposite. This fact came out during this writer's recent interview with Luther. It was confirmed by another person who was there as well.


Had the interpreter not twisted the twins' words, the Ratchaburi Hospital tragedy would have never occurred.


The Thai officers' trip to persuade Kyaw Ni and Pida to surrender followed a letter the two sent to Prime Minister Chuan. In the letter, dated October 12, 1999, VBSW leaders apologised for their action and explained the motives behind the Burmese Embassy takeover.


In another expression of reconciliation with the Thai government, the VBSW returned a pistol seized from a Thai Special Branch policeman who had been guarding the embassy on the day of the takeover. Shwe Bya handed the pistol over to Thai officers in Takolang on Oct 22, 1999.


A Thai security officer recently remarked that it is perplexing that, after these overtures by the VBSW, Kyaw Ni and Pida didn't surrender.


A VBSW member disclosed that Kyaw Ni and Pida did intend to surrender in the jungle to the Thais on November 4, 1999, but a certain third party, after learning about their intentions, warned them that if they did so they would be jailed for many years in Thailand or transferred to the SPDC, who would execute them.


''Obviously, someone was afraid that they might reveal secrets to the Thai investigators or the media that could incriminate certain people,'' said the VBSW source.


Pida was killed in the Ratchaburi Hospital siege and Kyaw Ni was killed several years ago under mysterious circumstances, shortly after several exiles met him in the jungle on the Thai-Burmese border to discuss his future.


From its formation in March 1997 until its curtain call in January 2001, the GA was a costly failure.


It didn't bring any benefits to the Karen people or to the pro-democracy movement. The only ones who gained were a few exiled opportunists, their radical organisations, some foreign intelligence services and the SPDC.


The vast majority of the Burmese dissident leaders agreed that the embassy and the hospital sieges, ostensibly done to attract attention to the pro-democracy movement, were actually major setbacks, as they caused the sentiment of the Thai government and the Thai people to turn against them.


However, according to security sources, one foreign mission in Bangkok benefited from the Burmese Embassy siege considerably. The sources say that one of three vans that left the Burmese Embassy on Sathorn Road shortly after the siege began entered another nearby embassy compound, loaded with a huge volume of documents packed in rubbish bags.


According to the sources, the VBSW somehow managed to remove a number of secret documents, including identities of drug informers, from a vault inside the Burmese ambassador's office.


On Oct 2 the documents were sorted through according to importance by a leading Burmese exile who was called in to help. The man wasn't allowed to go home for some days.


The prominent exile died about two months later, on Dec 1, 1999, allegedly from heart failure.


At the end of November _ after he reportedly met with some foreign intelligence officers _ he appeared nervous and said emotionally that he was ''not going to do that'', without elaborating.


A few days later, he was ordered to move his office to a ''more secure'' location. He was reluctant to do so. During the move, he suddenly collapsed while carrying a desktop computer.


Among the many wreaths at his funeral in Bangkok, one was delivered by a man on a motorcycle who quickly disappeared. The acronym VBSW on the wreath was clearly visible to the crowd of mourners, who numbered in the hundreds and included a smattering of intelligence agents who were busy taking photographs of the mourners.

http://www.bangkokpost.com//280908_Spectrum/28Sep2008_spec001.php

အပြည့်အစုံသို့...

INTERVIEW WITH LUTHER HTOO


A QUIETER LIFE: Luther Htoo with his wife Naw Paw Eh Hsoe and their two sons.
Q: Tell us about yourself and your family?

A: I arrived at Ton Yang camp with my brother Johnny in 2002. I am now married to Naw Paw Eh Hsoe. We have two sons, aged one and five. My mother, Naw Khay Htaw, stays with us. We have enough food and clothes here, but we cannot work.

Q: Where is Johnny now?

A: My brother is in Myitta town in Burma, but I am not exactly sure what he is doing. We have not seen each other since he left the camp in July, 2006. I have received only one message from him through a third party. He said he was not happy there. The Burmese woman who brought him to Myitta is not so good with him and other former God's Army members who surrendered. Our father stays with him and he also is not happy there.

Q: Do you miss your brother?

A: Yes, I miss him and my father, Poo Gaw, very much. I sincerely hope that they will come back here and we will stay together like before.

Q: Do you regret having been associated with God's Army?

A: That is the past and I don't want to talk about it.


Q: What did you learn during your stay with God's Army?

A: I learned that the State Peace and Development Council (SPDC) is two-faced. They are the ones who create troubles for the Karen people. I could see clearly their culture, their activity and the way their troops operate.


Q: What is your opinion of the Karen National Union (KNU)?

A: It is a good organisation. If we didn't have the KNU the Karen people would have faced even more hardship and we wouldn't have had any leaders. We would be even more desperate and lost. The KNU is our mother organisation. It is leading the Karen people.


Q: Give us your opinion about the Vigorous Burmese Student Warriors (VBSW).

A: It was not my choice that they came to us. I didn't accept them. It was other people who brought them to us and it was Shwe Bya who allowed them to stay with us.


After the Burmese Embassy siege, when the Thai authorities came to us and asked my brother and myself to hand over the VBSW members, we agreed and would have been happy if they left us, but Shwe Bya was against it. We didn't want them to stay with us right from the beginning.


Q: Tell us your plans for the future.

A: We have all applied for resettlement in Sweden because my mother-in-law lives there. However, I am afraid that it won't be easy to go there because I was a member of an armed group and many countries won't accept a person like that.


Q: What would you like to do now?

A: I would like to learn how to use the computer and to get a job as a computer programmer, provided I am accepted by a third country. I would also like to study the Bible and to become a missionary.

Q: Would you like to go back home, to stay in Thailand, or to live abroad?

A: At this moment I can't go back to my village because the SPDC is there. I want to go with my family to a third country. I would like to remain in Thailand if we were able to move around freely, but that is not possible now. We are presently confined to the camp.

Q: What do you do with your free time?

A: I like to play the guitar. I also smoke cigarettes, but not as many as before.


Q: Tell us your biggest wish?

A: I would like to have my own computer and learn how to use it. However, at this moment, I don't have permission to learn because only those who passed Grade Six are permitted to do so.


Q: What were the happiest and most disappointing events in your life?

A: I am happy that the Karen people are able to exist as a nation and that God has allowed us to stay safely in Ton Yang refugee camp. We are also thankful to the Thai government for treating us and other Karen people humanely, although we caused them a lot of problems in the past. I am disappointed with the SPDC for its treatment of the Karen people.


By Maxmilian Wechsler

http://www.bangkokpost.com/280908_Spectrum/28Sep2008_spec29.php

အပြည့်အစုံသို့...

Thursday, September 25, 2008

a bomb explosion at Maha Bandula Park



picture Irrawaddy web page

အပြည့်အစုံသို့...

a bomb exploded in Rangoon's Maha Bandula Park

အပြည့်အစုံသို့...

Wednesday, September 24, 2008

အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …

ဒေါက်တာလွဏ်းဆွေ (၂၄-၉-၀၈)။ ။

လာလတ္တံ့သော မြန်မာ့နိုင်ငံရေး အခင်းအကျင်းအကြောင်း ဟိုတွေးဒီတွေး တွေးတောရင်း ကဗျာစာသားလေးတကြောင်း သွားအမှတ်ရတယ်။ စာသားလေးက “ ဒီမြေပုံအတိုင်းဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်” တဲ့။ ဖတ်ရတာ ကြာပါပြီ (စကားလုံး အတိအကျ မဟုတ်ရင် ခွင့်လွှတ်ပါ)။ ကဗျာဆရာက ဘာအဓိပ္ပာယ်နဲ့ ရေးလဲတော့ မသိပါဘူး။ ဖတ်တဲ့ ကျနော်က နအဖရဲ့ လမ်းပြမြေပုံ (၇) ဆင့်ကို မြင်ယောင်ပြီး ခံစားလိုက်တော့ ကဗျာစာသားလေးက တော်တော်ကြွပြီး ဖတ်ရတာ အရသာပိုရှိသွားတယ်။

အဟုတ်ပဲလေ။ နအဖ လမ်းပြမြေပုံအတိုင်းသွားရင် ကျနော်တို့ ပြည်သူတွေအားလုံး စစ်ကျွန်သက် အတိုင်းမသိ ရှည်ကုန် မယ်။ ဖွတ်ကျောပြာစု ခရုဆန်ကျွတ်ဘ၀တွေ ရောက်သထက်ရောက်ပြီး တိရိစ္ဆာန်သာသာ အဆင့်နဲ့ပဲ လူ့အဖြစ်တွေကို နိဂုံးကမ္မတ် အဆုံးသတ်ရဖို့ ရှိတယ်မဟုတ်လား (မယုံတဲ့သူများ နအဖရဲ့ အခြေခံဥပဒေကို ဖတ်ကြည့်ကြပါလေ)။ လူချင်း အတူတူ တန်းတူရည်တူ မနေရမယ့်ဘ၀ဟာ ရှင်လျက်နဲ့ သေရတဲ့ဘ၀ပဲ မဟုတ်ပါလား။ လူသားမာန ထားရှိတဲ့သူတိုင်း၊ လူ့ဂုဏ်သိက္ခာ လူ့တန်ဖိုးကို လေးစားတန်ဖိုးထားသူတိုင်း ဒီလိုပဲ ခံယူကြမှာပဲလေ။ အဲဒါကြောင့်မို့ အကုန်သေကုန်လိမ့် မယ်ဆိုတဲ့ ကဗျာစာသားအပေါ် ကျနော် ဟတ်ထိသွားတာနေမှာ။ ရှင်လျက်နဲ့ သေကြရမယ့်အဖြစ်ကို ပြောတာပါ။

အဲ … စစ်ကျွန်ပြုမှုအောက်မှာ အရိုးအရင်း ကိုက်ရဖို့အရေး စစ်ဗိုလ်တွေရှေ့ အမြီးပဲ နှန့်ပြရ နှန့်ပြရ၊ စစ်ဗိုလ်တွေကို လျှာနဲ့ပဲ လျက်ရ လျက်ရ၊ ခြေဆုပ်လက်နယ်ပဲ ပြုစုရ ပြုစုရ၊ ဖိနပ်ပဲ စီးပေးရ စီးပေးရ၊ ခေါင်းပေါ်ပဲ တင်ရွက်ရ တင်ရွက် ရဆိုတဲ့ တဘို့တည်းကြည့်တဲ့ အချောင်သမား ကျောရိုးမဲ့သတ္တ၀ါတွေကတော့ လမ်းပြမြေပုံကို ကြိုဆိုကောင်း ကြိုဆို ကြမှာပေါ့လေ။ တိုင်းသူပြည်သားတွေ မျက်ဖြူဆိုက်လေ အီဖေကိုတို့ ကြိုက်လေပဲဆိုတဲ့ လူစားတွေကိုး။

ပြည်သူတွေသာ မှန်ကန်တဲ့ စနစ်တခု၊ အုပ်ချုပ်မှုတခုအောက်မှာ အသက်ရှင် နေထိုင်ခွင့်ရရင် အဲဒီအချောင်သမားတွေ လူတောတိုး နေရာရနိုင်မှာမှ မဟုတ်တာ။ အဲဒီတော့ အဲလိုလူမျိုးတွေက နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတာ မဆန်းဘူးပေါ့လေ။ နအဖရဲ့ လက်ကိုင်တုတ် အဖွဲ့အစည်းတွေဖြစ်တဲ့ ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အမျိုးသမီးရေးရာ၊ မီးသတ်၊ ကြက်ခြေနီ၊ တန်ပြန်မီဒီယာဆိုတဲ့ အဖွဲ့တွေမှာ ပါဝင်တဲ့သူတွေဟာ အဲသလို လူစိတ်၊ လူ့မာနမရှိတဲ့ အချောင်သမား တွေပေါ့။



အဲဒီတော့ မြင်တတ်ရင် နအဖရဲ့ လမ်းပြမြေပုံဆိုတာ စည်းစိမ်အာဏာကို မစွန့်ချင်ဘဲ ဆက်ပြီး လက်ဝါးကြီးအုပ်လိုတဲ့ လက်တဆုပ်စာ ထိပ်ပိုင်းစစ်ဗိုလ် လူလည်တစုနဲ့ မြှောက်ထိုးပင့်ကော် ကပ်ဖားရပ်ဖား အချောင်သမားတွေပေါင်းပြီး တိုင်းပြည်ကို အစွမ်းကုန် ဖျက်ဆီးကြတော့မယ့် ရေရှည်စစ်ကျွန်ပြုရေး စီမံကိန်းကြီးဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့ရမှာပါ။

အဲဒါကြောင့် စစ်အာဏာရူးတွေနဲ့ အချောင်သမား ကပ်ဖားရပ်ဖားတွေ စိတ်ကူးယဉ်နေတဲ့ လမ်းပြမြေပုံကို အဆုံးအထိ မရောက်အောင် တိုင်းပြည်ကိုချစ်တဲ့ ဒီမိုကရေစီလိုလားသူတွေအားလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်းတိုက်ဖျက်ဖို့ အပြင်း အထန် ကြိုးစားရပါမယ်။ မကြိုးစားလို့ကတော့ ကဗျာဆရာပြောသလို အကုန်သေကုန်လိမ့်မယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ တိုးရမှာ သေချာပေါက်ပါပဲ။

လူ့ဂုဏ်သိက္ခာ၊ လူ့မာန၊ လူ့တန်ဖိုးဆိုတာတွေကို အလေးထားတဲ့ သူတွေကတော့ ရှင်လျက်နဲ့ သေကြရမယ့် ဘ၀မျိုးကို မလိုလားတတ်ကြပါဘူး။ အဲဒီတော့ ရှင်လျက်နဲ့ မသေချင်ကြသူမှန်သမျှ၊ လူ့အဖြစ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ နေထိုင်ဖြတ်သန်း သွားလိုသူမှန်သမျှ နအဖစိတ်ကြိုက် ရေးဆွဲပြီး လိမ်လည်အတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ကျင်းပ မယ့် ၂၀၁၀ ရွေးကောက်ပွဲ မဖြစ်မြောက်ရေးကို အစွမ်းကုန် တိုက်ဖျက်ဟန့်တားဖို့ လိုပါမယ်။ တတိုင်းပြည်လုံး တခဲနက် မဲပေးအတည်ပြုထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို စွဲကိုင်ပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ လိုပါမယ်။

ဒါပမယ့် ကျနော့်တို့ဘက်ကရော လက်ရှိခေါင်းဆောင်မှု အနေအထားနဲ့ တိုက်ပွဲဝင်လို့ အောင်ပွဲရနိုင်ပါ့မလားဆိုတာကို ပြန်သုံးသပ်ဖို့ လိုပါမယ်။ တော်ကြာ “ဒီခေါင်းဆောင်မှုနဲ့ဆိုရင်တော့ အကုန်သေကုန်လိမ့်မယ်”ဆိုပြီး ကဗျာထပ်ထွက်လာ မှာဖြင့် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒီခေါင်းဆောင်မှု ဆိုတာကိုတော့ ရှင်းရပါမယ်။ ခေါင်းဆောင်အားလုံးကို သိမ်းကျုံး ရှုမြင်သွားမှာ စိုးလို့ပါ။ ကျနော်ဆိုလိုတာ လက်ရှိအပြင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်မှုပေးနေတဲ့ မျိုးချစ် ရဲဘော်ဟောင်းကြီးတွေ ဦးစီးတဲ့ ဗဟိုကော်မတီရဲ့ ခေါင်းဆောင်မှုကို ဆိုလိုတာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင် (၂၀၀၈ ခု စက်တင်ဘာ ၂၃ မှ ပြန်လွတ်) ဦးတင်ဦးတို့ကို မဆိုလိုပါဘူး။ သူတို့သုံးဦးက အထိန်းသိမ်းခံ အနေအထားနဲ့ ဆိုတော့ ထိရောက်တဲ့ ခေါင်းဆောင်မှုလည်း မပေးနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါ့အပြင် ဦးဆောင်နိုင်စွမ်းရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေလို တိုက်ပွဲထဲက ပေါ်ထွက်လာတဲ့ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တချို့ကလည်း ထောင်ထဲမှာပဲ ရှိနေပါတယ်။

အဲဒါကြောင့်မို့ အပြင်မှာရှိတဲ့ ခေါင်းဆောင်မှု အင်အားကိုပဲ တွက်ချက်ကြည့်တာပါ။ ဘာဖြစ်လို့ မျိုးချစ်ရဲဘော်ဟောင်း တွေရဲ့ ဦးဆောင်မှုကို အဓိကထား တွက်ချက်ရသလဲဆိုတော့ …

(၁) အန်အယ်လ်ဒီပါတီဆိုတာ မြေပေါ်မှာ တရားဝင်ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းကြီးဖြစ်တယ်။
(၂) မြန်မာပြည်သူလူထုကြီးရဲ့ မန်းဒိတ်အရှိဆုံး ပါတီကြီးလည်းဖြစ်တယ်။
(၃) ပြည်သူလူထုက အားကိုးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အဖွဲ့ကြီးလည်း ဖြစ်တယ်။

အဲဒါကြောင့်မို့ အဲဒါပါတီကြီးကို လက်ရှိဦးဆောင်နေတဲ့ ဗဟိုကော်မတီရဲ့ ဦးဆောင်မှုအနေအထားကို အဓိကထား စဉ်းစား တာ မလွန်ဘူးထင်ပါတယ်။ တခြားအဖွဲ့အစည်းတွေဆိုတာ ဘယ်လောက်ပဲ လုပ်နိုင်လုပ်နိုင်၊ ဘယ်လိုပဲ အကွက်မြင်မြင်၊ ဘယ်လောက်ပဲ တိုက်ရဲတိုက်ရဲ အန်အယ်လ်ဒီရထားတဲ့ ပါဝါမျိုး၊ လူထုထောက်ခံမှုမျိုး သူတို့တွေမှာ မရှိကြပါဘူး။ အဲဒါ ကြောင့်မို့ ကျန်တဲ့အဖွဲ့အစည်းတွေက အန်အယ်လ်ဒီကိုကျော်ပြီး ဦးဆောင်မှုပေးဖို့ဆိုတာ မလွယ်ပါဘူး။ ၀န်းရံတာ လောက် ပဲလုပ်လို့ရပါမယ်။ အန်အယ်လ်ဒီဦးဆောင်မှုကို လမ်းကြောင်းမှန်အောင် ၀ိုင်းဝန်းတည့်မတ်ပေးကြဖို့ပဲ တတ်နိုင်ပါမယ်။ အဓိက ဦးဆောင်တိုက်ပွဲဝင်ရမှာကတော့ အန်အယ်လ်ဒီ ဗဟိုကော်မတီပါပဲ။



လက်ရှိအနေအထားမှာလည်း ဗဟိုကော်မတီကို မျိုးချစ်ရဲဘော်ဟောင်းကြီးတွေကပဲ အုပ်စီးထားလေတော့ သူတို့အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ ရဲရင့်တဲ့ ဦးဆောင်မှု၊ တိကျပြတ်သားတဲ့ တိုက်ပွဲလမ်းကြောင်း ချမပေးနိုင်တာနဲ့အမျှ ဒီမိုကရေ စီအင်အားစုတွေအနေနဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ထပ်မံရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အနှစ်နှစ်ဆယ်အတွင်း အပြင်မှာ တလျှောက်လုံးနီးပါး ဦးဆောင်ခွင့်ရခဲ့တုန်းကလည်း မျိုးချစ်ရဲဘော်ဟောင်းကြီးတွေအနေနဲ့ ဘာမှလောက်လောက်လား လား ဦးဆောင်မှုမပေးနိုင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။

သေချာတာကတော့ မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မတီကြီးတွေရဲ့ အနေအထားက ကြာလေလေ ပိုရှင်းရှင်းလေလေ ဆိုသလိုပါပဲ။ ဘာတွေဘယ်လို ပိုရှင်းလာသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကစပြီး နအဖနဲ့ NLD - CEC မျိုးချစ်ရဲဘော်ဟောင်းကြီး (ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်) တွေကြား လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတာကို ပြောတာပါ။ ဟုတ်ပါ့မလားလို့ အံ့အားတသင့် မေးခွန်းထုတ်သူတွေ ထုတ်ချင်ကြလိမ့်မယ်။ အစောပိုင်းကာလတွေတုန်းကတော့ ညီညွတ်ရေး ပြိုကွဲမယ်ဆိုတဲ့စိတ်နဲ့ တော်တော်အောင့်အည်း မြိုသိပ်ခဲ့ရတယ်။ ဟုတ်နိုးဟုတ်နိုးဆိုတဲ့ စိတ်လည်းပါတာပေါ့။

အခုအခါမှာတော့ မေလဆန္ဒခံယူပွဲလိုပဲ နအဖ ဇာတ်ကြမ်းတိုက်တော့မယ့် ၂၀၁၀ ရွေးကောက်ပွဲက ဖင်လှည့်ခေါင်းလှည့်နဲ့ ရောက်လာတော့မှာမို့ မပြောမဖြစ်တဲ့ အခြေအနေကို ဆိုက်လာပါပြီ။ တချို့ဆို မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို ဖွတ် ထွက်မှ တောင်ပို့မှန်း သိရပါပြီလို့တောင် ပြင်းပြင်းထန်ထန် ဝေဖန်လာကြပါပြီ။ မျိုးချစ်ကြီးတွေရဲ့ ဦးဆောင်မှုကို အားမရ လို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ညီလာခံခေါ်ဖို့ မိတ္ထီလာမြို့နယ်အဖွဲ့ချုပ်က တောင်းဆိုသလို ဥက္ကဋ္ဌ ဦးအောင်ရွှေနဲ့ ဗဟိုကော်မတီတချို့ရဲ့ ဦးဆောင်မှု၊ အာဏာရှင်ဆန်ဆန် ချုပ်ကိုင်စုဖွဲ့လာမှုကို ကျေနပ်မှုမရှိလို့ မြို့နယ် (၁၁) မြို့နယ်က အန်အယ်လ်ဒီလူငယ်တွေ နုတ်ထွက်ကြတော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားလာရပါပြီ။ အဲဒီတော့ မျိုးချစ်ကြီးတွေ ဆက်လက်ဦးဆောင်မှုပေးနိုင် မပေးနိုင်ဆိုတဲ့ အနေအထားကို ခွဲခြမ်းစိတ်ဖြာဖို့ လိုတာကတော့ အမှန်ပါပဲ။ ခွဲခြမ်း စိတ်ဖြာပြီးလို့ ရှင်းသွားလင်းသွားမှပဲ ဘယ်လိုဦးဆောင်မှုတွေနဲ့ တိုက်ပွဲဆက်ဖော်မလဲဆိုတာ စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။

အာဏာရှင်ဗိုလ်နေ၀င်းရဲ့ တပည့်တပန်းတွေ ဖြစ်ခဲ့ကြတဲ့ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေဟာ အန်အယ်လ်ဒီကို စတင် ဖွဲ့စည်းစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နံဘေးမှာ တွယ်ကပ်ပြီး ပါခဲ့တာပါ။ စစ်အုပ်စုက သူတို့အတွက် အန္တရာယ် ရှိတယ်လို့ ယူဆတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့ (လက်ဝဲယိမ်းတယ်လို့ စစ်အုပ်စုက ယူဆတဲ့) တတ်သိပညာရှင် အစုအဖွဲ့ဝင်တွေအားလုံးကို ဖမ်းဆီးထိန်းသိမ်း ရှင်းလင်းလိုက်စဉ်မှာ အပြင်မှာ အဓိက ကျန်ခဲ့သူတွေက မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ သူတို့ချည်းနီးပါး ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း မျိုးချစ်ရဲဘော်ဟောင်းများအဖွဲ့ဟာ အန်အယ်လ်ဒီပါတီ ရပ်တည်ရှင်သန်ခွင့်ရေးဆိုတာလေးကိုပဲ ဗန်းပြပြီး နအဖပြုသမျှ နုရတဲ့ လုပ်ရပ်တွေကိုသာ လုပ် ဆောင်ခဲ့တာကို တွေ့ရပါတယ်။

၁၉၈၉ အာဇာနည်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အခြေအတင်ဖြစ်ခဲ့ကြတဲ့ တိပ်ခွေကို နားထောင်ကြည့်ရင် အဲဒီတုန်းက ဒေါ်အောင်ဆန်းစုကြည်ကို နအဖ ထိန်းသိမ်းလိုက်တာဟာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့ လား၊ မျိုးချစ်ရဲဘော်ဟောင်းကြီးတွေများ နအဖကို မျက်စပစ်လိုက်လို့လားလို့ ယူဆနိုင်တဲ့ အနေအထားပါ။ ၉၀ ရွေး ကောက်ပွဲအပြီး ဂန္ဓီခန်းမမှာရတဲ့ ပွဲပြီးနိုင်တဲ့ အခွင့်အရေးကြီးကို ရေစုန်မျောသွားအောင် လုပ်ပစ်တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုပါပဲ။ ၂၆-၃-၉၁ မှာ နအဖရဲ့ ဖိအားပေး အကျပ်ကိုင်မှုကို ကြောက်ရွံ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ဥပဒေမဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်၊ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးတယ်လို့ အကြောင်းပြပြီး ပါတီကထုတ်ပစ်ကာ ဗဟိုကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတုန်း ၁၉၉၃ ဇန်န၀ါရီမှာ ဦးအောင်ရွှေ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် (၈၆) ဦး နအဖလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကို သွားတက်တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေ စနက်ပါပဲ။ နိုင်ငံရေးမှုနဲ့ ထောင်ကထွက်လာတဲ့ ပါတီဝင်တွေကို ပါတီဝင်အဖြစ် ပြန်လက်မခံတော့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။ ရွှေဝါရောင်တော်လှန်ရေးမှာ တုပ်တုပ်မျှမလှုပ်ဘဲ နအဖအလိုကျ အသံတိတ် နှုတ်ဆိတ်နေခဲ့တာလည်း မျိုးချစ် ရဲဘော်ဟောင်းတွေပါပဲ။ ၂၀၀၈ နအဖ ဆန္ဒခံယူပွဲနဲ့ နာဂစ်အရေးမှာ တိကျပြတ်သားတဲ့ ဦးဆောင်မှုမပေးနိုင်ခဲ့တာလည်း မျိုးချစ်ရဲဘော်ဟောင်းတွေပါပဲ။

အဲဒီတော့ ပြန်ကြည့်ရင် အနှစ်နှစ်ဆယ်အတွင်းမှာ အပြင်မှာတလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်း တွေဟာ တိကျပြတ်သားတဲ့ ဦးဆောင်မှု ဘာတခုမှ မပေးနိုင်ဘဲ နအဖအလိုကျ အလိုက်သင့် ကခုန်နေခဲ့ကြတာကိုပဲ တွေ့ရပါတယ်။ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ကြေညာချက်တွေပဲ ထုတ်လာလိုက်တာ အခုဆိုရင် အထူးကြေညာချက်အဆင့်ကို ရောက်နေပါပြီ။ ၂၀၁၀ ရောက်တဲ့အထိလည်း မြန်မာပြည်က လက်ဖက်ရည်တွေလို ရှယ်၊ ထူးရှယ်၊ ရှယ်တကာ့ရှယ်ဆိုတဲ့ ကြေညာချက်တွေပဲ ထုတ်ရင်း ငုတ်တုတ်ထိုင်နေတော့မယ် ထင်ပါရဲ့။

တဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း နအဖအနေနဲ့ မျိုးချစ်ကြီးတွေကို အနှစ်နှစ်ဆယ်လုံးလုံး မဖမ်းမဆီးဘဲ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားတာဟာ သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ တသီကြီးရနေလို့ဆိုတာ ရှင်းပါတယ်။ အစွမ်းအစမရှိတဲ့ မျိုးချစ်ကြီးတွေ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားခြင်းအားဖြင့် စစ်အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို ဖျက်သိမ်းစရာမလိုတော့ဘဲ ကမ္ဘာကိုလည်း မျက်နှာပြရတာ ကောင်းသွားတယ်။ မြန်မာပြည်မှာ အတိုက်အခံအဖွဲ့အစည်း တရားဝင် ရပ်တည်ခွင့်ပေးထားပါတယ် ဆိုရုံလေးပေါ့။ နောက်ပြီး နအဖဟာ သူတို့စကားကို နားလည်းထောင်၊ ကြောက်လည်းကြောက်တဲ့ မျိုးချစ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မလှုပ်သာမရှားသာအောင် အတိုင်အဖောက်ညီညီ လူညှပ်ကစားရတာကို တော်တော်လည်း ခြေတွေ့ပုံပေါ်တယ်။ မျိုးချစ်ကြီးတွေနဲ့ အနှစ် နှစ်ဆယ်လုံးလုံး အပေးအယူမျှခဲ့မှတော့ ခြေတွေ့တာ မဆန်းဘူးပေါ့လေ။

အဲဒီတော့ ပြန်ချုပ်ရရင် အနှစ်နှစ်ဆယ်အကြာမှာ အဖြေက ရှင်းသလောက် ဖြစ်နေပါပြီ။

ဘယ်လိုရှင်းတာလဲဆိုတာ့ မျိုးချစ်ရဲဘော်ဟောင်းတွေ အုပ်စီးထားတဲ့ အန်အယ်လ်ဒီဗဟိုကော်မတီရဲ့ ဦးဆောင်မှုဟာ မျှော်လင့်စရာ အနေအထား လုံးဝ… လုံးဝကို မရှိဘူးဆိုတာပါပဲ။ မျိုးချစ်တွေရဲ့ ဦးဆောင်မှုနဲ့သာ ဆက်သွားရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်လမ်းမမြင်၊ လူထုတိုက်ပွဲ ထပ်ဖြစ်လာရင်လည်း ထပ်မံရှုံးနိမ့်ရဦးမယ့် အခြေအနေနဲ့ပဲ တိုးရလိမ့်ဦးမယ်လို့ မြင်မိပါတယ်။ အဲဒီတော့ ရာဇ၀င်ထဲမှာ မျိုးချစ်ရဲဘော်ဟောင်း ကြီးတွေကို ထားခဲ့တော့မလား၊ သူတို့ရဲ့ ဦးဆောင်မှုနေရာကို ၀င်ယူနိုင်အောင် ကြိုးစားပြီး တိုက်ပွဲလမ်းကြောင်း တည့်မတ်နိုင်အောင် ကြိုးစားမလား သို့တည်းမဟုတ် တခြားစုစည်းညီညွတ်တဲ့ တပ်ပေါင်းစုဖွဲ့ပြီး ပြတ်သားတဲ့ တိုက်ပွဲဝင်မှုအတွက် ပြင်ဆင်ကြမလားဆိုတာ အလျင်အမြန် ဆုံးဖြတ်လုပ်ဆောင်ကြရမယ့် အခြေအနေကို ဆိုက်ရောက်နေပါပြီ။ နို့မဟုတ်လို့ကတော့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်သွားပြီးရင် လူငယ်ဟစ်ပ်ဟော့ပ် ဂီတသမားလေးတွေ ပါးစပ်ဖျားက သီချင်းစာသားတချို့ ပွင့်အန်ထွက်ကျလာမှာကို စိုးထိတ်နေမိပါတယ်။

အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … …
အနှစ်နှစ်ဆယ်ကြာ သေပြီဆရာ … … …

(အထက်ပါ ဆောင်းပါးတွင် ပါဝင်သည့် အယူအဆများမှာ စာရေးသူ၏ အာဘော်သာ ဖြစ်ပါသည်။ အဆိုပါဆောင်းပါးနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီ မျိုးချစ်ရဲဘော်ဟောင်းများ ခေါင်းဆောင်မှု ရှုထောင့်မှ ပြန်လည်ချေပသည့် ဆောင်းပါးများ ရေးသားလိုပါက ခေတ်ပြိုင်သို့ (khitpyaing.news@gmail.com) ဖြင့် ပေးပို့နိုင်ပါသည် - အယ်ဒီတာ )

By NEJ

URL: http://www.khitpyaing.org/archives/3998

အပြည့်အစုံသို့...

အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အချို့လည်း ထောင်မှလွတ်







NEJ/ ၂၃ စက်တင်ဘာ ၂၀၀၈။ ။

ဦးဝင်းတင်နှင့်အတူ ယနေ့ပြန်လွတ်လာသည့် အခြားနိုင်ငံရေးအကျဉ်းသားများအနက် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မေ၀င်းမြင့်၊ ကျောက်တန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းငြိမ်း၊ စမ်းချောင်း မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ဆွေနှင့် တောင်ငူမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်တို့လည်း ပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက ပြောကြားသည်။

ဦးခင်မောင်ဆွေသည် ၁၉၉၄ ခုတွင် မြင်းခြံထောင်တွင် ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး၂၀၀၁ ခု အောက်တို ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။ ဒေါက်တာမေ၀င်းမြင့်သည် ၁၉၉၇ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရပြီး ၂၀၀၄ ခု ဒီဇင်ဘာတွင် ပြန်လွတ်ရမည့်သူဖြစ်သည်။

ဒေါက်တာသန်းငြိမ်းသည် အကျယ်ချုပ်ခံနေရသည့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ယောက်ဖတော်သူဖြစ်သည်။ ၁၉၉၇ ခုတွင် အဖမ်းခံရပြီး အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ်ခြင်းခံရသည်။ ဆက်တိုးသည့် ပြစ်ဒဏ်များအရ ၂၀၁၄ ခုတွင်မှ လွတ်ရမည့်သူဖြစ်သည်။

ဦးအောင်စိုးမြင့်မှာ တောင်ငူ မဲဆန္ဒနယ်အမှတ် (၁) မှဖြစ်ပြီး ၂၀၀၃ ခုတွင် အင်းစိန်ထောင်၌ ထောင်ဒဏ် (၇) နှစ် ချမှတ် ခံရသည်။၂၀၁၀ ပြည့်နှစ်တွင်မှ ပြန်လွတ်ရမည့်သူ ဖြစ်သည်။


from khitpyaing web page

အပြည့်အစုံသို့...

မီးစင်ကြည့်က နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေဟု ပြည်ထဲရေးဝန်ကြီးပြောဆို

အေးချမ်းမြေ့| စက်တင်ဘာ ၂၃၊ ၂၀၀၈

မြန်မာနိုင်ငံတော်အစိုးရ၏ လက်ရှိနိုင်ငံခြားရေး မူဝါဒမှာ မီးစင်ကြည့် က ဆိုသည့် ရည်မှန်းချက်အတိုင်း သွားနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြည်ထဲရေးဝန်ကြီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ၆/ ၂၀၀၈ စည်းဝေးတွင် ပြောကြားသွားသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ အကြပ်အတည်းက ရှိနေတယ်။ ဒီနေ့လုပ်နေတဲ့ မူဝါဒက မီးစင် ကြည့်ကရမှာပဲ။ ဒါပေမယ့် မူကိုတော့မပြောင်းနိုင်ဘူး” ဟု ၎င်းက ဇူလိုင် ၆ ရက်နေ့တွင် ကျင်းပသော အစည်းအဝေး၌ ပြောကြားသွားခြင်းဖြစ်သည်။

သူက မြန်မာနိုင်ငံအနေနှင့် တရုတ်ကို ပူးပေါင်းရသည့်အနေအထားနှင့် ပတ်သက်၍ လည်း ရှင်းပြသည်။

“တရုတ်ကိုကပ်ရတဲ့အကြောင်းရင်းက လက်ရှိအစိုးရအနေနဲ့ တရုတ်ကမျက်နှာသာ ပေးနေလို့၊ တရုတ်နဲ့ ပေါင်းစည်းနေလို့၊ တရုတ်ကို အမှီပြုချင်လို့ ဝန်ကြီးကပြောတယ် ဆိုပြီး ခင်ဗျားတို့က ထင်ကြဦးမယ်” ဟု သူကဆိုသည်။

အမှန်မှာ ထိုကဲ့သို့မဟုတ်ဘဲ ယနေ့ မြန်မာနိုင်ငံအနေနှင့် တနိုင်ငံတည်း နေ၍ မရတော့ သဖြင့် ချမှတ်ထားသည့်မူအရ ပတ်ဝန်းကျင်နိုင်ငံများအားလုံးနှင့် ဆက်ဆံပြီး အာဆီယံအဖွဲ့အစည်းနှင့်လည်း သင့်မြတ်အောင်နေရခြင်းဖြစ်သည်ဟု ပြောသည်။

ယခုလက်ရှိအနေအထားအရ အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အသုံးချ၍ မြန်မာနိုင်ငံကို ကျဉ်းထဲကျပ်ထဲရောက်အောင် ဝိုင်းဝန်း လုပ်ဆောင်လျှက် ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လုံခြုံရေးကောင်စီ ဥက္ကဌက ထုတ်ပြန်ကြေညာချက် ၂ ခါလုပ်ပြီးပြီ။ ၃ ကြိမ်လုပ်ပြီးရင် ဆုံးဖြတ်ချက်ချပြီး Must do လုပ်ကိုလုပ်ရမယ်ဆို ကျန်တဲ့ ၁၉၂ နိုင်ငံက မလုပ်လို့ကို မရတော့ဘူး” ဟု သူက ဆိုသည်။

ထိုကဲ့သို့ ချမှတ်မည့် ဆုံးဖြတ်ချက်ထဲတွင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ရန်၊ လက်နက် ခဲယမ်း ရောင်းချခြင်းများ ပိတ်ဆို့ရန် စသည်တို့ လုပ်ဆောင်ကြမည်ဖြစ်ရာ မပြင်းထန်သော်လည်း နောင်တွင် မြန်မာနိုင်ငံကို သိုးမည်း တကောင်ကဲ့သို့ ဖြစ်ရန် အမေရိကန်အပါအဝင် အနောက်အုပ်စု နိုင်ငံများက ကုလသမဂ္ဂ အားကိုးဖြင့် လုပ်တော့မည်ဟု ၎င်းကပြောကြား သည်။

လက်ရှိတွင် အမေရိကန်နိုင်ငံသည် စီးပွားရေးအရ စစ်ရေး အင်အားကြီးလာသည့် နိုင်ငံဖြစ်သောကြောင့် ရုရှား၊ တရုတ်နှင့် အိန္ဒိယတို့ သီးခြားစီမယှဉ်နိုင်သော နိုင်ငံ တနိုင်ငံဖြစ်နေရာ ထိုသုံးနိုင်ငံပေါင်းပြီး အမေရိကန်၏ လွှမ်းမိုးမှုကို ပြန်ယှဉ်နိုင်ရန် လုပ်ရမည့် ကာလ ဖြစ်သည် ဟု ဗိုလ်ချုပ်မောင်ဦးက သုံးသပ်သည်။

အမေရိကန်က ချမှတ်သော အမိန့်များကို တခြားနိုင်ငံများက မလိုက်နာလျင် ဖြစ်နိုင် သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကိုမူ တခြားသော အဖွဲ့ဝင် ၁၉၂ နိုင်ငံက လိုက်နာလုပ်ဆောင် ရလိမ့်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေနှင့် အကြပ်အတည်း ရှိနိုင်သည်ဟုလည်း သူက ရှင်းပြသည်။

စက်တင်ဘာ ကာလက ဖြစ်ပေါ်လာသည့် လူထုလှုပ်ရှားမှု အားလုံးကို စစ်တပ်ဖြင့် နှိမ်နင်းသည့်အပေါ် နောက်ပိုင်း၌ နိုင်ငံတကာ အသိုင်းအဝန်းက အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားမဝင်ဟု ထောက်ပြခဲ့ကြသည်ဟု သူကဆိုသည်။ အမှန်မှာ တရားဥပဒေ စိုးမိုးရေးအတွက် လုပ်ရသည့် ပြည်ထဲရေးဌာနအနေနှင့် လူမုန်းခံပြီး လုပ်ရသည့် ဌာနဖြစ်နေသည်ဟု ဆက်ပြောသည်။

“အရပ်သားနဲ့ ပတ်သက်တာကို တပ်မတော်ကဝင်မရှင်းတော့ဘဲ ရဲနဲ့ပဲရှင်းရတော့မယ် ဆိုတာတွေ့လာတယ်။ နိုင်ငံတကာကလည်း အုပ်ချုပ်ရေးအရ အားနည်းချက်ကို အမြဲ ထောက်နေတာ။ နိုင်ငံတော်ကလည်း ဒီဌာနကို လုပ်ပိုင်ခွင့်၊ အာဏာ ပေးထားတယ် ဆိုပေမယ့် တကယ်က လူမုန်းခံပြီး လုပ်ရမယ့်ကိစ္စအားလုံး ဒီဌာနက လုပ်နေရတယ်” ဟု ဗိုလ်ချုပ်မောင်ဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက အမေရိကန်၊ အိုင်အန်ဂျီအို နှင့် ယူအန် အဖွဲ့အစည်းများ အနေနှင့် မြန်မာနိုင်ငံကို အမျိုးမျိုးခေါင်းစဉ်တပ်ကာ အကြောင်းရှာ အမြတ်ထုတ်နေသည်ဟု စွပ်စွဲသည်။

“နာဂစ် ဆိုင်ကလုန်းအတွက် အမေရိကန်က အကူအညီပေးတယ်ဆိုတာ စတိပဲ။ သောက်ရေသန့်ရယ်၊ ကြာရှည်ခံအစားအစာရယ်၊ ဆေးဝါးရယ် ဒါပဲ။ သောက်ရေသန့် တဘူးကို ဘယ်လောက် စာရင်းတင်မလဲ တောင် မသိနိုင်ဘူး” ဟု သူက ပြောသည်။

အဓိက ပြဿနာမှာ အမေရိကန်က ပေးပို့သည့် ကယ်ဆယ်ရေးလုပ်သားများ သည် အစိုးရကို ဆန့်ကျင်သည့် ကျောင်းသားအဖွဲ့၊ အန်အယ်လ်ဒီအဖွဲ့၊ နိုင်ငံရေးသမားဟောင်း များ အဖွဲ့၊ စီးပွားရေးအရ မကျေနပ်သူများ တို့ကို သုံးကာ မြစ်ဝကျွန်းပေါ်ဒေသ၌ စုစည်း အုံကြွရန် ကြံစည်ကြခြင်းသာ ဖြစ်သည်ဟု ၎င်းက စွပ်စွဲ လိုက်သည်။

နိုင်ငံတော်အနေနှင့် တနေ့လျင် လူဦးရေ ၆ သောင်းကျော်ကို ထမင်းကျွေးနေသော်လည်း မည်သူမှ ထိုကိစ္စကိုအသိအမှတ်မပြုဟု ဆိုသည်။ ယူအန်အဖွဲ့အစည်းက ကူညီသည်၊ နိုင်ငံတကာက ငွေထည့်သည် ဆိုသော်လည်း အစိုးရဆီကို မဝင်ကြောင်းနှင့် အားလုံး ၎င်းအန်ဂျီအိုများက သူတို့ဘာသာ သုံးပြီး စာရင်းပြသွားခြင်းသာဖြစ်ကြောင်း ထို အစည်းအဝေး တွင် ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့သည်။

“ကြာရှည်ခံအစားအစာတွေ၊ ဘီစကွတ်တွေ၊ ရေတွေ တော်ပါပြီ ရပ်ပါတော့လို့ပြောတော့ မရဘူး။ တကယ့်တကယ် အိမ်ဆောက်ပစ္စည်းလိုတယ်ဆိုတော့ ဘယ်သူမှပေါ်မလာဘူး။ တာပေါ်လင်စတွေပဲ ပေးတယ်” ဟု သူကပြောသည်။


from Irrawaddy web page

အပြည့်အစုံသို့...