Sunday, February 17, 2008

ကိုယ်စိုက်တာပဲ၊ကိုယ်ရမယ် ...

အို … လူ့ ဗာလ ..
သင်ဘာလုပ်လိုက်သည်ကိုသိပါလေစ။

သင်သည်လူသားတဦးကိုသတ်ပစ်ခဲ့သည်။
သင်သည်ကရင်အမျိုသားခေါင်းဆောင်တဦးကိုသတ်ပစ်ခဲ့သည်။
သင်သည်မြန်မာနိုင်ငံတွင်ဒီမိုကရေစီရရှိရေးကျိုးပမ်းနေသူကိုသတ်ပစ်ခဲ့သည်။
သင်သည်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ကျိုးပမ်းနေသူကိုသတ်ပစ်ခဲ့သည်။
သင်သည်မြန်မာနိုင်င်ံငြိမ်းချမ်းရေးအတွက်ကျိုးပမ်းနေသူကိုသတ်ပစ်ခဲ့သည်။

ဟယ် .. ငမိုက်သား ..
သင်သည်ကိုယ်ကျိုးသမားဖြစ်သည်။
သင်တဦးတည်း၏အကျိုးစီးပွားအတွက်ကျွန်ုပ်တို့မြန်မာနိုင်ငံများအားလုံး၏ပျက်ဆီးရာ ပျက်ဆီးကြောင်းအမှုကိုသင်ကျူးလွန်ခဲ့သည်။
သင်၏ယုတ်မာပက်စက်မှုကိုသင်သာမက၊သင်၏သားစဉ်၊မြေးဆက်ခံစားရစေသား။
သင်ကျူးလွန်ခဲ့သည့်အမှုအတိုင်း၊သင်၏သားစဉ်မြေးဆက်တို့သည်တပါးသူ၏ညှင်းပန်း
နှိပ်စက်၊သတ်ဖြတ်မှုကိုခံရပါစေသား။

အို … သူယုတ် …
သင်၏ယုတ်မာပက်စက်သည့်အကြံအစည်ကြောင့်၊ပညာရှိတဦးပျက်ဆီးခဲ့ရသည်။
သင်၏ယုတ်ညံ့သည့်စိတ်ထားကြောင့်အများအကျိုးဆောင်သူကိုကျွန်ုပ်တို့ဆုံးရှုံးခဲ့ရသည်။
သင်၏သေးသိမ်သောဤပြစ်မှုကြောင့်၊သင်နှင့်သင်၏သားစဉ်မြေးဆက်တို့သည်၊အခု
ဘ၀မှစပြီး၊နောင်ရောက်လေရာဘ၀တိုင်းတွင်၊ပညာမဲ့စေသား။
သင်နှင့်သားစဉ်မြေးဆက်တို့သည်၊ဘ၀ဆက်တိုင်းတွင်၊လူတကာ၏မေတ္တာမှဝေးကြပါစေ
သား။
သင်သည်ကရင်အမျိုးသားများနှင့်ကျွန်ုပ်တို့ မြန်မာနိုင်ငံသားများကိုခိုကိုးရာမဲ့ဖြစ်အောင်သင်လုပ်နိုင်ခဲ့ပြီလို့ ဂုဏ်မယူလေနှင့်။လှောင်ပြောင်မနေနှင့်။
သင်နှင့်သင်၏သားစဉ်မြေးဆက်တို့သည်ဘ၀ဆက်တိုင်းတွင်၊အမိမဲ့သားရေနည်းငါးဖြစ်
ရပါစေသား။
ဤကြိမ်စာကိုသင်နှင့်သင်၏သားစဉ်မြေးဆက်တို့ခံရပါစေသား။

အေးစေ
၁၆ ၊ ၂ ၊ ၀၈

No comments: