Sunday, May 11, 2008

အမေရိကန်မရိန်းတပ်ဖွဲ့ တဖွဲ့ ဟာ၊မေလ ၉ ရက်နေ့ ညနေပိုင်းမှာ၊ရဟတ်ယာဉ် နှစ်စီးနဲ့ ထိုင်း၊မြန်မာ နယ်စပ်၊မဲဆောက်မြို့ ကိုရောက်လာတယ်။

အဖွဲ့ ခေါင်းဆောင်ဗိုလ်ကြီးဂျက် ဗက်ကာ ကသူတို့ ဟာ၊နယ်မြေအနေအထား၊ လေယာဉ်ပြေးလမ်း၊လေယာဉ်ကွင်းအဆင်းအတက်စတာတွေကိုလေ့လာဖို့ လာ
တာလို့ သတင်းထောက်တွေကိုပြောပါတယ်။

ထိုင်းစစ်ဖက်အရာရှိတဦးကတော့၊အမေရိကန်က၊မြန်မာလေဘေးဒုကခသည်
တွေကို၊အကူအညီတွေနယ်စပ်ဖက်ကနေတဆင့်ပေးသွားနိုင်မယ့်အနေအထား
ကိုလာလေ့လာတာလို့ ပြောပါတယ်။

မေလ ၁၀ ရက်နေ့ မှာတော့ဒီမရိန်းတပ်ဖွဲ့ သူတို့ ထွက်လာတဲ့ထိုင်းနိုင်ငံ အူတဖောင်လေဆိပ်ကိုညနေပိုင်းမှာပြန်ပြီးထွက်ခွာသွားကြပါတယ်။

No comments: