Saturday, October 3, 2009

ရှက်တတ်ခဲ့မယ်ဆိုရင် ….

အိုက်စံ ၃.၁၀.၀၉

မကြာခင်ကပဲ၊ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာအလုပ်လုပ်နေထိုင်ကြတဲ့၊မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားမိသားစုတစုကမွေးဖွားလာတဲ့ကလေးတယောက်ဟာထိုင်းနိုင်ငံကို၊ကိုယ် စားပြုပြီးတော့၊ဂျပန်နိုင်ငံမှာစက္ကူလေယာဉ်ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ပြီးတဦးချင်း
တတိယဆုနဲ့အဖွဲ့လိုက်ပထမဆုရခဲ့တဲ့သတင်းကိုထိုင်းနိုင်ငံကတီဗွီ၊ရေဒီယို၊သတင်းစာတွေနဲ့ နိုင်ငံခြားသတင်းဌာနတွေကပါမြိုင်မြိုင်ဆိုင်ဆိုင်ထုတ်လွှင့်သွားတဲ့သတင်းကိုတွေ့ရတော့၊
ဝမ်းနည်း၊၀မ်းသာဖြစ်ရပါတယ်။

ဝမ်းနည်းရတာကတော့၊အသုံးမကျတဲ့အစိုးရကြောင့်၊ကိုယ့်မြန်မာနိုင်ငံသားကလေးငယ်တ
ယောက်ဟာ၊အမိမြန်မာနိုင်ငံကိုကိုယ်စားပြုပြီး၊ဂျပန်နိုင်ငံကစက္ကူလေယာဉ်ပြိုင်ပွဲကိုသွား
ရောက်ယှဉ်ပြိုင်ရမယ့်အစား၊ထိုင်းနိုင်ငံကထုတ်ပေးတဲ့နိုင်ငံကူးလက်မှတ်နဲ့ထိုင်းနိုင်ငံကို ကိုယ်စားပြုပြီးသွားရောက်ယှဉ်ပြိုင်ရလို့ပဲဖြစ်ပါတယ်။

ဝမ်းသာစရာကတော့၊ကိုယ့်နိုင်ငံကအစိုးရရဲ့ညံ့ဖြင်းမှုကြောင့်၊အကြောင်းအမျိုးမျိုးနဲ့တိုင်းတပါး ကိုရောက်နေတဲ့၊ကလေးတွေဟာပင်ကိုယ်အရည်အချင်းတွေရှိကြလို့ထင်ပေါ်ပြီးစင်တော်က
အကောက်ခံရတာကြောင့်ပါပဲ။

ဒီနေရာမှာပြောစရာတခုရှိတာက၊ဒီမောင်သောင်းဒီဆိုတဲ့သူငယ်လေး၊ဂျပန်ကိုသွားပြီးပြိုင်ပွဲဝင်ဖို့ ပထမတော့၊လမ်းစမမြင်ခဲ့ပါဘူး။လက်ရှိထိုင်းပြည်ထဲရေးဝန်ကြီးကလည်းမြန်မာအစိုးရအဆက်
အဆက်လိုပါပဲ။စိတ်သဘောထားမမြင့်မြတ်တဲ့၊ မျက်ကန်းမျိုး ချစ်မျိုးဖြစ်နေတဲ့အတွက်အတော်
ကလေးကျိုးစားခဲ့ကြရပါတယ်။

ကျိုးစားခဲ့တယ်ဆိုတာကတော့၊ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေပါပဲ။အင်မတန်မှချီးကြူးဖို့ကောင်းပါ
တယ်။သူတို့ရဲ့ကျိုးပမ်းမှုတွေကြောင့်နောက်ဆုံးတော့၊ထိုင်းဝန်ကြီးချုပ်ရဲ့အမိန့်နဲ့နိုင်ငံကူးလက် မှတ်ရပြီး၊အချိန်မှီသွားရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

ဒီလိုထိုင်းနိုင်ငံမှာမနေ့တနေ့ကရောက်နေတဲ့၊ကလေးတွေကိုထိုင်းနိုင်ငံကလူသားတယောက်ရသင့် တဲ့အခွင့်အရေးကိုအပြည့်အ၀ပေးခဲ့တာဟာ၊ရှက်တတ်တဲ့သူတွေဆိုရင်၊မြန်မာအစိုးရအနေနဲ့အင်မ
တန်ရှက်ဖို့ကောင်းပါတယ်။

မြန်မာအစိုးရကတော့၊မြန်မာနိုင်ငံမှာနှစ်ပေါင်းရာနဲ့ချီနေထိုင်ကြတဲ့၊မြန်မာနိုင်ငံသားတွေရဲ့အခွင့်အရေး
တွေကိုမလေးစားတဲ့အပြင်၊တစိမ့်စိမ့်ဖြတ်လာခဲ့ကြတာအခုဆိုရင်မြန်မာနိုင်ငံမှာ၊မြန်မာနိုင်ငံသားတွေရဲ့
အခွင့်အရေးရှိပါသေးရဲ့လားလို့တောင်မေးစရာဖြစ်နေပါတယ်။

ပထမပိုင်းမှာတော့၊လူမျိုးရေး၊ဘာသာရေးအပေါ်အခြေပြုပြီး၊လူမှုရေးမှာနှိပ်ကွပ်မှုတွေလုပ်ခဲ့တယ်။ နောက်ပိုင်းမှာတော့၊နိုင်ငံသားမှတ်ပုံတင်တွေမထုတ်ပေးတာတွေ၊ရှိပြီးသားမှတ်ပုံတင်တွေကိုပြန် သိမ်းတာတွေလုပ်လာတော့၊မျိုးဆက်သစ်ကလေးတွေအထက်တန်းစာမေးပွဲကိုဝင်မဖြေနိုင်တဲ့အထိ
ပညာရေးကိုပါနှိပ်ကွပ်ခဲ့ပါတယ်။

အခုတော့၊တိုင်းရင်းသားတွေနဲ့မြန်မာလူမျိုးတွေပါမှတ်ပုံတင်လုပ်ဖို့ငွေပေးရတဲ့အခြေအနေကိုရောက်
လာတဲ့အထိဖြစ်လာပါတယ်။

ဒါဟာဘာနဲ့တူသလဲဆိုတော့၊ရွာထဲကအိမ်တလုံးမီးလောင်ကိုရွာသားတွေကစုပေါင်းပြီးအဲဒီမီးကိုမငြိမ်း
သတ်ကြပဲ။သူ့အိမ်လောင်တာငါနဲ့ဘာဆိုင်သလဲဆိုတဲ့အတွေးနဲ့ထိုင်ကြည့်နေမိကြတဲ့အတွက်၊နောက် ဆုံးတော့၊တရွာလုံးပြာကျရတဲ့အခြေအနေကိုရောက်သွားတာပါပဲ။

ကြည့်စမ်းပါအုံး။မြန်မာနိုင်ငံမှာနအဖအစိုးရနဲ့သူ့နောက်လိုက်တွေကလွဲပြီးတော့၊ဘယ်သူမှာမှဘာအခွင့်
အရေးမှမရှိတော့ပါဘူး။သာမန်အရပ်သား၊ပြည်သူလူထုတွေမှာဘာအခွင့်အရေးမှမရှိတဲ့အပြင်၊အုပ်ချုပ်သူ တွေတောင်းတဲ့၊ဆက်ကြေးအမျိုးမျိုးကိုပေးနေရပြန်သတဲ့။

အထူးသဖြင့်ကျေးလက်ဒေသတွေမှာဆိုရင်၊ပိုပြီးဆိုပြန်ပါတယ်။လယ်ယာစိုက်ပျိုးရေးနဲ့ချောင်း၊မြောင်း၊အင်း၊ အိုင်တွေအပေါ်အခြေပြုနေရတဲ့သူတွေဆိုတော့၊ငွေကြေးဆိုတာသူတို့လက်ထဲမှာများများစားစားရှိတတ်ကြ
တာမဟုတ်ဘူးလေ။

အဲဒီကြားထဲကနေ၊ဘာကြေး၊ညာကြေးဆိုပြီး၊ပေးနေရပြန်တော့၊လူ့ဘ၀ဆိုတာဟာ၊အလုခံနေရတဲ့ဘ၀ပါလား
လို့တောင်၊ကျေးလက်နေလူထုတွေမှာပြောစမှတ်တောင်ဖြစ်နေပါပြီ။

လူထုတွေဟာပေးရလွန်းလို့စားဝတ်နေရေးမပြေလည်တဲ့အဆုံးမှာအိမ်နီးချင်းထိုင်းနိုင်ငံ၊တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံ၊
ဘင်္ဂလာဒေ့ရှ်နိုင်ငံနဲ့မလေးရှားနိုင်ငံတွေကိုတရားမ၀င်သွားပြီးအလုပ်လုပ်ကိုင်နေရပါတယ်။တိုင်းတပါးမှာနှစ်နဲ့ချီ အလုပ်လုပ်ပြီး၊ရှာဖွေစုဆောင်ခဲ့တာတွေကိုလည်း၊ပြည်တော်ပြန်တွေဆိုပြီး၊ငွေညှစ်ခံရပြန်သေးသတဲ့။

ဒါတွေကိုမသိကျိုးကျွံပြုပြီး၊ကိုယ့်ပြည်သူလူထုတွေကိုညှင်းပန်းနှိပ်စက်နေကြတယ်။ထိုင်းနိုင်ငံကတော့၊
မောင်သောင်းဒီလိုမြန်မာနိုင်ငံက၊ကလေးကိုအခွင့်အရေးပေးခဲ့တဲ့အပြင်၊ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာမြန်မာကလေး
တွေသောင်းနဲ့ချီပြီထိုင်းနိုင်ငံသားပေးခဲ့ပါတယ်။

တတိယနိုင်ငံတွေမှာသွားပြီးအခြေချတဲ့သူတွေကိုလည်း၊အိမ်ရှင်နိုင်ငံတွေကနိုင်ငံသားပေးခဲ့တယ်။အဲဒီလူတွေဟာ
လူ့အခွင့်အရေးတွေအပြည့်အ၀ရပြီးတော့၊လူ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်၊လုပ်ကိုင်စားသောက်ပြီး၊ကမ္ဘာ့အဆင့်မှီ
ပညာတွေကိုသင်ယူခွင့်ရနေကြပါတယ်။

အမေရိကန်သမတဂျော့ဘွတ်ကတော်၊လော်ရာဘွရှ်ထိုင်းနိုင်ငံ၊မဲဆောက်မြို့မြောက်ဖက်က၊မဲလဒုက္ခသည် စခန်းကိုရောက်ခဲ့စဉ်တုံးက၊အမေရိကန်မှာအခြေချဖို့ထွက်ခွာသွားမယ့်မိသားစုတွေက၊ကလေးငယ်လေးတွေကို
ကြည့်ပြီး၊နောင်တချိန်အမေရိကန်နိုင်ငံမှာ၊ကရင်သမတတွေဖြစ်လာဖို့ရှိတယ်လို့ပြောသွားပါတယ်။

ဒီစကားဟာရင်ဘတ်ကိုဖနှောင့်နဲ့ပေါက်တာထက်တောင်နာဖို့ကောင်းပါတယ်။ကိုယ့်မြန်မာနိုင်ငံက၊ကိုယ့်မြန်မာ
နိုင်ငံသားတွေကိုအညွန့်ချိုး၊ဘ၀တုံးအောင်လုပ်တဲ့သူတွေ၊အောက်တန်းကျတဲ့စိတ်ဓါတ်နဲ့လူမျိုးတမျိုးကိုတမျိုး၊
ဘာသာတခုကိုနောက်ဘာသာတခုကဖိနှိပ်တာ၊ချိုးနှိမ်တာ၊မတူကွဲပြားတဲ့နိုင်ငံရေးအယူအဆ၊အတွေးအခေါ် တွေအပေါ်အခြေခံပြီးတော့၊အကျဉ်းချ၊သတ်ဖြတ်တာတွေလုပ်နေတာဟာ၊လူသားတယောက်အနေနဲ့အင်မတန် သေးသိမ်တဲ့လုပ်ရပ်တွေပါ။

ဒါကြောင့်မို့လို့နအဖနဲ့အစိုးရအဆက်ဆက်သာရှက်တတ်ခဲ့မယ်ဆိုရင်ဒီလုပ်ရပ်တွေကိုလုပ်ခဲ့မယ်လို့မထင်မိ
ကြောင်းပါ။ခင်ဗျာ။

No comments: