Friday, April 23, 2010

ယနေ့ သတင်းများ ( ဧပြီလ ၂၃ ရက် ၂၀၁၀ )

တို့ ရွာကလို မဲဆောက်အလှူ

ဒို့ ရွာက ရှင်ပြု လေးမျက်နှာအော်လန်တပ်လို့ 
နီးချုပ်စပ်ရွာတွေဖိတ်တယ် ..

ဝက်သားနီနဲ့ ကြက်ဆီပြန်ကို ရွာတိုင်းကလာ
မီးခိုးတိတ် ကြိတ်ပြန်ကြတယ် ..

ဟိုး .. အတိတ်က ဒို့ ဆီမှာဒီလိုရှိတယ်ကွ
တူတော်မောင် ချက်စူက ဟုတ်ရဲ့လား ဘဘ တဲ့ ..

ဟဲ့ .. ခွေးမသား .. မင်းကိုငါညာရမလားဟဲ့ ..

ချက်စူကပြုံးဖြဲဖြဲနဲ့ ဘဘရယ် ခုဟာက နအဖ ခေတ်
သင်္ကြန်မတိုင်ခင်က လမ်းထိပ်က ရှင်ပြုအလှူမှာ
သက်သတ်လွတ်ပဲဟင်းနဲ့ ကျွေးတာတောင်
ရိုက်ပွဲဖြစ်လိုက်သေးရဲ့ ..

အင်း .. မြန်မာပြည်နဲ့ ကင်းကွာအနှစ် နှစ်ဆယ်ကြာမှာ
ဒို့ လူမျိုးတွေစာရိတ္တ မှန်းမရအောင်ပြောင်းသွားလေရဲ့ ..

ခုတော့ .. ကိုမင်းဇော် ကြည်ကြည်ခင်နဲ့ ဆရာဂါတို့ ရှင်ပြုပွဲ
အဲလေ ..သူတို့ သားတွေရဲ့ရှင်ပြုပွဲ အော်လန်နဲ့ ဆော်
လေးမျက်နှာကြား အော် ထားလေသမို့  ..

ဆန်တာကလော့ ကိုမိုးကြိုးတို့ ရွာလုံးကျွတ်
မီးခိုးတိတ်ပွဲကို အေကေအို တော်ပျော်တို့ 
လက်ကလေးပိုက် ဆောင်းတန်းဒေါင့်က
မုဒိတာပွားလိုက်မယ် .. ဟဲ ..ဟဲ..ဟဲ..

အေကေအို ၂၃.၄.၁၀



ခေတ်သစ်ရွဲကုန်သည်

ဟေး...ဟေး..ဟား..ဟား ညာသံ
ဘယ်တောင်ပံခွဲ..ညာကိုတက်လို့ 
လက်ပန်းပေါက်ခတ်..ဟဲ့ သံအလီလီ
အောင်မယ် တို့လူတွေခြောက်လနဲ့ပြီးမယ်ထင်လို့  လိုက်ခဲ့ပေါ့၊နှစ် နှစ်ဆယ်ကြာ

ပြောချင်ရာပြော သူတို့သဘောနဲ့
နည်းဗျူဟာသစ် ခံတဲ့စစ်ကို
မိုးမွှန်အောင်ပြော အမေရိကန် အင်္ဂလန် ကနေဒါမကျန်
ဥရောပတလျှောက် အလှူကောက်လို့ 
အင်န်ဂျီအိုလို..ဆိုရှယ်သမားအလား
လျှောစောင်ကိုခြုံ အိုက်တင်တဖုံနဲ့  စမနာများ လျှောက်ကာပွားကြ
သူတို့တွေပဲ မျိုးချစ်တဲ့

ဒီလို မျိုးချစ် သောက်ကျင့်အသစ်နဲ့ လူမျိုးအစုံ၊တို့လူ့ဘုံကို သူတို့ဘယ်မှာခေါင်းဆောင်နိုင်အံ့။

အေကေအို ၂၄.၄.၁၀

No comments: