မျှော်..အော်..ပျော်
မျှော်..မျှော်..မျှော်
တို့ ပြည်သူတွေ၊စုလို့မျှော်
အချုပ်အနှောင်တွေ၊မွန်းကြပ်တဲ့
တို့ပြည်တော်ကနေမျှော်။
အော်..အော်..အော်
တို့တတွေ၊စုလို့အော်
တိုက်တာတွေ၊မိုးမျှော်တဲ့
တိုင်းပြည်တွေကနေ၊အော်။
ပျော်..ပျော်..ပျော်
တပ်ချုပ်ကြီးတို့..ပျော်
နှစ်ဆယ့်ငါးနဲ့ငါးဆယ်ပေါင်းလို့
လွှတ်တော်မှာ၊ထိုင်မတဲ့..နော်။
ဂန္ဓ၀င်အောင်ကျော်ဦး
၁၂.၅.၁၀
Wednesday, May 12, 2010
ယနေ့ သတင်းများ ( မေလ ၁၂ ရက် ၂၀၁၀ )
Posted by
Andaman Hero
at
5:14 PM
0
comments
Labels: ကဗျာ
Monday, May 10, 2010
ယနေ့ သတင်းများ ( မေလ ၁၀ ရက် ၂၀၁၀ )
"ချန်ပီယံအစစ်"
လက်ပြန်ကြိုးတုတ်၊မျက်နှာအုပ်လို့
အပ်ပါးကပ်နဲ့ဝိုက်လက်သီးမကျန်
တတောင်လှန်တိုက်
အိုလူမိုက်။
သင်သာရိုးသား၊ယောက်ျားသားလျှင်
ခုန်ပျံကျော်လျှက်၊စင်ပေါ်တက်ခဲ့
လက်ခမောင်းသံ၊ဖြောင်းသံကိုပေး
ယောက်ျားဟေးလို
့စိန်ခေါ်ပါ။
မျှတညီအောင်၊ဒိုင်လူမောင်နဲ့
လူပုံဗိုလ်လယ်၊နွှဲတဲ့ပွဲမှာ
နိုင်သူသာလျှင်
ရွှေတံဆိပ်နဲ့ထိုက်တန်တယ်။
ဂန္ဓ၀င်အောင်ကျော်ဦး
၅.၉.၁၀
( ၂၀၁၀ ရွေးကောက်ပွဲကိုရည်ညွန်းသည်။)
"ခရစ်ကက်ပွဲ"
ရှည် တုတ် တို
အကြောင်းမဟုတ်
ရိုက်ချက်များရင်ဖြင့်
လိုရာကိုရောက်တယ်။
ပျိုမေအကြိုက်ဆုံးက
ရိုက်ချက်များတဲ့
ကိုကို ကို
ပန်းကုံးစွပ်မယ်တဲ့
ထူးတဲ့၊ခရစ်ကက်ပွဲ။
ဂန္ဓ၀င်အောင်ကျော်ဦး
၉.၅.၁၀
(ဟာသ ရသကဗျာ)
Posted by
Andaman Hero
at
4:53 PM
0
comments
Labels: ကဗျာ
Friday, April 23, 2010
ယနေ့ သတင်းများ ( ဧပြီလ ၂၃ ရက် ၂၀၁၀ )
တို့ ရွာကလို မဲဆောက်အလှူ
ဒို့ ရွာက ရှင်ပြု လေးမျက်နှာအော်လန်တပ်လို့ 
နီးချုပ်စပ်ရွာတွေဖိတ်တယ် ..
ဝက်သားနီနဲ့ ကြက်ဆီပြန်ကို ရွာတိုင်းကလာ
မီးခိုးတိတ် ကြိတ်ပြန်ကြတယ် ..
ဟိုး .. အတိတ်က ဒို့ ဆီမှာဒီလိုရှိတယ်ကွ
တူတော်မောင် ချက်စူက ဟုတ်ရဲ့လား ဘဘ တဲ့ ..
ဟဲ့ .. ခွေးမသား .. မင်းကိုငါညာရမလားဟဲ့ ..
ချက်စူကပြုံးဖြဲဖြဲနဲ့ ဘဘရယ် ခုဟာက နအဖ ခေတ်
သင်္ကြန်မတိုင်ခင်က လမ်းထိပ်က ရှင်ပြုအလှူမှာ
သက်သတ်လွတ်ပဲဟင်းနဲ့ ကျွေးတာတောင်
ရိုက်ပွဲဖြစ်လိုက်သေးရဲ့ ..
အင်း .. မြန်မာပြည်နဲ့ ကင်းကွာအနှစ် နှစ်ဆယ်ကြာမှာ
ဒို့ လူမျိုးတွေစာရိတ္တ မှန်းမရအောင်ပြောင်းသွားလေရဲ့ ..
ခုတော့ .. ကိုမင်းဇော် ကြည်ကြည်ခင်နဲ့ ဆရာဂါတို့ ရှင်ပြုပွဲ
အဲလေ ..သူတို့ သားတွေရဲ့ရှင်ပြုပွဲ အော်လန်နဲ့ ဆော်
လေးမျက်နှာကြား အော် ထားလေသမို့  ..
ဆန်တာကလော့ ကိုမိုးကြိုးတို့ ရွာလုံးကျွတ်
မီးခိုးတိတ်ပွဲကို အေကေအို တော်ပျော်တို့ 
လက်ကလေးပိုက် ဆောင်းတန်းဒေါင့်က
မုဒိတာပွားလိုက်မယ် .. ဟဲ ..ဟဲ..ဟဲ..
အေကေအို ၂၃.၄.၁၀
ခေတ်သစ်ရွဲကုန်သည်
ဟေး...ဟေး..ဟား..ဟား ညာသံ
ဘယ်တောင်ပံခွဲ..ညာကိုတက်လို့ 
လက်ပန်းပေါက်ခတ်..ဟဲ့ သံအလီလီ
အောင်မယ် တို့လူတွေခြောက်လနဲ့ပြီးမယ်ထင်လို့  လိုက်ခဲ့ပေါ့၊နှစ် နှစ်ဆယ်ကြာ
ပြောချင်ရာပြော သူတို့သဘောနဲ့
နည်းဗျူဟာသစ် ခံတဲ့စစ်ကို
မိုးမွှန်အောင်ပြော အမေရိကန် အင်္ဂလန် ကနေဒါမကျန်
ဥရောပတလျှောက် အလှူကောက်လို့ 
အင်န်ဂျီအိုလို..ဆိုရှယ်သမားအလား
လျှောစောင်ကိုခြုံ အိုက်တင်တဖုံနဲ့  စမနာများ လျှောက်ကာပွားကြ
သူတို့တွေပဲ မျိုးချစ်တဲ့
ဒီလို မျိုးချစ် သောက်ကျင့်အသစ်နဲ့ လူမျိုးအစုံ၊တို့လူ့ဘုံကို သူတို့ဘယ်မှာခေါင်းဆောင်နိုင်အံ့။
အေကေအို ၂၄.၄.၁၀
Posted by
Andaman Hero
at
11:57 PM
0
comments
Labels: သတင်း
Monday, April 12, 2010
ယနေ့ သတင်းများ ( ဧပြီလ ၁၂ ရက် ၂၀၁၀ )
* ထိုင်းနိုင်ငံရေအကျပ်အတည်းသုံးသပ်ချက် [Click]
* သမ္မတကာချင်စကီရဲ့ရုပ်အလောင်းပိုလန်နိုင်ငံကိုရောက်ရှိ [Click]
Posted by
Andaman Hero
at
8:04 PM
0
comments
Labels: သတင်း
Sunday, April 11, 2010
ယနေ့ သတင်းများ ( ဧပြီလ ၁၁ ရက် ၂၀၁၀ )
အဖိနှိပ်ခံပိတောက်
ဆာကူရာတွေ ဂျပန်မှာလည်းပွင့်
အမေရိကန်မှာလည်းပွင့်
ထိုင်းမှာလည်းပွင့်
သူတို့ တွေကမ္ဘာရဲ့ဘယ်နေရာကိုပဲရောက်နေ၊ရောက်နေ
နှောင်ကြိုးမဲ့၊လွတ်လပ်စွာနဲ့ စိတ်တိုင်းကြ၊ပွင့်နိုင်၊လှနိုင်၊
အလှပြိုင်နေကြ။
ဒေါ်က်ခူးန်ဆိုတဲ့ ငုဝါ
ထိုင်းနိုင်ငံရဲ့လမ်းဘေးမှာ၊
ပန်းခြံတွေထဲမှာ၊
နန်းတော်ထဲမှာ
နှောင်ကြိုးမဲ့လွတ်လပ်စွာနဲ့ စိတ်တိုင်းကြ၊ပွင့်နိုင်၊လှနိုင်၊
အလှပြိုင်နေကြ။
အော် -- ပိတောက်နှမငယ်
နှောင်းကြိုးနဲ့ တင်းကြပ်
အလှပြိုင်ဖို့ ဝေးလေစွ
သူ့ ဘိုး၊ဘွားအမွေ၊ဘထွေးလုသမို့ 
သိမ်ငယ်ကာခေါင်းမဖေါ်ဝံ့
ပွင့်ချိန်တန်တာတောင်မှ
လွတ်လွတ်လပ်လပ်မပွင့်ရဲတဲ့ဘ၀။
အန်ဒါမန်ဟီးရိုး ၉.၄.၂၀၁၀
* ပိုလန်သမ္မတ ရုသျှမှာလေယာဉ်ပျက်ကျသေဆုံး [Click]
* ကာဂစ္စတန်သမ္မတ အသက်အန္တရာယ် အတွက်စိုးရိမ် [Click]
* ထိုင်းဆန္ဒပြပွဲနှိမ်နှင်းမှု ၁၅ ယောက်သေဆုံး [Click]
* ပိုလန်သမ္မတ လေယာဉ်ပျက်ကျ သေဆုံး [Click]
* ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပေါ်အဲန်အယ်လ်ဒီတရားစွဲဆိုချက်ဗဟိုတရားရုံးလက်မခံ [Click]
* ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲဖြစ်ဖို့အာဆီယံတောင်းဆို [Click]
* မြန်မာ့အရေးအမေရိကန်ထိတွေ့ဆက်ဆံမှုတွေနဲ့ဆက်လက်ကြိုးပမ်းမည် [Click]
* ရွေးကောက်ပွဲဆိုင်ရာရပ်တည်ချက်နော်ဝေနဲ့ထိုင်းသံတမန်တွေအဲန်အယ်လ်ဒီနဲ့ဆွေးနွေး [Click]
* ရွေးကောက်ပွဲရက်စစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးမပြောနိုင် [Click]
Posted by
Andaman Hero
at
5:44 PM
0
comments
Labels: ကဗျာ
Wednesday, March 17, 2010
ယနေ့ သတင်းများ ( မတ်လ ၁၇ ရက် ၂၀၁၀ )
* ဘာသာရရေးကိုနိုင်ငံရေးမှာအလွဲမသုံးရအပေါ်သုံးသပ်ချက် [Click]
* မြန်မာရွေးကောက်ပွဲဥပဒေသစ်ကုလမှာအရေးပေါ်ဆွေးနွေးဖို့ဗြိတိန်တိုက်တွန်း [Click]
* ထိုင်းဆန္ဒပြသမားတွေအစိုးရရုံးကိုသွေးနဲ့ပက် [Click]
* မြန်မာ့ရွေးကောက်ပွဲဆိုင်ရာနိုင်ငံတကာစိုးရိမ်မှုအပြောသက်သက်မဖြစ်ဖို့ NLD မျှော်လင့် [Click]
* နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေ၀င်ပြိုင်ချင်သူတွေအတွက်လည်းမပြည့်စုံသေး [Click]
* ရှားပါးတိရစ္ဆာန်မှောင်ခိုရောင်းချမှုများပြားလာ [Click]
* မန္တလေးမြို့ 78 ကုန်တိုက်တွင်အသေးစားမီးလောင်မှုဖြစ်ပွား [Click]
* ကြယ်ငါးပွင့်သင်္ဘောလိုင်းဦးပိုင်သို့လွှဲပြောင်း [Click]
Posted by
Andaman Hero
at
6:33 PM
0
comments
Labels: သတင်း
Wednesday, March 3, 2010
ယနေ့ သတင်းများ ( မတ်လ ၃ ရက် ၂၀၁၀ )
* သံဃာကိုနောက်ပြောင်သည့်သီချင်းကြောင့်ဒါရိုက်တာတောင်းပန်ရ [Click]
* ဟာမတ်စ်ခေါင်းဆောင်ရဲ့သားအစ္စရေးသူလျှိုလုပ်ခဲ့ [Click]
Posted by
Andaman Hero
at
3:52 PM
0
comments
Labels: သတင်း