စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P
လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း
သူတောင်းစား လေးတွေက
တတွတ်တွတ် တောင်းကြတယ်
ရုပ်ရှင်ကြည့်တိုင်းလည်း
ဗုံးပေါက်မလားရယ်ပဲ
ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ်
ဓာတ်ပုံရိုက်တိုင်းလည်း
Police လေးတွေက
အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ်
Bus Car တွေ စီးတိုင်းလည်း
စပယ်ယာလေးတွေက
လက်တဆော့ဆော့နဲ့ လုပ်ကြတယ်
လက်မှတ် ၀ယ်တိုင်းလည်း
အရောင်းသမားလေးတွေက
မှောင်ခိုရှိုတိတ် လုပ်ကြတယ်
ဘုရားတွေ သွားတိုင်းလည်း
ဂေါပက လူကြီးတွေက
ပတ်လည် ချက်စား လုပ်ကြတယ်
လေဆိပ်တွေ ရောက်တိုင်းလည်း
လ၀က လေးတွေက
လက်ဆောင်ပါလား မေးကြတယ်
အမှုတွေဖြစ်တိုင်းလည်း
ရဲရဲ လေးတွေက
လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ်
ကျောင်းတွေ အပ်တိုင်းလည်း
ကျောင်းအုပ်ကြီးတွေက
ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ်
နိုင်ငံခြားကို ရောက်တိုင်းလည်း
အပေါင်းအသင်းလေးတွေက
ဗမာဆို နှာခေါင်း ရှုံ့ကြတယ်
အင်တာနက်တွေ သုံးတိုင်းလည်း
ပြိတ္တာလေးတွေက
အကုန်လုံးနီးပါး ဘန်းကြတယ်
ပွဲတွေလုပ်တိုင်းလည်း
ရပ်ကွက်ရုံးတွေက
တစ်အိမ်တစ်ယောက် လိုက်ကောက်တယ်
စလောင်းတွေကြည့်တိုင်းလည်း
လူ့ငနွားလေးတွေက
အခွန် အခွန်ဆိုပြီး ကောက်ကြတယ်
ဆေးရုံတက်တိုင်းလည်း
ဒေါက်ဒေါက် (ဒေါက်တာ) လေးတွေက
ဆေးဖိုးဝါးခ တောင်းကြတယ်
ကုန်ဈေးနှုန်းတွေ တက်တိုင်းလည်း
ဘဘကြီးတွေက
မဆိုင်သူခေါ်ပြီး နှိပ်စက်တယ်
ဖုံးတွေ ဆက်တိုင်းလည်း
ဖုံးထဲက အသံများ
"လူကြီးမင်း" လို့ အမြဲပြောတယ်
ဖုံး၊ မီတာများလည်း
လျောက်ရတော့တာက
ဒီတစ်နိုင်ငံပဲ ရှိတော့တယ်
ည အိမ်ပြန်တိုင်းလည်း
မီးစက်နှိုးသံများ
တဒုတ်ဒုတ်နဲ့ ကြားရတယ်
အိပ်ရာဝင်တိုင်းလည်း
ရပ်ကွက်သီချင်းများ
မနေနိုင်အောင်ပဲ နှိပ်စက်တယ်
အို ... အိုအို့ ... အိုး
နေရာချင်းတော့ မလဲပါဘူး ... သခင်မျိုးတစ်ယောက် ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ
ဒါပေမဲ့လည်း ... မြန်မာပြည်မှာ လူဖြစ်ရတဲ့အဖြစ်ဟာ တကယ့်ကို မလွယ်ပါလား
© Chan Mya Soe @ www.cmsmdy.blogspot.com
ကျန်းမာပျော်ရွှင်ပါစေ :)
14.1.08 Labels: CMS , Song
ကိုချမ်းမြစိုးရဲ့ ဘလော့ဂ်မှကူးယူဖေါ်ပြသည်။
Showing posts with label သီချင်း. Show all posts
Showing posts with label သီချင်း. Show all posts
Monday, January 21, 2008
တကယ့်ကို မလွယ်ပါလား
Posted by
Andaman Hero
at
2:46 PM
0
comments
Labels: သီချင်း
Wednesday, October 24, 2007
မြန်မာနိုင်ငံသားတိုင်း၊သီဆိုနိုင်အောင်ဖြန့်ဝေပေးလိုက်တယ်။
Posted by
Andaman Hero
at
11:00 AM
0
comments
Labels: သီချင်း
Subscribe to:
Posts (Atom)
