Sunday, March 15, 2009

ပေးစာ

သက်ဆိုင်သူသို့-

ကျန်ုပ်ဟာ ဗုဒ္ဓြွဘာသာဝင်စစ်စစ်တစ်ဦးပါ၊၊ ကျုပ်ကိုးကွယ်တဲ့ဘာသာကို ကျုပ် ယုံကြည်လေးစါး၊ ချစ်ခင်မြတ်နိုးပါတယ၊်၊ ထိုနည်းတူစွာပဲ အခြားလူတွေလဲ သူတို့ယုံကြည်တဲ့ဘာသာတရားတွေကို သူတို့ ယုံကြည်လေးစားကြမှာအမှန်ပါ၊၊ ကိုယ်မယုံကြည်တာနဲ့ ဘာသာတခုကို စော်ကား ဝေဖန် ရှုတ်ချပြီး၊ မကောင်းဘူးလို့ဆိုတာက လူ့ကျင့်ဝတ်သိက္ခနဲ့လဲ မကိုက်ညီ လူမဆန်တဲ့အပြု အမူဖြစ်တယ်၊၊ အိစ္စလာမ်ဘာသာကို ကိုယ်ကမယုံကြည်တာနဲ့၊ မဟုတ်မဟပ် အမျိုးမျိုးလံကြုပ် ရေးသားပြီး၊ အပုတ်ချတာတို့၊ ပက်ပက်စက်စက် ဝေဖန်ရှုတ်ချနေတာတွေဟာ၊ ဗုဒ္ဓြွဘာသာ ဝင်ကောင်းတို့ လုပ်သင့်တဲ့လုပ်ရပ် မဟုတ်ဘူးခင်ဗျား၊၊ ဘာသာကွဲတွေကတောင် ကိုယ့်ဘာသာ ကို အထင်အမြင်သေးလာမယ်၊၊
မကြိုက်ရင် မကိုးကွယ်နဲ့ပေါ့၊၊ သူများဘာသာကို ဝေဖန်တာတော့ ကောင်းတဲ့ လုပ်ရပ်မဟုတ်ဘူး၊၊ ဗမာပြည်မှာလဲ အီစ္စလာမ်ဘာသာဝင် အမြောက်အများရှိတယ်၊၊ သူတို့တွေဟာ ဟို့ဗမာဘုရင်တွေ လက်ထက်ကနေ လွပ်လပ်ရေးရတဲ့အထိ အခြားမြန်မာတိုင်း ရင်းသားတွေ နဲ့ ထပ်တူ တိုင်းကျိုး ပြည်ကျိုးထမ်းပိုးလာတာတွေကို လေ့လာသိရှိဘို့လိုတယ်၊၊ မလိုအပ်ဘဲနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ထိခိုက်အောင် မလုပ်သင့်ဘူး၊၊
ဗိုလ်ခင်ညွန့်လက်ထက်ကလဲ မူဆလင်ဆန့်ကျင်ရေးစာအုပ်တွေထုတ်တယ်၊၊ ပြီးတော့ အပြစ်မရှိတဲ့ မူဆလင်တွေကိုသတ်ဖြတ် မီးရှိုးတာတွေလုပ်တယ်၊၊ ဗုဒ္ဓြွဘာသာဝင်စစ်စစ်တွေဟာ၊ ဤမျှညစ်ညံ့ အောက်တန်းကျတဲ့ လုပ်ငန်းတွေကို လုပ်ဘို့မဆိုထားနဲ့၊ စဉ်းစားတောင်မစဉ်းစားသင့်ဘူး၊၊
သမိုင်းကိုသေသေချာချာလေ့လာကြည့်ပါ။ ဗုဒ္ဓြွဘာသာပေါ်ခါစက၊ အိန္ဒိယမှာ ဗုဒ္ဓြွဘာသာကို နှိမ်နင်းဖျက်ဆီးခဲ့တာဟာ ရှေးဟောင်းဟိန္ဒူ ဘာသာဝင်တွေကပါ၊၊ ဟိန္ဒူဘာသာက ဗုဒ္ဓြွဘာသာ ထက်စောတယ်၊၊ ဟိန္ဒူဘာသာရှိလျက်နဲ့ ဗုဒ္ဓြွဘာသာပေါ်ရမလားဆိဲုပြီး ဟိန္ဒူတွေက လုပ်ခဲ့တာပါ၊၊ မူဆလင်တွေကလုပ်တာမဟုတ်ဘူး၊၊ အိန္ဒိယမှာ အခုလဲမကြာခဏဆိုသလို မူဆလင် ဗလီတွေကိုမီးရှိုးဖျက်ဆီး၊ မူဆလင်တွေကို သတ်ဖြတ်တာတွေရှိတယ်၊၊
ဒုတိယ ကမBာစစ်ကာလအတွင်း ၊ ဂျာမဏီမှာ ဂျူးလူမျိုး (၆) သန်းကျော်ကို သတ်ခဲ့တာ ဘယ်သူတွေလဲ၊၊ မူဆလင်တွေမဟုတ်ဘူး၊ သိရဲ့လား၊၊ ဟီတလာကိုထောက်ခံခဲ့တဲ့ ဂျာမန်တွေကပါ၊၊ ဂျပန်နိုင်ငံကို ၁၉၄၅ နှစ်က အနူမြူ ဗုံးခွဲတာဟာ အမေရိကန်နိုင်ငံကပါ၊၊ မူဆလင်တွေမဟုတ်ဘူး၊၊ ဗီယက်နမ်ကို ၁၉၅ဝ ခန့်ကစပြီး စစ်ပြုလို့၊ လူသန်းချီသေခဲ့တာဟာ အမေရိကန်က ပြုခဲ့တာပါ၊၊ မူဆလင်တွေမဟုတ်ဘူး၊၊ အီရတ်ကိုဝင်တိုက်လို့ လူသန်းနဲ့ချီ သေတာဟာ အမေရိကန်က “ဘုရှ်” လုပ်တာပါ၊၊ မူစလင်တွေမဟုတ်ဘူးနော်၊၊ အဖဂန်ကိုတိုက်နေတာလဲ အမေရိကန်ကပဲ၊၊
၁၉၆၂ ခုနှစ်က ရန်ကုန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို သတ်တာဟာ “နေဝင်း” အုပ်ချုပ်ခဲ့တဲ့ ဗုဒ္ဓြွဘာသာဝင် ဗမာဗိုလ်ချုပ်တွေကပါ၊၊ မူဆလင်တွေမဟုတ်ဘူး၊ ၁၉၆၈ ခုခန့်က ဗမာပြည်မှာ ဆန်ရှားလို့ တရုတ်တွေကို သတ်ခဲ့တာ ဗုဒ္ဓြွဘာသာဝင် ဗမာဗိုလ်ချုပ်တွေက ဖန်တီးခဲ့တာပါ၊၊ မူဆလင်တွေမဟုတ်ဘူး၊၊
၁၉၇၄ ခုနှစ်၊ ဦးသန့်အရေးအခင်းမှာ တက္ကသိုလ်ကျောင်သားတွေကို သတ်တာ၊ ဗုဒ္ဓြွဘာသာဝင် “နေဝင်း”နဲ့ စစ်ဗိုလ်တွေကပါ၊၊ မူဆလင်တွေမဟုတ်ဘူး၊၊ ရှစ်လေးလုံးအရေးအခင်းမှာ သောင်းချီတဲ့ ဗမာပြည်သူတွေကို သတ်ခဲ့တာဟာ ဗုဒ္ဓြွဘာသာဝင် ဗမာဗိုလ်ချုပ်တွေကပါ၊၊ မူဆလင်တွေ မဟုတ်ဘူး၊၊ ဗိုလ်ခင်ညွန့် လက်ထက်က၊ ဗမာပြည်မှာ၊ မူဆလင်တွေကို အကြိမ်ကြိမ် သတ်ဖြတ် မီးရှိုးတာဟာ ဗိုလ်ခင်ညွန့် ရဲ့ ဗုဒ္ဓြွဘာသာဝင် ထောက်လှမ်းရေးနဲ့ ကြံ့ဖွတ်အဖွဲ့ဝင်တွေပါ၊၊ တီပဲယင်းမှာ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ဝင်တွေကိုသတ်ဖြတ်ခဲ့တာဟာ ဗုဒ္ဓြွဘာသာဝင် နအဖ ရဲ့မီးသတ်အဖွဲ့ နဲ့ ကြံ့ဖွတ်တွေပါ၊၊ မူဆလင်တွေမဟုတ်ဘူး၊၊
ပူပူနွေးနွေးဘဲရှိသေးတဲ့ ငါတို့ရဲ့ ဗုဒ္ဓြွဘာသာရဟန်းတော်တွေကို ၂ဝဝ၇ ခုနှစ်မှာ သတ်ဖြတ် ခဲ့၊ ထောင်ချနေတာတွေဟာ၊ ဘယ်သူတွေလဲ၊၊
မူဆလင်တွေမဟုတ်ဘူး၊ သိရဲ့လါး၊၊
အခုအခါ ပြည်သူတွေထမင်းရည်သောက်၊ ဘဝပျက်နေကြတဲ့အချိန်၊ တိုင်းရင်းသားစည်း လုံးညီညွတ်ရေးဟာလဲ အရေးကြီးနေတဲ့အချိန်အခါဖြစ်တယ်၊၊ ခုလိုအချိန်မှာ ပြည်တွင်းက အပြစ်မဲတဲ့ မူဆလင်တွေကို ပြသနာလုပ်လို့ တိုင်းပြည်အခြေအနေ တည်ငြိမ်မှု မရှိဆိုပြီးတော့၊ နအဖက အာဏာကြာကြာထိန်းချုပ်ပြီး ပြည်သူတွေကို ပိုမိုနှိပ်စက်နိုင်အောင် ဖန်တီးတာဟာ မလုပ်သင့် မလုပ်အပ်တဲ့ ကိစ္စဖြစ်တယ်၊၊
မြန်မာ့သမိုင်းမှာ အဖိနှိပ်ခံနေရဆုံး မူဆလင်တွေကို နောက်ထပ်မီးလောင် ကွင်းထဲတွန့်ပို့တာ လူသားမဆန်ဘူးနော်၊၊ သူတို့တွေဟာ ဗမာပြည်အတွက် ဘာတွေလုပ်ခဲ့သလဲဆိုတာ၊ ဗမာဘုရင် တွေရဲ့သမိုင်းကို သွားလေ့လာအုန်းနော်၊၊



လေးစားစွာဖြင့်
ဗုဒ္ဒဘာသာဝင်စစ်စစ်
ဖေဖေ

လမင်းခင် အီးမေးလ်မှကူးယူဖေါ်ပြသည်။

No comments: