Monday, March 16, 2009

သံဝေဂရလို့ မဟုတ်ပါ။

အိတ်ဇိုင်းလ်မာတလိ

ခိုးမှုနဲ့ အကြိမ်ကြိမ်ထောင်ကျဘူးတဲ့၊သူခိုးတယောက်ကို၊အကြိမ်ကြိမ်ပြစ်ဒါဏ်ချဘူးတဲ့၊ တရားသူကြီးတယောက်က ဒီနေ့လည်းသူ့ တရားရုံးကနေအမိန့်ချရအုံးမှာဖြစ်တယ်။

တရားသူကြီး ။ ။ (တရားသူကြီးဟာသူခိုးရဲ့မျက်နှာကိုအသေအချာကြည့်ပြီးတော့၊
စိတ်မကောင်းတဲ့မျက်နှာနဲ့ ) မင်းကိုအမိန့် မချခင်၊ငါမင်းကိုတခု
မေတ္တာရပ်ခံချင်တယ်။

သူခိုး ။ ။ (ရိုးကျိုးတဲ့အမူယာနဲ့ ) အမိန့် ရှိပါ။တရားသူကြီး။

တရားသူကြီး ။ ။ ငါမင်းကိုခိုးမှုနဲ့ နောက်တကြိမ်ပြစ်ဒါဏ်မချပါရစေနဲ့ တော့။
(သက်ပြင်းတချက်ချလိုက်ပြီးနောက်)မင်းဒီတခါထောင်ကပြန်
လွတ်ရင်သမ္မာအာဇီဝအလုပ်တခုခုကိုလုပ်ပါ။လိုအပ်တာရှိလည်း၊
ငါ့ဆီကိုလာ။

သူခိုး ။ ။ ဟုတ်… ဟုတ်ကဲ့..ခင်ဗျ။

တရားသူကြီး ။ ။(တရားသူကြီးဟာသူခိုးကိုကျွတ်စေလိုတဲ့ဆန္ဒနဲ့ )မင်းနှယ်ကွာ။ခိုးစားလို့ 
ချမ်းသာသွားတာလည်းမဟုတ်ဘူး။လူကလည်းအဟာရပြတ်နေတဲ့ရုပ်။
အသားရည်ကလည်းမွဲခြောက်ခြောက်။ဆံပင်ကလည်း၊ဖွာလန်ကျဲ။နောက်
ဆုံးမင်းရဲ့အင်္ကျီ၊ပုဆိုးကလည်းဖါထေးရတွေနဲ့ ပြည့်လို့ ။ခိုးစားတယ်ဆိုတာ၊
ဒီဘ၀မှာလည်းလူအထင်သေးတာခံရတယ်။နောက်ဘ၀ကျပြန်ရင်လည်းဝဌ်
ကြွေးကိုခံရအုံးမယ်။(တရားသူကြီးစကားဆုံးတာနဲ့ သူခိုးကချုံးပွဲချငိုတော့တယ်။)

သူခိုး ။ ။ အီး … ဟီး … ဟီး … ။

တရားသူကြီး ။ ။ (တရားသူကြီးဟာဒီတခါတော့၊သူခိုးကျွတ်ပြီးလို့ အထင်နဲ့ )ဘယ်နဲ့ လဲ။ မင်း
သံဝေဂရပြီမဟုတ်လား။(လို့ ဂုဏ်ယူဝင့်ကြွားပြီးမေးလိုက်တာကို၊သူခိုးပြန်ဖြေ
တဲ့စကားကြောင့်၊တရားသူကြီးခမျာ၊ကြောင်အမ်းအမ်းဖြစ်သွားရပါတယ်။)

သူခိုး ။ ။ သံဝေဂရလို့ မဟုတ်ပါဘူး။တရားသူကြီးပြောမှပဲကျွန်တော့်ရဲ့ဘ၀ဟာဒီလောက်
တောင်နုံခြာနေပါလားဆိုပြီးသိရလို့ ဝမ်းနည်းပြီးငိုတာပါ။ခင်ဗျာ။

No comments: