Saturday, October 9, 2010

သို့  ... လျူရှောင်ဘို

ခင်ဗျားကို၊ကမ္ဘာ့အမြင့်ဆုံး၊ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကိုချီးမြှင့်နေတဲ့အချိန်မှာ၊
ခင်ဗျားဟာ၊ဟူနဲ့ဝမ်တို့ရဲ့အကျဉ်းထောင်းထဲမှာစံမြန်းနေရပေမဲ့၊
ခင်ဗျားကို၊တရုတ်ပြည်တင်မကဘူး၊ကမ္ဘာတ၀ှမ်းလုံးကပါ၊
ချီးမွှန်းထောမနာပြုနေကြပါတယ်။

လျူရှောင်ဘို၊ခင်ဗျားကို၊ရာဇ၀တ်မှုကျူးလွန်တယ်လို့ပြောတဲ့၊
ဟူကျင်တောင်နဲ့ဝမ်ကျားပေါင်တို့ဟာ၊တနေ့ရာဇ၀တ်မှု
ကျူးလွန်သူတွေအဖြစ်နဲ့ခုံရုံးအတင်ခံရမှာပါ။

ခင်ဗျားဟာ၊သန်းထောင်နဲ့ချီတဲ့၊တရုတ်ပြည်ကလူတွေရဲ့လူ့အခွင့်အရေး
တွေရရှိဖို့အတွက်အကြမ်းမဖက်တဲ့နည်းနဲ့နှစ်ရှည်၊လများ၊လှုပ်ရှား
ဆောင်ရွက်လို့၊ဒီဆုကိုထိုက်ထိုက်တန်တန်ရလိုက်တာပါ။
ခင်ဗျားဟာ၊တရုတ်ကွန်မြူနစ်တွေရဲ့အကြိမ်ကြိမ်ထောင်ချခြင်းကိုခံရပေမဲ့၊
အာဏာရှင်တွေရှေ့မှာ၊ဒူးမထောက်၊လက်မမြှောက်ခဲ့ဘူး။ဒါကြောင့်ကမ္ဘာ
တ၀ှမ်းလုံးကလူတွေ၊လူ့အခွင့်အရေးအတွက်လှုပ်ရှားသူတွေ၊
အာဏာရှင်တွေကိုမကြောက်တဲ့သူတွေ၊အာဏာရှင်တွေကိုတော်လှန်၊
ဆန့်ကျင်နေတဲ့သူတွေ၊အာဏာရှင်တွေရဲ့ထောင်သွင်း၊အကျဉ်းချ
ခံထားရတဲ့သူတွေ၊လွတ်မြောက်လိုသူတွေ၊တရားမျှတမှု၊လွတ်လပ်မှုတွေကို
ခုံမင်၊နှစ်ခြိုက်သူတွေဟာ၊ခင်ဗျားနဲ့အတူရှိနေတယ်လို့ဒီဆုက၊
သက်သေပြလိုက်တာပဲ။လျူ။

ဂန္ဓ၀င် အောင်ကျော်ဦး
၈.၁၀.၁၀

No comments: