Monday, September 24, 2007

မွန်ပြည်နယ် ၊ ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့ တွင် သံဃာတော်များ ၊ သပိတ်ကံဆောင်ကြပြီ

စက်တင်ဘာလ ၂၄ ၊ ၂၀၀၇

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ တွင် ယနေ့ မွန်းလွဲပိုင်းက သံဃာတော်တွေ ထောင်နှင့်ချီပြီး ၊ မြို့ ပတ်လမ်းလျှောက် မေတ္တာပို့ ခဲ့ကြသည်။

“ သံဃာတွေကမောင်ငံဖက်ကနေကြွလာကြတယ်။ ရာဂဏာန်းလောက်ရှိမယ်။ရုံးကြီးဘေး ကနေတောင်ပေါ်တက်သွားတယ်။ဟိုမှာကဘုန်းကြီးကျောင်းတွေအများကြီးပဲလေ။ကျိုက်သန်လန်ဖက်ကပြန်ဆင်းတော့နှစ်ထောင်လောက်ဖြစ်သွားပြီ။”

သံဃာတော်တွေဟာဈေးကြီး ၊ အောက်လမ်းမကြီးကနေ ၊ မောင်ငံဖက်ကိုပြန်ကြွသွားကြ ပြီး ၊ ဈေးကြိုလမ်းဆုံတွင်လူစုခွဲသွားကြသည်။

ဤကဲ့သို့ မြို့ တပတ်လှည့်လည်၊ မေတ္တာပို့ ခဲ့ကြသော ၊ သံဃာတော်များကို ၊ အာဏာပိုင် များကဖမ်းဆီးနှောင့်ယှက်ခြင်းမရှိပေမဲ့၊ အနောက်ကတကောက်ကောက်လိုက်တာတော့  ရှိသည်ဟုမြို့ ခံများမှပြောသည်။

ကရင်ပြည်နယ် ၊ ကျုံဒိုးတွင်လည်း ၊ နံနက်နှင့်ညနေပိုင်းများတွင် ၊ ရဟန်ုးသံဃာနှင့်လူထု
သုံးရာကျော်ခန့် မေတ္တာသုတ်များကိုရွတ်ဆိုခဲ့ကြသည်။

အခန်းအနားတွင်ပါဝင်ခဲ့သူတဦးဖြစ်သည့်စောခေါအိုင်ခလိန်း က “ကျွန်တော်တို့ နှစ်နေရာ
မှာမနက်နဲ့ ညနေ နှစ်ချိန်လုပ်ခဲ့တယ်။ ညပိုင်းမှာလည်းအိမ်တိုင်းမှာပရိတ်ရွတ်ကြဖို့ လည်း
နှိုးဆော်ထားတယ်၊”

စောခေါအိုင်ခလိန်းမှသူတို့ သုံးရက်ဆက်တိုက်လုပ်မှာဖြစ်ကြောင်းပြောပေမဲ့၊နအဖအစိုးရ နှင့်ငြိမ်းချမ်းရေးရယူထားသောတိုးတက်သောကရင်ဗုဒ္ခဘာသာအဖွဲ့ (ဒီကေဘီအေ)ရဟန်း များကတော့ ၊ နအဖအလိုကျနေထိုင်ရသည်ဟုကရင်ပြည်နယ်ဒေသခံများမှပြောသည်။

တနင်္သာရီတိုင်း ၊ ကော့သောင်မြို့ တွင် ၊ သံဃာတော် ၃၅ ပါးသည် ၊ မွန်းလွဲ ၁ နာရီအချိန်
တွင် ၊ ပြည်တော်အေးစေတီမှစတင်ပြီး ၊ မြို့ တပတ် မေတ္တာသုတ်ရွတ်ဆိုခဲ့သည်။

မနက်ဖြန်တွင်လည်း ၊ ကော့သောင်မြို့ တွင် ပိုမိုများပြားသော ၊ သံဃာတော်များ ၊ ကဆက်
လက်ပြီး ၊ လှည့်လည်မေတ္တာပို့ အုံးမည်ဟုရဟန်းတပါးကမိန့် တော်မူသည်။

No comments: