Monday, September 24, 2007

နယ်စပ်သံဃာတော်များတပြည်လုံးဆန္ဒပြမှုနှင့် ပူးပေါင်းရန်ပြင်ဆင်နေ

စက်တင်ဘာလ ၂၄ ရက် ၂၀၀၇

မြန်မာနိုင်ငံတောင်ဘက်စွန်း ကော့သောင်မြို့မှ သံဃာတော်များသည် ယနေ့စက်တင်္ဘာလ ၂၄ ရက်နေ့တွင် ကျင်းပမည့် တပြည်လုံးဆန္ဒပြမှုနှင့် ပူးပေါင်းပါဝင်ရန်ပြင်ဆင်နေကြသည်။

“ဦးဇင်းတို့က အခြေအနေတွေကို စောင့်ကြည့်နေတယ်၊ ရန်ကုန်ဘက်နဲ့လည်း ဆက်သွယ်နေတယ်၊ အခုထိတော့ လမ်းပေါ်ကို မထွက်ရသေးဘူး၊ အသင့်တော့ဖြစ်နေပြီ” ကော့သောင်မြို့မှ ဦးဇင်းတပါးက မိန့်ကြားသွားခြင်းဖြစ်သည်။

တခြားနယ်စပ်မြို့တမြို့ဖြစ်သော မြ၀တီမြို့မှ သံဃာတော်များတစုံတရာ လှုပ်ရှားမှု မရှိသေးပါ။ မြ၀တီ ခယက၊ မယက နှင့် ရယက များသည် မြ၀တီမြို့ခံများကို စက်တင်္ဘာလ ၂၃ ရက် တနင်္ဂနွေနေ့တွင် အိမ်ထောင်ဦးစီးများကို တအိမ်တယောက် အစည်းအဝေးခေါ်ပြီး ရဟန်းသံဃာများ သပိတ်မှောက်နေသည်ကို မထောက်ခံပါ၊ မပူးပေါင်းပါဟု ခံဝန်ချုပ် လက်မှတ်ရေးထိုးခိုင်းသည်ဟု မြ၀တီမြို့ခံများက ပြောသည်။

“ကျနော်တို့ ဘာမှလည်းမသိဘူး၊ သူတို့အစည်းအဝေးခေါ်တယ်၊ ဟိုရောက်မှပဲ အခုဖြစ်နေတာတွေဟာ အကြမ်းဖက်သမားတွေ ဘုန်းကြီးယောင်ဆောင်ပြီးတော့ လုပ်နေတာလို့ပြောပြပြီးတော့ သူတို့နဲ့ မပူးပေါင်းပါဘူးလို့ ကျနော်တို့ကို လက်မှတ်ရေးထိုးခိုင်းတယ်။” မြ၀တီမြို့ခံတဦး ပြောပြသွားတာဖြစ်တယ်။

မြ၀တီမြို့သည် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ ဒီကေဘီအေ ရဟန်းသံဃာတော် အတော်များများလည်း သတင်းသုံးရာ နယ်စပ်မြို့ဖြစ်သည်။ သို့သော်လည်း ဒီကေဘီအေသည် နအဖအစိုးရနှင့် ငြိမ်းချမ်းရေးယူထားသဖြင့် လက်ရှိအခြေအနေကို နားလည် သဘောပေါက်သော်လည်း ဒီအေဘီအေ သံဃာတော်များသည် အခြေအနေအရ မီးစင်ကြည့်ကရန် စောင့်ဆိုင်းနေကြသည်။

No comments: