Thursday, November 1, 2007

စိုးရိမ်လို့ 

အိတ်ဇိုင်းမာတလိ ၃၁ ၊ ၁၀ ၊၂၀၀၇

နအဖအစိုးရကစက်တင်ဘာအရေးအခင်းမှာပါဝင်တဲ့၊သံဃာတွေနဲ့လူတွေကို အကြမ်းဖက်နှိမ်နင်းနေတဲ့အချိန်မှာလွတ်မြောက်နယ်မြေကိုခေတ္တတိမ်းရှောင် လာတဲ့လူငယ်တယောက်ကိုမေးမြန်းစပ်စုဖို့အိတ်ဇိုင်းမာတလိတယောက်အချစ်တော်ခွေးမလေး“ဒိုင်လူး”ကိုဆွဲပြီး
လူငယ်တည်းခိုရာဆီကိုရောက်သွားတယ်။

အိတ်စ်-မာတလိ ။ ။ ညီလေးရေ - အခုပြီးသွားတဲ့၊အရေးအခင်းမှာဘ၀တသက်တာအတွက်မမေ့နိုင်တဲ့အဖြစ်အပျက်တွေနဲ့ကြုံခဲ့
ရရင်ရှိရင်၊ရှဲလုပ်ပါအုံး။(ဟီး-ဟီး-ဗိုလ်လိုရွှီးကြည့်တာ)

လူငယ် ။ ။ ဟာ-အစ်ကိုရာ၊ဘုရားနဲ့တတန်းတည်းထားတဲ့သံဃာတွေကို၊ရိုက်၊ထု၊ကန်ကျောက်၊သေနတ်နဲ့ပစ်ခတ်တာတွေ၊ဘုရာပရ၀ုဏ်
အထဲမှာ၊ပါဏာတိပါတကံကျူးလွန်တာတွေကိုဘယ်လိုမေ့လို့ရမှာလဲ။

လူငယ်သည်ပြောရင်းမှာမျက်လုံးအိမ်ထဲတွင်၊မျက်ရည်များပြည့်လာ၍မျက်နှာကိုအထက်ကိုမော့ထားပြီးတော့၊မျက်တောင်ကိုအကြိမ်ကြိမ်ခတ်နေသည်။

အိတ်စ်-မာတလိ ။ ။ အင်း-သူတို့လုပ်ခဲ့တဲ့အကုသလိုလ်အကျိုးကိုရှေးဘ၀ကျရင်သူတို့ကောင်းကောင်းကြီခံရမှာပေါ့၊

လူငယ်သည်မျက်နှာထားတင်းတင်းနှင့်။

လူငယ် ။ ။ ဟုတ်တယ်။အစ်ကို၊သန်းရွှေတို့မိသာတစုလုံးဟာရှေ့ဘ၀ကျရင်ခွေးဖြစ်မှာသေချာတယ်။

လူငယ်ကအဲဒီလိုပြောလိုက်တာကြောင့်၊အိတ်ဇိုင်းမာတလိ၊တယောက်လန့်ဖျန့်ပြီး၊အချစ်တော်ခွေးမလေး“ဒိုင်လူး” ကြည့်ပြီး၊ပြန်ပြောလိုက်တဲ့၊စကားကြောင့်
လူငယ်သည်ဘာပြောရမှန်းမသိပဲ၊ကြောင်အမ်းအမ်းဖြစ်သွားရသည်။

အိတ်စ်-မာတလိ။ ။ငါ့ညီရာ-သူတို့ကိုဝက်တွေ၊ဘာတွေပေးဖြစ်ပါကွာ။ခွေးတော့၊မပေးဖြစ်ပါနဲ့။အစ်ကို့ရဲ့“ဒိုင်လူး”ဗိုက်ထဲမှာ
ဗိုလ်သန်းရွှေ၊ဒေါ်ကြိုင်ကြိုင်သူတို့သား၊သမီးမြေးတအုပ်လုံး၊လာပြီး၊၀င်စားရင်၊အစ်ကိုဒုက္ခဖြစ်သွားမှာပေါ့။

No comments: