Thursday, October 11, 2007

စစ်အစိုးရကမတရားဖမ်းဆီးနေလို့ရန်ကုန်မြို့သားများအင်တာနက်ကတဆင့်နိုင်ငံတကာကိုအကူအညီတောင်း

October 11 , 2007

နအဖအစိုးရဟာရန်ကုန်မှာဆန္ဒပြတဲ့သူတွေကိုဆိုးဆိုးဝါးဝါးဖမ်းဆီးနေတာကိုမြင်တွေ့ ကြား
သိနေရတယ်။

စစ်အစိုးရကဆန္ဒပြတဲ့သူတွေကိုရာနဲ့ချီပြီးလွှတ်ပေးနေတယ်လို့သူတို့ ရဲ့သတင်းတွေမှာဖေါ် ပြနေပေမဲ့၊စစ်အစိုးရကနောက်ထပ်ဖမ်းဆီးနေတာတွေဟာ ၁ သောင်းကျော်နေပြီဖြစ်တယ်။

အဆိုးဝါးဆုံးအခြေအနေဟာ၊စစ်အစိုးရကဆန္ဒပြတဲ့အထဲမှာပါဝင်တဲ့သူလို့ သံသယရှိနေတဲ့ သူတွေကိုဖမ်းဆီးရမိခြင်းမရှိရင်၊အဲဒီလူတွေရဲ့မိဘတွေကိုဖမ်းဆီးနေတာပဲဖြစ်တယ်။

ပိုဆိုးတာကဒီအဖြစ်အပျက်တွေကိုအက္ခရာအဖြစ်နဲ့သော်လည်းကောင်း၊ဓါတ်ပုံအဖြစ်နဲ့
သော်လည်းကောင်း၊မှတ်တမ်းတင်နိုင်ခြင်းမရှိတာပဲဖြစ်တယ်။

အခုရန်ကုန်မြို့ ဟာဒီလိုစစ်အစိုးရရဲ့ဥပဒေမဲ့ရမ်းကားနေတဲ့ကပ်ဆိုးကြီးအောက်ကိုဆိုက် ရောက်နေပါတယ်။ရန်ကုန်မြို့ သားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ဟာစက္ကန့်ပိုင်းနဲ့အမျှစစ် အစိုးရကမတရား၊ဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်မှုတွေကိုရင်ဆိုင်နေရတယ်။

ဒါကြောင့်၊ကမ္ဘာတလွှားကညီနောင်အပေါင်းတို့၊ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ
မြန်မာစစ်အစိုးရကိုအမြန်ဆုံးအရေးယူပေးဖို့မြန်နိုင်သမျှအမြန်ဆုံးတိုက်တွန်းဆောင်ရွက်
ပေးပါလို့မေတ္တာရပ်ခံအပ်ပါတယ်။

No comments: