Thursday, October 11, 2007

၈၈ ခေါင်းဆောင်နှစ်ဦး ထပ်မံ အဖမ်းခံရ

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်
စစ်အစိုးရက အပူတပြင်း အလိုရှိနေသော ၈၈ ကျောင်းသား ခေါင်းဆောင် ကိုလှမျိုးနောင်နှင့် မသရဖီ တို့ကို ယနေ့တွင် ဖမ်းမိသွားပြီဟု ထိုင်းအခြေစိုက် အဖွဲ့အစည်း တခုက ပြောသည်။

ကိုလှမျိုးနောင်နှင့် မသရဖီ တို့ကို စန်းချောင်းမြို့နယ်တွင်း ရဲထောက်လှမ်းရေးများက ဖမ်းမိသွားခြင်း ဖြစ်သည်ဟု Asia-Pacific Peoples Partnership on Burma (APPPB)က ပြောသည်။

“ဒီနေ့ မွန်းလွဲမှာ၊ သူ့ (လှမျိုးနောင်) မျက်လုံးက တော်တော် အခြေအနေ ဆိုးတယ်လေ။ ခွဲရမယ် တောင်မှ ၅ဝ ရာခိုင်နှုန်းလောက်ပဲ မြင်နိုင်မဲ့ အနေအထား ရှိနေတယ်။ မခွဲရင်တော့ လုံးဝ မမြင်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်ပေါ့နော်၊ သူက ဆရာဝန်ကို တွေ့ဖို့ ထွက်ရတယ်ပေါ့၊ ထွက်တော့ သူတို့ကလည်း ပိုက်စိတ်တိုက် ရှာနေတာကိုး။ ဆေးခန်းအသွားမှာ အဖမ်းခံရတယ်” ဟု APPPB မှ မခင်ဥမ္မာက ပြောသည်။

No comments: