Saturday, October 6, 2007

စစ်အုပ်စုကျဆုံးနိဂုံချုပ်ဖို့ အတွက်၊ နိဒါဏ်း

Exile မာတလိ

အ.. လဲ့…လဲ့.. တော်..တော်..လယ်တဲ့ကျော်တင့်ဆွေ။ ကုလသမဂ္ဂကစင်မြင့်ပေါ်ကို
တက်သွားပြီးတော့၊ ဘာတွေများပြောမလဲလို့ ”အိတ်စိုင်းလ်မာတလိ” က၊ ကိုယ်ထင်မ
ပြပဲ၊ အခြေအနေကို အကဲခတ်ကြည့်နေတာ။

ကိုယ်တော်က၊ သူ့လိုတကမ္ဘာလုံးက၊ ကုလသမဂ္ဂဆိုင်ရာသံတမန်တွေအရှေ့မှာမျက်
ရည်ခံထိုးပြီးတော့။ “ကျွန်တော်တို့ နအဖက ကျွန်ပြုထားတဲ့၊ မြန်မာနိုင်ငံကို၊ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက၊ အရေးယူတာတွေ မလုပ်ပါနဲ့ အုံးဗျာ။ ကျွန်တော်တို့ အမျိုးသာပြန်
လည်သင့်မြတ်ရေလုပ်ဖို့လေသံပစ်ထား .. အဲ..အဲ..ကြေညာထားပြီးပါပြီ။” လို့စပြီး
တော့၊ ရွှီးတာနဲ့  .. အိတ်စိုင်းလ်မာတလိတောင်..စိတ်ထိန်းမရပဲ၊သွားပြီးနားရင်းအုပ်မိ
တော့မလို့။

ဒီလူလိမ်တွေ၊ လိမ်လာတာ၊ ဘိုးတော်ဘုရားလက်ထက်..အဲလေ..ဟိုး..န၀တ လက်ထက်
ကထဲကပါပဲ။ အခုမုန့်ဆီကြော်လုပ်လိုက်၊ တော်တော်ကြာ စာကလေးကြော်လို့ပြောလိုက်
နဲ့ အိတ်စိုင်းမာတလိတို့တောင်၊ ခေါင်းဖြူသွားပြီပဲ။ အားလုံက ဒါတွေကို သိနေကြ တယ်လေ။

အခု စက်တင်ဘာလအတွင်း မှာဖြစ်သွားတာတွေကို ကြည့်လိုက်ပေါ့၊ ပထမသံဃာတွေပဲ ထွက်တာ။ နောက်ပိုင်းကြတော့၊ လူထုတွေလည်း ထွက်လာကြတာပဲ။

ပြည်သူလူထုတွေ အားလုံးခံနေရတယ်။ ဒါတွေကို ဆွမ်းခံကြွတဲ့ သံဃာတွေလည်း သိတယ်။
မသိပဲနေပါ့မလား။ အရင်တုံးက ကောင်းပေ့ဆိုတဲ့ ဆွမ်းဟင်းတွေကို လှူနေကြတကာတွေ၊ တ
ကာမတွေ၊ ရေကျဲကျဲဟင်းချိုကိုပဲ လောင်းလှူလာတာ ဆယ်နှစ်ကျော်သွားပါပြီ။

စစ်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံဟာ၊ ဖွတ်ကျောပြာစု၊ မွဲတေလာခဲ့ရတာ၊ ဘယ်လောက်
ရင်နာစရာ ကောင်းသလဲဆိုရင်၊ အိတ်စိုင်းမာတလိတို့ ခတ်ငယ်ငယ်တုံးက ဆိုရင်၊ မလေးရှား
နိုင်ငံက သင်္ဘောတွေလာပြီးတော့၊ အိတ်စိုင်းလ်မာတလိတို့ နိုင်ငံက ဆန်တွေ၊ ကျွန်းသစ်တွေ
လာဝယ်ကြတယ်။

ယိုးဒယားနိုင်ငံက လူတွေ၊ အိတ်စိုင်းလ်မာတလိတို့ နိုင်ငံဖက်ကိုလာပြီးတော့၊ ဆန်စက်တွေ၊
သစ်စက်တွေနဲ့ ရေခဲစက်တွေမှာ အလုပ်လုပ်ကြတယ်။ အိန္ဒိယက လူတွေ၊ မီးရထားမောင်း ကြတယ်။ မီးရထားလမ်းဖေါက်ကြတယ်။ နောက်ဆုံး အိတ်စိုင်းလ်မာတလိတို့ယိုတဲ့ အီးအီး တွေကိုလည်း သိမ်းပေးကြတယ်။ နေ၀င်းနဲ့ အောင်ကြီးတို့က အကြံပက်စက်ကြတာကိုး၊ အီ အီးကြုံးတဲ့သူတို့ကို အိန္ဒယကို ပြန်မောင်းထုတ်လိုက်ပြီးတော့၊ ဗမာတွေနဲ့ အစားထိုးလိုက် တယ်လေ။
ဒီလိုနဲ့ နေ၀င်း လက်ထက်ကနေ.. ဖက်စစ်၊ စစ်အုပ်စုဟာ၊ မြန်မာနိုင်ငံကို စိတ်တိုင်းကြဖျက် ဆီးလာလိုက်ကြတာ။ အခုခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ။ အိတ်စိုင်းလ်မာတလိတို့ မြန်မာနိုင်ငံ သားတွေ၊ မလေးရှားမှာ၊ ယိုးဒယားမှာ၊ အိန္ဒိယမှာ၊ ဘင်္ဂလာဒေရှ့်မှာ၊ တရုတ်ပြည်မှာ ကျွန်သွားလုပ်နေရတယ်။

အဲဟ၀ါတို့ အဲစစ်အုပ်စုရဲ့ လက်နက်ကိုင်တွေကတော့၊ မြန်မာနိုင်ငံအတွင်းမှာ သေနတ်ပြ
ချိန်းခြောက်ပြီးတော့၊ ပြည်သူလူထုရဲ့ ချွေးနည်းစာတွေကို လုယက်စားသောက်နေကြတယ်။

စစ်အုပ်စုရဲ့ နိုင်ငံတော်အဆင့်ကနေ၊ သူကြီး၊ ဆယ်အိမ်ခေါင်း၊ ဒရ၀မ်အထိ အားလုံးလာဘ်စား
ကြတယ်။

ဘယ်လောက်စားကြသလဲဆိုရင်၊ စစ်အုပ်စုရဲ့ခေါင်းဆောင်ဓါးပြမှူးကြီးရဲ့ သမီးမင်္ဂလာဆောင်တုံးက၊ သူတို့ခိုးဆိုး၊ တိုက်ခိုက်ထားတာတွေကို ထုတ်ကြွားခဲ့ကြသေးတယ်လေ။

ဟိုသံလျင်ဖန်ချက်စက်ရုံကစာရွက်ဖိဖို့ထုတ်တဲ့ ဖန်လုံးတွေလောက်ကြီးတဲ့ စိန်တုံးတွေကို ဓါးပြမှူးကြီးရဲ့ သမီးရွက်ထား၊ ထမ်းထားတာတွေ့ရတော့၊ အိတ်စိုင်းလ်မာတလိတယောက်
အတော်လေး သံဝေဂ ရမိသွားတယ်။

သူတို့တွေ မြန်မာတနိုင်ငံလုံးက လူတွေကို ပေါ်တာဆွဲပြီးတော့၊ အတင်းအဓမ္မထမ်းခိုင်းခဲ့တာ
ဓါးပြမှူးကြီးသမီး မင်္ဂလာဆောင်တုံးက၊ ၀ဌ်လည်ပြီးတော့၊ ဘယ်သူမှမခိုင်းပဲ၊ သူတို့ဖါသာသူ
တို့ပိဿာနှစ်လောက် အလေးချိန်ရှိတာတွေကို တနေ့လုံးထမ်းပြနေခဲ့တယ်လေ။

အေးဒီဘ၀မှာတော့၊ စိန်တုံးတွေကို ထမ်းခဲ့ကြပေမဲ့၊ နောင်လာလတံ့သော ဘ၀တွေမှာ ဓါးပြ
မှူးကြီးရဲ့ သားစဉ်မြေးဆက်တွေကော၊ စစ်အုပ်စုဝင်တွေရဲ့ သားစဉ်မြေးဆက်တွေပါ၊ အိတ်စိုင်း
လ်မာတလိတို့ရဲ့ မြန်မာနိုင်င်ငံ၊ အီးအီးတွေက ထမ်းပေးရအုံးမှာ မလွဲပါဘူး။

စစ်အုပ်စုဝင်တို့ရေ မင်းတို့က လမ်းပြမြေပုံနဲ့ပဲ လိမ်လိမ်၊ အမျိုးသား ပြန်လည်သင့်မြတ် ရေးနဲ့ပဲညာညာ၊ ဘုရားတည်၊ကျောင်းဆောက်ပြီးတော့၊ ဘယ်လိုပဲ သူတော်ကောင်းယောင်
ဆောင်ဆောင်၊ အခုတော့၊ ဗူးပေါ်သလိုပေါ်ပြီ၊ သံဃာတွေကို လူပုံအလည်မှာ ရက်ရက်စက်စက် သတ်ပြလိုက်ပြီ။

တလျှောက်လုံးခေါင်းမာခဲ့တဲ့၊ စစ်အုပ်စုဟာအခုတော့၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတာဝန်ခံကို တိုးတိုးတိတ်တိတ်နဲ့ ခိုးတွေ့နေရပြီ။ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဘယ်လို အကန့်အသတ်တွေ ရှိရမယ်လို့ ပြောပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါရစေ၊ ဆိုတဲ့စကားကိုတော့၊ ပြောလာရပြီ။
ဒါဟာ… စစ်အုပ်စု ကျဆုံးနိဂုံချုပ်ဖို့အတွက်၊ နိဒါဏ်းဖြစ်တယ်လို့ အိတ်စိုင်းလ်မာတလိပြော လိုက်ချင်ပါတယ်။

No comments: