Friday, October 12, 2007

မြ၀တီမှာနအဖကအကြံအဖန်လုပ်ပြီး၊ဗုံးတလုံခွဲ

October 12 , 2007

ထိုင်းနိုင်ငံ၊မဲဆောက်မြို့ နဲ့ မျက်နှာချင်းဆိုင်မြန်မာနိုင်ငံ၊မြ၀တီမြို့ မှာကနေ့ ညနေပိုင်းကဗုံး တလုံး ပေါက်ကွဲခဲ့ပါတယ်။

ဗုံးဟာမြ၀တီမြို့ဖက်တခြမ်း၊ထိုင်း၊မြန်မာချစ်ကြည်ရေးတံတားထိပ်ကနေကိုက် ၂၀ လောက် အကွာမှာရှိတဲ့ “ရွှေပြည်ဆိုင်ရာ” တည်းခိုခန်းမှာပေါက်ကွဲတာဖြစ်တယ်။

ဗုံးပေါက်ကွဲမှုကြောင့်၊တည်းခိုခန်းက၊လူအနည်းဆုံး ၅ ဦး၊ဒါဏ်ရာရသွားပါတယ်။ဒါဏ်ရာရ တဲ့သူတွေကိုမြ၀တီဆေးရုံကိုပို့ ဆောင်ကုသခဲ့တယ်လို့ မျက်မြင်တွေကပြောပါတယ်။

“တည်းခိုခန်းရဲ့ ၃ ထပ်ပေါ်မှာပေါက်ကွဲမှုဖြစ်တာ။ဒါဏ်ရာရတာ၊တယောက်ကမျက်နှာမှာ သွေးတွေနဲ့ ရဲနေတယ်။ တခြား ၄ ယောက်ကဒါဏ်ရာနည်းတယ်။ အားလုံးကိုဆေးရုံကို ခေါ်သွားတယ်။” လို့ မျက်မြင်တယောက်ကပြောတယ်။

တည်းခိုခန်းကကျန်တဲ့လူအားလုံးကိုရဲစခန်းကိုခေါ်သွားတယ်။နေ၀င်ချိန်လောက်မှာသံသယရှိတဲ့လူ ၄ ယောက်ကိုရဲစခန်ုးမှာခေါ်ထားလိုက်ပြီး၊ကျန်တဲ့ ၁၀ ယောက်ကိုတော့တည်း
ခိုခန်းကိုပြန်ပို့ ခဲ့တယ်။

မြ၀တီကတာဝန်ရှိသူတွေသတင်းလွှင့်နေတာကတော့၊မဲဆောက်ကနေမြန်မာနိုင်ငံသားတယောက်တည်းခိုခန်းမှာတည်းခိုဖို့ မနက် ၉ နာရီမှာရောက်သွားတယ်။သူ့ ရဲ့အိတ်ကိုတည်းခို ခန်းတတိယအထပ်ရဲ့အခန်းအမှတ် ၁၁ မှာထားပြီး၊ကျန်တဲ့ပစ္စည်းတွေယူဖို့ မဲဆောက်ကို ပြန်သွားတယ်။နယ်စပ်ကူးရာမှာမှတ်ပုံတင်ပြဖို့ လိုတဲ့အတွက်ကျန်တဲ့ပစ္စည်းတွေယူပြီးပြန်
ရောက်လာမှတည်းခိုးခန်းမှာ၊စာရင်းသွင်းမယ်လို့ ပြောပြီးသွားတာညနေအထိပြန်မရောက်
လာဘူးလို့ ပြောနေကြတယ်။

နယ်စပ်မှာအတွေ့ အကြုံရင့်ကျက်နေတဲ့မြန်မာတွေကတော့၊ဒီဗုံးကွဲမှုကိုနအဖကတမင်လုပ်
ကြံဖန်တီးတာလို့ ယုံကြည်နေကြတယ်။

စက်တင်ဘာလ ကုန်ပိုင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ရဟန်းသံဃာတွေ ဆန္ဒပြနေတာကို
ထောက်ခံတဲ့အနေနဲ့ မဲဆောက်ကမြန်မာအတိုက်အခံတွေဟာ၊နယ်စပ်ကချစ်ကြည်ရေး တံတားအနားမှာဆုတောင်းပွဲတကြိမ်နဲ့ မဲဆောက်ယူအင်ရုံးအရှေ့ မှာနအဖကိုဆန့် ကျင်တဲ့
ဆန္ဒပြပွဲတကြိမ်ပြုလုပ်ခဲ့တာကိုမြန်မာဖက်ကမကြေနပ်မှုတွေရှိနေတယ်။

အခုဗုံးပေါက်ကွဲမှုကိုမဲဆောက်ကမြန်မာအတိုက်အခံတွေလုပ်တာဆိုတဲ့စွပ်စွဲချက်နဲ့ နယ် စပ်ကုန်သွယ်ရေးကိုပိတ်မယ်။ထိုင်းလုပ်ငန်းရှင်တွေနဲ့ အာဏာပိုင်တွေကနယ်စပ်ကုန်သွယ်
ရေးကိုပြန်ဖွင့်ပေးဖို့ တောင်းဆိုရင်၊မဲဆောက်ကမြန်မာအတိုက်အခံတွေကိုနှင်ထုတ်ပေးဖို့ 
တောင်းဆိုမယ်လို့ ထိုင်းနဲ့ မြန်မာနယ်စပ်အရေးစောင့်ကြည့်နေသူတွေကသုံးသပ်နေကြပါ တယ်။

No comments: