Saturday, October 13, 2007

ကဲ...ဘယ်လိုနေလဲ၊နအဖ၊ခွေးတွေပါဆန္ဒပြကုန်ပြီကော



ရန်ကုန်မှာ ခွေးတွေလည်း ဆန္ဒပြပြီ (၁၂-၁၀-၀၇)
ကိုသက်(ဧရာဝတီ)

နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအ၀င် စစ်ဗိုလ်ချုပ်များ၏ ရုပ်ပုံများကို ခွေးများ၏ လည်ပင်းတွင် ချိတ်ဆွဲကာ လူစည်ကားရာလမ်းများတွင် အုပ်လိုက်လွှတ်သည့်လှုပ်ရှားမှုများ ရန်ကုန်တွင်ပြုလုပ်နေကြောင်း သိ ရသည်။
ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၏ ပုံများကိုလည်း ခွေးလည်ပင်းများတွင် ချိတ် ဆွဲထားပြီး ၎င်းခွေးများအား မည်သူက လွှတ်လိုက်သည်ကို မသိရကြောင်းလည်း ရန်ကုန်မြို့ခံတဦးက ဧရာဝတီ ကို ပြောသည်။
“ရွှေဂုံတိုင်မီးပွိင့်နားမှာ ပုံတွေကို ခွေးလေးငါးကောင် ရဲ့လည်ပင်းမှာ အပေါက်ဖောက်ပြီး ဆွဲထားတာကိုတွေ့တာ လေးငါးကောင်ကတော့ လည်ပင်းမှာ မချိတ်ထားဘူး။ ပုံတွေကို ပလတ်စတစ်တောင် လောင်းထားသေးတယ်။ မီး သတ်တွေက ခွေးလိုက်ဖမ်းတော့ ကားတွေ၊ လူတွေအကုန် ယောက်ယက်ခတ်သွားတယ်” ဟု ရန်ကုန်မြို့ခံက ပြောသည်။
တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ ဒေါပုံနှင့် သာကေတမြို့နယ်များတွင်လည်း အလားတူ ခွေးလွှတ်ပွဲများ ပြုလုပ် ကြောင်း သိရသည်။
၁၉၉၆ ခုနှစ် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှုကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းကာ ကျောင်းသားများအား ဖမ်း ဆီးထောင်ချစဉ်က အလားတူလှုပ်ရှားမှုများကို ကျောင်းသားအချို့က ပြုလုပ်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲခဲ့အပြီး ကျောင်းသားအချို့က စည်ပင် သာယာပိုင် မိလ္လာကားများတွင် ဆန္ဒပြသမားများက တပ်မတော်ရိက္ခာဟူသည့် စာများကိုလည်း ကပ်ခဲ့ကြဖူး သည်။

အပြည့်အစုံသို့...

ပြန်ခေါက်ထားပါ...

Posted by ဒေါက်တာလွဏ်းဆွေ at 3:51 AM 0 comments

No comments: