Sunday, October 14, 2007

နအဖကိုလူထုလှုပ်ရှားမှုအသွင်နှင့်မြန်မာမြေမှဖယ်ရှားပစ်ဖို့၈၈ မျိုးဆက်ကျောင်းသားများကရဟန်းရှင်လူပြည်သူတရပ်လုံးသို့ပန်ကြား


ကိုရဲထွန်းကျော်(၀ဲ)နှင့်ကိုနေ၀င်းလှိုင်(ယာ)

ကိုရဲထွန်းကျော်နှင့်ကိုနေ၀င်းလှိုင်တို့ သည်နအဖက၊ရဟန်းသံဃာများဦးဆောင်သည့်စက်
တင်ဘာလှုပ်ရှားမှုကြီးကအကြမ်းဖက်နှိမ်နင်းပြီးသည့်နောက်ပိုင်းတွင်၊နိုင်ငံရေးလှုပ်ရှားသူအများနည်းတူတိမ်းရှောင်နေခဲ့ရသည်။

နအဖနှင့်သူတို့ ၏လက်ပါးစေများမှပိုက်စိပ်တိုက်ရှာဖွေမှုတွေကိုရှောင်ရှားရင်း၊တနေရာမှ တနေရာသို့ ပြောင်းရွှေ့ ရာမှာလွတ်မြောက်နယ်မြေသို့ ခေတ္တအတွက်ရောက်လာခြင်းဖြစ်
သည်ဟုကိုရဲထွန်းကျော်နှင့်ကိုနေ၀င်းလှိုင်တို့ ကပြောသည်။

သူတို့ နှစ်ဦးသည်ယာယီအားဖြင့်သာလွတ်မြောက်နယ်မြေတွင်နေပြီး၊မကြာခင်အခွင့်သာ
သည်နှင့်ပြည်တွင်းသို့ ပြန်ပြီးလှုပ်ရှားမှုများကိုအောင်မြင်သည်အထိဆက်လက်ဆောင်ရွက်
သွားမည်ဟုပြောသည်။

ကိုဌေးကြွယ်နှင့်မမီးမီးစသည့် ၈၈ မျိုးဆက်ကျောင်းသားများကိုနအဖကဖမ်းဆီးနိုင်ခဲ့ပေမဲ့၊ ကျန်နေသည့်မျိုးဆက်ဝင်များနှင့်နောက်ထပ်မျိုးဆက်သစ်များကစစ်အစိုးရပြုတ်ကျရေးနှင့်
ပတ်သက်၍ဆက်လက်တိုက်ပွဲဝင်နေသည်ဟုဆိုသည်။

လွတ်မြောက်နယ်မြေသို့ ရောက်နေစဉ်သူတို့ နှစ်ဦးသည်မြန်မာနိုင်ငံမှရဟန်းရှင်လူပြည်သူ
အပေါင်းနှင့်တော်လှန်ရေးအင်အားစုများသို့ ပန်ကြားချက်တစောင်ထုတ်ပြန်ခဲ့သည်။

ထိုပန်ကြားချက်တွင်၊နအဖသည် ၁ / ၂၀၀၇ ကြေညာချက်ဖြင့်တွေ့ ဆုံဆွေးနွေးရေးဆိုပြီး တော့၊သတင်းလွှင့်ခဲ့ပေမဲ့၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ကိုမင်းကိုနိုင်၊ကိုကို
ကြီး၊ကိုမင်းဇေယျာ၊ကိုမြအေးအပါအ၀င်နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးခြင်းမရှိ
သည့်အပြင်ရဟန်းသံဃာတော်များ၊ကိုဌေးကြွယ်၊ကိုလှမျိုးနောင်နှင့်မမီမီးတို့အပါအ၀င် ၈၈
မျိုးဆက်ကျောင်းသားများနှင့်ပြည်သူများကိုထပ်မံဖမ်းဆီးလျှက်အကြမ်းဖက်နှိမ်နင်းလျှက်ရှိ
သည်ဟုဖေါ်ပြထားသည်။

သို့ ပါ၍ရဟန်းရှင်လူကျောင်းသားပြည်သူတရပ်လုံးနှင့်တော်လှန်ရေးအင်အားစုများအားလုံး ကပါတပြိုင်နက်ပါဝင်ပြီး၊လူထုတိုက်ပွဲကိုအရှိန်မြှင့်ပြီးတော့၊မြန်မာနိုင်ငံကစစ်အာဏာရှင်
တွေကိုဖယ်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

No comments: