Wednesday, October 31, 2007

ထိုင်းအာဏာပိုင်တွေ၊မဲဆောက်မှာမြန်မာတွေကိုလိုက်ဖမ်း

အန်ဒါမန်ဟီးရိုး

အောက်တိုဘာ ၃၀ ၊ ၂၀၀၇



ဒီလိုမြန်မာနိုင်ငံသားတွေ၊တပါးနိုင်ငံမှာဒုက္ခရောက်နေရတာဟာစစ်အစိုးရကလူထုတွေကိုလျစ်လျူရှု့ထားတဲ့အတွက်ဖြစ်တယ်။


ထိုင်းနိုင်ငံ၊မဲဆောက်မြို့ တွင်လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့၊မြန်မာအ လုပ်သမားတွေကိုအောက်တိုဘာလ ၃၀ ရက်နေ့ အာရုံတက်ချိန်မှာရဲတပ်ဖွဲ့က ဦးဆောင်တဲ့ဌာနပေါင်းစုံပေါင်းစုံကမဲဆောက်တမြို့ လုံးမှာလိုက်လံဖမ်းဆီးခဲ့ တယ်။

ထိုင်းနိုင်ငံမှာနေထိုင်အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့မြန်မာအမျိုးသား၊အမျိုး
သမီးတွေ ၂၀၀ ကျော်ကိုသူတို့ ရဲ့ကလေးတွေနဲ့ အတူဖမ်းဆီးရမိပြီးတော့၊သူ
တို့ ကိုတစုံတရာအရေးယူမှမဟုတ်ပဲ၊မြန်မာနိုင်ငံဖက်ကိုပဲပြန်ပို့ မယ်လို့  မဲဆောက်ရဲမှူးကြီး၊ဖတ်စ၀သ် တင်ကျွိ ကမြန်မာအလုပ်သမားတွေကိုမြ၀တီ ဖက်ကိုပြန်မပို့ မီ၊ရဲစခန်းမှာသတင်းထောက်တွေကိုပြောကြားသွားပါတယ်။

ထိုင်းရဲတွေက၊မဲဆောက်မြို့ မှာတရားမ၀င်နေထိုင်အလုပ်လုပ်နေကြတဲ့မြန်မာ
အလုပ်သမားတွေကိုနေ့ စဉ်လိုလို၊ဖမ်းဆီးနေပါတယ်။အခုနှစ်မှာသတင်းကျွတ် လပြည့်နေ့လိုမျိုးမှာတောင်မှဖမ်းဆီးခဲ့ကြပါတယ်။

ဒါဟာမြန်မာနိုင်ငံမှာစက်တင်ဘာရဟန်းသံဃာဦးဆောင်တဲ့စစ်အာဏာရှင်
ဖြုတ်ချရေးလှုပ်ရှားမှုကိုစစ်အစိုးရကအကြမ်းဖက်နှိမ်နင်းပြီးတဲ့နောက်ပိုင်းမှာ
နိုင်ငံရေျးလှုပ်ရှားတဲ့ရဟန်းတွေနဲ့ လူ၊ကျောင်းသားတွေထိုင်းနိုင်ငံထဲကိုခိုးဝင်
လာပြီးတော့၊စစ်အစိုးရကိုဆန့် ကျင်တဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုလုပ်လာမှာ
ကိုကာကွယ်တဲ့အနေနဲ့ ဖြစ်တယ်လို့ ရဲမှူးကြီးကပြောပါတယ်။

အခုလဆန်းပိုင်းမှာမဲဆောက်ကမြန်မာ့နိုင်ငံရေးလှုပ်ရှားသူတွေဟာထိုင်း၊
မြန်မာချစ်ကြည်တံတား၊မဲဆောက်မြို့ ဖက်မှာတကြိမ်၊မဲဆောက်က၊ကုလသမ
ဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရှေ့ မှာတကြိမ်၊မြန်မာစစ်အစိုးရကိုဆန့်
ကျင်ဆန္ဒပြခဲ့ကြပါတယ်။

No comments: