Saturday, October 6, 2007

ဝင်္ကဘာထဲကထွက်မရမှာစိုးလို့ 

အိုက်စံ

လူငယ်တယောက်သည် သူတဖက်သတ်ကြိုက်နေသောမိန်းခလေးတယောက်ကိုကျောင်း
ဆင်းချိန်တွင်ချဉ်းကပ်ပြီး။စကားပြောရန်ကြိုးစားသည်။

လူငယ် ။ ။ ဟဲလို … ညီမ၊အိမ်ကအမေလာကြိုမှာကိုစောင့်နေတာလား ။

မိန်းခလေးသည်၊အသံကြားရာဖက်ကိုလှည့်ကြည့်ရင်း …

မိန်းခလေး ။ ။ အမေမဟုတ်ဘူး။ အဖေလာကြိုမှာကိုစောင့်နေတာ။အဖေလာရင်သူ
ကိုင်နေကြသေနတ်၊ကားထဲမှာပါလာတယ်လေ။နှောင့်ယှက်တဲ့သူ
တွေကိုပစ်လို့ ရတာပေါ့ ။

လူငယ်သည်၊မိန်းခလေး၏စကားကိုကြားလိုက်သည်နှင့်စိတ်မကောင်းဖြစ်သွားသည်။
သို့ သော်လည်း၊လူငယ်သည်မလျှော့သောဇွဲနှင့်…

လူငယ် ။ ။ ညီမရယ်၊အစ်ကိုကမေတ္တာစစ်နဲ့ ချစ်တာပါ။နှောင့်ယှက်တာမဟုတ်ပါဘူး
ဗျာ။

မိန်းခလေးသည်၊စိတ်ရှုပ်လာပြီးနောက်…

မိန်းခလေး ။ ။ နားညီးလိုက်တာ။တခြားနေရာကသွားစောင့်မှာပဲဖြစ်တော့မယ်။

ဟုပြောရင်း၊မိန်းခလေးသည်၊လူငယ်၏အနားမှထွက်ခွာသွားသည်။

လူငယ်သည်ရုတ်တရက်မိန်းခလေးကိုလှမ်းခေါ်လိုက်ပြီး …

လူငယ် ။ ။ ခဏနေအုံး၊ညီမရေ .. လမ်းပြမြေပုံလေးလည်းယူသွားအုံး။နို့ မဟုတ်ရင်
အစ်ကို့ ရဲ့နှလုံးသားဝင်္ကဘာထဲမှာတ၀ဲလယ်လယ်ဖြစ်နေအုံးမယ်။


နိုဝင်ဘာ ၆ ၊ ၂၀၀၇

No comments: