အောက်တိုဘာ ၂ ၊ ၂၀၀၇
နအဖ ရဲ့တပ်မ ၉၉ လက်အောက်ခံတပ်ရင်းတရင်းမှဒုတိယတပ်ရင်းမှူးဗိုလ်မှူး ဌေးဝင်းသည်စက်တင်ဘာလ ၂၆ ရက်နေ့ က သူ၏သားတယောက်နှင့်အတူ ထိုင်း၊မြန်မာနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု KNU မှ ဗိုလ်မှူးကြီး စောနေဒါးမြ ကအတည်ပြုပြောသည်။
“ဗိုလ်မှူးဌေးဝင်း ကိုသူ့ အထက်အရာရှိတွေကငြိမ်းချမ်းစွာစီတန်းလှည့်လည် နေတဲ့၊ဘုန်ကြီးတွေကိုပစ်ဖို့ အမိန့် ပေးတယ်။ဒါပေမဲ့၊သူဟာအပြစ်မရှိတဲ့ဘုန်း
ကြီးတွေနဲ့ အရပ်သားတွေကိုမပစ်ဘူး။အဲဒီတော့သူ့ အထက်လူကြီးတွေကသူ့ 
ကိုမဖမ်းနိုင်ခင်မှာသူက၊သားတယောက်ကိုခေါ်ပြီးတော့။အရင်ထွက်ပြေးလာ
နိုင်တယ်။” ဟုဗိုလ်မှူးကြီးစောနေဒါး ကပြောသည်။
ဗိုလ်မှူးဌေးဝင်းကပြောတယ်။စစ်တပ်ထဲမှာအရာရှိတွေကော ၊ ရဲဘော်တွေပါ
ဘယ်သူမှမနေချင်တော့ဘူး။ဒါပေမဲ့၊သူတို့ ကိုတပ်ကလည်းထွက်ခွင့်မပေးဘူး။
ထွက်ပြေးလာဖို့ ကလည်းအဆက်အသွယ်မရှိတော့၊နယ်စပ်ဖက်ကိုရောက် လာရင်၊သူတို့ ရဲ့အသက်အန္တရာယ်ဖြစ်မှာကြောက်ပြီးတော့၊မပြေးရဲကြတာလို့ 
ပြောတယ်။အခုလိုအစစအရာရာကူညီမှန်းသိရင်နောက်ထပ်အများကြီးထွက်
ပြေးလာကြအုံးမယ်လို့ ဗိုလ်မှူးဌေးဝင်းကျွန်တော့ကိုပြောပြတယ်။” ဟုဗိုလ်မှူး
ကြီးစောနေဒါးမြ ကပြောပြသည်။
ဗိုလ်မှူးဌေးဝင်းသည်သူ၏သားနှင့်အတူတတိယနိုင်ငံတနိုင်ငံသို့ သွားရောက် ခိုလှုံ ရန်အစီစဉ်ရှိသည်ဟု ဗိုလ်မှူးကြီး စောနေဒါးမြ ကပြောပြသည်။
Tuesday, October 2, 2007
ဗုဒ္ခဘာသာ ရဟန်းတော်တွေကို မပစ်ခတ်ပဲ နအဖရဲ့အမိန့် ကို ဆန့် ကျင်တဲ့ တပ်မှူး တဦးနယ်စပ်ကိုထွက်ပြေးခဲ့
Posted by Andaman Hero at 5:28 PM
Labels: Andamanhero
Subscribe to:
Post Comments (Atom)
No comments:
Post a Comment